စစ်သေနာပတိ ဟူရှောက်ကို သတ်ပစ်ပြီ!
Vol. 31 Ch. 3.204
"အချိန်ပြည့်ပြီ.. လျော်ကြေးငွေ ပေးမလား? အသေခံမလား?"
အိုးယန်ရွှမ်းကို ခေါင်းဖြတ် သတ်ပြီးနောက် လုရွှမ်သည် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းရဲ့ ဦးရေပြားကို တက်နင်းလိုက်ရာ အသံပင် ထွက်သွားသည်။
"လျော်ကြေးပေးပါ့မယ်!"
တစ်ဖက်သား၏ ရက်စက်ကြမ်းကြုတ်သောအကြည့်ကို မြင်လိုက်ရသဖြင့် ခြေတစ်လှမ်းသာ နောက်ကျသွားလျှင် သူ့ခေါင်း တစ်ခုလုံး ကြေမွသွားလိမ့်မည်ကို သူသိသည်။ ထို့ကြောင့် အလျင်စလို ပြောလိုက်သည်။
"ကောင်းပြီ.... ငါ့ရဲ့ဝိညာဥ်သားရဲက ဒဏ်ရာအပြင်းအထန် ရနေတယ်.... ဒါက စာရင်းပဲ မင်းဒီပစ္စည်းတွေကို တစ်နာရီအတွင်း တစ်စုံတစ်ယောက်ကို လာပို့ပေးခိုင်းရင် အသက်ရှင်နိုင်တယ်... မဟုတ်ရင်တော့ သေဖို့သာ စောင့်နေတော့!"
အမျိုးမျိုးသော ပစ္စည်းများနှင့် ဝိညာဉ်ကျောက်များ ထူထပ်စွာ ပြည့်နှက်နေသော စာရင်းတစ်ခုကို သူထုတ်လိုက်သည်။ တစ်ချက် ကြည့်လိုက်ပြီးနောက် ချူဝမ့်ရှန်း၏ သူ့မျက်လုံးများ မှောင်မည်းသွားသလို ခံစားလိုက်ရသည်။
သူက ဒီအရာတွေ အားလုံးကို ထုတ်နိုင်ပေမယ့် တကယ်ပဲ ပေးချင်တယ် ဆိုရင်တော့ နှစ်ပေါင်းများစွာ သူ့ရဲ့စုဆောင်းငွေတွေ ကုန်လုနီးပါး ဖြစ်သွားမှာကိုပင် ကြောက်ရ၏။
သူ့စုဆောင်းမှု အကြောင်း ကြိုသိထားသလား မှတ်ရသည်။ ဒီစာရင်းထဲက ပစ္စည်းတွေဟာ အဆင့်၈ ပြီးပြည့်စုံသော ကာလက လူတစ်ယောက် ရှာဖွေစုဆောင်းနိုင်တဲ့ အရာတွေ ဖြစ်ပြီး ပေးလိုက်ရင် ဘာမှကျန်တော့မှာ မဟုတ်ဘူး။
"ဟုတ်ကဲ့ ဟုတ်ကဲ့!"
