← Chapters

ကျန်းရှောက်ချန်​ပြန်လာပြီ!

Vol. 31 Ch. 3.206

ကျန်းရှောက်ချန်​ပြန်လာပြီ!

Vol. 31 Ch. 3.206

"ဒီရက်အနည်းငယ်မှာ ငါ့ရဲ့ ကျင့်​ကြံမှုကို စုစည်းရင်း မင်းတို့ရဲ့ ခွန်အားကို တက်နိုင်သမျှ တိုးလာစေဖို့အတွက် ဆေးလုံးနည်းနည်းလည်း သန့်စင်လိုက်မယ်!"

ဝမ့်ထျန်းနန်းဆောင်သို့ ပြန်ရောက်သောအခါ ဘုရင်မင်းမြတ် ချန်ရှုံ နှင့် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းတို့ထံမှ ရရှိလာသော အရာများနှင့်အတူ လုရွှမ်သည် တိုးတက်လာသော စိတ်စွမ်းအားနဲ့ မုယန်ဖုန်းနှင့် အခြားသူများအတွက် ဆေးလုံးသန့်စင်ဖို့ပါ စီစဉ်လိုက်သည်။

ဒီလူတွေဟာ အနာဂတ် ကျင့်ကြံမှုမှာ သူ့ကို လိုက်မမီနိုင်ရင်တောင် အရေးပေါ် အခြေအနေတွေကို တုံ့ပြန်ရာမှာ အကူအညီ ပေးနိုင်ပါသည်။

သူ၏ယခင်ဘဝတွင် အမြဲတမ်း အထီးကျန်ပြီး တစ်ကိုယ်တည်း ရှိနေတတ်သောကြောင့် မည်သည့်အချိန်က အသတ်ခံရသည်ကိုပင် မသိခဲ့ပေ။

လက်အောက်ငယ်သား အချို့က သူ့အား စုံစမ်းမေးမြန်းရာတွင် အကူအညီ ပေးမည်ဆိုပါက တချို့ကိစ္စတွေကို သေသည်အထိ ကြိုပြီး ဖြေရှင်းနိုင်မည် ဖြစ်သည်။

သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းရင်း လုရွှမ်သည် ထိုအကြောင်းကို မတွေးတော့ဘဲ တောင်ဖောက်နဂါးကြီးနှင့် အတူ အတွင်းခန်းထဲသို့ လျှောက်သွားခဲ့သည်။

"ဒီတစ်ခေါက် မင်းရဲ့ကြိုးစား အားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်... ဒီအကျိုးကျေးဇူးတွေက မင်းကြောင့်မလို့ မင်းကို သဘာဝအတိုင်း ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး... မင်းအခု သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ကို ဖြတ်ကျော်ဖို့ အချိန်ရောက်နေပြီ... ငါမင်းကို ထိုးဖောက်ဖို့ နည်းလမ်းတချို့ ပြောပြမယ်... ပြီးတော့ သင့်တော်တဲ့ ဆေးတချို့ကိုလည်း သန့်စင်ပေးမယ်.... ဖြတ်ကျော်ဖို့တော့ အချိန်အတော် ကြာလိမ့်မယ်!"

သူ့ရှေ့က ဝိညာဥ်သားရဲကို ကြည့်ရင်း လုရွှမ်က ဆိုလိုက်သည်။

တောင်ဖောက်နဂါးနဲ့ အဆင့်ကိုးကြား အကွာအဝေးက အနည်းငယ်သာ လိုတော့သည်။ ကံကောင်းရင် မနက်ဖြန်တောင် ဖြတ်ကျော်နိုင်ကာ ကံမကောင်းရင်တော့ ဆယ်နှစ်အတွင်းတောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ချေ။

