စိတ်စွမ်းအား ၁၅
Vol. 31 Ch. 3.201
"ဘာပြောတယ်?"
အကြီးအကဲ လုံယွမ်မှာ မိုးကြိုးပစ် ခံလိုက်ရသလိုမျိုး မယုံနိုင်အောင် ထိတ်လန့်သွားတော့သည်။
"ဒီလူတွေကို သတ်လိုက်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူ့မှာ ယွမ်ချီနယ်ပယ် ပြီးပြည့်စုံတဲ့ကာလလည်း မဟုတ်ဘူး... အဆင့်၄ ကျိုချင်းနယ်ပယ် ဆိုရင်တောင် သူ့လုပ်နိုင်တဲ့ အနေအထားက ကန့်သတ်ချက်တွေ ရှိနေသေးတယ်... ဒီလူတွေ အကုန်လုံးကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ? ဧကန္တ...."
တစ်ခုခုကို စဉ်းစားရင်း အကြီးအကဲ လုံယွမ်သည် တောင်ဖောက်နဂါးကို ကမန်းကတန်း ကြည့်လိုက်သည်။
လုရွှမ်ရဲ့ အစွမ်းအစက ဒီလူတွေကို သတ်ဖို့ မဖြစ်နိုင်ပါဘူး။ တစ်ခုတည်းသော ဖြစ်နိုင်ချေက ဒီဝိညာဥ်သားရဲပဲ။
"ဒါက ဒီဝိညာဥ်သားရဲ မဟုတ်ဘူး... သူ ဘာမှကို မလုပ်ခဲ့ဘူး!"
ဖန့်ဝူဆွေ့ကလည်း ပြန်ပြောလိုက်သည်။
"သူက ဘာမှမလုပ်ခဲ့ဘူးလား? အဲဒါဆိုရင် လုရွှမ်က ဒီလူတွေကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ?"
အကြီးအကဲ လုံယွမ်ခမျာ မယုံနိုင်သေးချေ။
"သူသတ်လိုက်တာကို စိတ်မပူပါနဲ့.... တိုတိုပြောရရင် ဒီလူငယ်ကို စော်ကားတာထက် ငါ့ကိုယ်ငါပဲ သတ်သေလိုက်ချင်တယ်.... သူ့မှာ ငါတို့ မယှဉ်နိုင်တဲ့ အားသာချက်တွေ အများကြီး ရှိတယ်ကွ!"
ဒါကိုပြောပြီး ဖန့်ဝူဆွေ့ အနည်းငယ် တုန်ယင်သွားခဲ့သည်။
"ကောင်းပြီ!"
သူ့သူငယ်ချင်းဟောင်းက သူ့ကိုဒုက္ခမပေးကြောင်း နားလည်ထားဖြင့် အကြီးအကဲ လုံယွမ်သည် နောက်ထပ် မေးခွန်းများကို မမေးနေတော့ဘဲ သူ့ရင်ဘတ်မှ ကုသဆေးကို ထုတ်ယူ၍ ဒဏ်ရာများကို ကုသရင်း ပိုသက်တောင့်သက်သာ ဖြစ်စေရန် အနားယူနေလိုက်သည်။
ထိုအခိုက်အတန့်တွင် အပြေးအလွှား သွားနေသော အကြီးအကဲများကလည်း ဖြစ်ပျက်နေသည်ကို သိရှိကြပြီးနောက် အားလုံးက ယင်းယန်ရေကန်ရှေ့တွင် လဲလျောင်းနေသေးသည့် တောင်ဖောက်နဂါးကြီးကို ကြည့်ကာ သတိအနေအထားဖြင့် ကြောက်ရွံ့သွားကြလေသည်။
ဤဝိညာဉ်သားရဲသည် ဘုရင်မင်းမြတ် ချန်ရှုံနှင့် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။ သူတို့ကို သတ်ဖြတ်ခြင်းက ကစားနေရတာနဲ့ အတူတူပဲ ဖြစ်လိမ့်မည်။
ရင်ပြင်၌ အပ်ကျသံပင် မကြားရလောက်အောင် ငြိမ်သက်သွားပြီး လူတိုင်းဟာ ကျောင်းအုပ်ကြီး အတွက် လက်စားချေချင်နေသူ မရှိကြောင်း သဘောပေါက်သွား၏။
