← Chapters

အမှိုက်များကဲ့သို့ရှင်းလင်းခြင်း (၄)

Vol. 14 Ch. 192

အမှိုက်များကဲ့သို့ရှင်းလင်းခြင်း (၄)

Vol. 14 Ch. 192

-------

အောင်းကျန်းဟန်က အောင်းထန်ရန်ကိုကြည့်ကာ မေးလိုက်၏ ။ တိုးလာတဲ့စွမ်းအားတွေကို စမ်းသပ်ကြည့်ချင်ရင် ဒီယင်ကောင်လေးတွေကို သုံးလို့ရတယ် ။

ဒါဆိုလည်း ~ ကောင်းပြီလေ ။ အောင်းထန်ရန်က ‌ပြုံးကာ ခေါင်းညိတ်လိုက်၏ ။ သူလည်း အဆင့်တက်ထားမှုကြောင့် သူ၏ ခန္ဓာကိုယ်အတွင်း တိုးပွားလာသော စွမ်းအားများကို စမ်းသပ်၍ ကြည့်ချင်နေခဲ့ခြင်းပင် ။ အခုတော့ ရေကန်အသင့် ၊ ကြာအသင့်ပင်ဖြစ်တော့သည်။

အောင်းထန်ရန်က သူစိတ်အာရုံကို ဖြန်ကျက်စစ်ဆေးပြီးနောက် သူတို့ရှိနေရာ ‌နေရာ၌ ဆယ်မိုင်အကွာရှိ အမှောင်ထဲ၌ ခိုးကြောင်ခိုးဝှက်ရှိနေသော ပုံရိပ် တစ်ရာနီးပါး လောက်ကို တွေ့လိုက်ရသည်။

၎င်းတို့အားလုံး အရှင်သခင်သားရဲဘုံအဆင့်များဖြစ်၍ အမှောင်ထဲ၌ သေရပ်သေချာစွာဖြင့်ပုန်းကွယ်နေကြသည်။ ၎င်းတို့က သေသေချာချာ လေ့ကျင့်ထားသော သူများဖြစ်ဟန်ရပြီးတော့ သူတို့၏ ပုန်းကွယ်ထားမှုက အလွန်ပင်သေသပ်လှသည်။ ထိုကဲ့သို့ သဘာဝအတိုင်း ပုန်းကွယ်ထားမှုက နတ်ဘုရားသားရဲဘုံ အဆင့်များသာ မဟုတ်ပါက ရှာတွေ့နိုင်မည်မဟုတ်ချေ။

အောင်းထန်ရန်က ထိုပုန်းကွယ်နေသော ပုံရိပ်အချို့ကို ကြည့်ပြီးနောက် သူက အေးစက်စွာဖြင့်ပြုံးလိုက်သည်။

မင်းတို့နဲ့ စတင်လိုက်တာပေါ့ ။

အောင်းထန်ရန်၏ အေးစက်သော စကားသံထွက်ပေါ်လာပြီးနောက် ၊ သူ၏ ပုံရိပ်က ရပ်နေရာမှ ပျောက်ကွယ်သွားတော့သည်။

အောင်းထန်ရန်၏ ပုံရိပ်ပြန်လှည်ကာ ထွက်ပေါ်လာချိန်၌ ဆယ်မိုင်အကွာသို့ ရောက်ရှိနေပြီဖြစ်သည်။

အောင်းထန်းရန်၏ ပုံရိပ်က ရုတ်တရက်ဆိုသလို့ ကောင်းကင်ယံ၌ ထွက်ပေါ်လာသော ကြောင့် အမှောင်ထဲမှ ပုန်းကွယ်နေသော သူများမှ ထိတ်လန့်သွားကြသည်။

သူတို့ကပင် သတိမထားမိပဲ ရောက်လာနိုင်သော သူက အလွန်ပင်အစွမ်းထက်သည့်ကို ခံစားမိသည့်နှင့် ပုန်းကွယ်နေသောပုံရိပ်များက ချက်ချင်းပင်လျှင်ထွက်ပြေးရန်ပြင်လိုက်ကြသည်။

ပြေးချင်တာလား ။ အောင်းထန်ရန်က အေးစက်စွာဖြင့် ရီမောကာ မေးလိုက်သည်။ သူကကောင်းကင်ယံထက်မှနေ၍ သူ၏ လက်ကို ဆန်ထုတ်ကာ လေဟာနယ်ထဲ၌ ဖိနှိပ့်ချဟန်ပြုလိုက်သည်။

