အခန်း (၁၈၇)
Vol. 14 Ch. 187
-----
အချိန်များကုန်ဆုံးသည့်ကအလွန်ပင် လျှင်မြန်လှ၏ ။ မျက်တောင်တစ်ခက်စာအလားထင်မှတ်ရသော်လည်း နှစ်ဝတ်ဆိုသော အချိန်က ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
ရှေးဦးမြို့တော်၏အတွင်း၌ လေထုက အလွန်ပင် လန်းဆန်းတက်ကြွဟန်ရှိနေ၏ ။
သို့သော်လည်း အခြားတစ်ဖက်၌ ။ ရှေးဦးနဂါးအင်ပါယာ၏ အပြင်ဘက်ရှိ လေထုကတော့ အလွန်ပင်တင်းကြပ်နေခဲ့သည်။
ယခုအခြေနေက ငြိမ်သက်နေသယောင်ရှိသော်လည်း မုန်တိုင်းမလာခဲ့ငြိမ်သက်နေသော အခြေနေကဲ့သို့ပင် ။ အမှောင်ထဲမှ စောင့်ကြည့်လှုပ်ရှားနေမှုများက ပို၍ စိတ်လာ၊ များပြားလာခဲ့သည်။
နှစ်ဝတ်ဆိုသော အချိန်ကာလက အနောက်ပိုင်း တိုက်ကြီးဒေသအချို့ထိပင် ၊ နဂါးမျိုးနွယ်စုကြီး လေးခုပေါင်းစည်းထားသော ရှေးဦးနဂါးအင်ပါယာကြီး ပေါ်ထွက်လာသော သတင်းက ပျံနှံရန် လုံလောက်လေသည်။
ဤသတင်းက အနောက်ပိုင်းတိုက်ကြီး၏ နေရာဒေသတော်တော်များများကို ပြန်နှံသွားသည့်နှင့် ဒေသမျိုးစုံရှိ အမျိုးမျိုးသော အင်အားစုများကို ထိတ်လန့်စေခဲ့သလို့ သူတို့၌ စူးစမ်းလိုသော စိတ်ဆန္ဒများလည်း ရှိလာကြသည်။
အနောက်ပိုင်းတိုက်ကြီး အရှေ့တောင်ပိုင်း ဒေသမှ အင်အားစုများ ၊ အရှေ့မြောက်ပိုင်း ဒေသမှ အင်အားစုများ ၊ အရှေပိုင်းဒေသနှင့် အနီးကပ်ဆုံး ၎င်းတို့ ဒေသနှစ်ခုမှ သူတို့၏ မျိုးနွယ်စုများမှ သတင်းထောက်လှမ်းသူများကို ရှေးဦးနဂါးအင်ပါယာ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်စေလွတ်ခဲ့ကြသည်။
ဤအတွက်ကြောင့် ရှေးဦးမြို့တော်၏ အတွင်း၌ အေးချမ်းသော်လည်း ရှေးဦးနဂါးအင်ပါယာ၏ အပြင်ဘက်၌ ၊ လေထုက ခြောက်ရှားဖွယ်ကောင်းနေခြင်းပင်ဖြစ်သည်။
∆∆∆
ရှေးဦးနဂါးအင်ပါယာနှင့် မိုင်သန်းချီဝေးသော မြေနဂါးများ၏ ပိုင်နက် မြေအောက်မြို့တော်ကြီး၏အလယ်၌ ရှိသော နန်းတော်ခန်းမကြီး၏ အထဲ၌ လေထုက အလွန်ပင် လေးလံ၍ ၊ တင်းကြပ်နေခဲ့သည်။
လေးယောက်မြောက်ညီ ၊ မင်းစုံစမ်းနေမှုက အခြေနေဘယ်လို့ရှိလည်း ၊ ရုံချန်းက လေးနက်နေသော အမှုရာဖြင့်မေးလိုက်သည်။
ခါတိုင်းလိုပါပဲ ~ အစ်ကိုကြီး ၊ ရှေးဦးအင်ပါယာက တိတ်ဆိတ်နေစဲပါပဲ ။ ရုံခမ်းကလည်း ကူရာမဲ့ဟန်ဖြင့် သူ၏ ဦးခေါင်းကို ခါရမ်းကာပြောလိုက်သည်။
