← Chapters

နဂါးကိုးကောင်မဟာ ကျင့်စဉ်ကို လေ့ကျင့်ခြင်း။

Vol. 14 Ch. 193

နဂါးကိုးကောင်မဟာ ကျင့်စဉ်ကို လေ့ကျင့်ခြင်း။

Vol. 14 Ch. 193

--------

လုံထန်က ကမ္ဘာငယ်ထဲသို့ပြန်ရောက်သည့်နှင့် သူလည်း အခြားသူများကဲ့သို့‌တံခါးပိတ်ကျင့်ကြံရန် ကျင့်ကြံမှု ခန်းမအတွင်းပြန်လည့်၍ဝင်ရောက်သွားခဲ့တော့သည်။

ဤဆယ်စုနှစ်တာ ကာလ၌ သူ၏ ကျင့်ကြံမှုက အထူးမြင့်မားလာခြင်းမရှိချေ။ သားရဲအင်ပါယာဘုံ ဆဠမအဆင့် ၏ အဆင့်မြင့်အဆင့်မှ ၊ သားရဲအင်ပါယာဘုံ သတ္တမအဆင့်၏ အဆင့်နိမ့်သို့သာရောက်ရှိလာခဲ့သည်။

ဤဆယ်နှစ်တာကာလ၌ သူ၏ကျင့်ကြံမှုက ထူးထူးခြားခြား မြင့်မားလာခြင်းမရှိသော်လည်း ၊ " ဒြပ်စင်ငါးခု နဂါးလက်ဝါး " လျို့ဝှက်ကျင့်စဉ်ကတော့ ၊ အဆင့်ငါးခုလုံးကို ပြီးမြှောက်သွားခဲ့သည်။

* ကံကြမ္မာမျက်လုံး * လျို့ဝှက်ကျင့်စဉ်တွင်လည်း ၊ အနာဂတ်၏ ခြောက်စက္ကန့်လောက်ထိပင် အသုံးပြု‌နိုင်သည့်အထိ တိုးတက်လာခဲ့သည်။ ဤသည့်က လုံထန်၏ ဆယ်စုနှစ်တစ်ခု၏ အကျိုးရလဒ်ပင်ဖြစ်တော့သည်။

ကျင့်ကြံမှု ခန်းမ၏ အတွင်းသို့ရောက်ချိန်၌ ခန်းမ၏ အလယ်ဗဟိုရှိ ၊ ကျင့်ကြံမှုပြုလုပ်သည့်ပုလ္လင်ထက်၌ ထိုင်လိုက်၏ ။

ယနေ့၌ * နဂါးကိုးကောင် မဟာကျင့်စဉ် *ကို လေ့ကျင့်ရန် လုံထန်ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။

ခန်းမ၏ အလယ်ဗဟိုရှိ ပုလ္လင်၌ ထိုင်ချလိုက်ပြီးနောက် သူ၏ စိတ်ကို တည်ငြိမ်အောင် အသက်ရှုနည်းကို အချိန်အနည်းငယ် ခန့်ထိ ပြုလုပ်လိုက်ပြီးနောက် * နဂါးကိုးကောင် မဟာကျင့်စဉ် * ၏ ရှင်းပြချက်များကို ပြန်လည်၍ တွေး တောလိုက်သည်။

* နဂါးကိုးကောင် သရဖူ * ကို သူစတင်ရချိန်၌ သရဖူမှ သူ၏ ဦးခေါင်းအတွင်းသို့ ကျင့်စဉ်ကို တိုက်ရိုက်လွဲပြောင်းပေးခဲ့သည့်အတွက် ၊ ဤကျင့်စဉ်က သူ၏ ဦးခေါင်းအတွင်း၌ တံဆိပ်ခက်နှိပ့်ထားသကဲ့သို့ ဆွဲမြဲနေခဲ့သည်။

* နဂါးကိုးကောင်မဟာ ကျင့်စဉ် * ၏ ရှင်းလင်းချက်များကို ပြန်လည် တွေးတောကြည့် ပြီးနောက် လုံထန်က စတင်၍ လေ့ကျင့်ရန် ပြင်လိုက်တော့သည်။

ဤကျင့်ကြံစဉ်ကို လေ့ကျင့်ရန် ပထမဆုံး ဒြပ်စင်အများပြားကို ထိန်းချုပ်နိုင်သော သူဖြစ်ရန်လို့အပ်သည်။ မဟုတ်ပါက ၊ ကျင့်ကြံရန် အဆင်ပြေသော်လည်း ကျင့်စဉ်ကို ဆုံးခန်းတိုင်အောင် လေ့ကျင့်နိုင်လေ့မည်မဟုတ်ချေ။