ဤအချက်ကို တော်ဝင်အင်ပါယာထဲ၌ အဆင့်၈ အသွင်ပြောင်းမှုများ အများအပြား ရှိနေပြီး အဆင့်၉ စွမ်းအားရှင်များ မရှိသလောက် နည်းပါးသည့် အချက်မှ ဤအချက်ကို တွေ့မြင်နိုင်သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ချန်ဖုန်းနယ်ပယ်ကို သန္ဓေနှလုံးနယ်ပယ် ဟုလည်း ခေါ်လေသည်။ သန္ဓေ နှလုံးကို ခန္ဓာကိုယ်ထဲမှာ ဖွဲ့စည်းထားပြီး စွမ်းအားကို ပိုးအိမ်ကဲ့သို့ နေရယမှာ ချိတ်ပိတ်ထားတာကြောင့် ပိုးအိမ်ထဲက ဖောက်ထွက်ပြီး လိပ်ပြာဖြစ်လာဖို့ စောင့်ဆိုင်းနေခြင်းနှင့် အတူတူပဲ ဖြစ်သည်။

ဒါဟာ သူတော်စင်နယ်ပယ် တစ်ပိုင်းကို ဖြတ်ဖို့ အကြီးမားဆုံး အတားအဆီး ဖြစ်ပြီး လူတော်တော်များများက သူတို့ရဲ့ ဘဝတစ်လျှောက်လုံး အောင်မြင်ဖို့ ခက်ခဲတတ်ကြသည်။

အင်ပါယာ ထိပ်သီးစာရင်းတွင် ခွန်အားကြီးသော လူများစွာကို စံနမူနာအဖြစ် ယူကြည့်ပါက ဤလူတစ်ဦးစီသည် အနည်းဆုံး အနှစ်တစ်ရာကျော် နေထိုင်ခဲ့ကြပြီး ၎င်းတို့အားလုံးသည် အသွင်ကူးပြောင်းခြင်း နယ်ပယ် အဆင့်၈ အထွတ်အထိပ် တစ်ဝိုက်တွင်သယ ပျံဝဲနေကြပါသည်။

ကံမကောင်းစွာဖြင့် ဒီနောက်ဆုံး အခက်အခဲကို ကျော်ဖြတ်လိုက်ဖို့ မလုပ်နိုင်ကြသေးချေ။

တောင်ဖောက်နဂါးရဲ့ သွေးက သန့်စင်လာပြီ။ ဒီအဆင့်နဲ့ နီးလာပေမယ့် ဖြတ်ကျော်ဖို့ အလွန်ခက်ခဲနေပါသေး၏။ ထုံးစံအတိုင်း လုရွှမ်အမြင်မှာ တစ်ဖက်က သူ့ဘာသာ ထိုးဖောက်ဖို့ မဖြစ်နိုင်သေးကြောင့် နည်းလမ်းနှင့် ဆေးဝါးဖြင့် အကူအညီ ပေးရမည်သာ။

တောင်ဖောက်နဂါးသာ သူခိုင်းတဲ့အတိုင်း လုပ်​​နေသရွေ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ကို တစ်လအတွင်း ရောက်ဖို့ အာမခံနိုင်သည်။

"ဝူး!"

ဒီလိုအခွင့်အရေးမျိုး ရှိတယ်ဆိုတာ ကြားရတော့ တောင်ပေါက်နဂါးလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။

လုရွှမ် ​နောက်​ကို လိုက်​ပြီး သူ့အမိန့်​ကို နာခံချင်​ရတဲ့ အကြောင်းရင်းက ဒီအခွင့်​အ​ရေးကို ​စောင့်​​နေတာကြောင့်ပဲ ဖြစ်သည်။

"အင်း!"

တစ်ဖက်က သဘောတူပြီးနောက် လုရွှမ် စကားရပ်လိုက်ပြီး သူ့အခန်းသို့ ပြန်သွား၍ ကျောက်စိမ်းပြားထဲ ဝင်လိုက်သည်။

တစ်ရက်ခွဲကြာတော့ သူထွက်လာပြီး ဆေးမျိုးစုံကို ပစ်​ပေးလိုက်သည်။

စိတ်ဝိညာဉ်စွမ်းအား ၁၅ ဖြင့် ၎င်းသည် အဂ္ဂိရတ်ပညာအတွက် ပိုအဆင်ပြေလာသည်။ အစောက ဝယ်ခဲ့သော သူ​တော်စင်ပုံစံ ဆေးမီးဖိုနှင့်အတူ အဆင့်၆နှင့် အဆင့်၇ ဆေးလုံးများကို သန့်စင်ရန် မခက်ခဲတော့ချေ။

