← Chapters

အခန်း (၁၈၈)

Vol. 14 Ch. 188

အခန်း (၁၈၈)

Vol. 14 Ch. 188

--------

ဉယျာဉ်တော်၏ အတွင်း၌ရှိသော နန်းဆောင်ငယ်လေး၏ အတွင်း၌ အောင်းရွှီရန် ထွက်ခွာသွားချိန်၌ လုံထန်တစ်ယောက်သာ ကျန်ရစ်နေခဲ့သည်။

ထိုနေရာ၌သာ အစေခံများပြင်ဆင်ပေးထားသော လက်ဖက်ရည်ကို သောက်နေရင်းဖြင့် သူတစ်ယောက်ထဲသာ စဉ်းစားခန်းဝင်နေခဲ့၏။

အခုချိန်၌ အဘက်ဘက်မှ အင်အားစုများက သူကိုယ် ထောက်လှမ်းကြည့်နေပြီးတော့ သူ၏ နောက်ထပ်လှုပ်ရှားမည့်အရာများကို သိလိုနေကြသည်။

၎င်းတို့က သူ၏ အင်ပါယာကိုယ်လာ၍ ထောက်လှမ်းနေတာကို အမှန်ပင်လျှင် သဘောမကျသော်လည်း ၊ အခုချိန်၌ မသေမျိုးနှင့် မိစ္ဆာတို့ တိုက်ပွဲကွင်းပြင်ကို ဝင်ရောက်ရန် ပြင်ဆင်နေသည့်မှို့ တော်ဝင်အကြီးကဲများ အချို့မှာက တံခါးပိတ်ကျင့်ကြံနေကြသည်။

ဤအတွက်ကြောင့်သာ သူမလှုပ်ရှားရသေးသည့် အကြောင်းရင်းဖြစ်သည်။ မဟုတ်ပါက * မြေနဂါးမျိုးနွယ်စု * ရှိရာသို့ တော်ဝင်အကြီးကဲများနှင့် စစ်တပ်ကို စေလွတ်လိုက်ပြီဖြစ်သည်။

ထိုအပြင်သူတို့ကိုယ်လာစောင့်ကြည့်နေသော အခြားမျိုးနွယ်စုများ၏ ‌သတင်းထောက်လှမ်းသူများကိုလည်း ရှင်းပစ်လိုက်ပြီဖြစ်သည်။ ၎င်းတို့က အမှောင်ထဲမှ တစ်မျိုး အလင်းထဲမှ တစ်ဖုန့် လှုပ်ရှားနေကြသည့်များက သူတို့ စိတ်အနှောက်ယုက်ပေးသလို့ဖြစ်စေ၏ ။

တော်ဝင်အကြီးကဲများ တံခါးပိတ်ကျင့်ကြံမှုမှ ထွက်လာချိန်၌ သူတို့၏ ရည်ရွယ်ချက်များကို ၎င်းတို့ကိုယ် ထုတ်ပြပစ်မည်ဖြစ်သည်။ အခုတော့သူ၏ ရည်ရွယ်ချက်များကို ခနတာ မြို့သိပ်ထားရန်သာ တက်နိုင်တော့သည်။

လုံထန်လည်း သူ၏ ခေါင်းကို ခါရမ်းလိုက်ရင်းဖြင့် အတွေးများကို အဆက်ဖြက်လိုက်သည်။ သူက ဆက်လက်မတွေးနေတော့ပဲ ပြန်၍ လေ့ကျင်ရန် သာ ၊ ပင်မနန်းတော်၏ အတွင်းရှိ ကျင့်ကြံမှု ပြုလုပ်ရာ အခန်းသို့ ဝင်ရောက်သွားတော့သည်။

∆∆∆

ဤသို့ဖြင့် တစ်ဖက်ကို တစ်ဖက်သောစောင့်ကြည့်နေသော ကာလ အခြေနေ၌ ပြန်၍ ဖြစ်သွားပြန်သည်။ တိတ်ဆိတ်သော ကာလ ဖြစ်၍ အချိန်များကလည်း လျှင်လျှင်မြန်မြန်ပင် ကုန်ဆုံးသွားခဲ့သည်။

‌နောက်ထပ်နှစ်နှစ်ခွဲခန့် ထပ်မံ၍ ကုန်ဆုံးသွားခဲ့သည်။ ရှေးဦးနဂါးအင်ပါယာ သက္ကရာဇ် ၃ နှစ်ခန့်ပြီးရှိသွားပြီဖြစ်သည်။ ဤအချိန်၌ ကမ္တာငယ်လေး၏ အတွင်းရှိ တော်ဝင်အကြီးများ နေထိုင်ရာ ကျွန်းပျံ၌ အပြောင်းလဲများဖြစ်ပေါ်လာခဲ့သည်။