ဟုတ်တာ ~ ဒြပ်စင်တစ်မျိုးသာ အသုံးပြုနိုင်သော သူများကလည်း မည်မျှကံကောင်းစေကာမှု ၊ နဂါးကိုးကောင် သရဖူကို ရနိုင်မည်မဟုတ်ချေ။ ဤမဟာရတနာများ၌ ကိုယ်ပိုင်စိတ်ခံစားမှုများရှိကြသည်။ သူတို့က သူတို့ကိုယ် အသုံးချနိုင်မည်သူများကိုသာ ရှာဖွေ့ကြသည်။

သူကတော့ စနစ်ဆိုသော ကံကောင်းမှုကြီးကြောင့် ရရှိလာခြင်းပင် ၊ မဟုတ်ပါက~ သူသည်လည်း ၊ဤ * နဂါးကိုးကောင် သရဖူ * ကိုလည်း ရနိုင်မည်မဟုတ်ဘူးဟု တွေးမိသည်။ ဤအတွေးက သူက အခုမှ ‌ဒြပ်စင်ခြောက်မျိုးထိ သာလေ့ကျင့်ထားရသေး၍ ဖြစ်သည်။ ဒြပ်စင်ကိုးမျိူးထိ လေ့ကျင့်ပြီးမှသာ ၊ * နဂါးကိုးကောင် သရဖူကို * ပိုင်ဆိုင်နိုင်ရန်အရည်ချင်းပြည့်မီ၍ ဖြစ်သည်။

သူသာလျှင်ဒြပ်စင်ကိုးမျိုးစလုံး အပြည်စုံလေ့ကျင့်ပြီးပါက ၊ ဤအရာက ကွဲပြားခြားနားသွားမည်ဖြစ်သည်။ ဒါပေမဲ့ စနစ်‌ဆိုသော တည်ရှိမှုကြီးကြောင့် ကွာခြားသွားခဲ့သည်။ ကန့်သတ်ချက်များပင် မလို့အပ်တော့ပဲ ဤ * မဟာရတနာကို * သူပိုင်ဆိုင်ခဲ့ရသည်။

လုံထန်က သူတွေးနေသည့်များကို ခါးသီးဟန်ဖြင့်ပြုံးကာ အဆုံးသတ်လိုက်သည်။ ယခုအချိန်၌ သူက ဒြပ်စင်ခြောက်မျိုးထိကိုယ်သာ ထိန်းချုပ်နိုင်သော်လည်း နောင်အနာဂတ်၌ ဒြပ်စင်ကိုးမျိုးထိပင် ထိန်းချုပ်အသုံးပြုနိုင်မည်ဟု ယုံကြည်မှုရှိ၏ ။ ဤအတွက်ကြောင့် သူက * နဂါးကိုးကောင် သရဖူ * ကလည်း ထိုအချိန်တွင်ဆိလျှင် စနစ်၏ အကူညီမပါလျှင်ပင် သူရနိုင်မည်ဟု ယုံကြည်လေသည်။

∆∆∆

သူကတွေးနေသည့်များကို အဆုံးသတ်၍ စတင်၍ လေ့ကျင့်ရန်ပြင်လိုက်တော့သည်။

* နဂါးကိုးကောင်မဟာကျင့်စဉ် * ၌ အဆင့်ကိုးဆင့်ရှိ၏ ။ ပထမဆင့်ကို ကျင့်ကြံရန် ကိုယ်လေ့ကျင့်မည် ဒြပ်စင်တစ်ခုကို ရွှေးချယ်ရမည်ဖြစ်သည်။ ၎င်းစွမ်းအားကို အနုစိတ်ထိန်းချုပ်က သက်ရှိနဂါး‌တစ်ကောင်ကဲ့သို့အသွင်ပြောင်းလဲနိုင်ရန်လို့အပ်၏ ၊ ဤကဲ့သို့ သက်ရှိနဂါးတစ်‌ကောင်ကဲ့သို့ ပြောင်းလဲနိုင်သောအ ဆင့်သို့ရောက်ချိန်မှကိုယ်ရဲ့ စိတ်ဝိညာဉ်အပိုင်းတစ်ပိုင်းတစ်ဆကိုယ် ခွဲထုတ်ကာ အသွင်ပြောင်းထားသော နဂါးနှင့် ပေါင်းစပ်ရမည်ဖြစ်သည်။

