တင်းမာလာသော အခြေနေ ။
Vol. 14 Ch. 194
--------
ရှေးဦးမြို့တော် ဝန်းကျင်တစ်ခုလုံးမှ ၊ သတင်း
ထောက်လှမ်းသူများ အားလုံးသေဆုံးမှုက ၊ အရှေ့ပိုင်း ဒေသရှိ နဂါးမျိုးနွယ်စုများသာမက အခြားသောမျိုးနွယ်စုများလည်း သိသွားရှိသွားကြသည်။
အရှေ့မြောက်ပိုင်း ဒေသရှိ ၊ ခေါင်းကိုးလုံးမြွေနဂါများ များ နေထိုင်သော ၊ ချိုင့်ဝိုင်းကြီးတစ်ခုရှိသည်
။ ၎င်းနေရာက တစ်ခုလုံးက အေးအေးစက် အငွေ့သက်များကို အမြဲတမ်း ထုတ်လွတ်ထား၏ ။ ထိုအငွေ့များကလည်း အဆိပ်များပါကြသည်။ ဤအတွက် ကြောင့် ထိုနေရာကို တော်ရုံသားရဲများ မလာရဲကြချေ။
ဤနေရာကို အေးစိမ့်ချိုင့်ဝိုင်းဟုခေါ်သော ခေါင်းကိုးလုံးမြွေနဂါးကြီးများ ကြီးဆိုးရာနေရာဖြစ်သည်။
၎င်းတို့ မှာလည်း သူတို့၏ မျိုးနွယ်စုများ သတင်းထောက်လှမ်းသူများမှာ အဆက်သွယ်ပျက်သွားသည်ကို သတိထားမိလိုက်ကြသည်။
သေစမ်း ။
အဲဒီ ရှေးဦးနဂါးအင်ပါယာရဲ့ ဧကရာဇ်က ဘယ်လို့တောင်မှ ငါတို့မျိုးနွယ်စုက သတင်းထောက်လှမ်းသူတွေကို သတ်ရဲရတာလည်း ။ သူက နဂါးမျိုးနွယ်စုလေးခုကို စုစည်းနိုင်တာနဲ့ ပြိုင်ဘက်ကင်းပြီထင်နေတာလား ။
အရှေ့မြောက်ပိုင်းဒေသရှိ ၊ အေးစိမ့်ချိုင့်ဝိုင်းဟု ခေါ်သော ဧရာမ ချိုင့်ဝိုင်းကြီး အတွင်းမှ ဒေါသတကြီး အော်ဟစ် အသံကြီးထွက်လာခဲ့သည်။
၎င်းအသံကျယ်ကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကိုယ် ပဲ့တင်ထပ်သွားကာ ၊ ကြားလိုက်ရသော သားရဲများမှာပင် ကြောက်ရွံ့မှုကြောင့် တုန်ခါသွားကြသည်။ သူတို့က လျှင်လျှင်မြန်မြန်ပင် ချိုင့်ဝိုင်းရှိရာသို့ ဒူးထောက်ကာ ဦးညွတ်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ တုန်ယင်နေကြသည်။
၎င်း၏ အော်သံက အခြားမဟုတ် ၊ ရက်စက်ကြမ်းကြုတ်မှုကြောင့်ကျော်ကြားသော ၊ ခေါင်းကိုးလုံး မြွေမိစ္ဆာဘိုးဘေး၏ အသံဖြစ်သောကြောင့်ပင်ဖြစ်သည်။
ထိုမိစ္ဆာအိုကြီးက အညိုးတေးထားမှုနှင့် ကောက်ကျစ်မှုများ ကြောင့် အရှေ့မြောက်ပိုင်း ဒေသတခွင် ကျော်ကြားသည်။