သူသေခါနီးမှာ စိတ်ဓာတ်ကျနေပေမယ့် သူ့အသက်က တစ်ဖက်လူရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာလည်း သိပါသေးသည်။ တစ်ခုခုကို လက်မလွှတ်ဘူး ဆိုရင်တော့ သူသေသွားမှာ သေချာလေ၏။
ထို့ကြောင့် မနီးမဝေးက လူကြီးတစ်ယောက်ကို အမိန့်ပေးလိုက်ရသည်။ ထိုလူကြီးသည် သူ၏ လူယုံဖြစ်ပြီး ဘဏ္ဍာများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို သိထားသည်။
အကြီးအကဲ ထွက်သွားသည်ကို မြင်လျှင် လုရွှမ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကို လျစ်လျူရှုကာ ဘုရင်မင်းမြတ် ချန်ရှုံဆီသို့ လျှောက်သွားခဲ့သည်။
ယခုအချိန်တွင် ဘုရင်မင်းမြတ် ချန်ရှုံသည် သွေးများစွာ ဖုံးလွှမ်းနေသော ကျောင်းအုပ်ကြီးချူထက် အနည်းငယ် ကောင်းမွန်ပြီး တစ်ဝက်တစ်ပျက်ဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေရသည်။
"လျော်ကြေးအတွက်ပဲ မဟုတ်လား? ငါ မင်းကို လျော်ကြေးပေးမယ်"
သူ့အနားကို လာနေတာကို မြင်လိုက်တာနဲ့ ဘုရင်ကြီး ချန်ရှုံက မျက်လုံးပြူးလျက် ပြောလိုက်သည်။
အဆင့်အတန်း မြင့်တဲ့နိုင်ငံတစ်ခုရဲ့ အုပ်စိုးရှင်ဖြစ်ဖို့ဆိုတာ ထူးထူးခြားခြား စိတ်ရှိကြသည်။
အဆင့်အတန်း မြင့်သော နိုင်ငံတစ်ခု၏ အုပ်စိုးရှင် ဘုရင် ဖြစ်လာရခြင်းမှာ သာမန်ထက် ထူးကဲသောစိတ်ဖြင့် ကောင်လေးတစ်ယောက်ကို သတ်ပစ်ရန် လွယ်ကူမည်ဟု ထင်မိသော်လည်း ဤကဲ့သို့ အဆုံးသတ်ရ လိမ့်မည်ဟု တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးချေ။
ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း ဖြစ်ပျက်ခဲ့တာကို မြင်ရသော် သူဒီနေ့ သွေးအများကြီး မထွက်ခဲ့ရင် နောက်ဆက်တွဲကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်း မရှိတော့ဘူး ဆိုတာ သူသိပေမယ့် သူ ဂရုမစိုက်ပါ။
အနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ စစ်ဗျူဟာသမားများ အတွက် လုပ်ရိုးလုပ်စဉ် ကိစ္စရပ်တစ်ခု ဖြစ်သည်။ သူ့အမြင်အရ ယနေ့ကပ်ဆိုးကြီးမှ လွတ်မြောက်နေသရွေ့ အနာဂတ်တွင် ကလဲ့စားချေ နိုင်မည်မှာ သေချာပါသည်။
လျော်ကြေးလောက်က မပြောပလောက်ပေ။
"မဆိုးပါဘူး စိတ်ဝင်စားဖို့ ကောင်းသားပဲ!"
တစ်ဖက်လူက သူဘာကို ဆိုလိုသည်ကို ရုတ်တရက် သဘောပေါက်သွားသည်ကို မြင်တော့ လုရွှမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး တောင်ဖောက်နဂါးဘက် လှည့်လိုက်ကာ။
"အဲဒီ စစ်သေနာပတိ ဟူရှောက်ကို သတ်လိုက်တော့!"
ဝူး!
တောင်ဖောက်နဂါးသည် တိုက်ရိုက် ကျော်တက်သွားကာ ခွာများနှင့် ခြေသည်းများ မြှောက်လျက် တိုက်ခိုက်လိုက်သည်။
"ရပ်လိုက်!! လျော်ကြေးပေးမယ်လို့ ကတိပေးပြီးပြီလေ... မင်း ဒါဘာလုပ်တာလဲ"
သူ့စကားကို ကြားလိုက်တာနဲ့ တောင်ဖောက်နဂါးကြီး လှုပ်ရှားတာကို မြင်လိုက်ရသောအခါ ဘုရင်ကြီး ချန်ရှုံရဲ့ မျက်နှာက တုန်လှုပ်သွားပြီး လျှင်မြန်စွာ အော်ဟစ်လိုက်သည်။
အခုလေးတင် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက လျော်ကြေးပေးဖို့ကို သဘောမတူလို့ အိုးယန်ရွှမ်းကို သတ်လိုက်ပြီးပြီ။ အခုသူက လျော်ကြေးပေးမယ်လို့ အမြန် သဘောတူလိုက်တာတောင့် ဘာလို့ လှုပ်ရှားနေသေးတာလဲ။
"အိုး.... ငါ့ဆုံးဖြတ်ချက်ကို မင်းသိအောင် ဒီလူကိုပါ သတ်ပစ်လိုက်မလို့လေ!"