ပတ်ဝန်းကျင်မှ ချီစွမ်းအင်များက အလျှင်မြန်စုစည်းလာခဲ့ကာ ဧရာမလက်ဖရားကြီးက ဆယ်မိုင်ခန့်ကိုပင် ဖုံးအုပ်မတက်ပင် ကောင်းကင်ယံ၌ ဖြစ်ပေါ်လာခဲ့သည်။ ၎င်း၏ ပုံရိပ်ကြောင့် မြေပြင်ပင်လျင် ရုတ်တရက်ဆိုသလို့ အမှောင်ကြသွားခဲ့သည်။

ကောင်းကင်ယံကို ဖုံးကွယ်ထားသည့်အလား ၊ ဧရာမလက်ဝါးကြီးကို ကြည့်၍ ပြေးလွှားနေသော ပုံရိပ်များမှာ ပို၍ ထိတ်လန့်သွားကာ ၊ သူတို့၏ အရှင်သခင် သားရဲဘုံစွမ်းအင်များကို အပြည်ဝ ထုတ်လွတ်လိုက်ပြီးနောက် ၊ သူတို့၏ ပြေးနှုန်းကို မြင့်တင်လိုက်ကြသည်။

သို့သော်လည်း ၊ သူတို့မည်မျှပင်ပြေးစေကာမှု ဧရာမ လက်ဝါးကြီး၏ အောက်မှ မလွတ်မြောက်နိုင်သေးချေ။ ဤပုံစံက သူတို့ကိုယ် ကယ်ရာ ကယ်ရာမဲ့စေခဲ့သည်။

ဧရာမလက်ဝါးကြီး ကောင်းကင်ယံမှ တဖြေးဖြေးကျဆင်းလာခဲ့သည်။ ၎င်း၏ လက်ဝါးထံမှ ထွက်ပေါ်နေသော စွမ်းအားအချို့ တောင်များကိုပင် လည်းတုန်ခါလာခဲ့ကာ မြေပြင်များမှာလည်း အက်ကွဲလာ၏ ။

မဟုတ်ဘူး ~ ငါမသေချင်သေးဘူး။

ပြေးလွှားနေသော ပုံရိပ်အချို့မှာ ၊ မကျေနပ်ဖြစ်ဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် ၊ ဧရာမလက်ဖဝါးကြီး၏ ဖိချေမှုအောက် နစ်မြုတ်သွားတော့သည်။

ဝုန်း ~ ။

မြေပြင်တစ်ခုလုံးပင် ဧရာမ ငလျှင်ကြီး လှုပ်ခက်သွားသကဲ့သို့ပင် ၊ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပြင်းပြင်း ထန်ထန် တုန်ခါသွား၏ ။ ပတ်ဝန်းကျင့်အနှံသို့ မျက်လုံးဖြင့်ပင် မြင်တွေ့‌နိုင်သော ချီစွမ်းအင် အဖျက်လှိုင်းများက ပျံလွင့်သွားခဲ့သည်။ ချီစွမ်းအင်လှိုင်းများနှင့် အတူတူ ဖုန်မှုန့်များကလည်း အရပ်ရပ်သို့ လွင့်ပျံ‌သွားကြသည်။

∆∆∆

အချိန်ခနကြာ၌ ။

ဖုန်မှုန့်များရှင်းလင်းသွားချိန်၌ ဆယ်မိုင်ဝန်းကျင်တစ်ခုလုံး၌ မြေပြင်၌ ယခင်ကရှိခဲ့သော တောင်များ ၊ သစ်တောများမှ ပျောက်ကွယ်သွားခဲ့ပြီးတော့ ဧရာမလက်ဝါးရာကြီးသာ ကျန်နေခဲ့၏ ။ ၎င်းဝန်းကျင်ရှိ တောင်များ ‌၊ သစ်ပင်များတော့ ၊ ဧရာမလက်ဝါးကြီး၏ ဖိချေမှုအောက်၌ အမှုန့်များအဖြစ်သို့ပြောင်းလဲသွားတော့သည်။

ပြေးလွှားနေသော အနက်ရောင်ပုံရိပ်များအားလုံးမှာလည်း အစအန ၊ အရိပ်ရောင် လေးပင် မကျန်ခဲ့တော့ချေ။

ဟူး ~ ငါစွမ်းအားကို မထိန်းနိုင်သေးဘူးပဲ ။ အောင်းထန်ရန်က ကောင်းကင်ယံထက်မှနေ၍ မြေပြင်ထက်တွင်ရှိနေသော ဧရာမလက်ဝါးရာကြီးကို ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

သုက ပျောက်ကွယ်သွားသော ပုံရိပ်များကို အနည်းငယ်မျှ ပင်ဂရုစိုက်မစိုက်ချေ။

∆∆∆

ယခုဖြစ်‌ပွား‌သွားသော လှုပ်ရှားမှုက ကြီးမားလွန်း၍ အခြားသော အမှောင်ထဲမှ သူများကိုသတိထားမိသွားစေခဲ့သည်။

