ကျောင်းအုပ်ကြီးကို ကန်ကျောက်ခြင်း
Vol. 31 Ch. 3.202
အအေးနှင့်အပူ၏ ဆန့်ကျင်ဘက် ဖြစ်သော ယင်းယန်ရေကန်သည် ဤနေရာ၌ ရှိနေသရွေ့ သူတို့အဖွဲ့၏ ကျင့်ကြံမှုအဆင့်များ သိသိသာသာ တိုးမလာမီ အချိန်တစ်ခုသာ လိုအပ်သည်။
"ရှင်နဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး!"
မင်းသမီးလော့ရုံက ဆိုလိုက်သည်။
အဓိပတိနယ်ပယ် အထွတ်အထိပ် အောင်မြင်မှုကနေ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်အထိ တိုးလာတာဟာ ကြီးကျယ်တဲ့ တိုးတက်မှုလို့ ယူဆနိုင်ပေမယ့် သူမရှေ့က ဒီလူနဲ့ ယှဉ်ရင် ကွာခြားလွန်းလှသည်။
သူများတွေ ဖြတ်ကျော်ဖို့ နည်းလမ်း မရှိရင် သေတဲ့အထိ ထိုးဖောက်ဖို့ တခြားနည်းလမ်း မရှိလောက်ချေ။ ဒီကောင်လေး အတွက်ကတော့ ထမင်းစားရေသောက်ပင်။
အဓိပတိနယ်ပယ်နှင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်တစ်ခုစီကြား အဆင့်မြှင့်ရန် ပိုမိုခက်ခဲပါသည်။ ကံကောင်းစွာပင် သူသည် သုံးရက်အတွင်း အဓိက အဆင့်နှစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သည်။
တစ်ဖက်လူ၏ အနည်းငယ် မကျေနပ်သည့် စကားကို ကြားတဲ့အခါ လုရွှမ် ခပ်ဖွဖွ ပြုံးလိုက်သည်။
သူ့အရင်ဘဝက ကျင့်ကြံမှု အတွေ့အကြုံသာ မရှိခဲ့ရင် ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်မှာ မဟုတ်ချေ။
"အပြင်ထွက်ရအောင်!"
ပေါ့ပေါ့ပါးပါး ပြောပြီး ခြေကိုမြှောက်ကာ ယင်ယန်ရေကန် အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။
ဆက်နေရင်လည်း အသုံးမဝင်တဲ့ အတွက် ဒီမှာဆက်နေတာက အချိန်ဖြုန်းခြင်းသာ ဖြစ်သွားမည် မဟုတ်ပါလား။ ဒါကြောင့် အမြန်ဆုံး အပြင်ထွက်တာ ပိုကောင်းပါ၏။
"မျက်နှာမည်းမှန်း သိသာချက်! လုံးဝစိတ်မဝင်စားဘူး!"
စကားတစ်ခွန်းမှ ဆက်မပြောဘဲ ထွက်သွားတာကို မြင်တော့ မင်းသမီးလော့ရုံ သူ့ခြေထောက်တွေကို စောင့်၍ အေးစက်စွာ ဆိုလိုက်သည်။
ဒီလူငယ်လေး အတွက်တော့ သူမဒေါသကို အမှန်တကယ် မထွက်ချင်ခဲ့ပေ။ သူမက သူ့ထက် အသက်ကြီးတာကြောင့် ဒေါသအရမ်းထွက်နေပေမယ့် သူဘာပဲလုပ်လုပ် ဆန်းပြားလွန်းလှသည်။
အရေးကြီးဆုံးကတော့ သူမအပေါ် လူငယ်၏ စိတ်အားထက်သန်မှုနှင့် စူးစမ်းလိုစိတ် လုံးဝမရှိပေ။ သူသည် ငယ်ရွယ်သော လူငယ်များနှင့် လုံးဝ မတူဘဲ နှစ်ပေါင်းရာနှင့်ချီ နေထိုင်ခဲ့သော ဘီလူးတစ်ကောင် ကဲ့သို့ပင် ခံစားချက် ကင်းမဲ့နေ၏။