လုရွှမ်က ပြန်ပြောလေ၏။
ဗုန်း!
သူ့စကားအဆုံးတွင် တောင်ဖောက်နဂါး၏ ခြေသည်းများ မြှောက်၍ ဟောက်သံတစ်ခုပါ ထွက်လာခဲ့သည်။ ပေရွှီးအင်ပါယာ၏ ကြီးကျယ် ခမ်းနားသော စစ်သေနာပတိသည် တုံ့ပြန်ချိန်ပင် မရှိလိုက်ဘဲ အိုးယန်ရွှမ်း ကဲ့သို့ပင် အစိတ်စိတ် အမြွှာမြွှာ လွင့်စင်၍ သေဆုံးသွားတော့သည်။
သူသေခါနီး အချိန်အထိ ကလေးတစ်ယောက်ကို စော်ကားမိသောကြောင့် အသတ်ခံခဲ့ရတယ် ဆိုတာကို မယုံကြည်နိုင်ခဲ့ချေ။
"လူကို သတ်တာက မင်းရဲ့ဆုံးဖြတ်ချက်ကို ငါသိအောင်လို့??"
စစ်သေနာပတိ ဟူရှောက် ကွယ်လွန်ခဲ့သည့် အကြောင်းအရင်းကို မသိရ သေးသောကြောင့် ဘုရင်ကြီး ချန်ရှုံသည် သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။
ဒီထက် ပိုကောင်းတဲ့ အကြောင်းပြချက် တစ်ခုခုများ မပေးနိုင်တော့ဘူးလား။ ဒီအကြောင်းပြချက်က ဆိုးလွန်းတယ်လေ။
သူအခုနကမှ အိုးယန်ရွှမ်းကို သတ်လိုက်တာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို သိပြီးပြီ မဟုတ်လား? သက်သေပြဖို့ စစ်သေနာပတိ ဟူရှောက်ကို သတ်ဖို့ လိုအပ်နေသေးလို့လား။
သူ၏လက်သီးများကို တင်းတင်း ဆုပ်ထားရင်း ဘုရင်ကြီး ချန်ရှုံ၏ မျက်လုံးများသည် ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေပြီး အချိန်မရွေး ပေါက်ကွဲတော့မည့်နှယ်။
စစ်သေနာပတိ ဟူရှောက်ဆိုတာ သူဘာပဲပြောပြော သူ့ရဲ့ညာလက်ရုံးပဲ။ သူ့ကို လူမြင်ကွင်းမှာ သတ်ပစ်တာဟာ ဘုရင်ဆိုတဲ့ သူကိုယ်တိုင်ကို လုံးဝအလေးအနက် မထားဘူးလို့ ဆိုလိုတာပဲ မဟုတ်ပါလား။
"ဒီနေ့ ငါလွတ်မြောက်ပြီးလို့ မင်းကိုမသတ်ခဲ့ရင် ငါ့ကိုယ်ငါ ချန်ရှုံလို့ မခေါ်တော့ဘူး!"
ဘုရင်ကြီး ချန်ရှုံးက သူ့နှလုံးသားထဲကနေ အရူးအမူး ဟောက်ပြီး သူ့တစ်ကိုယ်လုံး ပူလောင်နေတော့သည်။
ဖြောင်း!
သူ့နှလုံးသားထဲက တိုင်တည်နေချိန်မှာပဲ မျက်နှာက စူးကနဲ နာကျင်သွားပြီး ခြေဖဝါးကြီး တစ်ဖက်က တိုက်ရိုက် ကပ်သွားလေ၏။
"ဘာလဲ? မင်းရဲ့ ဒီပုံစံကို မကျေနပ်သေးလို့လား"
လုရွှမ် ငုံ့ကြည့်ရင်းက ဆိုလိုက်သည်။
"မင်း"
ဝုန်းဝုန်းဝုန်း!
