အခန်း (၁၉၅)
Vol. 14 Ch. 195
-------
ခန်းမ၏ အတွင်းထဲမှလေထုကအခြေနေက စိုးရိမ်ဖွယ်ရာအခြေနေကို ရောက်နေပြီးတော့ ၊ အားလုံးက တိတ်ဆိတ်စွာဖြင့် သူတို့၏ ထောက်တိုင်ကြီးဖြစ်သော ရုံချန်းပြောလာမည်စကားကို စောင့်မျော်နေခဲ့သည်။
အချိန်အချို့ကြာပြီးနောက်တွင်တော့ ၊ထိပ်ဆုံး တွင်ရှိသော ထိုင်ခုံ၌ ထိုင်နေသော ရုံချန်းက သူ၏ ဦးခေါင်းကို မော့က စကားစလာ၏ ။
အခုငါတို့ရဲ့ စစ်သည်တွေကို အချိန်မရွှေးအဆင့် အသင့်ဖြစ်အောင်လုပ်ထားလိုက်ပါ ။ ငါတို့ရဲ့ သန်မမာမှုကို ရှေးဦးနဂါးအင်ပါယာက လူတွေကိုယ် သိသွားအောင်ပြလိုက်တာပေါ့ ။ ရုံချန်းက လေးနက်စွာဖြင့်ပြောလိုက်သည်။
စစ်သည်တွေက အချိန်မရွှေးအဆင့်သင့်ပါပဲ အစ်ကိုကြီး ၊ ဒုတိယညီဖြစ်သူ ရုံရန် က လျှင်မြန်စွာဖြင့် ပြန်၍ ပြောလိုက်သည်။
ကောင်းတယ် ~ စတုတ္ထညီ မင်းရဲ့လက်အောက်က သတင်းထောက်လှမ်းသူတွေကို ငါတို့ရှိရာကို လာတဲ့ လမ်းကြောင်းတစ်လျောက်မှာ နေရာချထားပြီး ၊ ဖြစ်ပျက်နေတဲ့အကြောင်းရာတွေမှန်သမျှ ၊ အချိန်မရွှေး သတင်းပို့ဖို့ ပြောလိုက်ပါ ။
ပြီးတော့ တတိယညီ မင်းက ၊ နောက်ရက်အနည်းငယ်မှ သစ်တောစိမ်းမျိုးနွယ်စုက လူတွေရောက်လာရင် နေထိုင်ဖို့အတွက် နေရာအချို့ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ ရုံချန်းက ချက်ချင်းပင် သူ၏ ညီများကို လိုအပ်သည့်များကို ချက်ချင်းညွှန်ကြားလိုက်သည်။
နားလည်ပါပြီ ~ အစ်ကိုကြီး ။
ဒါဆိုသွားကြတော့ ~ ရုံချန်းက သူ၏ ညီဖြစ်သူများကို ခန်းမ၏ အတွင်းမှ ထွက်သွားခိုင်းလိုက်သည်။
ရုံရန်တို့လည်း နှတ်ဆက်ပြီးနောက် ခန်းမ၏ အတွင်းမှ ထွက်ခွာသွားတော့သည်။
ခန်းမအတွင်းက ပြန်လည်တိတ်ဆိတ်သွားပြီးတော့ ၊ ရုံချန်းတစ်ယောက်သာလျှင်ကျန်ရစ်နေခဲ့တော့သည်။
သူက အဝေးရှိ ရှေးဦးနဂါးအင်ပါယာရှိဘက်သို့ တောက် လောင်နေသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။ အခု သစ်တောစိမ်းနဂါးမျိုးနွယ်စုက ဟိုအဖွားကြီးတွေသာ ရောက်လာရင် နတ်ဘုရားသားရဲဘုံ ဆဠမအဆင့်၏ အထွတ်ထိပ်အဆင့်နှစ်ယောက် ဖြစ်သွားလေ့မယ် ။
အဲဒီအချိန်ကြရင် မင်းတို့ဘယ်လို့ရင်ဆိုင်မလည်း ငါသိချင်သေးတယ် ။ မင်းက မျိုးနွယ်စု လေးခုကို စုစည်းနိုင်တာနဲ့ ငါတို့ကို တိုက်နိုင်မယ် ထင်နေတာပဲ ၊ တစ်ကယ်ကို ဟာသပဲ ။ မင်းစုစည်းထားခဲ့တဲ့ မျိုးနွယ်စုတွေက ကျဆင်းနေတဲ့မျိုးနွယ်စုတွေပဲ ရုံချန်းက တီးတိုးရေရွတ်လိုက်သည်။
