အမှိုက်များကဲ့သို့ရှင်းလင်းခြင်း (၁)
Vol. 14 Ch. 189
-------
တစ် နေ့တာကလျှင်မြန်စွာကုန်ဆုံးသွား၏ ၊ ညအချိန်သို့ရောက်ချိန်၌ ကမ္ဘာငယ်လေး၏ အတွင်းရှိ ကျွန်းပျံများ၌ မကျင့်ကြံပဲရှိနေကြသည့်က လုံထန်နှင့် အောင်းကျန်းဟန်နှင့် အစေခံများသာရှိသည်။
အခြားသူများက တံခါးပိတ်လေ့ကျင့်နေကြ၍ မည်သူမှ သူတို့၏ ကျင့်ကြံရာနေရာများမှ ထွက်ခွာခြင်းမရှိချေ။
ဤအတွက်ကြောင့် ကမ္ဘာငယ်လေး၏ ကျွန်းပျံထက်၌ လုံထန်နှင့်အောင်းကျန်းဟန်က လွဲ၍ အခြားမရှိချေ။
လုံထန်လည်း ကျင့်ကြံရာမှ ထွက်ခွာလာရသည့်မှို့ ပြန်၍ တန်းကာ မကျင့်ကြံချင်သဖြင့်၊ အောင်းကျန်းဟန်၏ နတ်ဘုရားသားရဲဘုံ ဒဿမအဆင့်ကို ချိုးဖြတ်နိုင်ခါနီးဖြင့်သည်အတွက် အကြိုဂုဏ်ပြုလိုဟန်ဖြင့် အစေခံများကို ဉယျာဉ်တော်၏ နန်းတော်အတွင်း၌ ဝိုင်များကို ပြင်ဆင်ခိုင်းခဲ့သည်။
ဤအတွက်ကြောင့် လုံထန်နှင့်အောင်းကျန်းဟန်တို့ က စကေားပြောရင်းဖြင့် ဝိုင်များကိုယ် သောက်နေကြသည်။
အရှင်မင်းကြီး ~ အခြားမျိုးနွယ်စုတွေကို စုစည်းဖို့ လှုပ်ရှားတော့ပါမည်လား ။ အောင်းကျန်းဟန်က အနည်းငယ်သောက်ပြီးနောက် စကားစမြည့်ပြောလိုက်သည်။
ဟုတ်တယ် ~ ငါတို့အင်ပါယာက ဆယ်စုနှစ်ကြာအောင် ငြိမ်သက်နေပြီးသွားပြီဆိုတော့ ၊ အချို့သော အင်အားစုတွေက ငါတို့အနားမှာ ယင်ကောင်တွေလိုမျိုး တစ်ဝဲဝဲဖြစ်နေတယ် ။
သူတို့ကိုယ် အင်ပါယာရဲ့ အကြောင်းကို နည်းနည်းတော့ ပေးသိမှ ရမယ်။ လုံထန်က ထည့်ထားသော ဝိုင်ခွက်ကို မော့လိုက်ရင်းဖြည့်ပြောလိုက်သည်။
အဲဒီအတွက်စိတ်မပှုပါနဲ့ ~ အရှင်မင်းကြီးကို စိတ်အနှောက်ယုက်ဖြစ်စေတဲ့ အဲဒီယင်ကောင်တွေကို ဒီအကြီးကဲ နဲ့သာလွဲထားပေးပါ ။ အောင်းကျန်းဟန်က လေးလေးနက်နက်ဖြင့် ဦးညွတ်ကာ ပြောလိုက်သည်။
သူတို့စကားပြောနေစဉ်၌ တော်ဝင်အကြီးကဲများ နေထိုင်ရာကျွန်းပျံ၏။ အထက်ကောင်းကင်ယံမှ စွမ်း ဝဲဂယက်တစ်ခုဖြစ်လာ၏။ ၎င်းက လျှင်မြန်စွာဖြင့် ပတ်ဝန်းကျင့်မှ စွမ်းအင်များကို စုစည်းစုပ်ယူပြီး ကျွန်းပျံ၏ အထက်ရှိ အိမ်တော်တစ်ခုအတွင်းသို့ ကျဆင်းသွား၏။
ဟမ့် ~ ။
လုံထန်ရော အောင်းကျန်းဟန်ပါ ရုတ်တရက်အပြောင်းလဲကြောင့် တော်ဝင်အကြီးကဲများနေထိုင်ရာ ကျွန်းပျံသို့ လှမ်းကြည့်လိုက်သည်။