သူစောင့်ကြည့်နေခဲ့သော ဤ နှစ်ဝတ်တာ ကာလအတွင်း၌ မည်သို့သော မှုမမှန်လှုပ်ရှားမှုမျိုးမှ မတွေခဲ့ရချေ။
ဒီအခြေနေက ထူးဆန်းနေတယ် ။ ဒီရှေးဦးနဂါးအင်ပါယာရဲ့ ဧကရာဇ်က ဘာလုပ်ချင်နေတာများလည်း ၊ ရုံချန်းက လေးနက်စွာဖြင့်တီးတိုးရေရွတ်လိုက်သည်။
ယခင်သူတို့စုံစမ်းရသလောက် သတင်းအချက်လက်များအရ ၊ ရှေးဦးနဂါးအင်ပါယာ၏ ဧကရာဇ်က မိုးပြာနဂါးမျိုးနွယ်၌ တိုက်ခိုက်ပြီးနောက် တစ်လပင် မကြာသော အချိန်၌ မီးနဂါးများကို တိုက်ခိုက်ခဲ့ကာ သူ၏ လက်အောက်သို့ ပေါင်းစည်းခဲ့သည်။
ထိုအခြင်းအရာများသာမက ၊ မျိုးတုန်းပျောက်ကွယ်သွားသော ၊ လက်သည်းကိုးခု ရွှေနဂါးများ ပြန်လည်ထွက်ပေါ်လာတဲ့ အရာက သူကိုယ်ပင် ထိတ်လန့် အံဩစေခဲ့သည်။ ထိုသတင်းများကို ကြားစဉ်က ရုံချန်းတစ်ယောင် သူ၏ နားများပင် နားကြားမှား သွားလားထင်မှတ်ရသည်။
အဲဒီအချိန်၌ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် တိမ်မြုပ်ပျောက်ကွယ်သွားသော မျိုးနွယ်စုပြန်လည်ထွက်ပေါ်လာမှုကို သူယုံပင် မကြည်နိုင်ဖြစ်ခဲ့ရသည်။
အခြေနေကိုဆက်ပြီးတော့ စောင့်ကြည့်ထားပါ ၊ လေးယောက်မြောက်ညီ ၊ ရှေးဦးနဂါးအင်ပါယာရဲ့ ဧကရာဇ်က အခုလို ငြိမ့်နေတာက သူတစ်ခုခုကိုယ်ကြံစီနေတာဖြစ်နိုင်တယ် ။
နဂါးမျိုးနွယ်စုအားလုံးကိုယ် သူသာအမှန်တစ်ကယ် စုစည်းရှိချင်စိတ်ရှိရင် ၊ သူလှုပ်ရှားလာလေ့မယ် ။ အဲဒီအချိန်ကြရင် ၊ ငါတို့က သူတို့နှင့် အနီးဆုံးမှာ ရှိတဲ့ မျိုးနွယ်စုဖြစ်တော့ ၊ သူတို့ရဲ့ ဦးတည့်ရာက ငါတို့ပဲဖြစ်နေမှာ သူတို့ရဲ့ လှုပ်ရှားမှုကို သိရတော့ ငါတို့က ပြင်ဆင်ချိန်ရပြီးတော့ ခြေတစ်လှမ်းသာတာပေါ့ ။ ရုံချန်းက ပြောလိုက်သည်။
နားလည်ပါပြီ ~ အစ်ကိုကြီး ~ မျိုးနွယ်စုက သတင်းထောက်လှမ်းသူများကို ထပ်မံတိုးမြင့်လိုက်ပါမယ် ။
ကောင်းပြီ ~ ဒုတိယညီနှင့် တတိယညီ ငါမျိုးနွယ်စုမှာ မရှိတုန်း သေချာစောင့်ကြပ်ထားပါ ၊ ငါသစ်တောစိမ်းနဂါးမျိုးနွယ်စုကိုယ် သွားလိုက်ပြီး အခြေနေ အသေးစိတ် အတွက် စီစဉ်ကိုင်တွယ်လိုက်အုန်းမယ် ။ ရုံချန်းက သူ၏ ညီများကို လိုအပ်သည်များညွှန်ကြားလိုက်သည်။
ရုံရန်နှင့် ရုံကျန်းကလည်း ရုံချန်း၏ ညွှန်ကြားမှုများကို သေသေချာချာလုပ်ဆောင်ရန်ကတိပေးလိုက်၏ ။
