← Chapters

အမှိုက်များကဲ့သို့ ရှင်းလင်းခြင်း (၃)

Vol. 14 Ch. 191

အမှိုက်များကဲ့သို့ ရှင်းလင်းခြင်း (၃)

Vol. 14 Ch. 191

---------

တစ်ညတာဟာ အေးအေးချမ်းချမ်းဖြင့်အလျှင်မြန်စွာပင်ကုန်ဆုံးသွားခဲ့သည်။

∆∆∆

နောက်တစ်နေ့မနက် အာရုဏ်တက်ချိန်၌ အရှေ့အရပ်စီမှာ နေရောင်ခြည်က ဖြာဆင်းလာခဲ့သည် ။

ထိုအချိန်၌ ရှေးဦးနဂါးတောင်၏ အောက်ခြေ၌ ၊ ယခင်က တည်ဆောက်ထားသော စင့်မြင်ထက်၌ လုံထန်နှင့် တော်ဝင်အကြီးကဲများဖြစ်သော ၊ အောင်းကျန်းဟန် ၊ အောင်းထန်ရန်တို့ရှိနေ၏ ။

သူတို့အရှေ့တွင် ရှိသော ကောင်းကင်ယံထက်၌လည်း ၊ စစ်ဘက်သုံး သင်္ဘော ဆယ်ငါးစီးခန့်က အသင့်ရပ်တန့်ထား၏ ။

သူတို့၏ အောက်ဘက်၌မှု ၊ မီးလျံစစ်တပ်၏ ဦးဆောင်သူများဖြစ်ထိပ်တန်းဗိုလ်ချုပ် ရမ်ခမ်း ၊ တွမ်ချင်း ၊ တို့ လေးယောက်နှင့် မီးလျံစစ်တပ်က စီတန်းစွာဖြင့်ရှိနေ၏ ။

သူတို့၏ ဘေး၌ ရေခဲဝိညာဉ်စစ်တပ်မှာ ထိပ်တန်းဗိုလ်ချုပ်သုံးယောက်ဖြစ်သည့် ထန်ချီ ၊ ထန်ဝမ် ၊ ထန်ရန်တို့ ဦးဆောင်သော ရေခဲဝိညာဉ် စစ်တပ်ရှိနေ၏ ။ စစ်တပ်နှစ်ခုပေါင်း၏ အရေတွက်က ‌တစ်

သောင်းလေးထောင်နီးပါးရှိ၏ ။

လုံထန်က စစ်တပ်နှစ်ခု၏ ဗိုလ်ချုပ်များကိုကြည့်‌၍ အမိန့်ပေးလိုက်၏ ။ အခုချိန်ကစပြီးတော့ မင်းတို့က တော်ဝင်အကြီးကဲ အောင်းကျန်းဟန်နဲ့ တော်ဝင်အကြီးကဲ အောင်းထန်းရန် ရဲ့ အမိန့်တိုင်းလှုပ်ရှားပါ ။

အမိန့်ကိုယ် တသွေ့မတိမ်းလိုက်နာပါ ။ အမိန့်ကို မနာခံရင် အပြစ်ပေးခံရမယ် ။ မင်းတို့အဲဒီက ပြန်လာရင် အကျိုးဆောင်မှု ပြုထားတာအတိုင်း ဆုလာဘ်တွေကို ချီးမြင့်ခံရမယ် ။ လုံထန်က ထိပ်တန်းဗိုလ်ချုပ် ခုနှစ်ယောက်နှင့် စစ်သည်များကို လေးနက်စွာဖြင့်ပြောကြားလိုက်သည်။

နားလည်ပါပြီအရှင်မင်းကြီး ။ အရှင်ရဲ့ အမိန့်ကို နာခံပေါ့မယ် ။

အောက်ဘက်မှ စစ်သည်များထဲမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လှောင်သော အသံက ထွက်ပေါ်လာခဲ့သည်။

၎င်းတို့၏ အော်ဟစ်သံကို နားထောင်ပြီးနောက် လုံထန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏ ။

အကြီးကဲတို့ သတင်းကောင်းကို ဒီဧကရာဇ် စောင့်မျော်နေပါမယ် ။ လုံထန်က သူ၏ ဘေး၌ရပ်‌နေသော တော်ဝင်အကြီးကဲ နှစ်ယောက်ကို ပြောလိုက်သည်။