ထိုအချိန်၌ တော်ဝင်အကြီးကဲများနေထိုင်ရာ ၊ တော်ဝင်အကြီးကဲ ကျွန်းပျံ၌ ကြီးမားသော စွမ်းအင်လှိုင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဤသည့်က အဆင့်ငယ်လေးတစ်ခု ချိုးဖြတ်သွားကြခြင်းဖြစ်ကြသည်။ ဤသို့ဖြင့် ကမ္ဘာငယ်ဟာ နောက်တစ်ကြိမ် ထပ်မံ၍ တိတ်ဆိတ်သွားကြပြန်၏ ။

ဤအဆင့်ချိုးဖြတ်မှုက ကမ္ဘာငယ်အတွင်းမှ နေထိုင်သူများကို လှုပ်လှုပ်ရှားဖြစ်စေခဲ့သည်။ သူတို့က ပထမဆုံးဖြစ်၍ ထိတ်လန့်သွားကြသော်လည်း သူတို့၏ အကြီးကဲများဖြစ်နေ၍သာ ထိတ်လန်မှုများမှ ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းသွားကြသည်။

အချိန်များက ထပ်မံ၍ ကုန်ဆုံးသွားပြန်၏ ။ တော်ဝင်ကြီးအကြီးကဲများနေထိုင်ရာ ကျွန်းပျံနှင့် သဘာဝမီးစွမ်းအားအရင်းမြစ်ရှိရာ နေရာ၌ နှစ်အနည်းကြာတိုင်းတွင် အဆင့်ချိုးဖြတ်တက်ရောက်ဟန်သော စွမ်းအင်လှိုင်းများဖြစ်ပေါ်လာတက်သည်။

အမြဲတန်းမြင်တွေရသည့်အခါ ကမ္ဘာငယ်၏ အတွင်း၌ နေထိုင်သူများပင် သိပ်ပြီးတော့ မအံဩမိတော့ချေ။

∆∆∆

ရှေးဦးနဂါးအင်ပါယာ သက္ကရာဇ် ၁၀ နှစ်အကြာ၌ ၊ တော်ဝင်အကြီးကဲများနေထိုင်ရာ ကျွန်းပျံထံမှ အောင်းကျန်းဟန် ကထွက်ခွာလာခဲ့၍ သူက လုံထန်ရှိရာသို့ ရောက်လာခဲ့သည်။

လုံထန်လည်း အစေခံများ သတင်းပို့ကြားမှုကြောင့် ကျင့်ကြံရာမှ ရပ်နားလိုက်ကာ နန်းတော်ခန်းမ၏ အတွင်းသို့ပြန်ရောက်လာခဲ့သည်။

သူရောက်ချိန်၌ အောင်းကျန်းဟန်ကို တွေ့လိုက်ရ၏ ။

အရှင်မင်းကြီးကို ~ နှတ်ဆက်ပါတယ် ။ အောင်းကျန်းဟန်က ရိုသေစွာဖြင့် အရိုသေပေးနှတ်ဆက်လိုက်သည်။

အရမ်းကြီး ယျဉ်ကျေးစရာမလို့ပါဘူး ။

လုံထန်က ပြုံး၍ ပြောလိုက်သည်။ ပြီးတဲ့နောက်သူက ‌အောင်းကျန်းဟန် ပြောလာမည်စကားများကို စောင့်မျော်နေခဲ့သည်။

အရှင်မင်းကြီး ဒီအကြီးကဲက ၊ နတ်ဘုရားသားရဲဘုံ ဒဿမအဆင့်ကို ချိုးဖြတ်နိုင်တော့မှာပါ ။ အဲတာကြောင့်အဆင့်မချိုးဖြတ်ခင်မှာ ၊ ကျင့်ကြံမှုက ရပ်နားပြီးတော့ အပြင်ခနတာထွက်လာခဲ့တာပါ ။

အဲဒီအတွက်ကြောင့် အရှင်မင်းကြီး အမိန့်ပေးစရာများ ရှိမလားလို့ ‌လာမေးတာပါ။ အောင်းကျန်းဟန်က ပြောလိုက်သည်။

နတ်ဘုရားသားရဲဘုံ ဒဿမအဆင့်လား ။ လုံထန်က မျက်လုံးများ တောက်ပလာကာ ရေရွတ်လိုက်သည်။

ဟားဟား ~ ကောင်းတယ် ။ ကောင်းတယ် ။

လုံထန်က ပျော်ရွင်စွာဖြင့် ရေရွတ်လိုက်သည်။ ဆယ်စုနှစ်တစ်ခုအကြာ သူကိုယ်စိတ်ဒုက္ခပေးနေသော ပုရွတ်ဆိတ်များကို ရှင်းလင်းချိန်ကြပြီဖြစ်သည်။