သူ့အား စကားလုံးဝ မပြောခိုင်းဘဲ အကြိမ်ပေါင်း တစ်ဒါဇင်ကျော် ဆက်တိုက် မြှောင်လိုက်ကန်လိုက် လုပ်ပစ်ရာ ဘုရင်ကြီး ချန်ရှုံသည် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းထက် အနည်းငယ် ပိုသန်မာ နေသော်ငြားလည်း ခံနေရတဲ့ ပုံစံက မထူးမခြားနားပင်။
ပါးစပ်ကွေးသွားခြင်း၊ မျက်စိစောင်းခြင်း၊ ပါးစပ်နှင့်နှာခေါင်းမှ သွေးထွက်၍ သွားများလည်း ကျိုးပဲ့သွားသည်။
"ရူးနေပြီ! တကယ် ရူးနေပြီ!"
"ဘုရင်မင်းမြတ် ချန်ရှုံက အရှုံးကို ဝန်ခံပြီး လျော်ကြေးပေးမယ်လို့ ပြောထားပြီးသားကို... ဆက်တိုက်ခိုက်မယ့်အစား ရပ်လိုက်သင့်တယ်!"
"မာနကြီးလွန်းတယ်... အဲဒါက ဘုရင်မင်းမြတ်ကို ဒေါသထွက်စေမှာ သေချာတယ်... သူ့မှာက အစွမ်းထက်တဲ့ ဝိညာဥ်သားရဲ တစ်ကောင်ပဲ ရှိတာလေ... ဒါလေးနဲ့ ပေရွှီးအင်ပါယာ တစ်ခုလုံးကို စိန်ခေါ်ချင်နေတာလား?"
"သူဘာတွေ တွေးနေမှန်းကို မသိတော့ဘူး... အနှေးနဲ့အမြန် သူအသတ်ခံရတော့မှာပဲ"
ပတ်ဝန်းကျင်က ကျောင်းသားတွေနဲ့ အကြီးအကဲတွေဟာ ဒီမြင်ကွင်းကို မြင်လိုက်တဲ့အခါ တုန်လှုပ်သွားပြီး ရူးချင်စိတ်များပင် ပေါက်လာ၏။
သူတို့အမြင်မှာတော့ ကောင်လေးရဲ့ အပြုအမူက တကယ်ကို မယုံနိုင်စရာပင်။
ထိုလူသည် ပေရွှီးအင်ပါယာ၏ ဘုရင်မင်းမြတ် ဖြစ်လေသည်။ လုရွှမ်ရဲ့ ဝိညာဥ်သားရဲက အစွမ်းထက်တယ် ဆိုရင်တောင် ပေရွှီးအင်ပါယာ တစ်ခုလုံးနဲ့ တကယ်ပြိုင်နိုင်ပါ့မလား။
ဘုရင်မင်းမြတ် ချန်ရှုံက အရှုံးကို ဝန်ခံထားပြီးဖြစ်လို့ သူ့အပေးအယူအတိုင်း လိုက်လျောလိုက်တာက အကောင်းဆုံး အကျိုးဖြစ်သွားနိုင်သည်။ ကံကောင်းလျှင် အန္တရာယ်ကင်းစွာ ထွက်သွားနိုင်ပေလိမ့်မည်။
ယခုမူကား လူမြင်ကွင်းတွင် မျက်နှာချင်းဆိုင် ကန်ထုတ်ခြင်းသည် နောက်ပိုင်းတွင် လုံးဝ မှတ်မိနိုင်စရာ မရှိသလို လူမဆန်စွာ ရိုက်နှက်ခြင်းကလည်း ရည်ရွယ်ချက်ရှိရှိ ကြီးကြီးကျယ်ကျယ် လုပ်လိုက်ခြင်းပင်။
"မင်းတို့အားလုံး မှားနေပြီ!"
ဒီမြင်ကွင်းကို သူ့မျက်လုံးထဲ ရှင်းရှင်းလင်းလင်း မြင်နေရတဲ့ ဖန့်ဝူဆွေ့က ခေါင်းခါလိုက်လေသည်။
"ဘာဖြစ်လို့လဲ? သူက ပြဿနာကို ပိုကြီးအောင် လုပ်နေတာ ကောင်းကျိုးမရှိဘူး မဟုတ်လား!"