လုရွှမ် အပြင်မှာ ဘာဖြစ်သွားသလဲ လုံးဝ မသိချေ။ လက်ရှိအချိန်မှာ သူဟာ ဧရိယာမှာ ထိုင်နေပြီး ခေါင်းမှာ ချွေးတွေ အလျှံအပယ် ထွက်နေလျက် သူ့ခန္ဓာကိုယ်ကလည်း အဆက်မပြတ် တုန်နေသည်။
လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ဒီနေရာကို သူဝင်လာခဲ့သည်။ အသက်ရှူချိန် အနည်းငယ်မျှပင် မထိန်းနိုင်လျှင် ထွက်လာလိမ့်မည်ဟုပင် တချို့က ထင်ခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း သူသည် ကိုယ်ခန္ဓာအတွင်းရှိ ခွန်အားကို ဆက်လက် ဖြည့်တင်းခဲ့ပြီး ဆင်သံချပ် ရွှေကိုယ်ထည်သည် တစ်ဖန် ထိုးဖောက်ခဲ့ကာ အဆင့်၄ အကြီးစား အောင်မြင်မှု အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ရုပ်ခန္ဓာ ခွန်အားကို အားကိုးရုံဖြင့် အင်အား သန်း ၄၀အထိ ကြီးမားနေပြီ ဖြစ်သည်။
ထိုမျှသာမကဘဲ သူ၏ ကျင့်ကြံမှုသည်လည်း ကြီးစွာသော တိုးတက်မှုများကို ရရှိခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ရက်က သူသည် အဆင့်၄ ကျိုချင်းနယ်ပယ်ကို ဖြတ်ကျော်ခဲ့ပြီး ယခုအခါတွင် လျင်မြန်စွာ တိုးမြင့်လာကာ ကျိုချင်းနယ်ပယ် ပြီးပြည့်စုံမှု ကာလကို တိုက်ရိုက် ရောက်ရှိနေပြီ ဖြစ်သည်။
စစ်မှန်သော ဝိညာဥ်ချီ၏ စွမ်းအား တစ်ခုတည်းကို မှီခိုရုံဖြင့် ၎င်းသည် ဟဲ့လင်နယ်ပယ်ရှိ ပြီးပြည့်စုံသော ကာလက ကျင့်ကြံသူများနှင့် နီးပါးတူညီသော စွမ်းအားပေါင်းသန်း ၈၀ အထိ ရောက်ရှိလာခဲ့ပြီ။
လုရွှမ် ယခု ထိုးဖောက်နေသည့် အရာသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ဝိညာဥ်စွမ်းအင်ကို မဟုတ်ဘဲ သူ၏စိတ်စွမ်းအား ဖြစ်သည်။
ယင်းယန်ရေကန်တွင် ယင်းနှင့်ယန် ဖလှယ်ခြင်းသည် ဝိညာဉ်စွမ်းအား တိုးတက်စေရန် အတွက် များစွာ အထောက်အကူ ဖြစ်စေ၏။ ထို့အပြင် သူသည် ယွမ်ချီနယ်ပယ်မှ အဆက်မပြတ် ဖောက်ထွက်ပြီး စိတ်စွမ်းအား အတိုင်းအတာသည် ၎င်း၏ အခွံကို ဖောက်ထွက်လာသည့် ကြက်ဥတစ်လုံးကဲ့သို့ပင် ဖြည်းဖြည်းချင်း ပြောင်းလဲနေပြီ။
ဗုန်း!
ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သော ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး တုန်ရီမှုက ရပ်တန့်သွားခဲ့သည်။ လုရွှမ်သည် သူ၏အမြင်အာရုံကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ချဲ့ထွင်လိုက်သလို ခံစားလိုက်ရပြီး လူတစ်ကိုယ်လုံးကို ထိန်းချုပ်ထားသော စိတ်စွမ်းအားသည် တစ်ဖန် ခုန်ပျံတက်သွားပြန်သည်။
စိတ်စွမ်းအား ၁၅!
