← Chapters

အိုးယန်ရွှမ်းကို သတ်လိုက်!

Vol. 31 Ch. 3.203

အိုးယန်ရွှမ်းကို သတ်လိုက်!

Vol. 31 Ch. 3.203

"ငါ့လူး!"

"လုရွှမ်က ကျောင်းအုပ်ကြီးရဲ့ မျက်နှာကို ကန်လိုက်တာလား?"

"အရူး.... လုံးဝအရူးပဲ ဒါမဖြစ်နိုင်ဘူး... ငါအမြင်မှားတာ ဖြစ်ရမယ်"

လူအုပ်ကြီးသည် ကျောင်းအုပ်ကြီး အပါအဝင် အခြားသူများနှင့် ဝေးကွာသွားကာ ၎င်းတို့နှစ်ဦးကြားက စကားစမြည်ကို မကြားရတော့ပေ။ လူငယ်သည် သူ့ထံသို့ လာကာ ခြေဖြင့် ကန်ကျောက်၍ ဆံပင်ကို ဆွဲကုတ်လိုက်သည်ကိုသာ မြင်ရုံမျှဖြင့် ထိတ်လန့် တုန်လှုပ်သွားကာ ရူးသွပ်လုမတတ် ဖြစ်သွားကြသည်။

သူက ဘယ်သူလဲ?

ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးလေ!

သူဒဏ်ရာ ရထားရင်တောင်မှ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ရဲ့ အဆင့်၈မှာ သန်မာတဲ့ သူတစ်ယောက် ဖြစ်နေတုန်းပဲ။ သူ့ရဲ့အဆင့်အတန်းနဲ့ အထောက်အထားက အားလုံး ဖော်ပြနေပြီးသား။

အသည်းအသန် မလုပ်​နေဘဲ သူတက်သွားသည်နှင့် မျက်နှာချင်းဆိုင်ကာ ကန်ထုတ်လိုက်​တော့သည်။

ကျောင်းအုပ်ကြီးရဲ့ ဒေါသကို နှိုးဆော်မိပါက အလွယ်တကူ ထုတ်ပယ်ခံရ နိုင်သည်ကို မသိပါတကား။

အဓိက ကတော့ ဆရာ့ဂုဏ်သိက္ခာပင်။ ဂုဏ်သိက္ခာနဲ့ သိမ်ငယ်မှုမှာ ကွာခြားမှု ရှိ၏။ အကြီးအကဲ အများအပြားရှေ့မှာ ကျောင်းအုပ်ကြီးကို တိုက်ရိုက် ကန်ကျောက်ပစ်တယ်တဲ့လား။

လူတိုင်း တင်မကဘဲ မုယန်ဖုန်းနဲ့ တခြားသူတွေက မြေပြင်ပေါ် မူးလဲကျလုနီးပါး တုန်လှုပ် ခြောက်ခြားစွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

သခင်​​​လေးသည် ကျောင်းအုပ်ကြီးကို မတွေ့ဖူးသောကြောင့် သူနှင့် မည်သို့ရန်သူ ဖြစ်လာနိုင်မည်နည်း။ ထပ်ပြီး မျက်နှာကို ကန်ပစ်လိုက်တာက ဒီလိုနည်းနဲ့ ရန်ငြိုးဖွဲ့မိသွားကာ သေလမ်းကို ပြေးရှာနေတာနဲ့ မတူသွားဘူးလား။

"ငါမင်းကို သတ်ပစ်မယ်!!"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းမှာ ပိုလို့တောင် အံ့သြသွားသလို ကြောင်တောင်တောင်နဲ့ မတ်တပ်ရပ်ရင်း အချိန်အတော်ကြာတော့ သူ့မျက်နှာက ရက်စက်မှုတွေ ပြည့်နှက်လာကာ အရူးအမူး ဟောက်လိုက်လေသည်။

သို့သော် သူ့အော်သံမဆုံးခင် ခြေတစ်ချောင်းက သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ထပ်ကန်လိုက်ပြန်၏။

ဝုန်း!

အကြိမ်ကြိမ် ကန်သွင်းပြီးနောက် ဆိုးဆေးများ ခြယ်သထားသလိုမျိုး မျက်နှာအရေပြား ကွဲအက်သွားကာ သွားများကျိုးပဲ့ကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။

"အဲ့လောက်ထိ အရူးထမနေနဲ့!"