တခြားလူငယ်တွေက သူမနဲ့ တစ်ယောက်တည်း စကားပြောနေသရွေ့ သူတို့ရဲ့ မျက်နှာတွေ နီရဲလာပြီး စိတ်လှုပ်ရှားပြီး စကားလုံးတွေကိုတောင် ရှင်းရှင်းလင်းလင်း မပြောနိုင်တော့ချေ။
သူမ၊ လင်ရှောင်းရှောင်းနဲ့ ဟန်ရွှယ်။ ဘယ်သူပဲဖြစ်ဖြစ် ပြိုင်စံရှားတဲ့ အလှလေးများပင်။ သို့သော် တစ်ဖက်က မျက်စိကန်းနေသလိုပဲ လှည့်ပင်မကြည့်ဘဲ သူတို့အပေါ်ထားတဲ့ သူ့ရဲ့သဘောထားက မုယန်ဖုန်းထက်တောင် ပိုဆိုးနေသေးသည်။
"ဒီကောင်လေး.... မဟုတ်မှ "
မင်းသမီးလော့ရုံ သူမ၏ နှုတ်ခမ်းများကို ဖုံးအုပ်လိုက်ပြီး ရုတ်တရက် အကြံတစ်ခု ထွက်ပေါ်လာသည်။ သူမသည် တစ်ကိုယ်လုံး တုန်လှုပ်သွားရင် သူ့သူငယ်ချင်းကို အမြန်ကြည့်ကာ အသံကို လျှော့လိုက်သည်။
"ရှောင်းရှောင်း... လုရွှမ်က ယောက်ျားတွေကို ကြိုက်နေတယ်လို့ ထင်လား?"
"ယောက်ျားတွေ?? မဖြစ်နိုင်ပါဘူး"
လင်ရှောင်းရှောင်း သံသယစိတ်ဖြင့် ပြန်ကြည့်လိုက်သည်။
"ဒါဆို ငါ့ကိုပြော.... ငါတို့ရဲ့ အလှလေး သုံးယောက်ကို သူက ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်တာလဲ?" မင်းသမီးလော့ရုံ ဆိုလိုက်သည်။
"မသိဘူးလေ... သူက လေ့ကျင့်မှုကိုပဲ အာရုံစိုက်ချင်နေတာလည်း ဖြစ်နိုင်တယ်!"
"ကျင့်ကြံမှု တစ်ခုတည်းနဲ့ လူတွေ အသက်ရှင်ရဖို့ မဖြစ်နိုင်ဘူး... ဒါမဟုတ်ရင် စမ်းကြည့်ရအောင်!"
မင်းသမီးလော့ရုံက ရယ်လေ၏။
"စမ်းကြည့်မယ်?? ဘယ်လိုစမ်းမှာလဲ"
လင်ရှောင်းရှောင်းမှာ သူ့သူငယ်ချင်းက တွေးလိုက်မိတဲ့ အတွေးဆိုးကို မသိတာကြောင့် မတတ်နိုင်ဘဲ မေးလိုက်သည်။
"သူ့ကိုသွားပြီးတော့ သွေးဆောင် ဖြားယောင်းကြည့်မယ်... သူနဲ့ ချိတ်မိသွားရင် သူက မိန်းမတွေကို ကြိုက်တယ်လို့ ဆိုလိုတာပေါ့"
မင်းသမီးလော့ရုံ ခပ်တိုးတိုးလေး ဆိုလိုက်သည်။
"အာ? ငါမသွားဘူး! နင်သွားချင်ရင် နင့်ဘာသာသွား!"
လင်ရှောင်းရှောင်း ရှက်သွားသည်။
"နင်မသွားရင် ပြီးတာပဲ.. ငါအခွင့်အရေးရရင် စမ်းကြည့်ရမယ်။"
သူ့သူငယ်ချင်းက အရှက်သည်းနေမှန်း သိတာနဲ့ မင်းသမီးလော့ရုံဟာ မေးစေ့ကို ထောက်ပြီး ခေါင်းငုံ့ထားလျက် ဆိုလိုက်လေသည်။
လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် အားကောင်းလာခဲ့ပြီး မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းတို့ အကြား စကားပြောဆိုမှုသည် အလွန်နူးညံ့သော်လည်း ပြတ်ပြတ်သားသား ကြားနေရဆဲဖြစ်လို့ ဒေါသတကြီး ပြုံးကာ ခေါင်းယမ်းလိုက်သည်။
ကြီးမားသော လက်စားချေမှုကို မအောင်မြင်တဲ့အထိ ဤအရာများကို သေချာပေါက် စဉ်းစားမည် မဟုတ်ပေ။
ဝုန်း!