အောင်းကျန်းဟန်၏ မျက်နှာက ချက်ချင်းပင်တောက်ပသွားခဲ့သည်။ ထန်းရန်လည်း အဆင့်တက်သွားပြီ ။ အောင်းကျန်းဟန်က စိတ်လှုပ်ရှားနေဟန်ဖြင့်ပြောလိုက်သည်။
လုံထန်လည်း ထိုအခြင်းရာကြောင့်စိတ်လှုပ်ရှားသွားခဲ့သည်။ နောက်ထပ်နတ်ဘုရားသားရဲဘုံ နဝမအဆင့်တစ်ယောက် ထွက်ပေါ်လာပြန်ပြီ ။ ရှားပါး ၊ အဖိုးတန်အရင်းမြစ်များကို အသုံးပြုခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာ၌ တော်ဝင်အကြီးကဲများမှာ
အဆင့်တက်သွားကြပြီဖြစ်သည်။
သူတို့နှစ်ဦးက ဉယျာဉ်တော်အတွင်း စိတ်လှုပ်ရှားစွာဖြင့် စောင့်မျော်၍ ကြည့်ရှုနေကြစဉ်၌ ၊ နောက်ထပ်ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။
၎င်းက သဘာဝမီးစွမ်းအားအရင်းမြစ်ရှိရာ နယ်မြေမှ ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှ ချီစွမ်းအင်များက လျှင်မြန်စွာဖြင့် စုစည်းသွားကာ ကောင်းကင်ယံ၌ ဝဲဂယက်တစ်ခုသဏ္ဍန်ဖြစ်ပေါ်နေခဲ့သည်။
နောက်ထပ်အဆင့်တက်မှုက တော်ဝင်အကြီးကဲ ဟော်ဖု ၊ လုံထန်နှင့် အောင်းကျန်းဟန်က သဘာဝမီးစွမ်းအားအရင်းမြစ်ရှိရာနေရာသို့ ကြည့်ကာ ပြိုင်တူရေရွတ်လိုက်သည်။
ထိုနေရာ၌ နေထိုင်သူက ဟော်ဖုတစ်ယောက်သာ ရှိသည်။ ဟော်ဖုက တော်ဝင်အကြီးကဲကျွန်းပျံရှိ သူ၏ ကိုယ်ပိုင်အိမ်တော်၌ မနေပဲ သဘာဝမီးစွမ်းအရင်းမြစ်ရှိရာနေရာ၌သာ စောင့်ကြပ်ရင်းဖြစ်နေထိုင်ကာ ကျင့်ကြံနေခြင်းဖြစ်သည်။
ကမ္ဘာငယ်လေး၏ အတွင်းရှိ မြေပြင်ထက်မှ ရှိသော မြို့တော်မှ သားရဲများမှ အဆင့်တက်မှုများကြောင့် ရုတ်တရက်ပြောင်းလဲမှုကို ခံစားလိုက်ရသည်။
သူတို့က ထိတ်လန့်နေသော အမှုရာများဖြင့် သဘာဝမီးစွမ်းအားအရင်းမြစ်ရှိရာ နယ်မြေသို့ ကြည့်လိုက်သည်။ ထိုနယ်မြေ၏ ကောင်းကင်ယံ၌ ကြီးမားသော စွမ်းအင် ဝဲဂယက်ကြီးကို ထင်ထင်ရှားရှား တွေမြင်နေရသည်။ ဤအကြိမ်စွမ်းအင် လှုပ်ခက်မှုများက ယခင်အကြိမ်ကဲ့သို့ မဟုတ်ချေ။ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများပပါ ဖြာထွက်နေခြင်းဖြစ်သည်။
∆∆∆
ဟေ့ ~ တော်ဝင်အကြီးကဲ ဟော်ဖုက ၊ အဲဒီနယ်မြေမှ လေ့ကျင့်နေတာ အကြီးကဲရဲ့ အဆင့်ခပ်မံတိုးတက်သွားတာနေမယ် ။
အဆင့်တက်ပြီးသွားရင် ၊ တော်ဝင်အကြီးကဲက ဘယ်လောက် အစွမ်းထက်လာမလဲ ။
ငါတို့အင်ပါယာရဲ့ စွမ်းအားက ထပ်မံပြီးတော့ တိုးပွားလာပြန်ပြီ ။ ငါတို့ကိုယ် ဘယ်သူက ယှဉ်ပြိုင်နိုင်တော့မှာလည်း ။ ငါတို့အင်ပါယာကြီးက ပြိုင်ဘက်ကင်းပဲ ။
