← Chapters

အမှိုက်များကဲ့သို့ ရှင်းလင်းခြင်း (၂)

Vol. 14 Ch. 190

အမှိုက်များကဲ့သို့ ရှင်းလင်းခြင်း (၂)

Vol. 14 Ch. 190

-------

လုံထန်နှင့်အောင်းကျန်းဟန်က စိတ်အေးလက်အေးဖြင့် အဆင့်တက်နေ‌သောနေရာနှစ်ခုကိုယ် ဝိုင်ကို သောက်သုံးနေရင်းဖြင့် စောင့်ကြည့်နေခဲ့သည်။

ဤဖြစ်စဉ်က သုံးနာရီနီးပါးအထိကို ကြာမြင့်သွားခဲ့သည်။ သုံးနာရီ ကြာမြင့်ပြီးမှသာ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများ ချီစွမ်းအင် ဝဲဂယက်များ ပျောက်ကွယ်သွားတော့သည်။

ဟားဟား ~ ငါနောက်ဆုံးတော့ နတ်ဘုရားသားရဲဘုံ နဝမအဆင့်ကိုရောက်သွားပြီပဲ ၊ တော်ဝင်အကြီးကဲများနေထိုင်ရာ ကျွန်းပျံ၏ ကောင်းကင်ယံ၌ ပုံရိပ်တစ်ခုက ထွက်ပေါ်လာကာ ၊ ကျယ်လှောင်စွာဖြင့် ရီမော၍ သူ၏ ခန္ဓာကိုယ်အတွင်း၌ တိုးပွားလာသော စွမ်းအင်များကို ခံစားကြည့်နေဟန် ၊ စိတ်လှုပ်ရှား ရီမောကာ အော်ဟစ်ပြောလိုက်သည်။

၎င်းကတော့ အောင်းထန်းရန်သာဖြစ်သည်။ ယခုအချိန်၌ သူ၏ ပုံစံက အလွန်ပင်စိတ်လှုပ်ရှားနေဟန်ရသည်။

အဖိုးတန်အရင်းမြစ်များကို အသုံးပြု၍ ဆယ်စုနှစ်တစ်ခုအကြာ အပြင်းထန်ဖြင့်တံခါးပိတ်ကျင့်ကြံပြီးမှ နတ်ဘုရားသားရဲဘုံ နဝမအဆင့်သို့ရောက်ရှိ လာခြင်းကြောင့်ဖြစ်သည်။ ပုံမုန်အတိုင်းသာဆိုရင် ဤအဆင့်ကို ရောက်ရန် နှစ်ပေါင်းရာချီ အချိန်ယူရမည်ဖြစ်သည်။ထိုထက်လည်း ကြာကောင်းကြာမြင့်နိုင်၏ ။ ဤသည့်က မည်မျှပင် ကြာမြင့်လိုက်ပါနည်း ။

∆∆∆

ဉယျာဉ်တော်၏ အတွင်း၌ စိတ်လှုပ်ရှားနေဟန်ရသော အောင်းထန်းရန်၏ ပုံစံကို မြင်ချိန်၌ အောင်းကျန်းဟန်က ခါးသက်သက်ပြုံးကာ သူ၏ ခေါင်းကို ခါရမ်းလိုက်သည်။

၎င်း၏ စိတ်လှုပ်ရှားနေဟန်က လူငယ်လေးများ၏ အတိုင်းပင်ဖြစ်နေသော ကြောင့်ပင် ၊ သူ၏ အသက်ရွယ်ဖြင့် အခုလိုစိတ်လှုပ်ရှားနေတာ သူကိုယ် ရီမောမိစေသည် ။ အောင်းကျန်းဟန်က အောင်းထန်းရန်၏ စိတ်လှုပ်ရှားနေမှု ခနတာ လွတ်ထားပေးပြီးနောက် ၊ သူတို့ရှိရာသို့လာရန် ပြောလိုက်သည်။

အောင်းထန်ရန်လည်း အောင်းကျန်းဟန်၏ ဆက်သွယ်မှုကို၊ ရသည့်နှင့် ဉယျာဉ်တော်ဘက်သို့ တစ်ချက်ကြည့်ပြီးနောက် သူ၏ ပုံရိပ်က ရပ်နေရာမှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

၎င်းပုံရိပ်က ဉယျာဉ်တော်အတွင်းရှိ နန်းတော်ငယ်လေးထဲမှ ထွက်လာခဲ့သည်။

အောင်းထန်းရန်က သူ၏ စိတ်လှုပ်ရှားနေမှုကိုယ်ဖိနှိပ့်လိုက်ကာ လုံထန်ကို ချက်ချင်း အရိုသေပေးနှတ်ဆက်လိုက်သည်။