နန်းတော် တံခါးကို တွန်းဖွင့်ပြီး အပြင်ကို ထွက်လိုက်တာနဲ့ တစ်ခုခု မှားနေတာကို ချက်ချင်း သတိထားမိသွားသည်။
အပြင်ဘက်ရှိ အဆောက်အဦးများသည် နေရာအနှံ့ ပြန့်ကျဲ ကျိုးပဲ့နေ၍ ဒါဇင်ပေါင်းများစွာသော အဖိုးအိုများသည် ထူးဆန်းသော မျက်လုံးများဖြင့် ခပ်ဝေးဝေးတွင် ရပ်နေကြ၏။
"ဒါ ကျောင်းက အကြီးအကဲတွေပဲ!"
"အကြီးအကဲ ဆယ်ယောက်လုံး ဘာလို့ ဒီကို ရောက်နေတာလဲ?"
"ဒါက ကျောင်းအုပ်ကြီး? ကျောင်းအုပ်ကြီးက ဘာလို့ ဒဏ်ရာရနေတာလဲ?"
"အရမ်းရင်းနှီးနေတဲ့ ပုံစံက ဘုရင်မင်းမြတ် ချန်ရှုံ မဟုတ်လား?"
"ဘုရင်မင်းမြတ် ချန်ရှုံက ဘယ်လိုလုပ် ကျောင်းကို ရောက်နေတာလဲ? ပြီးတော့ ဒဏ်ရာရထားတဲ့ပုံပဲ....တစ်ခုခုတော့ မှားနေပြီ ထင်တယ်"
အပြင်မှာ ပရမ်းပတာ ဖြစ်နေတာကို မြင်တော့ ယင်းယန်ရေကန်ထဲက လုရွှမ်နဲ့အတူ ထွက်လာတဲ့ လူတိုင်းဟာ သံသယတွေ အပြည့်နဲ့ ဖြစ်သွားကြသည်။
ဘာဖြစ်ကုန်တာလဲ?
သူတို့ ယင်းယန်ရေကန်ထဲကို ဝင်လိုက်ရုံပဲလေ။ အကြီးအကဲ ဆယ်ယောက်လုံးက သူတို့ကို လူကိုယ်တိုင် လာကြိုဆိုဖို့ မလိုလောက်ဘူး မဟုတ်လား။
ဘုရင်မင်းမြတ် ချန်ရှုံဆိုရင် ပြောစရာပင် မလိုချေ။
"ဝူး!"
လုရွှမ်းလည်း အံ့ဩသွားပြီး နောက်တော့ တောင်ဖောက်နဂါးကြီး အဆက်မပြတ် ဟောက်သံပေး၍ ချဉ်းကပ်လာတာကို သူမြင်လိုက်ရသည်။
ဟိန်းဟောက်ခြင်း ဟူသည်ကို အခြားသူများ နားမလည်နိုင်သော်လည်း လုရွှမ်သည် သားရဲဘာသာစကားကို ကျွမ်းကျင်သဖြင့် ခဏအကြာတွင် သူ၏မျက်နှာသည် မည်းမှောင်သွားလေ၏။
"သခင်လေး... ဘာဖြစ်လို့လဲ?"
သူ့အမူအရာကို မြင်တော့ မုယန်ဖုန်းသည် ရှေ့ကို ဆက်မလျှောက်နိုင်တော့ဘဲ မေးလိုက်သည်။ နောက်က လိုက်လာတဲ့ တခြား ကျောင်းသားတွေလည်း ရပ်သွားကြသည်။
"မင်းတို့ ဒီမှာစောင့်နေ... တောင်ဖောက်နဂါး ငါ့နောက်ကို လိုက်ခဲ့!"