ဤသို့မှသာလျှင် ဒြပ်စင်စွမ်းအားက သက်ရှိနဂါးတစ်ကောင်ကဲ့သို့ အခြားသော နည်းစနစ်များကို ကိုယ်ပိုင်ကဲ့သို့အသုံးပြုကာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။ ထိုမှသာလျှင်လည်း အဆင့်တစ်ခုပြီးမြောက်မှဖြစ်၏။ ဤသည့်က ပြောရရင်လွယ်သလောက် အလွန်ပင် ခက်ခဲလှသည်။

∆∆∆

လုံထန်က * နဂါးကိုးကောင်မဟာကျင့်စဉ် * ၏ ပထမဆင့်ကို လေ့ကျင့်ရန် မီးဒြပ်စွမ်းအားကိုသာ ရွှေးချယ်ထားခဲ့သည်။ အဘယ်ကြောင့် မီးစွမ်းအားကို ရွှေးချယ်ရသနည်း ၊ ဆိုရရင် သူတွင် သဘာဝမီးစွမ်းအားအရင်းမြစ်လို့ သဘာဝ ရတနာကြီးကို ပိုင်ဆိုင်ထား၍ ပင်ဖြစ်သည်။

• နဂါးကိုးကောင် မဟာကျင့်စဉ် * ရှင်းပြချက်များအတိုင်း သူ၏ မီးစွမ်းများကို ခန္ဓာကိုယ်တစ်ဝှိုက်၌ ရစ်ပတ်စေခဲ့ကာ ၊ နဂါးတစ်ကောင်၏ အသွင်ပြင်ကို စတင်၍ ပုံဖော်နေခဲ့သည်။

လုံထန်က သူ၏ ခန္ဓာကိုယ်အပြင်ပ၌ မီးစွမ်းအားကို ရစ်သိုင်းစေခြင်းထိ အဆင်ပြေ၏ ။ သို့သော်လည်း မီးနဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲစေချိန်၌ လိုအပ်ချက်တစ်ခုခု ရှိနေသကဲ့သို့ ကျရှုံးသွားရသည်။

သူကစိတ်ကိုပို၍ တည်ငြိမ်အောင်ပြုလုပ်လိုက်ပြီးနောက် အာရုံစူးစိုက်ကာ မီးစွမ်းများကို ပို၍ ထိန်းချုပ်နိုင်ရန် အာရုံစိုက်လိုက်သည်။ သို့သော်လည်းပဲ ၊ နဂါးတစ်ကောင်ကဲ့သို့ အသွင်ပြောင်းချိန်၌ ကျရှုံးသွားပြန်သည်။

ဤသို့ဖြင့် နှစ်ကြိမ် ၊ သုံးကြိမ် ၊ လေးကြိမ် ၊ ငါး‌ကြိမ် ၊ ခြောက်ကြိမ် ၊ နောက်ဆုံး၌ ဆယ်ကြိမ်ဆက်တိုက်ပင် ကျရှုံးသွားခဲ့သည်။

ဤအတွက်ကြောင့်လုံထန်လည်း ၊ လေ့ကျင့်ရမှာ ရပ်တန့်လိုက်ပြီးနောက် သူဘာများမှားနေသလည်းဟု တွေးကာ ကို ပြန်လည်၍ စဉ်းစားနေခဲ့သည်။

ကျင့်ကြံမှု ခန်းမ အလယ်ဗဟို၏ အထက်၌ ထိုင်၍ မလှုပ်မယက်ဖြင့် လုံထန်တစ်ယောက်စဉ်းစားခန်းဝင်နေခဲ့သည်။ * နဂါးကိုးကောင် မဟာကျင့်စဉ် * ဤရှင်းပြချက်များ၌ လည်း ၊ ဤအဆင့်နှင့် စိတ်ဝိညာဉ် နှင့် အသွင်ပြောင်းနဂါကို ပေါင်းစပ်ခြင်းအဆင့်က အခက်ခဲဆုံးဟု ဆိုထားသည်။

ဤအတွက်ကြောင့် သူလေးလေးနက်နက်စဉ်းစားရန် အချိန်လိုနေလေသည်။ လုံထန်တစ်ယောက် ထိုင်၍ စဉ်းစားခန်းဝင်နေချိန်၌ ။

∆∆∆

ပြင်ပ ၌ ။

ရှေးဦးနဂါးအင်ပါယာနှင့် မိုင်သန်းချီအကွာရှိသော ‌နေရာရှိ၊ မြေအောက်မြို့တော်ကြီး၏ အလယ်ဗဟိုရှိ နန်းတော်ခန်းမကြီး၏ အတွင်း လေထုက လေးလံနေခဲ့သည်။