သတင်းကောင်းကို ယူဆောင့်လာပေါ့မယ်။ ရှေးဦးနဂါးအင်ပါယာရဲ့ ဂုဏ်သတင်းကို မကျဆင်းစေရဘူးလို့ကတိပေးပါတယ် ~ အရှင်မင်းကြီး ။ အောင်းကျန်းဟန်နဲ့ အောင်းထန်းရန်ကလည်း လေးလေးနက်ဖြင့် ပြန်လှည့်ကာ ကတိပေးလိုက်သည်။

ကောင်းတယ် ~ ကောင်းတယ် ။ သတင်းကောင်းကို စောင့်မျော်နေပေါ့မယ် ။ လုံထန်က သူ၏ သို့လှောင်လက်စွပ်၏ အတွင်းမှ * နဂါးထိန်းချုပ်ရေးစာအုပ် * ကို အောင်းကျန်းဟန် ထုတ်ပေးလိုက်၏ ။

သွားကြတော့ ~ ။

အောင်းကျန်းဟန်နှင့် အောင်းထန်ရန်လည်း လုံထန်၏ အမိန့်ကို ရရှိသည့်နှင့်ချက်ချင်းပင် အရိုသေပေးပြီးနောက် စစ်သင်္ဘောတစ်စီးထက်သို့တက်သွားခဲ့သည်။

အောင်းကျန်းဟန်နှင့် အောင်းထန်ရန်တို့ တက်သွားသည့်နှင့် ထိပ်တန်းဗိုလ်ချုပ်များကလည်း အောင်းကျန်းဟန်တို့၏ နောက်မှ ထိုစစ်သင်္ဘောပေါ်သို့ တက်လိုက်ကြသည်။

စစ်သည့်များကိုယ်တော့ အရှင်သခင်သားရဲ ဘုံအဆင့်ရောက်နေသော လက်ထောက်ဗိုလ်ချုပ်များက ဦးဆောင်၍ အခြားသော စစ်သင်္ဘောများအထက်သို့ ဦးဆောင်၍ တက်သွားကြတော့သည်။

စစ်သည်များအားလုံး တက်သွားပြီးချိန်၌ စစ်သင်္ဘောများက ချက်ချင်းပင် ရှေးဦးနဂါးတောင်၏ အောက်ခြေမှ ပျံသန်းထွက်ခွာသွားတော့သည်။

၎င်းတို့က နောက်ထက် ခြောက်ရှားဖွယ်ရာ သတင်းတစ်ခု ထပ်မံ လွင့်ပျံစေမည် အစဦးပင်ဖြစ်တော့သည်။

∆∆∆

လုံထန်လည်း ထွက်ခွာသွားသော် စစ်သ‌င်္ဘောများ၏ ပျောက်ကွယ်သွားသည့်အထိ စောင့်ကြည့်နေခဲ့သည်။

∆∆∆

ရှေးဦးမြို့တော်အတွင်း၌ သွားလာနေသော နဂါးမျိုးနွယ်စုလေးခု၏ သူများနှင့် အခြားသော သားရဲများမှာလည်း မြို့တော်၏ လမ်းမများထက်၌ ခါတိုင်းကဲ့သို့ပင် စီးပွားရေးလုပ်ကာ သွားလာ လှုပ်ရှားနေကြသည်။

၎င်းတို့အားလုံးက ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေချိန်၌ ရုတ်တရက်ဆိုသလို ပေါ်ထွက်လာသော စစ်သင်္ဘောဆယ်ငါးစီးကြောင့် ထိတ်လန့်သွားကြသည်။

သူတို့က ကောင်းကင်ယံထက်၌ ပျံသန်းသွားသော ၊ စစ်သင်္ဘောများကို ကြည့်လိုက်ရင်းဖြင့် ရုတ်တရက်ဆိုဖြင့် ထိတ်လန့်သွားသော်လည်း ခနအကြာ၌ သူတို့က စိတ်လှုပ်ရှား နေကြသည်။

စစ်သင်္ဘော‌တွေ ထွက်လာတာ ~ အရှင်မင်းကြီးက အခြားမျိုးနွယ်စုတွေကို သိမ်းပိုက်တော့မှာလား ။