ရေခဲကဲ့သို့ အေးစက်သော မျက်နှာထားဖြင့် လုရွှမ်သည် ဒဏ်ရာရနေသော ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းဆီသို့ လျှောက်သွား၏။
"ဘာဖြစ်တာလဲ?"
"မသိဘူး... ကျောင်းအုပ်ကြီးနဲ့ ဘုရင်မင်းမြတ် ချန်ရှုံက တစ်ချိန်တည်းမှာ ဒဏ်ရာရသွားကြပုံပဲ...သူတို့နှစ်ယောက် ချထားကြတာများလား!"
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ နှစ်ခုကြားက ပြိုင်ဆိုင်မှု တစ်ခုလား? အဲဒါက ဖြစ်နိုင်ချေ ရှိတယ်"
"သူတို့က တိုက်ခိုက်ထားကြတာ ဆိုရင် လုရွှမ်က ဘာသွားလုပ်တာလဲ?"
"အဲဒါတော့ မသိဘူး... ငါသွားပြီးတော့ ဘာဖြစ်နေတာလဲ မေးလိုက်ချင်တယ်"
လုရွှမ်နဲ့ အတူ ထွက်လာတဲ့ အတွင်းစည်းထဲက ကျောင်းသား တော်တော်များများကလည်း ဘာတွေ ဖြစ်နေမှန်း မသိကြသေးချေ။
ယင်းယန်ရေကန်ကို ဖုံးအုပ်ထားတဲ့ နန်းတော်ထဲမှာ ယင်နဲ့ယန်စွမ်းအင်တွေ ကွယ်ပျောက်မသွားအောင် တားဆီးဖို့အတွက် အတွင်းပိုင်းမှာ အလွန်အားပြင်းပြီး ကြီးမားတဲ့ အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခု ရှိသည်။
အပြင်ဘက်မှာ ငလျင်လှုပ်ရင်တောင်မှ ကြီးမားလှတဲ့ အခင်းအကျင်းက ပိတ်ဆို့ထားလို့ မသိနိုင်ချေ။ ထို့အတွက်ကြောင့် တောင်ဖောက်နဂါးနှင့် သခင်နှစ်ယောက်တို့၏ တိုက်ပွဲသည် အရှိန်အဟုန် ပြင်းပြင်းနှင့် ဆင်နွှဲခဲ့သော်လည်း လုရွှမ်ပင် မသိလိုက်ပေ။
"လုရွှမ်... ဒီက ကျောင်းသားတစ်ယောက် အနေနဲ့ မင်းက ဝိညာဥ်သားရဲကို လူတွေကို သက်သက်မဲ့ နာကျင်အောင်လုပ်ပြီး ကျောင်းအုပ်ကြီး ဒေါသထွက်လာအောင် လှုံ့ဆော်ခဲ့တာ ဒါက ကြီးလေးတဲ့ ပြစ်မှု တစ်ခု ဖြစ်နေပြီ"
လုရွှမ် ချဉ်းကပ်လာသည်ကို မြင်တာနဲ့ အကြီးအကဲ တစ်ယောက်က သူ့ကို မှတ်မိသွားပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။
သို့သော် သူစကား မဆုံးမီတွင်တော့ လူငယ်သည် အေးခဲသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ဤအကြည့်များမှာ အလွန်အမင်း သွေးဆာနေသော ဝံပုလွေတစ်ကောင်က စိုက်ကြည့် နေသလိုမျိုးပင်။ အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ရှိ ကျင့်ကြံသူ တစ်ဦးအနေဖြင့်ပင် အကြောင်းပြချက် မည်မည်ရရ မရှိဘဲ တုန်လှုပ်သွားပြီး သူ၏နှလုံးသားထဲမှ အေးစက်မှုကို ခံစားလိုက်ရသည်။
ရွှတ် ရွှတ်!