အကြီးအကဲ လုံယွမ်က ကူကယ်ရာမဲ့စွာဖြင့် လှည့်မေးလိုက်သည်။
"သူက ကြီးကြီးကျယ်ကျယ် လုပ်ချင်နေတာ မဟုတ်ဘူး... ဒီကိစ္စက အစကတည်းက ပြဿနာကြီး ဖြစ်နေပြီလေ... ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး ပေရွှီး ဘုရင်မင်းမြတ်ကို မြေကြီးပေါ်က မထနိုင်အောင် ရိုက်ပစ်လိုက်တယ်... ဒီသတင်းသာ ပျံ့သွားရင် အရမ်းကြီးသွားလိမ့်မယ်"
ဖန့်ဝူဆွေ့က ပြောသည်။
"ဒါ...."
အကြီးအကဲ လုံယွမ်လည်း ဒါကို မငြင်းနိုင်ချေ။
တစ်ဖက်လူ ပြောတာ မှန်လေ၏။ ဒီကိစ္စရဲ့ မီးတောက်က အရမ်းကြီးနေပြီ။ လုရွှမ်က ဘာမှမလုပ်တော့ဘဲ ရပ်တန့်နေရင်တောင်မှ တိုင်းနိုင်ငံတော်တော်များများမှာ ဒီသတင်း ပျံ့သွားတာနဲ့ လူတွေကို သေတဲ့အထိ ကြောက်လန့်သွားစေလိမ့်မည်။
အဆင့်အတန်း မြင့်သော အင်ပါယာများသည် နှစ်ပေါင်းများစွာ ကြာအောင် တည်ရှိနေခဲ့ပြီးပြီ။ ၎င်း၏အခြေခံ အုတ်မြစ်ကို ပြသသည့် မရေမတွက်နိုင်သော အဆင့်မြင့်သူများလည်း လေနှင့် မိုးစက်တွေလို များပြားခဲ့သည်။
ဘုန်းအာနုဘော်ကြီးတဲ့ ဘုရင်ကြီးဟာ လူမြင်ကွင်းမှာ သေလုမတတ် အရိုက်ခံခဲ့ရတဲ့ ကိစ္စက ပြဿနာကြီး မဟုတ်ခဲ့ရင် ထက်ဝက်အရိုက်ခံရတယ်။
"ပြဿနာက ဒီလောက်ကြီးနေပြီကို ဘာလို့ပိုကြီးအောင် လုပ်ရတာလဲ? ပိုပို ကြီးလာရင် သူ့အတွက် ပိုဆိုးမသွားဘူးလား"
အကြီးအကဲ လုံယွမ်မှာ အနည်းငယ် ကူကယ်ရာမဲ့နေ၏။ အေးအေးဆေးဆေး ဖြေရှင်းတာ အကောင်းဆုံးပဲ မဟုတ်ဘူးလား။
"လုရွှမ်သာ ကျောင်းအုပ်ချူနဲ့ ဘုရင်မင်းမြတ် ချန်ရှုံကို ဒီနေ့မှာ အနိုင်မယူခဲ့ရင် သူတို့နှစ်ယောက် အသက်ရှင်နေသရွေ့ အနာဂတ်မှာ လက်စားချေဖို့ အခွင့်အရေးတွေ ဆက်ရှာနေဦးမှာပဲ မဟုတ်ဘူးလား"
သူ့စကားကို ပြန်ဖြေမယ့်အစား ဖန့်ဝူဆွေ့က ပြန်မေးလိုက်သည်။
"အင်း... ဘယ်သူပဲဖြစ်ဖြစ် ဒီလောက်ကြီးကျယ်တဲ့ စော်ကားမှုကို ခံခဲ့ရင် သေချာပေါက် လက်တုံ့ပြန်မှာပဲ.... ဒါ့ထက် ကျောင်းအုပ်ကြီး နဲ့ ဘုရင်မင်းမြတ် ချန်ရှုံက ပေရွှီးအင်ပါယာရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတဲ့ ပုဂ္ဂိုလ်နှစ်ယောက်ပဲ"
စဥ်းစားစရာတောင် မလိုဘဲ အကြီးအကဲ လုံယွမ်က တိုက်ရိုက်ဖြေလိုက်သည်။