သေချာတာပေါ့ဟ ~ အရှင်မင်းကြီးက ~ ဆယ်စုနှစ်တစ်ခုအကြာလောက် ငြိမ်နေပြီးတော့ သူက အစီစဉ်ဆွဲနေတာ ဖြစ်မယ် ။ ဒီနေ့က အစီစဉ်ကို အကောင်ထည်ဖော်ဆောင်ဖို့ ‌စစ်တပ်တွေကို စေလွတ်လိုက်တာနေမယ် ။

ဖြစ်နိုင်တယ် ။ ဒီတစ်ခါကော ဘယ်မျိုးနွယ်စုဖြစ်နိုင်မယ်ထင်လဲ ။

သားရဲများအားလုံးက ပျံသန်းသွားသော စစ်သင်္ဘောများကို ကြည်ရှုရင်းဖြင့် အာဘောင်အာရင်းသန်သန်ဖြစ် တီးတိုးဆွေးနွေးနေကြသည်။ သူတို့၏ ပုံစံများက စိတ်လှုပ်ရှားမှုများ အပြည့်ပင်ဖြစ်သည်။

∆∆∆

စစ်သင်္ဘောများက အလွန်ပင်လျှင်မြန်လှသည် ။ အချိန်အနည်းငယ်လေးဖြင့်ပင် သူတို့က ရှေးဦးမြို့တော်၏ အပြင်သို့ရောက်သွားခဲ့သည်။

စစ်သင်္ဘောဆယ်ငါးစီး၏ အလယ်ရှိ စစ်‌သင်္ဘောတစ်စီး၏ ကုန်းပတ်ပေါ်၌ အောင်းကျန်းဟန် ၊ အောင်းထန်ရန် နှင့် သူတို့၏ နောက်၌ ထိပ်တန်းဗိုလ်ချုပ် ခုနှစ်ယောက် ရပ်နေကြသည်။

သူတို့က ရှေးဦးမြို့တော်၏ အပြင်သို့ရောက်ချိန်၌ ၊ သူတို့၏ စိတ်အာရုံကို ဖြန်ကျက်လိုက်ချိန်၌ ရှေးဦးမြို့တော်၏ ပတ်ဝန်းကျင့်အနှံတွင်အခြားသော မျိုးနွယ်စုများ၏ သတင်းထောက်လှမ်းသူအများပြားကို ပုန်းခိုနေကြသည့်ကို ချက်ချင်းပင် တွေ့လိုက်ရသည်။

ဒီယင်ကောင်လေးတွေကို အရှင်မင်းကြီးက ထပ်မမြင်ရှင်တော့ဘူးတဲ့၊ အားလုံးရှင်းပစ်လိုက်ရမယ် ။ အောင်းကျန်းဟန်က အောက်ဘက်၌ ပုန်းခိုနေကြသော သတင်းထောက်လှမ်းသူများကို ကြည့်နေရင်းဖြင့် အထင်သေးစွာဖြင့် အေးအေးစက်လေသံဖြစ်ပြောလိုက်သည်။

သူ၏ စိတ်အာရုံအတွင်းမှ သိရှိမှုများအရ ထိုသတင်းထောက်လှမ်းသူများမှာ အရှင်သခင်သားရဲဘုံများနှင့် သားရဲ ဧကရာဇ်ဘုံအဆင့်များဖြစ်သည်။

ထိုသူများ၏ကျင့်ကြံမှုက သူ၏ အာရုံကိုစိုက်ပြီးလုပ်ဆောင်ရန်အတွက်တော့မထိုက်တန်ချေ။ ၎င်းတို့က သူ၏ မျက်လုံးထဲ ဝင်ရောက်ရန်ပင် အဆင့်မမီအထိ အားနည်းလွန်းလှသည်။

ဤအတွက်ကြောင့် အောင်းကျန်ဟန်က အခုမှ အဆင့်တက်ထားသော အောင်းထန်ရန်ကို ကြည့်လိုက်သည်။ ဤယင်ကောင်လေးများက အားနည်းသော်လည်း စွမ်းအားကို စမ်းသပ်ရန်တော့ အကောင်းဆုံး သက်ရှိများပင်ဖြစ်တော့သည်။

All Chapters