အရှင်မင်းကြီးကို နှတ်ဆက်ပါတယ် ။

အရမ်းမယျဉ်ကျေးနေပါနဲ့ ထိုင်ပါ။ လုံထန်က သူတို့နှင့် ထိုင်ရန်ပြောလိုက်သည်။

ကျေးဇူးတင်ပါတယ် ~ အရှင်မင်းကြီး ၊ အောင်းထန်းရန်ကလည်း လုံထန်၏ ခွင့်ပြုချက်ရသည့်နှင့် သူတို့နှစ် တစ်ဝိုင်းထဲတွင်ဝင်ထိုင်လိုက်သည်။

အစေခံများကလည်း အောင်းထန်ရန်အတွက် ဝိုင်ခွက်များကို ယူဆောင်လာပေးလိုက်သည်။

∆∆∆

တစ်ဖက်၌ ။

သဘာဝမီးစွမ်းအားအရင်းမြစ်ထားရှိရာ ‌မြေပြင်၌ ‌လည်း ဟော်ဖု၏ အဆင့်တက်မှုက အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။

ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများနှင့် ချီစွမ်းဝဲဂယက်များကလည်း ပြန်၍ ပျောက်ကွယ်သွားခဲ့သည်။

သဘာဝမီးစွမ်းအားအရင်းမြစ်နှင့် အလယ်ဗဟိုနယ်မြေနှင့် တစ်မိုင်အကွာရှိ မြေပြင်နှင့်ဆယ်မီတာအကွာရှိသော လေထုထဲ၌ ထိုင်နေသော အနီရင့်ရောင် မီးတောက်သဏ္ဍန် ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ရှိနေ၏ ။

၎င်းက သူ၏ ခန္ဓာကိုယ်အတွင်းမှ တိုးပွားများပြားသော စွမ်းအားများကို ခံစားကြည်နေရင်းဖြင့် သူ၏ မျက်နှာထက်၌ အပျော်များဖြင့် ပြည့်နက်နေဟန်ရသည်။

၎င်းကတော့ ဟော်ဖုသာဖြစ်သည်။

ယခုအချိန်၌ ဟော်ဖုက ၊ ယခင်အချိန်ကဟော်ဖုနှင့် မတူညီသော ဟော်ဖုဖြစ်နေခဲ့သည်။ သဘာဝမီးစွမ်းအားအရင်းမြစ်ရှိရာနေရာ၌ ဆယ်စုနှစ်တစ်ခုအကြာနေထိုင်ခဲ့ပြီးနောက် သူ၏ အသွင်ပြင်က လုံးလုံးပြောင်းလဲသွားခဲ့သည်။

ယခုဟော်ဖု၏ ပုံသဏ္ဍန်က၊ ယခင်ထက်ပို၍ တည်ငြိမ်လာ၏၊ သူ၏ ပုံစံက ယခင်ထက်ပို၍ အန္တာရာယ်များသော အငွေ့သက်များကို ထုတ်လွတ်ထား၏ ။ ၎င်း၏ ခန္ဓာကိုယ်ကလည်း အချိန်အရွှေး ပြင်းပြင်းထန်ထန် ပေါက်ကွဲနိုင်သော မီးတောင်ကြီးကဲ့သို့ပင် ။

ဟော်ဖုက သူ၏ ခန္ဓာကိုယ်အတွင်း မကုန်ဆုံးနိုင်အောင် တိုးပွားလာသည့်စွမ်းအားများကို စစ်‌ဆေး

နေစဉ်၌ သူ၏ နားထဲ၌ ‌အသံတစ်ခုကိုယ် ကြားလိုက်ရ၏။

ဤအတွက်ကြောင့်သူ၏ ပုံရိပ်က ထိုင်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

၎င်းပြန်ပေါ်လာချိန်၌ လုံထန်တို့အရှေ့သို့ရောက်နေပြီဖြစ်သည်။

အရှင်မင်းကြီးကို နှတ်ဆက်ပါတယ် ။ ဟော်ဖုက လုံထန်ကို အရိုသေပေးနှတ်ဆက်လိုက်သည်။

အရမ်းမယျဉ်ကျေးနေပါနဲ့ ~ ထိုင်ပါ ။

လုံထန်က ဟော်ဖုကို ကြည့်၍ ပြုံးကာပြောလိုက်သည်။

ကျေးဇူးတင်ပါတယ် ~ အရှင်မင်းကြီး။

ဟော်ဖုလည်း သူတို့နှင့်တစ်ဝိုင်းထဲ၌ ဝင်ထိုင်လိုက်သည်။ သူဝင်ထိုင်ပြီးမှ အောင်းထန်ရန်ကိုယ် ကြည်လိုက်ချိန်၌ သူလိုပဲ နဝမအဆင့်သို့ရောက်နေကြောင်းတွေလိုက်ရသည်။