နောက်ဆုံး ပါးစပ်ပိတ်ပြီး ခြေနှစ်လှမ်း ဆုတ်လိုက်ရ၏။
ဘာ့ကြောင့် ဒီလိုဖြစ်သွားရတာလဲ? ဂုဏ်သိက္ခာရှိတဲ့ အကြီးအကဲ ကျောင်းသားကို ကြောက်တဲ့အတွက် နောက်ဆုတ်သွားရတယ် တဲ့လား။ တကယ်ကို မယုံနိုင်စရာပင်။
"မင်းငါ့ကို သတ်ချင်နေတာလား?"
ထိုစကား ပြောလာသည့် လူကြီးကို လျစ်လျူရှုကာ လုရွှမ်သည် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းထံသို့ ခြေလှမ်းအနည်းငယ် လှမ်းသွားခဲ့သည်။
ယခုအချိန်တွင် ချူဝမ့်ရှန်းသည် ဒဏ်ရာပြင်းထန်စွာ ရထားခဲ့ပြီး အင်အားတစ်စုံတစ်ရာ မရှိဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေရသည်။
တောင်ဖောက်နဂါး၏ ခွာနှင့် ကုတ်ခြစ်ခြင်း ခံရပြီး သူ၏ ယွမ်ချီမှာ ဒဏ်ရာများ ရရှိသွားခဲ့သည်။
"ဟုတ်တယ်... မင်းက ကျောင်းက ကျောင်းသားတစ်ယောက်မို့ စည်းမျဥ်းတွေကို လိုက်နာရမယ်.... ဒီသားရဲ မွေးထားတာ အရမ်းကောင်းပေမယ့် ကျောင်းမှာ မင်းဘာကိုမှ မဆင်မခြင် လုပ်လို့မရဘူး!"
ချူဝမ့်ရှန်းက ရုန်းကန်ထရင်း အော်ဟစ်လိုက်သည်။
"ကောင်လေး.... အခု ချက်ချင်း တောင်းပန်ပြီး ဒီဝိညာဥ်သားရဲကို လွှဲပေးလိုက်.... ဒါဆို ဒီနေ့ကိစ္စက လုံးဝပြေလည် သွားလိမ့်မယ် မဟုတ်ရင်တော့ သေမျိုးအသွင်ပြောင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံတဲ့ကာလက ဝိညာဥ်သားရဲလေး တစ်ကောင်တည်းနဲ့ ကျောင်းဌာနချုပ်ရဲ့ ပြစ်ဒဏ်ကို မင်း ရင်ဆိုင်ရလိမ့်မယ်.... မင်းမှာ သူတော်စင်နယ်ပယ်က သားရဲတစ်ကောင် ရှိရင်တောင် ပျက်စီးခံရလိမ့်မယ်"
တစ်ဖက်မှာ လဲလျောင်းနေတဲ့ အိုးယန်ရွှမ်းကလည်း ဟောက်လေ၏။
"တောင်းပန်ရမယ်? မင်းငါ့ကို သတ်တော့မှာမလို့ တောင်းပန်ရမှာလား?"
လုရွှမ် တချက် ကြည့်လိုက်သည်။
"ဟုတ်တယ်!! အကြီးအကဲတွေနဲ့ ကျောင်းအုပ်ကြီးကို တိုက်ခိုက်တာက ကြီးမားတဲ့ ပြစ်မှုပဲ"
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း ဟစ်အော်လိုက်ပြန်သည်။
"ကောင်းပြီလေ!"
တစ်ဖက်လူ စကားမဆုံးခင် လုရွှမ် ကြားဝင် နှောင့်ယှက်လိုက်တော့သည်။
ဗုန်း!
သန်း ၇၀၀ ကျော်ရှိသော အင်အားသည် တစ်ဖက်လူ၏ မျက်နှာကို ရိုက်ခတ်သွားခဲ့သည်။ ချူဝမ့်ရှန်း မတုံ့ပြန်မီတွင် သူ၏နှာခေါင်းနှင့် ပါးစပ်မှ သွေးများထွက်လာပြီး မျက်နှာတစ်ခုလုံး နီရဲ ရောင်ရမ်းလာလေ၏။
ဘာသာပြန် - မင်းသမီးတွေလုပ်မှ လုရွှမ် ဂေးဖြစ်တော့တယ်