အကြီးအကဲ တစ်ဦးသည် ကျောင်းအုပ်ကြီးအား အရှက်ခွဲနေသည်ကို မမြင်ရသဖြင့် ဟောက်သံနှင့် ပြေးသွားသော်လည်း ရှေ့သို့ မရောက်မီတွင် အနက်ရောင် အရိပ်အယောင်ကို မြင်လိုက်ရပြီး တစ်ချိန်တည်းတွင် သူ့ရှေ့၌ ​တောင်ဖောက် နဂါးကြီး ပေါ်လာသည်။

ဝုန်း!

၎င်းက ခွါနှင့် ခြေသည်းများကို မြှောက်လိုက်သည်။

ထိုအကြီးအကဲ မအော်နိုင်ခင်မှာပဲ လွင့်စင်သွားပြီး ကြမ်းပြင်တစ်ခုလုံး သူ့သွေးများဖြင့် ပြန့်ကျဲသွားသည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလမှ ကျောင်းအုပ်ကြီးပင်လျှင် အနိုင်မယူနိုင်ရာ အကြီးအကဲ တစ်ယောက်က အဘယ်သို့ ခုခံနိုင်မည်နည်း။

"အား"

ဒီလို သနားစရာ ကောင်းတဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ အားလုံးလည်း ကြောက်လန့်တကြား ဖြစ်သွားကြသည်။

ယင်းယန်ကျောင်းတော်၏ ကျောင်းအုပ်ကြီးကို လူမြင်ကွင်းတွင် ကန်ကျောက်ခြင်းနှင့် အကြီးအကဲများကို ဝိညာဥ်သားရဲဖြင့် တိုက်ရိုက် သတ်ဖြတ်ခိုင်းခြင်းသည် ကိုယ်တိုင် မြင်ရတာတောင် မယုံရဲသေးပေ။

မောက်မာမှုလို့ မဖော်ပြနိုင်တော့ဘဲ ဥပဒေမဲ့ မိုက်မဲ​ခြင်းဖြစ်ပြီး အကျိုးဆက် အားလုံးကိုပင် ဂရုမစိုက်ချေ။

"လုပ်တာ ကောင်းတယ်... နောက်တစ်ခါ ပြဿနာလာရှာတဲ့ လူတိုင်းကို သတ်ပစ်လိုက်!"

တောင်ဖောက်နဂါးကြီး၏ လှုပ်ရှားမှုကို မြင်လိုက်ရသဖြင့် လုရွှမ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဝူး!

အမိန့်ကို ကြားတော့ တောင်ဖောက်နဂါးကြီးက စိတ်လှုပ်ရှားစွာ ဟောက်လိုက်လေ၏။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ မရေမတွက်နိုင်တဲ့ အကြီးအကဲတွေ ရှိနေသေးပေမယ့် ဘယ်သူမှ အစောကလောက် အာဏာ မပြရဲတော့ချေ။

"ဒီလူမိုက်က သေချာပေါက် အရူးပဲ"

ရှောင်းယွင့်ထျန်းနှင့် အပျော်တမ်း နောက်ကလိုက်နေသော အခြားလူများသည် ထိတ်လန့်သွားကာ ငိုလုဆဲဆဲပင် ဖြစ်နေရှာ၏။

သူတို့ကို ဒဏ်ရာရစေခဲ့တဲ့ ဒီကောင်လေးဟာ ယင်းယန်အမိန့်ကို လုယူပြီး ယင်းယန်ရေကန်ထဲကို အတင်းအကြပ် ဝင်ရောက်လာခဲ့တာဟာ ရဲရင့်ပြီး မဆင်မခြင် ဖြစ်တယ်လို့ ခံစားခဲ့ရသည်။ ဒါကိုမြင်ပြီးမှသာ အဒီတုန်းက ကိစ္စဟာ လုံးဝဆိုးရွားတဲ့ကိစ္စ မဟုတ်ဘူး ဆိုတာကို သိလိုက်ရတော့သည်။