အကြီးကဲတို့ ~ ဘာလို့များ ဒီမှာရှိနေကြတာလည်း ။ ကိစ္စကြီးများရှိလို့လား ။ ဟော်ဖုက အောင်းကျန်းဟန်ကို ကြည့်ကာ မေးလိုက်သည်။

ကိစ္စကြီးမဟုတ်ပါဘူး ~ ဒီအတိုင်း ။အရှင်မင်းကြီးနဲ့ ထိုင်ပြီးတော့ အချို့အရာလေးတွေ ဆွေးနွေးနေကြတာပါ ။ အကြီးကဲ ဟော်ဖုအဆင့်တက်သွားတာ တွေတော့ ဒီနေရာကို အရှင်မင်းကြီးက ဖိတ်ခေါ်ခိုင်းလိုက်တာပါ ။ အောင်းကျန်းဟန်က ဟော်ဖု၏ အမေးကို ရှင်းပြလိုက်သည်။

ကဲ့ ~ အဲဒီအရာ ခနထားပါ ။ အဆင့်တက်သွားတာ ဂုဏ်ပြုပါတယ် ။ အကြီးကဲ့တို့ လုံထန်က သူဝိုင်ခွက်ကို မြှောက်ကာ အကြီးကဲသုံးယောက်ဘက်သို့လည်ကာ ပြောလိုက်သည်။

အကြီးကဲသုံး‌ယောက်ကလည်း မနှောက်နှေးရဲပဲ သူတို့၏ ဝိုင်ခွက်များဖြင့် ပြန်လည်ကာ ကိုင်မြောက်က ကျေးဇူးတင်ကြောင်းပြောလိုက်သည်။

ဝိုင်ခွက်ကို အကုန်သောက်ပြီးနောက်လုံထန်က စကားစလိုက်သည်။ အခုအကြီးကဲတို့လည်း အဆင့်တက်သွားပြီဆို့တော့ ၊ အပြင်ဘက်က ယင်ကောင်လို့ကောင်တွေကို ရှင်းသင့်ပြီ ။ မဟုတ်ရင် သူတို့ကအမြဲတမ်း တဝဲဝဲလုပ်နေကြလေ့မယ် ။

အရှင်မင်းကြီး အမိန့်ပေးပါ ။ အကြီးကဲသုံး‌ယောက်က ထရပ်လိုက်ရင်းဖြင့် အနည်းငယ်ဦးညွတ်ကာ ပြောလိုက်သည်။

မနက်ဖြန်ကြရင် အကြီးကဲအောင်းကျန်းဟန် ၊ အကြီးကဲ အောင်းထန်းရန် တို့က၊ မီးလျံစစ်တပ် ၊ ရေခဲဝိညာဉ်စစ်တပ်တို့ ခေါ်ပြီးတော့ ၊ မြေနဂါးများပိုင်နက်နဲ့ သစ်တောစိမ်းနဂါးများ ပိုက်နက်ကို သွားပြီးတော့ သိမ်းပိုက်လိုက်ပါ ။

အခုချိန်မှ အင်ပါယာက ငြိမ်သက်နေတာကြာပြီဆိုတော့ ၊ ပြန်ပြီးတော့ အင်အားစုဆောင်းသင့်ပြီ ။

အကြီးကဲဟော်ဖုက‌တော့ ၊ ‌သဘာဝမီးစွမ်းအားအရင်းမြစ်ကိုစောင့်ကြပ်နေရအုန်းမှဆိုတော့ ၊ အဒီမှာပဲ ဆက်လက်စောင့်ကြပ်နေပါ။

မနက်ဖြန်မှပဲ မြေနဂါးပိုက်နက်ကိုသွားရင်းနဲ့ မြို့တော်အပြင်က ယင်ကောင်တွေကို တစ်ခါထဲ ရှင်းခဲ့လိုက်ပါ ။ လုံထန်က သူ၏ ညွှန်ကြားချက်များကို ပေးလိုက်သည်။

နားလည်ပါပြီ~အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ အမိန့်ကို နာခံပေ့ါမယ် ။ စိတ်ပျက်စေရပါဘူး ~ အရှင်မင်းကြီး ။

တော်ဝင်အကြီးကဲသုံးဦးက ဦးညွတ်အရိုသေပေးကာ ပြောလိုက်သည်။

All Chapters