သူကသူတို့၏ မျိုးနွယ်စုကို သိမ်းပိုက်ရန်လာနေသော ရှေးဦးနဂါးအင်ပါယာဧကရာဇ်အား သူ၏ စစ်တပ်များက သူတို့ရှိရာသို့ရောက်လာချိန်၌ သူတို့၏ သန်မာမှုဖြင့် ၎င်းတို့၏ စိတ်ကူးနှင့် အတွေးများအပြင် ရှေးဦးနဂါးဧကရာဇ်ဆိုသူ၏ မျက်နှာကို ပင်ဖြတ်ရိုက်နိုင်မည်ဟု ယုံကြည်နေသည်။ ထိုအချိန်ကိုပင် ထပ်မံ၍ မစောင့်နိုင်တော့ချေ။
∆∆∆
တစ်ဖက်၌ ။
ရှေးဦးနဂါးတောင်၏ ထိပ်၌ ရှိသော ကမ္ဘာငယ်၏ အတွင်း၌ ရှိသော ပင်မကျွန်းပျံ၏ နန်းတော်ခန်းမအတွင်း၌ ရှိသော လေ့ကျင်ရာအခန်းထဲတွင်ရှိသော လုံထန်ကတော့ ရုံချန်း၏ အတွေးများကို မသိချေ။
သူက ယခုအချိန်၌ သူ၏ ပြသာနာကို ဖြေရှင်းရန်အသည်းသန် စဉ်းစားခန်းဝင်နေ၍ ဖြစ်သည်။ သူသာလျှင် ရုံချန်း၏ အတွေးများကို သိပါလျှင် မျက်ရည်များထွက်ကြသည့်အထိ ရီမောမိလေ့မည်ဖြစ်သည်။
∆∆∆
လုံထန်ခန်းမ၏ အတွင်း၌ မလှုပ်မယက်ဖြင့် ထိုင်နေခဲ့သည်။ အချိန်ဘယ်လောက်ကုန်ဆုံးသွားသည့်ကိုပင် သတိမထားမိတော့ချေ။ သူ၏ အတွေးထဲ၌ သာနစ်မြုပ်နေခဲ့သည်။
နောက်ဆုံး၌ အဖြေကိုဘယ်လိုတွေးတွေးရှာရရန် အလွန်ပင်ခက်ခဲ့နေခဲ့သည်။ ဤအတွက်ကြောင့် ကြံရမရသည့်အဆုံး၌ သဘာဝမီးစွမ်းအားအရင်းမြစ်ရှိရာ နေရာတွင် သွားပြီးတော့ လေ့ကျင့်ရန် စိတ်ကူးလိုက်တော့သည်။
ထိုနေရာက မီးစွမ်းအားနှင့်ပတ်သော အရာများအတွက် မြင့်မြတ်နယ်မြေပင်ဖြစ်သည်။ ဤအတွက်ကြောင့် သူ၏ ပြသာနာကို ထိုနေရာတွင် ဖြေရှင်းနိုင်မည်ဟု တွေးမိ၍ ဖြစ်သည်။
ထိုအတွေးများကြောင့် လုံထန်က ဆက်၍ စဉ်းစားမနေတော့ ချက်ချင်းပင် ကျင့်ကြံမှုခန်းမအတွင်းမှ ထွက်ခွာကာ ပင်မကျွန်းပျံအောက်သို့ပျံသန်းဆင်းသက်သွားခဲ့သည်။ သူက သဘာဝမီးစွမ်းအားအရင်းမြစ်နယ်မြေသို့ တိုက်ရိုက်ပျံသန်းသွားခြင်းဖြစ်သည်။
အချိန်အနည်းငယ်အကြာ၌ .....။
လုံထန်ကသဘာဝမီးစွမ်းအားအရင်းမြစ်နယ်မြေ၏ မီတာတစ်ရာအကွာသို့ရောက်လာခဲ့သည်။ ဤဆယ်စုနှစ်တာကာလအကြာ၌ ဤနယ်မြေပင်လျှင်အနည်းငယ်ကျယ်ပြန်လာခဲ့သည်။
ယခင်က ဆယ်မိုင်အထိသာကျယ်ပြန့်သော်လည်း ယခုအချိန်၌ ဆယ်ငါးမိုင်နည်းပါးကို ကျယ်ပြန့်နေပြီဖြစ်သည်။