လိုအပ်သည့်များကို ညွှန်ကြားပြီးနောက် ရုံချန်း၏ ခန္ဓာကိုယ်က နန်းတော်ခန်းမ၏ အတွင်းရှိ လေဟာနယ်ကို ထိုးခွဲ လိုက်ပြီးနောက် ၎င်းအတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
∆∆∆
ရှေးဦးနဂါးအင်ပါယာ၌ ။
ရှေးဦးတောင်ထပ်ရှိ ကမ္ဘာငယ်လေး၏ အတွင်း၌ ယခုချိန်၌ယခင်ကဲ့သို့ ကမ္ဘာငယ်၏ အတွင်း၌ တိတ်ဆိတ်ခြောက်ကပ်နေခြင်းမရှိတော့ချေ။
ကမ္ဘာငယ်၏ မြေပြင်၌ မြို့တစ်မြိုပင်လျှင် တည်ထောင်ထားခဲ့သည်။ ဤမြို့တော်ထဲ၌သားရဲဧကရာဇ်အဆင့်များနှင့် အရှင်သခင်သားရဲများသာ ရှိကြသည်။ ဤမြို့က ယခုမှတည်ထောင်ထားသော မြို့သစ်ဖြစ်သည်။
ကောင်းကင်ယံရှိ ကျွန်းပျံများ ဤအပေါ်တွင်တော့ ၊ နတ်ဘုရားသားရဲဘုံများသာ နေထိုင်ခွင့်ရှိသည်။
ပင်မကျွန်းပျံ၏ အထက်ရှိ ဉယျာဉ်တော်၏ အတွင်းရှိ နားခိုရာနန်းဆောင်ငယ်လေးထဲ၌ လုံထန်တစ်ယောက် လက်ဖက်ရည် သောက်ရင်းဖြင့်ထိုင်နေခဲ့သည်။
သူ၏ အရှေ့၌ အောင်းရွှီရန်က ရှိနေ၏ ။ သူမက ပြင်ပမှ သတင်းအချက်လတ်များကို တင်ပြနေခဲ့သည်။
အောင်းယွီရန် တင်ပြသော သတင်းများကို နားထောင်ပြီးနောက် လုံထန်က စဉ်းစားခန်းဝင်သွားခဲ့သည်။ အချိန်အတော်ကြာသည့်အထိ တိတ်ဆိတ်သွားပြီးမှ သူကစကားဆိုလာခဲ့သည်။
ဒါဆို ~ အခုက အရှေ့တောင်ပိုင်းဒေသ ၊ အရှေ့မြောက်ပိုင်း ဒေသတို့က အင်အားစုတွေရဲ့သတင်းထောက်လှမ်း သူတွေပါ တိုးလာတာပေ့ါ ။
သူတို့ကိုယ် လောလောဆယ်တော့ လွတ်ထားလိုက်ပါ ။ အခုက ရေလွမ်းနဂါးတွေက အရှေ့တောင်ပိုင်းဒေသရဲ့ ၊ ယိုချီတောင်တန်းဘက်မှာ တွေခဲ့တယ်ပေါ့ ။
အဲဒီပုံစံအတိုင်းဆိုရင် သူတို့က တစ်ခုခုကို ရှာဖွေနေတာ သေချာတယ် ။ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုယ် ဆက်စောင့်ကြည့်ထားပါ ။ အကြီးကဲ သွားလို့ရပါပြီ ။
နားလည်ပါပြီ ~ အရှင်မင်းကြီး။ အောင်းရွှီရန်က အရိုသေပေးပြီးနောက်ထွက်ခွာသွားတော့သည်။
နားခိုနန်းဆောင်လေး၏ အတွင်း၌ လုံထန်တစ်ယောက်သာ ကျန်ရစ်နေခဲ့သည်။ လုံထန်လည်း ရေနဂါးများ ဘာရှာဖွေ့နေသလဲ ဆိုတာကို သိချင်နေခဲ့သည်။
ဒီလောက်ဝေးကွာတဲ့ နေရာထိတောင် လာရသည့်အရာက သူတို့ရှာဖွေ့နေသော ၎င်းအရာက ရိုးရှင်းသောပစ္စည်းတစ်ခုတော့မဖြစ်နိုင်ချေ။ ဤအတွေးကြောင့် လုံထန်ကို သိချင်စိတ်ပို၍ ပြင်းပြလာစေခဲ့သည်။