ဆေးများကို ဖြန့်ဝေပြီး လူတိုင်းအတွက် စီစဉ်ပေးပြီးနောက် လုရွှမ် ဆက်လက် လေ့ကျင့်​နေခဲ့သည်။

သို့သော် ယခုတ​ကြိမ်သည် သူ၏ ကျင့်​ကြံမှုကို တိုးတက်စေရန် အတွက် မဟုတ်ဘဲ သူ၏ ခွန်အားကို သန်မာလာစေရန် လေ့ကျင့်ခြင်း ဖြစ်သည်။

ယင်းယန်ရေကန်တွင် သုံးရက်အတွင်း အဓိက အဆင့်နှစ်ဆင့်ကို မြှင့်တင်နိုင်ခဲ့သည်။ တိုးတက်မှု မြန်ဆန်လွန်းပြီး ကျင့်​ကြံမှု စွမ်းအင်သည် မတည်မငြိမ် ဖြစ်နေ​သေးသည်။ ပေါင်းစည်း သန့်စင်ခြင်း မပြုပါက အနာဂတ်တွင် တိုးတက်ရန် ခက်ခဲသွားမည် ဖြစ်သည်။

ဝုန်း!

အမျိုးမျိုးသော အဂ္ဂိရတ်ဆေးများသည် သူ့ပါးစပ်ထဲသို့ ဝင်လာပြီး သူ့ခန္ဓာကိုယ်ရှိ သန့်စင်သော စွမ်းအားများသည် အဆက်မပြတ် လှိမ့်ဝင်သွားသည်။ လုရွှမ် စွမ်းအင်များကို စုစည်းရန် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။

တစ်ဖက်တွင်တော့။

"သေရမယ်... သေရမယ်!"

ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး အိမ်ထဲမှ တုန်လှုပ် ခြောက်ခြားစရာ ကောင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းသည် ပြင်းထန်သော မျက်နှာ၊ အရူးမျက်လုံးများဖြင့် ဒဏ်ရာရနေသော ကျားတစ်ကောင်နှင့်ပင် တူ​နေသည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံမှု ကာလက သိက္ခာရှိ၍ မြင့်မြတ်သော ကျောင်းအုပ်ကြီးသည် လူငယ်တစ်ဦး၏ မျက်နှာချင်းဆိုင် အရှက်ခွဲခြင်းကို ခံခဲ့ရသည်။

တစ်ဖက်လူရဲ့ စွမ်းအားက သူ့ထက် အားကောင်းနေပါက အဆင်ပြေနိုင်သော်လည်း သူ့ထက် အဆပေါင်းများစွာ အဆင့်နိမ့်နေတဲ့လူ ဖြစ်နေ၏။

ဒီလူကို မသတ်ရင် ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ဖြစ်ဖို့ ဘယ်လိုလုပ် မျက်နှာရှိတော်မလဲ။ ပေရွှီး တော်ဝင်အင်ပါယာကြီး တစ်ခုလုံးရဲ့ တန်ခိုးရှင်တွေနဲ့ ရင်ဆိုင်ရမှာရင် ဘယ်လို မျက်နှာမျိုးနဲ့ ရင်ဆိုင်ရတော့မလဲ။

စိတ်ပျက်စရာ ကောင်းချက်ပဲ!

"သူသေရမယ် ဆိုတာလည်း သိပါတယ်... ဒါပေမဲ့ သူ့သားရဲကိုတော့ အတူတူ ရိုက်နှက်လို့ မရဘူး.... မင်း သူ့ကို ထပ်ပြီး ဒုက္ခပေးရင် မင်းကို တကယ်သတ်ပစ်မှာကို ကြောက်ရတယ်"

ဘုရင်မင်းမြတ် ချန်ရှုံကလည်း အော်ဟစ်လိုက်သည်။

ယခုအချိန်တွင် သူနှင့် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းမှာ ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားကာ ယင်းယန်ရေကန်ကို ဖွင့်ပြီး လုရွှမ်ဆီက အရှက်ခွဲခံရတာလည်း တစ်ပတ်တိတိ ပြည့်သွားပြီ။