လုံထန်က ကောင်းကင်ယံမှ ရပ်၍ ကြည့်နေခဲ့ရင်းဖြင့် သဘာဝမီးစွမ်းအားအရင်းမြစ်နယ်မြေ၏ ပြင်ပနယ်မြေဟု သတ်မှတ်နိုင်သော အလယ်ဗဟိုနှင့် ဆယ်မိုင်အကွာတွင်ရှိနေသော နေရာများ၌ ထိုင်၍ ကျင့်ကြံနေသော ပုံရိပ်များကို တွေ့လိုက်ရသည်။
၎င်းတို့အားလုံးငယ်ရွယ်သော သူများဖြစ်ကြကာ ကျင့်ကြံမှုကလည်း သားရဲဘုရင်အဆင့်တွင်ရှိကြသည်။ အချို့တလေ့ကတော့ သားရဲအင်ပါယာအဆင့်တွင်ရှိသည်။ သူတို့က အင်ပါယာကျောင်းတော်မှ ကျောင်းသားများသာဖြစ်သည်။
လုံထန်သူတို့ကိုယ် ကြည့်နေစဉ်၌ သူ၏ အရှေ့၌ ပုံရိပ်တစ်ခုထွက်ပေါ်လာတာကိုယ် တွေ့လိုက်ရသည်။ ၎င်းကတော့ ဟော်ဖုသာဖြစ်၏ ။
အရှင်မင်းကြီးကို နှတ်ဆက်ပါတယ် ။ ဟော်ဖုက ရိုသေစွာဖြင့် အရိုသေပေးကာ နှတ်ဆက်လိုက်သည်။
အရမ်းကြီး ယျဉ်ကျေးမနေပါနဲ့ ။
လုံထန်ကပြုံးကာပြောလိုက်သည်။ ဒီနေရာမှ လာကျင့်ကြံတဲ့သူတွေထဲမှာ အခြေနေကောင်းတဲ့သူရှိလား ၊ သူက ဟော်ဖုကို ကြည့်ကာ မေးလိုက်သည်။
ဒီအသုတ် အင်ပါယာကျောင်းတော်က ၊ ခေါ်ယူထားတဲ့ ကျောင်းသားတွေက အခြေနေမဆိုးဘူးလို့မြင်ပါတယ် ~ အရှင်မင်းကြီး ။
ဟိုမှ ရှိနေတဲ့တစ်ယောက်က ဒီငယ်သားရဲ့ မျိုးနွယ်စုကပါ ၊ သူကိုယ် ဟော်ယွမ်ဟု ခေါ်ပါတယ် ။ သူရဲ့အရည်ချင်းကလည်း မဆိုးပါဘူး ။ ဒီနှစ်ရဲ့ သားရဲဘုံရင်ဘုံအဆင့် နှစ်ကုန်စစ်ဆေးမှုမှ ထိပ်တန်းဆယ်ယောက်ထဲပါပါတယ် ။
ဟိုတစ်ယောက်ကတော့ လက်သည်းကိုးခုရွှေနဂါးမျိုးနွယ်စုကပါ ၊ သူကိုယ်တော့ အောင်းရွယ် ဟုခေါ်ပါတယ် ။ သူလည်း သားရဲဘုံရင်ဘုံအဆင့် နှစ်ကုန်စစ်ဆေးမှုမှာ ထိပ်တန်းဆယ်ယောက်အတွင်းဝင်ပါတယ်။ ဟော်ဖုက ရွှေးနဂါးလက်သည်းမျိုးနွယ်စုမှ ငယ်ရွယ်သော မိန်းမပျိုလေးတစ်ယောက်ကို ညွှန်ပြရင်းဖြင့်ပြောလိုက်သည်။
လုံထန်လည်း ဟော်ဖုညွှန်ပြသောနေရာမှ ဟော်ယွမ်ဆိုသော လူငယ်နှင့် အောင်းရွယ်ဟုသော အမျိုးသမီးငယ်လေးကို ကြည်လိုက်သည်။ သူတို့နှစ်ဦးလုံးက သားရဲဘုရင်ဘုံ ဒဿမအဆင့်၏ အထွတ်ထိပ်သို့ပင်ရောက်ရှိနေကြပြီဖြစ်သည်။
သူတို့က အရည်ချင်းရှိတဲ့သူတွေပဲ ၊ အချိန်ရရင် သူတို့ကိုယ် လမ်းညွှန်မှုအချို့ပေးလိုက်ပါအုန်း ။ ဒါဆိုရင် သူတို့၏ ကျင့်ကြံမှုလမ်းကြောင်းက ပိုပြီးတော့ အဆင်ပြေသွားတာပေါ့ ။လုံထန်က ဟော်ဖုကို ကြည့်ကာ ပြောလိုက်သည်။
ဒီငယ်သားက အရှင်မင်းကြီးရဲ စကားကို မှတ်သားထားပေါ့မယ် ။ ဟော်ဖုက လေးနက်စွာဖြင့်ပြန်လည်၍ ပြောကြားလိုက်သည်။