ဒီနေ့တော့ အနားယူလိုက်ပါအုန်း ၊ အကြီးကဲမနက်ဖြန်မှ ‌လုပ်ဆောင်စရာတွေကို ဆက်လက်ဆွေးနွေးတာပေါ့ ။ လုံထန်က ‌ရီမောကာ ပြောလိုက်သည်။

ဒါဆိုလို့လည်း အရှင်မင်းကြီးကိုယ် မနှောက်ယုက်တော့ပါဘူး ။ ဒီအကြီးကဲကို သွားခွင့်ပြုပါ ။ အောင်းကျန်းဟန်က နှတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

လုံထန်လည်း အောင်းကျန်းဟန် ထွက်ခွာသွားသော နောက်ကျောကိုယ် ကြည့်၍ ၊ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သိပ်မကြာခင်တွင်သူ၏ လက်အောက်၌ နတ်ဘုရားသားရဲဘုံ ဒဿမအဆင့်တစ်ယောက် ပိုင်ဆိုင်လာတော့ဖြစ်သည်။

ဤအတွေးကပင် သူကိုယ်အလွန်ပင် သက်သောင့်သက်သာဖြစ်စေသည်။ သူက တော်ဝင်အကြီးကဲကျွန်းပျံဘက်သို့ မျော်ကြည့်လိုက်သည်။ အခြားသော တော်ဝင်အကြီးကဲများလည်း သိပ်မကြာသော အချိန်၌ ထွက်လာသင့်နေပြီဖြစ်သည်။

သူတို့၏ ပါရမီကလည်း အောင်းကျန်းဟန်ထက် များစွာမလျော့ကြချေ။ များပြားသော အဖိုးတန်အရင်းမြစ်များကို အသုံးပြုထားခဲ့သည့်မှို့ တော်ဝင်အကြီးကဲများ တံခါးပိတ်ကျင့်ကြံရာမှာ ထွက်ခွာလာချိန်၌ သူတို့၏ ခွန့်အား အတိုင်းတာ တစ်ခုထိ တိုးတက်သွားမှ ဖြစ်သည်။

ဤတော်ဝင်အကြီးကဲ တစ်ယောက်စီတိုင်းက ရှေးဦးနဂါးအင်ပါယာ၏ ထောက်တိုင်ကြီးဖြစ်သဖြင့် လုံထန်တစ်ယောက် တံခါးပိတ်ကျင့်ကြံမှုမှ ထွက်ခွာလာမည် တော်ဝင်အကြီးကဲများကို မျော်လင့်နေမိသည်။

ဤအချိန်မှ သူ၏ ရည်မှန်းချက်များကို အကောင်ထည်ဖော်နိုင်မှာဖြစ်သည်။

ဤဆယ်စုနှစ်အတွင်း တိတ်ဆိတ်ငြိမ်သက်သော ကာလဖြစ်သော်လည်း ရှေးဦးနဂါးအင်ပါယာ၏ ခွန့်အားက ကြီးမားစွာတိုးတက်လာကြသည်။

အဓိကအကျဆုံးက * ရှေးဦးအင်ပါယာကျောင်းတော်* မှ ထွက်ပေါ်လာကြခြင်းဖြစ်သည်။ ဆယ်စုနှစ်အတွင်း၌ ရှားပါး၊ အဖိုးတန် အရင်းမြစ်များဤ ထောက်ပံမှုများကြောင့် အရှင်သခင်သားရဲဘုံအဆင့်များပင်လျှင် ၊ ယခင် တစ်ထောင်ပင် မပြည့်သော အရေတွက်မှ ၊ သုံးထောင်ကျော်အထိ တိုးပွားလာခဲ့သည်။

ဤသည့်ကိုကြည့်ခြင်းအားဖြင့် ရှေးဦးနဂါးအင်ပါယာ၏ ခွန့်အားမည်မျှ တိုးလာသည့်ကို သိနိုင်ပါ၏ ။ သို့သော်လည်း လုံထန်က ဤသတင်းကို ရှေးဦးမြို့တော် အပြင်သို့ မပေါက်ကြားစေရန်တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားခဲ့သည်။

ဤအခြေနေကြောင့် အပြင်ဘက်မှာ ၊ သတင်းထောက်လှမ်းနေသော အမျိုးမျိုးသော အင်အားစုများမှာ ဆယ်စုနှစ်ကြာသည့်ပင် ၊ ရှေးဦးနဂါးအင်ပါယာ၏ ရေခဲတောင်အစွန်း၏ ထိပ်ဖျားလေးကိုသာ သိရှိနိုင်ခဲ့သည်။

All Chapters