လေးယောက်မြောက်ညီ ၊ မင်းပြောတာ သေချာလား ။ ရုံချမ်းက လေးလေးနက်နက်ကြည့်ကာ မေးလိုက်သည် ။ ဤသည့်သာ မှန်ပါက ၊ ကိစ္စကြီးဖြစ်ပွားလာတော့မည်ပင် ။

သေချာပါတယ် ~ အစ်ကိုကြီး ၊ မျိုးနွယ်စုက သတင်းထောက်လှမ်းသူတွေနဲ့ မနေ့ကအထိ အဆက်သွယ်ရနေသေးတယ် ။ အခုနေ့မနက်ပိုင်းမှပဲ အဆက်သွယ်ပျက်သွားတာပါ ။ ရုံခမ်းက လေးနက်နေသော မျက်နှာထားဖြင့် ဖြေကြားလိုက်သည်။

အစ်ကိုကြီး ~ ကျွန်တော်တို့ဘာလုပ်ကြမလည်း ၊ သစ်တောစိမ်း နဂါးမျိုးနွယ်စုကို ဆက်သွယ်လိုက်ကြမလား ။ ဒုတိယမြောက်တစ်ယောက်‌ဖြစ်သော ရုံရန် က မေးလိုက်သည်။

မလိုအပ်သေးပါဘူး ~ ငါတို့မျိုးနွယ်စုက သတင်းထောက်‌လှမ်းသူတွေတောင် အဆက်သွယ်ပျက်သွားရန် အခြားမျိုးနွယ်စုက သ‌တင်းထောက်လှမ်းသူတွေလည်းပါမှာ သေချာတယ် ။

အခု မျိုးနွယ်စုက စစ်တပ်ကိုယ် အချိန်အရွှေးတိုက်ခိုက်နိုင်‌ရန် အသင့်ပြင်ဆင်ထားပါ ။ ‌နောက်ဆက်ဖြစ်လာမဲ့ အခြေနေကို ရက်အနည်းငယ်လောက် စောင့်ကြည်တာပေါ့။

ရှေးဦးနဂါးအင်ပါယာရဲ့ ဧကရာဇ်က အမှန်တစ်ကယ် လှုပ်ရှားလာပြီဆိုရင် ၊ သစ်တောစိမ်းနဂါးမျိုးနွယ်စုရဲ့ သတင်းထောက်လှမ်းသူတွေလည်း အဆက်သွယ်ပျက်သွားလေ့မယ် ။အဲဒီအချိန် အဲဒီ အဖွားကြီးတွေလည်း ဆက်သွယ်လာလေ့မယ် ။ ရုံချန်းက သေသေချာချာ စေ့စပ်တွေးတောပြီး‌နောက် သူ၏ ညီဖြစ်သူများကို ပြောလိုက်သည်။

သူတို့မြေနဂါးများနှင့် သစ်တော်စိမ်းနဂါးများက လွန်ခဲ့တဲ့ နှစ်အချို့ကပင် မဟာမိတ်ဖွဲ့ထားကြခြင်းပင် ။ ဤအတွက်ကြောင့် သူတို့ လှုပ်ရှားသည့်အခါခါ အတူတူ လှုပ်ရှားကြမည်ဖြစ်သည်။

၎င်းအပြင် ရုံချမ်းက သူ၏ နတ်ဘုရားသားရဲဘုံ ဆဠမဆင့် အထွတ်ထိပ်၏ ကျင့်ကြံမှုနှင့် သူတို့မျိုးနွယ်စု၏ အထူးစွမ်းရည် အကာကွယ်နှင့်ဆို သူက ရှေးဦးနဂါးအင်ပါယာ၏ ရန်သူများကို အဲဒီလောက် ကြီး တွေးကာ စိတ်ပူနေမိခြင်းတော့ မဖြစ်ချေ။ ဤသည့်က သူ၏ သန်မာမှုကို သူယုံကြည်မှု အပြည့်ရှိခြင်းပင် ၊ တစ်ဖက်ကလည်း သူထက် ထူးခြားပြီး မသန်မာဘူးဟု ယုံကြည်လေသည်။

ဤသို့သော် အတွေးများကြောင့်ပင် ရုံချမ်းက အရမ်းကြီး စိတ်ပူမ‌နေပဲ ၊ စိတ်အေးလက်အေးဟန်ဖြင့် ရှိနေခြင်းပင်ဖြစ်သည်။

All Chapters