အခု သူလုပ်နေတာက အဲဒါထက် အများကြီး ပိုဆိုးရွားနေပြီလေ။

ဝုန်း

တအံ့တသြနဲ့ ထိတ်လန့်နေတဲ့ လူများကို လျစ်လျူရှုလိုက်ကာ လုရွှမ်သည် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကို သန်း ၇၀၀ ကျော် ခွန်အားဖြင့် ကန်ထုတ်ပစ်လိုက်ရာ အလွန်ဝေးသော နံရံတွင် ပြေးကပ်သွားသည်။

"ငါ့သားရဲကို ဒဏ်ရာရအောင် လုပ်ရဲခဲ့တယ်ပေါ့... ပြောကြည့်... ပိုက်ဆံပေးမလား ဒါမှမဟုတ် အသေခံမလား?"

ချူဝမ့်ရှန်း၏ မျက်နှာကို လှမ်းကြည့်ရင်း လုရွှမ်မှ ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည်။

"သူ့ဝိညာဥ်သားရဲက ဒဏ်ရာရသွားတာလား"

"ဒါ ကျောင်းအုပ်ကြီးဆီက လျော်ကြေးတောင်းနေတာလား?"

ဒါကိုကြားတော့ အားလုံး တုန်လှုပ်သွားပြန်၏။

မင်းရဲ့ ဝိညာဥ်သားရဲ လုပ်လိုက်လို့ ကျောင်းအုပ်ကြီးနဲ့ တခြားသူတွေ မြေကြီးပေါ် လဲလျောင်းနေရတာ မဟုတ်ဘူးလား။ ဒါတောင် ကျောင်းအုပ်ကြီးကို ကန်ကျောက်ပြီး လျော်ကြေး တောင်းနေသေးတယ်ပေါ့။

"မင်းက သေချင်နေတာပဲ..."

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း၏ တစ်ကိုယ်လုံးမှာ ဒေါသများဖြင့် ပူလောင်နေပြီး သူ့မျက်လုံးတွေက ပြင်းထန်တဲ့ နာကြည်းမှုတွေနဲ့ နီရဲတွတ်နေ၏။ သို့သော် ပြိုင်ဘက်၏ ခြေဖဝါးအောက်တွင် ခုခံရန် နည်းလမ်း မရှိခဲ့ချေ။

"ငါသေတာ ရှင်တာက မင်းအပေါ်မှာ မူတည်နေတာ မဟုတ်ဘူး.... မင်းငါ့ကိုသတ်ချင်ရင် ဒီအတွက် မင်းပြင်ဆင်ထားရမယ်"

ဝုန်း ဝုန်း!

ချူဝမ့်ရှန်းကို နှစ်ကြိမ်ထပ် ကန်ပြီးနောက် ပါးစပ်အပြည့် သွေးဖုံးနေသော ခေါင်းကို ဆွဲမော့ယူလိုက်၏။ ထို့နောက် အေးစက် ပေါ့ပါးသော အသံဖြင့်

"လျော်ကြေးပေးမလား? သေမလားဆိုတာ စဉ်းစားဖို့ ၁၀စက္ကန့် အချိန်ပေးမယ်"

"မင်း"

ချူဝမ့်ရှန်းသည် သူ့ခန္ဓာကိုယ်က ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး မည်သည့်အချိန်တွင် အသတ်ခံရမည်ကို စိုးရိမ်ထိတ်လန့်မှုက သူ့စိတ်ကို လွှမ်းမိုးလာခဲ့သည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလကို ရောက်ရှိခဲ့သည်မှာ အချိန်အတော် ကြာခဲ့ပြီမို့ ဤခံစားချက်ကို မခံစားခဲ့ရတာ ကြာချေပြီ။

တစ်ဖက်လူရဲ့ အသွင်အပြင်ကို ကြည့်ရင် သူသာ သဘောမတူရင် သူ့ရှေ့က လူငယ်က တစ်ခုခုကို သတ္တိရှိရှိ လုပ်ရဲတယ်ဆိုတာ အတပ် ပြောလို့ရ၏။

"ကောင်လေး... ကျောင်းအုပ်ကြီးကို မြန်မြန်လွှတ်လိုက်!! မဟုတ်ရင် ဒီနေ့ ယင်းယန်ကျောင်းတော်ကနေ ထွက်သွားဖို့ လုံးဝ မစဉ်းစားနဲ့"

တစ်ဖက်မှာ ဒဏ်ရာအပြင်းအထန် ရနေတဲ့ အိုးယန်ရွှမ်းက သွားတွေကို ကြိတ်လိုက်သည်။ ကျောင်းအုပ်ကြီး သေတာနဲ့ သူလည်း သွားပြီဆိုတာ သိလေ၏။

"အိုး ငါ မင်းကို မေ့သွားတာပဲ!"