ဤအတွက်ကြောင့် အောင်းထန်ရန်က လျှင်မြန်စွာဖြင့် သူရှာတွေ့ထားသော သူများကို လိုက်၍ ရှင်းလင်းပစ်လိုက်တော့သည်။

အခြားနေရာများမှ ပုန်းခို‌နေသော အရှင်သခင်သားရဲ ဘုံအဆင့်ရှိသော သတင်း ထောက်လှမ်းသူများမှာ ကောင်းကင်နှင့်မြေပြင်ကြား၌ ကျယ်လှောင်သော ပေါက်ကွဲသံကြီးကို ခံစားမိ၏ ။ ဤ ထွက်ပေါ်လာသော လှုပ်ရှားမှုကြီးကြောင့်သူတို့ကသတိအနေထားဖြင့် ချက်ချင်းနေရာပြောင်းပြေးလွှားခဲ့ကြ၏ ။

သို့သော်လည်း သူတို့မည်မျှင်ပင် လျှင်မြန်သည်ဖြစ်စေ ၊ အောင်းထန်ရန်၏ လက်မှ တစ်ယောက်မှ မလွတ်မြှောက်ခဲ့ကြချေ။

မိနှစ်သုံးဆယ်နီးပါးအကြာ၌ ၊ အောင်းထန်ရန်က အရှင်သခင်အဆင့် သတင်းထောက်လှမ်းသူများနှင့် သားရဲ ဧကရာဇ်အဆင့် သတင်းထောက်လှမ်းသူများ အားလုံးပေါင်း တစ်ထောင်နီးပါးကိုယ် အကုန်လုံးသုတ်သင်ပြစ်ခဲ့သည်။ လေထု၌လည်း သိပ်သည်းသော သွေးရနံများသာ ကျန်ရစ်ခဲ့တော့သည်။

ယခုအချိန်၌ ရှေးဦးမြို့တော်တစ်ဝှိုက်၌ မည်သို့သော် သတင်းထောက်လှမ်းသူမှ ကျန်ရစ်ခဲ့ခြင်းမရှိတော့ချေ။

အောင်းထန်ရန်က သူ၏ စိတ်အာရုံကို နောက်တစ်ကြိမ် ဖြန့်ကျက်လိုက်ချိန်၌ မိုင်တစ်ရာခန့်ကို သူ၏ စိတ်အာရုံကို ဖုံးအုပ်သွားခဲ့သည်။

သူ၏ စစ်ဆေးကြည့်မှုအောက်၌ မည်သို့သော်မှ ဖုံးကွယ်မှုများ မလှုပ်နိုင်ချေ။ အချိန်အနည်းငယ်စစ်ဆေးပြီးနောက် အောင်းထန်ရန်က သူ၏ စိတ်အာရုံကို ရုတ်သိမ်းလိုက်သည်။

သက်ရှိအရိပ်ရောင်ပုံရိပ်များ မကျန်တွေ့တော့သည်မှို့သူက စစ်သင်္ဘောဆီသို့ပြန်သွားတော့သည်။

∆∆∆

ရှေးဦးနဂါးတောင်၏ ထိပ်၌ လုံထန်ကရပ်၍ ရှေးဦးမြိူ့တော်၏ အပြင်သို့ ငေးမော၍ ကြည့်နေခဲ့သည်။ ထိူအချိန်၌ ပြင်ပမှ တိုက်ခက်လာသော လေထုထဲ၌ အလွန်ပင်သိပ်သည်းနေသော သွေးရနံကို ခံစားမိသည်။

ကြည့်ရတာ ~ အကြီးကဲတွေ ယင်ကောင်လေးတွေကို ရှင်းလိုက်ပြီထင်တယ် ။သွေးရနံကို ခံလိုက်ရင်းဖြင့် တွေးလိုက်သည်။

နောက်ဆုံးတော့ ~ စိတ်ညစ်စရာလေးတွေ ကုန်ဆုံးသွားပြီထင်တယ် ။

မင်းတို့က သတ္တိကောင်းပြီး ဘယ်သူအားကိုးနဲ့ ငါရဲ့ အင်ပါယာကို စောင့်ကြည်ခိုင်းလို့လည်း ။ဒါက မင်းတို့ရွှေးချယ်တဲ့လမ်းပဲ ။ လုံထန်က တီးတိုးရေရွတ်လိုက်သည်။

အခုတော့ သတင်းကောင်းမျော်ရင်းနဲ့ ပြန်ပြီးတော့ လေ့ကျင့်တာပေါ့ ။ လုံထန်က တောင်ထိပ်မှ နေ၍ ကမ္ဘာငယ်လေး၏ အတွင်းသို့ ပြန်လည်၍ ဝင်ရောက်သွားတော့သည်။

All Chapters