ယင်းယန်ရေကန်ထဲသို့ ဝင်ရောက်ပြီး သုံးရက်အကြာတွင် သူ၏စိတ်ဝိညာဉ် စွမ်းအားသည် ၁၃ မှ ၁၅ အထိ တိုက်ရိုက် တိုးတက်လာခဲ့သည်။
တချို့သော သေမျိုအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ သို့မဟုတ် အဆင့်၇ရှိ ကျင့်ကြံသူများထက် ပြင်းထန်သော စိတ်စွမ်းအား အတိုင်းအတာ ၁၅ ဖြစ်ပေသည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇သို့ ရောက်ရှိသွားသော လူအများအပြားသည် ၎င်းတို့၏ ဝိညာဉ်စိတ်စွမ်းအားကို ၁၅ ဝန်းကျင်သာ လေ့ကျင့်ထားနိုင်ကြသည်။
ဝိညာဥ်စွမ်းအား ၁၅ကြောင့် ယခင်စွမ်းအား သန်း ၆၀က ဆယ်ဆ တိုးလာခဲ့သည်။ သစ်သားနှလုံးသားကို ထိန်းချုပ်ပြီး တိုက်ခိုက်ပါက သူသည် စိတ်စွမ်းအားကို သန်း ၆၀၀ အထိ သုံးနိုင်နေပြီ ဖြစ်သည်။
ရုပ်ခန္ဓာ၏ ခွန်အား သန်း ၄၀ နှင့် စစ်မှန်သော ဝိညာဥ်ချီစွမ်းအင် သန်း ၈၀ တို့နှင့် ပေါင်းစပ်လိုက်လျှင် သူ၏ လက်ရှိ ခွန်အားသည် တုန်လှုပ်ဖွယ်ရယ သန်း ၇၀၀ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ ချောင်ထျန်းနယ်ပယ်သို့ ရောက်ပြီးနောက် ကျင့်ကြံသူများသည် သဘာဝနှင့် ဆက်သွယ်နိုင်ပြီး ယေဘုယျလမ်းကြောင်း၏ စွမ်းအားကို အသုံးချနိုင်နေပြီ ဖြစ်သည်။
မည်မျှပင် အားထုတ်နေပါစေ ၎င်းသည် ရက်စက်ကြမ်းကြုတ်သော စွမ်းအားများသာ ဖြစ်သည်။ ယေဘုယျ လမ်းကြောင်းနဲ့ စပ်လျှင်းပါက သူ့တွင် လိုအပ်ချက် အနည်းငယ် ရှိနေသေးသည်။
သို့သော်လည်း ဤမျှလောက် အားကောင်းသော အင်အားဖြင့် အနီးကပ် တိုက်ခိုက်ပါက ချောင်ထျန်းနယ်ပယ်က ကျင့်ကြံသူကြီးများပင် သူ့ကို တွန်းလှန်နိုင်မည် မဟုတ်ပေ။ ၎င်းတို့ကို အသားတုံးထဲသို့ တိုက်ရိုက် ရိုက်ခွဲသွားမည် ဖြစ်သည်။
သူ့တွင် လုံလောက်သော ခွန်အားရှိသရွေ့ ယေဘုယျ လမ်းကြောင်း၏ စွမ်းအင်ကို စုစည်းနိုင်လျှင်ပင် သူ့အနီးကို ကပ်လာပါက တစ်ဖက်လူ ဘာမှမလုပ်ခင် သတ်ပစ်နိုင်လောက်ပြီ။
"အခု သစ်သားနှလုံးစားကို ထိန်းချုပ်ဖို့က လွယ်လောက်ပြီ.... အရင်ကလို မခက်ခဲနိုင်တော့ဘူး!"