ဟောက်သံကြားတော့ လုရွှမ် ဘေးမှာ လူတစ်ယောက် လဲလျောင်း နေသေးတာကို သတိရလိုက်မိသည်။ တောင်ဖောက်နဂါး ပြောလို့ ကျောင်းအုပ်ကြီး သူ့ကို သတ်ချင်ရတဲ့ အကြောင်းရင်းက ဒီကောင်ကြောင့်လို့ ကြိုသိထားပြီးသား ဖြစ်သည်။

"သူ့ကိုသတ်ပြီး ကျောင်းအုပ်ကြီးကို မင်းရဲ့အစွမ်းအစကို ကြည့်ခွင့်ပေးလိုက်ပါဦး!"

လုရွှမ် လှည့်ပြီး အမိန့်ပေးလိုက်၏။

ဝူး!

တောင်ဖောက်နဂါးက ခေါင်းညိတ်ပြီး အိုးယန်ရွှမ်းဆီသို့ ပြေးသွားသည်။

"မင်းလုပ်ရဲလား!!"

အိုးယန်ရွှမ်းမှာ မိမိကြားဝင် စွက်ဖက်လိုက်တဲ့ ကိစ္စက ဒီလောက်အထိ ဖြစ်သွားမယ်လို့ မမျှော်လင့်ထားဘဲ သူ့ခမျာ ထိတ်လန့်ခြောက်ခြားသွားပြီး

"ငါက ယင်းယန်ကျောင်းတော်ရဲ့ အကြီးအကဲ ဆယ်ယောက်ထဲက တစ်ယောက်ပဲ... မင်းငါ့ကို သတ်ရဲရင် တစ်ကျောင်းလုံးကို ဆန့်ကျင်တာနဲ့ အတူတူပဲကွ"

"မင်းမျက်စိထဲမှာ မင်းကို မသတ်ရင်လည်း တစ်ကျောင်းလုံးကို ဆန့်ကျင်တာပဲ မဟုတ်လား"

လုရွှမ် သူ့လက်ကို ပေါ့ပေါ့ပါးပါးလေး ဝှေ့ယမ်းလိုက်ပြီး

"လုပ်လိုက်တော့!"

ဝူး!

နည်းနည်းလေးမှ မဆိုင်းမတွဘဲ တောင်ဖောက်နဂါးကြီးက ခွာနဲ့ ခြေသည်းတွေကို ပြင်းပြင်းထန်ထန် မြှောက်ချလိုက်သည်။

အိုးယန်ရွှမ်းသည် တောင်ဖောက်နဂါး၏ ပြိုင်ဘက် မဟုတ်ပေ။ ယခုအခိုက်တွင် သူသည် ဒဏ်ရာအပြင်းအထန် ရနေ၍ ၎င်းကို မခုခံနိုင်တော့ချေ။ တုံ့ပြန်မှု မပြုနိုင်မီတွင် သူ့မျက်လုံးများ မှောင်မိုက်သွားကာ အသိ လုံးဝ ပျောက်ဆုံးသွားခဲ့သည်။

ဗုန်း!

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈၊ ကြီးကျယ်ခမ်းနားတဲ့ ယင်းယန်ကျောင်းတော်ရဲ့ အကြီးအကဲ ဆယ်ဦးထဲမှ တစ်ယောက်သည် ဆံပင်တစ်ချောင်းမျှ မကျန်တော့ဘဲ ချက်ချင်းပင် ကွဲကြေသွားခဲ့သည်။

"မင်း မင်း"

ဤမြင်ကွင်းကို မြင်လိုက်ရတဲ့ ချူဝမ့်ရှန်းမှာ နောက်ဆုံးတွင် ကြောက်ရွံ့ တုန်လှုပ်သွားတော့သည်။ ဒီကောင်လေး သူ့မျက်နှာကို ကန်တုန်းကတောင် ဒီလောက် မကြောက်ခဲ့ဘူးလေ။