တစ်ခါတုန်းက ခေါင်းကိုးလုံးမြွေမိစ္ဆာဘိုးဘေးဖြစ်သူ ငယ်ရွယ်စဉ်က ၊သူ၏ မျိုးနွယ်စုတွင်ပင် သူနှင့်အဆင့်တန်းခြင်းတူညီသော အကြီးကဲတစ်ယောက်နှင့် ၊ သူနှင့် စကား အချို့ကြောင့် အချေတင်ဖြစ်ကြသည်။ သူက ထိုအကြီးကဲ အပေါ်အညိုးတေးထားကာ မှတ်ထားခဲ့သည်။
တစ်နေ့၌ သူ၏ ကျင့်ကြံမှုက ထိုအကြီးကဲထက် မြင့်မားသွားချိန်၌ သူ၏ အညိုးတေးကြောင့် ၊ ထိုအကြီးကဲကို ချက်ချင်းပင် ၊ သတ်ပစ်ခဲ့သည်။
ထိုအဖြစ်ပျက်ကြောင့် ၊ ခေါင်းကိုးလုံးမြွေမိစ္ဆာဘိုးဘေး၏ ကောက်ကျစ်ယုတ်မာမှုက ၊ သူ၏ မျိုးနွယ်စုတွင်ပင်လျှင် အထာမထားချေ။
ယနေ့ ထိုမိစ္ဆာကြီး၏ အော်သံက ရုတ်တရက်ထွက် ပေါ်လာသော်ကြောင့် ပတ်ဝန်းကျင်မှ သားရဲများ အလွန်ပင်ကြောက်ရွံထိတ်လန့်သွားကြခြင်းပင်ဖြစ်တော့သည်။ သူတို့က ထိုမိစ္ဆာကြီးက ဘယ်သူကို ဒေါသထွက်နေမှန်းမသိသော်လည်း။ ထိုဒေါသများက သူတို့အပေါ်ကို ကြရောက်လာမည်ကို ကြောက်ရွံ့နေကြ၍ ဖြစ်သည်။
∆∆∆
အခြားတစ်ဖက် ။
အရှေ့တောင်ပိုင်းဒေသတွင်လည်း ၊ အရှေ့ပိုင်းဒေသနှင့် နီးကပ်မှုက အရှေ့မြောက်ပိုင်းဒေသနှင့်တူညီ၏။ ထိုနေရာ၌ ချုံချီဟု ခေါ်သော သားရဲကြီးများကြီးစိုးကြသည်။
ချုံချီ မျိုးနွယ်စုများ အခြေချရာနေရာကို ချုံချီတောင်တန်းဟု ခေါ်ဆိုသည်။ ထိုတောင်တန်းကြီး၏ အနက်ဆုံးပိုင်း၌ ခမ်းနားသော အဆောက်ဦးများရှိ၏ ။
ထိုအဆောက်ဦးများမှ ထူးခြားစွာဖြင့် အားလုံးမှာ ခရမ်းရောင်ဖြစ်နေခဲ့သည်။ ထို ခမ်းနားသော ခရမ်းရောင် အဆောက်ဦးကြီးတစ်ခုထဲ၌ ဧရာမ သားရဲကြီးတစ်ကောင်က ရှိနေ၏ ။
၎င်းက ကျားခန္ဓာကိုယ် ၊ နဂါးခေါင်းကဲ့သို့ ဦးဂျိုများအပြင် ဧရာမ အတောင်ကြီးများလည်းရှိသည်။ ၎င်း၏ တစ်ကိုယ်လုံးကလည်း ခရမ်းရောင် အကြေးခွံများအပြည့်ပင်ဖြစ်သည်။
ဤဧရာမသားရဲကြီးက ချုံချီသားရဲကြီးပင်ဖြစ်သည်။ သူက၏ အသက်ရှုသွင်း ၊ အသက်ရှုထုတ်လုပ်နေခြင်းပင် ၊ လေထုကို တုန်ခါစေကာ ပြင်းထန်သော အော်ရာကို ထုတ်လွတ်ထားခဲ့သည်။
ရှေးဦနဂါး အင်ပါယာရဲ့ ဧကရာဇ်က တော်တော်
လေးကို သတ္တိကောင်းတာပဲ ။ သူက အခြားမျိုးနွယ်စု တွေကိုယ် ဒီလို့တောင် စော်ကားရဲတယ် ပေါ့ ။