အရင်တုန်းက စိတ်စွမ်းအား ၁၃ သာရှိတဲ့ အခါက သစ်သားနှလုံးသားကို ထိန်းချုပ်ဖို့ ခက်ခဲပေမယ့် အခုတော့ မတူတော့ပေ။ စိတ်ဝိညာဉ်စွမ်းအားက စုစုပေါင်း သန်း ၆၀၀ လောက်အထိ ရောက်ရှိသွားပြီး သစ်သားနှလုံးသားကို မြင်းမောင်းသလိုမျိုး အလွယ်တကူ ထိန်းချုပ်နိုင်ပြီ။
စိတ်စွမ်းအား၏ အတိုင်းအတာသည် အားကောင်းပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနှင့် ဝိညာဉ်စွမ်းအင်ကို ဝါးမြိုနိုင်မှုမှာလည်း များစွာ တိုးမြင့်လာသည်။ အနာဂတ်တွင် ကျင့်ကြံမှုအရှိန်လည်း ထပ်မံတိုးလာမည်ဟု မှန်းဆနိုင်၏။
"စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး တစ်ကီလိုမီတာ အတွင်း ပျံသန်းဖို့ သစ်သားနှလုံးသားကို အလွယ်တကူပဲ ထိန်းချုပ်နိုင်ပြီ!"
ဝိညာဉ်စွမ်းအား ၁၅ သို့ ရောက်ရှိသည်နှင့် အမျှ သစ်သားနှလုံးသားကို ထိန်းချုပ်နိုင်မှု အကွာအဝေးလည်း ထပ်တိုးလာခဲ့သည်။ ယခင်က မီတာရာဂဏန်းမျှသာ ရှိသော်လည်း ယခုအခါတွင် တစ်ကီလိုမီတာခန့် ရောက်ရှိနေနိုင်ပြီ ဖြစ်သည်။
ဆိုလိုသည်မှာ တစ်ကီလိုမီတာ အကွာအဝေးအတွင်း သစ်သားနှလုံးသားသည် အပြင်းထန်ဆုံး တိုက်ခိုက်ရေး စွမ်းအားကို ပြသနိုင်ပြီး ခိုးဝင်တိုက်ခိုက်ခြင်းဖြင့် ရန်သူများကို အလွယ်တကူ သတ်ဖြတ်နိုင်လေပြီ။
ဒါက အရမ်းကို ကြောက်စရာကောင်းတဲ့ အချက်ပဲ!
အဆင့်၅က ကျင့်ကြံသူများဟာ တစ်ကီလိုမီတာ အကွာမှ တိုက်ခိုက်လိုလျှင် အနည်းငယ် အားနည်း သွားလိမ့်မည်။ ယေဘုယျလမ်းကြောင်းကို နားလည်သော ကျင့်ကြံသူ တစ်ဦးသာလျှင် ၎င်း၏စွမ်းအားကို တစ်ကီလိုမီတာ အကွာအဝေးတွင် ထိန်းထားနိုင်သည်။
သူသည် ဤအရာကို လုပ်နိုင်နေပြီ ဖြစ်သောကြောင့် အင်မတန် အံ့အားသင့်ဖွယ် ကောင်းနေပြီ။ သူဟာ အဆင့်၄ ကျိုချင်းနယ်ပယ် ပြီးပြည့်စုံသော ကာလသာ ရှိသေးသည်လေ။
ထို့အပြင် ခိုးဝင် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ပါ အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ ပြီးပြည့်စုံသော ကာလမှ ကျင့်ကြံသူကိုလည်း သတ်ပစ်နိုင်သည်။
သို့သော် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ကွေးယီးနယ်ပယ်သည် သဘာဝအားဖြင့် လောကနှင့် နီးကပ်စွာ ဆက်စပ်မှုရှိ၍ တစ်စုံတစ်ယောက် ခိုးဝင်သောအခါ၌ စိတ်က ခံစားမှုတစ်ခု အလိုလို ဖြစ်ပေါ်လာလိမ့်မည်။
ထိုသို့သော ခွန်အားရှိတဲ့ တစ်စုံတစ်ယောက်ကို သတ်ချင်ရင်တော့ ခက်ခဲလိမ့်မည်။
"ကောင်းပြီ.... ဆက်နေမယ်ဆိုရင် ဘာအကျိုးသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူး.... ထွက်သွားသင့်ပြီ!"