ဒီကာလအတွင်းမှာ သူတို့ရဲ့ဒဏ်ရာတွေကို အပြီးအပိုင် ကုစားဖို့ ငွေကြေး အမြောက်အမြား သုံးစွဲခဲ့ရသေးသည်။ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက သက်သာသွားပေမယ့် ဒဏ်ရာတွေက ဘယ်လောက်ပဲ ကုစားဖို့ခက်နေပါစေ သူတို့ရဲ့နှလုံးသားထဲက အမုန်းတွေက ပိုကြောက်စရာ ကောင်းလာ၏။

လူမြင်ကွင်းမှာ မျက်နှာကို ဖြတ်ရိုက်ပြီးတာတောင် ထွက်မသွားဘဲ ဝမ့်ထျန်းနန်းဆောင်မှာ စိတ်အေးချမ်းသာနဲ့ ဆက်နေနေပုံက အင်မတန် မျက်နှာပြောင်လှသည်။

ဒီလို မောက်မာမှုက သူတို့ကိုပါ ရူးသွပ်စေ၏။

"ဟုတ်တယ် ကျောင်းအုပ်ကြီး... မဆင်မခြင်တော့ လုပ်လို့ မဖြစ်ဘူး!"

"သူ့ဝိညာဥ်သားရဲက အစွမ်းထက်လွန်းတယ်... တော်ဝင်အင်ပါယာက အင်အားကြီး ထိပ်သီးစာရင်းမှာ ကျွမ်းကျင်သူတွေ အများကြီးနဲ့ ပြိုင်နိုင်မှာကိုတောင် ကြောက်ရတယ်။ အခု သူနဲ့အတူ မြွေတစ်ကောင်လို ဟန်ဆောင်တာ ပိုကောင်းမယ် ထင်တယ်.... သူ့ဝိညာဥ်သားရဲကို အဝေးကို ရွှေ့ဖို့ အခွင့်အရေး ရှာပြီးရင် လှုပ်ရှားလိုက်လို့ ရတယ်...ဒါဆို တစ်ချက် လှုပ်ရှားလိုက်ရုံနဲ့ သေသွားနိုင်တယ်!"

"ဝိညာဥ်သားရဲသာ မရှိရင် သူ ဆက်တိုက် ဖြတ်ကျော်သွားရင် တောင်မှ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၄ မှာပဲ ရှိပါသေးတယ်... ဒီအစွမ်းထက်တဲ့ ကလေးကို သေတဲ့အထိ ကြေမွသွားအောင် လုပ်လို့ရတယ်... ဘာမှစိုးရိမ်စရာ မရှိဘူး"

"သူ့ကို သတ်လိုက်ရင် ဝိညာဥ်သားရဲကို ထိန်းချုပ်ထားတဲ့ တံဆိပ်က ဆုံးရှုံးသွားမှာ သေချာတယ် သူ့အတွက် လုံးဝ လက်စားချေ​ပေးမှာ မဟုတ်ဘူး"

အခန်းထဲမှာ အကြီးအကဲ အများအပြားရှိ၍ အားလုံး တညီတညွတ်တည်း ပြောဆိုနေကြသည်။

ဤအကြီးအကဲများသည် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကို သစ္စာစောင့်သိကြပြီး ၎င်းတို့၏ ခွန်အားမှာလည်း သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်ရှစ်သို့ ရောက်ရှိထားကာ ယင်းယန်ကျောင်းတော် တစ်ခုလုံးတွင် အကြွင်းမဲ့ အာဏာရှိ​ကြသည်။

"မင်းဘာပြောတယ် ဆိုတာကို ငါမသိဘူး ထင်နေလား? ဒါပေမယ့် အခု သူ နေ့တိုင်း အဲဒီသားရဲနဲ့ ရှိနေတာ... ​​ဘယ်လိုလုပ် မျှားထုတ်လို့ရမှာလဲ"

ချူဝမ့်ရှန်း အံကြိတ်သွားသည်။

လုရွှမ်ရဲ့ ဝိညာဥ်သားရဲကို လုရွှမ်ဘေးကနေ တကယ်ပဲ ဖယ်ထုတ်ပစ်ချင်သည်။ အကယ်၍ နည်းလမ်းရှိရင် အစောကတည်းက သူလှုပ်ရှားပြီးပြီပေါ့။ လုရွှမ် သူ့ကိုပေးတဲ့ အရှက်ရမှုက တစ်ရက်တည်းနဲ့ ပြီးသွားမှာ မဟုတ်ဘူးလေ။