သားရဲကြီး၏ ကြမ်းတမ်းခက်ထန်သော အသံက ထွက်ပေါ်လာခဲ့ကာ ၊ သူ၏ ခရမ်းရောင် မျက်ဝန်း တစ်စုံကအလင်းတန်းများဖြာထွက်လာကာ ၊ အရှေပိုင်း ဒေသရှိ ၊ ရှေးဦးအင်ပါယာရှိရာဘက်သို့စူးစိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
မင်းက မောက်မာတာလား ၊ ဒါမှ မဟုတ် ၊ မင်းမှာ ဝှက်ဖဲများရှိနေသေးတာလား ။ သားရဲကြီး ချုံချီက သူ၏ သားရဲခန္ဓာကိုယ်ကြီးမှ လူတစ်ယောက်ကဲ့သို့ပြန်လည်ပြောင်းလဲလိုက်ရင်းဖြင့် တီးတိုးရေရွတ်လိုက်သည်။
သူ၏ ပုံစံက ထိုအချိန်၌ ခရမ်းရောင် ဆံနွယ်။ ခရမ်းရောင် မျက်ဝန်းနှင့် အသက်လတ်ပိုင်းအရွယ် ချောမောသောအမျိုးသားတစ်ဦးအသွင်ဖြစ်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့သက်များကလည်း ယခင်ကကဲ့သို့ ရက်စက်ကြမ်းကြုပ်ဟန်မရှိတော့ပဲ ၊ ခမ်းနားညှင်သာရန်ရှိသကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည်။
∆∆∆
အခြားတစ်ဖက်၌ ။
မြေနဂါးများပိုင်နက်ဖြစ်သော မြေအောက်မြို့တော်ကြီး၏ အလယ်ဗဟိုရှိ ခန်းမကြီး၏ အလယ်ဗဟို၌ ရုံချမ်းတို့ အားလုံးပြန်လည့်၍ စုစည်းနေခဲ့သည်။
ရုံချမ်းတွေးထားခဲ့သလိုပင် ၊ သစ်တောစိမ်းနဂါးမျိုးနွယ်စုမှ သူတို့ကိုယ်ဆက်သွယ်လာသော ကြောင့်ပင် ဖြစ်သည်။
သူတို့၏ ရှေးဦးနဂါးအင်ပါယာသို့ စေလွတ်ထားသော သတင်းထောက်လှမ်းသူများမှာ အဆက်သွယ်ပြက်တောက်သွားသော ကြောင့်ပင် ဖြစ်သည်။
ရုံချန်းက သူ၏ ထိုင်ခုံကို လက်များဖြင့် ခေါက်နေလျက်စဉ်းစားနေခဲ့သည်။ သူက ဘာစကားမှ မပြောသဖြင့် ခန်းမအတွင်းရှိ လေထုက စိုးရိမ်မှတ်သို့ ရောက်ရှိသွားခဲ့သည်။
ဤအခြေနေက သူတို့၏ အစ်ကိုကြီး ရုံချမ်းဘာမှမပြောလျှင်ပင်နားလည်နိုင်သည်။ ရှေးဦးနဂါးအင်ပါယာ၏ ဧကရာဇ် လှုပ်ရှားလာလေပြီ ။
ထိုအတွေးက ပင် သူတို့ကိုယ် ကျောရိုးများတလျောက် စိမ့်တက်သွားသလို့ခံစားရသည်။ မျိုးနွယ်စုလေးခုကို စုစည်းထားသော ၊ ဧကရာဇ်တစ်ပါးက မည်မျှ ကြောက်ဖို့ ကောင်းလိုက်မည်နည်း ။ ရုံရန် ၊ ရုံကျန်း ၊ ရုံခမ်းတို့ ဆက်ပင် မတွေးရဲတော့ချေ။
သူတို့က ခန်းမ၏ ထိပ်ဆုံး၌ တိတ်ဆိတ်စွာဖြင့် ထိုင်နေသော သူတို့၏ ထောက်တိုင်ကြီးဖြစ်သော ၊ သူတို့၏ အစ်ကိုကြီး ရုံချန်းကို သာ မော့ကြည့်ခိုက်သည်။