သူ့ရဲ့အစွမ်းသတ္တိက ပြိုင်ဘက်ရဲ့ သားရဲကို မအနိုင်ယူနိုင်ပေမယ့် သူ့ရဲ့ဝိသေသ လက္ခဏာကတော့ ကျောင်းတော် အကြီးအကဲအားလုံးရဲ့ နောက်မှာ ရှိနေပါသေးသည်။ သူ့ကို တကယ်သတ်လိုက်တာနဲ့ ပြိုင်ဘက်ကို ဌာနချုပ်က အလိုရှိမှာ သေချာပါ၏။ အဲဒါနဲ့ပတ်သက်ပြီး သံသယ ဖြစ်စရာပင် မလိုချေ။

ထို့အတွက်ကြောင့် တစ်ဖက်လူက သူ့ကို ဘယ်တော့မှ မတိုက်ဝံ့တော့ဘူးလို့ သူထင်ခဲ့တာ။

ယခုတော့ အိုးယန်ရွှမ်းကို မျက်မှောင်ကြုတ်ပြီး ပေါ့ပေါ့ပါးပါး ခေါင်းဖြတ်ပစ်တာကို မြင်လိုက်ရတော့ ဒီအကြံက ဘယ်လောက်ထိ မိုက်မဲခဲ့မှန်း သူသိလိုက်သည်။

တစ်ဖက်က သူ့ကိုသတ်ဖို့ တကယ်ကို သတ္တိရှိတာပဲ!

"သူက အကြီးအကဲ အိုးယန်ရွှမ်းကို သတ်လိုက်တာလား?"

"အကြီးအကဲ ဆယ်ပါးထဲက တစ်ယောက်ဖြစ်တဲ့ အိုးယန်ရွှမ်းကို သတ်မယ်လို့ ပြောပြီးတာနဲ့ သတ်ပစ်တာလား"

ဒီမြင်ကွင်းကို မြင်လိုက်သမျှ ပတ်ဝန်းကျင်က လူတွေအားလုံး ထိတ်လန့် တုန်လှုပ်သွားကြသည်။ ကံကောင်း ထောက်မစွာဖြင့် သူတို့သည် အလျင်စလို ဝင်မကူခဲ့မိချေ။ မဟုတ်ရင် သူတို့လည်း အသတ်ခံရတာ ကြာပြီပေါ့။

ထိပ်တန်းဆယ်ဦးထဲမှ တစ်ဦးဖြစ်သည့် အိုးယန်ရွှမ်း ကဲ့သို့သော သခင်တစ်ယောက်ကတောင် မခုခံနိုင်တာ သူတို့က ဘယ်လိုလုပ် ဖြစ်ပါ့မလဲ။

"ဆရာ!!"

ရှောင်းယွင့်ထျန်းသည်လည်း တစ်ဖက်မှ ထိတ်လန့်သွားသဖြင့် မြေပြင်ပေါ်တွင် ဒူးထောက် ထိုင်ချလိုက်မိသည်။

သူသည် ဤလူငယ်ကို ကံဆိုးလှသည်ဟု ထင်မြင်ကာ အမြဲတမ်း နှိမ့်ချခဲ့ဖူးသော်လည်း ယခုအခါ တစ်ဖက်လူ၏ စိတ်ဓာတ်နှင့် ရက်စက် ကြမ်းကြုတ်မှုသည် သူ ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်ကြောင်း သဘောပေါက်လာ၏။

တစ်ချက်တည်းနဲ့ ထောင်ပေါင်းများစွာသော သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကျင့်ကြံသူတွေကို သတ်ပစ်လိုက်ပြီး ယခု သူ့ဆရာ အိုးယန်ရွှမ်းကိုပါ ပေါ့ပေါ့ပါးပါး ခေါင်းဖြတ်သတ်လိုက်သည်။

ဤလူသည် နှလုံးသားမဲ့သော လူသတ်သမား ဖြစ်သည်။ သူ့ကို တားဆီးသူတိုင်း သေရပေလိမ့်မည်။

All Chapters