အရှင်မင်းကြီးကဲ့သို့ တုနှိုင်းမဲ့ဧကရာဇ်တစ်ပါး ဦးဆောင်ထားမှတော့ ငါတို့ရဲ့ ရှေးဦးနဂါးအင်ပါယာက ပြိုင်ဘက်ကင်းဖြစ်တာ အဆန်းမဟုတ်ပါဘူး ။
မြိုတော်၏ ကောင်းကင်ယံ၌ ပျံဝဲနေသော သားရဲများက ၊ သဘာဝမီးစွမ်းအားအရင်းမြစ်နယ်မြေရှိရာသို့ မျော်ကြည်ရင်းဖြင့် စိတ်လှုပ်ရှားဟန်ဖြင့် တစ်ယောက်နှင့် တစ်ယောက် ပြောဆိုနေကြသည်။
∆∆∆
ပင်မကျွန်းပျံ၏ ဉယျာဉ်တော်အတွင်း၌ လုံထန်က တော့ အဆင့်တက်နေသော တော်ဝင်အကြီးကဲနှစ်ယောက်၏ ရှိရာနေရာကို မျော်ကြည့်လိုက်ရင်းဖြင့် ပျော်ရွှင်နေခဲ့သည်။
အကြီးကဲအောင်းကျန်းဟန် နှင့် တော်ဝင်အကြီးကဲ အောင်းထန်းရန်ကို နောက်ရက်များ၌ မီးလျံစစ်တပ် နဲ့ ရေခဲဝိညာဉ်စစ်တပ် နှစ်ခုကိုယ် ဦးဆောင်သွားစေပြီးတော့ မြေနဂါးမျိုးနွယ် ၊ သစ်တောစိမ်းနဂါမျိုးနွယ်စုများ နေထိုင်ရာအရပ်သို့ စေလွတ်ရန်တွေးထားခဲ့သည်။
နတ်ဘုရားသားရဲဘုံနဝမအဆင့်နိမ့်တစ်ယောက် ၊ နဝမအဆင့် အထွတ်ထိပ်တစ်ယောက် ၊ထိပ်တန်းဗိုလ်ချုပ် နတ်ဘုရားသားရဲဘုံ ပထမဆင့်၏ အလယ်လတ်အဆင့်များ ခုနှစ်ယောက်ဦး ဆောင်သော စစ်တပ်ကို ဘယ်လိုမျိုးကဲ့သို့ သူများက သူ၏ စစ်တပ်များကို တားစီးနိုင်မည်နည်း ။
ဤဆယ်စုနှစ်အတွင်း၌ မျိုးနွယ်စုလေးခု၏ ထိပ်တန်း ဗိုလ်ချုပ်များအားလုံးက ၊ များပြားသော အရင်းမြစ်များကြောင့် နတ်ဘုရားသားရဲဘုံအဆင့်သို့တက်ရောက်နိုင်သွားကြသည်။
ယခင်ကပင် သူတို့က အရှင်သခင်သားရဲ အထွတ်ထိပ်၌ ရှိနေသော သူများဖြစ်သည်။ အဖိုးတန်အရင်းများ အသုံးမပြုလျှင်ပင် သူတို့၏ ကိုယ်တိုင်အစွမ်းစဖြင့် အဆင့်ကိုဖြတ်ကျော်နိုင်၏ ။ သို့သော်လုံထန်၏ အရင်းများ၏ အထောက်ပံကြောင့် အလွန်ပင်လျှင်မြန်သွားကြခြင်းဖြစ်သည်။
၎င်းတို့ထိပ်တန်းဗိုလ်ချုပ်များအားလုံးထဲ၌ ကျင့်ကြံမှုအမြင့်ဆုံးက လက်သည်းကိုးခု ရွှေနဂါးစစ်တပ်ကို ဦးဆောင်သော လုံချီတို့ ငါးယောက်ဖြစ်သည်။ ၎င်းတို့က နတ်ဘုရားသားရဲ့ဘုံ ပထမအဆင့်၏ အဆင့်မြင့်အဆင့်သို့ပင် ရောက်နေကြပြီဖြစ်သည်။
၎င်းတို့က အင်ပါယာ၏ ထိပ်တန်းဗိုလ်ချုပ်များကြား၌ စွမ်းအားအကြီးဆုံးများဖြစ်သည်။ သူတို့က ရှေးဦးနဂါးတောင်ကြီးကို စောင့်ရှောက်နေကြရသော တာဝန်ကို ယူထားကြခြင်းဖြစ်သည်။