လုရွှမ် ပထမဧရိယာမှ ထွက်ခွာလာခဲ့သည်။
ယင်းယန်ရေကန်၏ အကျိုးသက်ရောက်မှုသည် အလွန်ကောင်းမွန်သော်လည်း အတိုင်းအတာတစ်ခုအထိ ရှိနေသေးသည်။ သူ့ကိုယ်သူ ဥပမာထား၍ ပြောရလျှင် ဆင်သံချပ် ရွှေကိုယ်ထည်၏ အဆင့်၄ အကြီးစား အောင်မြင်မှု၊ ကျင့်ကြံမှု၏ ကျိုချင်းနယ်ပယ်၊ စိတ်စွမ်းအားလည်း ၁၅ သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤနေရာတွင် ဆက်လက် ထိုင်နေပါကပင် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် အကျိုးသက်ရောက်မှုသည် အလွန်သေးငယ်ပြီး ယခင်ကကဲ့သို့ လျင်မြန်စွာတိုးတက်မှုကို ပြုလုပ်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း သူ့အနေနဲ့ အလွန်ကျေနပ် နေမိသေးသည်။
သူဒီကိုလာတုန်းက ယွမ်ချီနယ်ပယ် ပြီးပြည့်စုံသော ကာလမှာသာ ရှိသေးသည်။ ယခု ကျိုချင်းနယ်ပယ်ကို ရောက်သွားပြီဆိုတော့ အဆင့်၂ဆင့်အထိ ဖြတ်ကျော်သွားခဲ့ပြီ။
စိတ်စွမ်းအား တိုးလာ၍ ရုပ်ခန္ဓာသည်လည်း ပို၍ပင် အစွမ်းထက်လာပါသည်။ ၎င်းသည် ဝိညာဉ်နယ်ပယ်၏ ပြီးပြည့်စုံသောကာလသို့ မရောက်သေးသော်လည်း ဝိညာဉ်အဆင့်၏ အထွတ်အထိပ် လက်နက်များနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။
ဆိုလိုသည်မှာ ဝိညာဥ်နယ်ပယ် အထွတ်အထိပ် လက်နက်က သူ့ကို တိုက်ခိုက်လာလျှင်ပင် ဒဏ်ရာအနာတရ မဖြစ်ဘဲ အဖြူရောင် အမှတ်အသား အများစုသာ ကျန်ရစ်ခဲ့လိမ့်မည်။
ယင်ယန်ရေကန်ထဲက တခြားသူတွေဟယ ရေကန်ထဲက အစောကတည်းက ထွက်သွားပြီဆိုတာ သိတာကြောင့် သူလည်း ထွက်လာခဲ့သည်။
သူမှလွဲ၍ အကြာဆုံးနှင့် အတောင့်ခံနိုင်ဆုံး လူများသည် ဧရိယာ၇ထဲဲ ဝင်သွားခဲ့ကြပြီး နေ့တစ်ဝက်သာ တောင့်ခံနိုင်ခဲ့သည်။
သူတစ်ယောက်တည်းသာ ပထမဧရိယာတွင် ၃ရက်တိတိ နေနိုင်ခဲ့၏။ ပြီးတော့ သူ့ပုံစံမှာ မထွက်လာချင်ပေမယ့် မဖြစ်မနေ ထွက်လာခဲ့ရသလို ဖြစ်နေသည်။
"ကြည့်ရတာ မင်းတို့လည်း အများကြီး အမြတ်ရသွားပုံပဲ!"
မင်းသမီးလော့ရုံ နဲ့ တခြားသူတွေကို ကြည့်လိုက်ပြီးနောက် လုရွှမ် ဆိုလိုက်သည်။
သုံးရက်အကြာတွင် သူနှင့်အတူ လိုက်ပါလာသူအားလုံးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပြီး မုယန်ဖုန်းသည် အဆင့်၂ ယွမ်ချီနယ်ပယ်သို့ပင် ရောက်ရှိသွားခဲ့သည်။