"တကယ်ကောင်းတဲ့ နည်းလမ်းတော့ မရှိပါဘူး....သားရဲခန်းမမှာရှိတဲ့ လူကြီးတွေက သူနဲ့ အထူးဆက်ဆံရေး ရှိပုံရတယ်... သူတို့ကို ကူညီခိုင်းချင်ရင်တော့ မဖြစ်နိုင်ဘူးဆိုတာ သေချာတယ်!"

ဘုရင်ကြီး ချန်ရှုံ၏ မျက်နှာမှာလည်း နီရဲပြီး ရုပ်ဆိုးနေ၏။

မုန်းတီးမှုကို ပြောရလျှင် သူသည် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း ထက်သာ၍ပင် ဆိုးဝါးနေသေး၏။ လုရွှမ်ကို အရိုးတွေကို ချိုးပစ်ပြီး သွေးကို သောက်ဖို့ပင် မစောင့်နိုင်တော့ပေ။

အင်အား မလုံလောက်လို့ ပြိုင်ဘက်ကို အနိုင်မယူနိုင်လို့ သနားစရာ ကောင်းစွာ ဘာမှလုပ်လို့ မရသေးချေ။

ပေရွှီး တောင်ဝင်အင်ပါယာမှ သြဇာအရှိဆုံး လူနှစ်ယောက်က ကူကယ်ရာ မဲ့နေကြောင်း ကြားတော့ အခန်းသည်လည်း ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

"ကျောင်းအုပ်ကြီးကို သတင်းပို့ပါတယ်.... အပြင်မှာ လူတစ်ယောက် တွေ့ခွင့်တောင်းနေပါတယ်!"

ထိုအချိန်တွင် လူကြီးတစ်ဦး ဝင်လာ၏။

"ငါတို့အရေးကြီး ကိစ္စ​တွေ​ ဆွေး​နွေး​နေတယ်​... ဘယ်ဧည့်သည်မှ လက်မခံဘူး!"

ချူဝမ့်ရှန်း စိတ်ဆိုးသွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကျောင်းအုပ်ကြီး သူက လေ့ကျင့်ဖို့ ထွက်သွားပြီး ပြန်​ရောက်လာခဲ့တဲ့ ကျန်းရှောက်ထျန်းပါ... သူအခု သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ကို ရောက်ပြီး ကျောင်းရဲ့ အကြီးအကဲအဖြစ် အောင်မြင်စွာ ရာထူးတိုးသွားပါပြီ... သူက ဒီကိစ္စတွေကို ဆွေးနွေးဖို့ ဒီကိုလာဖို့ အရည်အချင်း ပြည့်မီတယ်လို့ ထင်ပါတယ်... ပြီးတော့ လုရွှမ်ကိုသတ်ဖို့ နည်းလမ်းရှိသေးတယ်လို့ ပြောတယ်!"

ထိုလူကြီးက ကမန်းကတန်း ပြောလေသည်။

ပေရွှီး တော်ဝင်အင်ပါယာ၏ ယင်းယန်ကျောင်းတော်တွင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇သို့ ရောက်ထားသရွေ့ ၎င်းတို့သည် အလိုအလျောက် အကြီးအကဲများ ဖြစ်လာမည် ဖြစ်သည်။

"ကျန်းရှောက်ထျန်း?" ချူဝမ့်ရှန်း အံ့သြသွားသည်။

သူသည် ကျောင်း၏ ကျောင်းအုပ်ကြီး ဖြစ်သော်ငြားလည်း ထိုကဲ့သို့ ပါရမီရှင်အကြောင်းကို ကြားဖူးသည်မှာ ကြာ​လေပြီ။

"ဟုတ်ပြီ... သူ့ညီလေး ကျန်းရှောက်ချန်ကို လုရွှမ်က သတ်လိုက်တာပဲ.... ဒီအစ်ကိုက သူပြန်လာတဲ့အခါ သူ့ညီအတွက် လက်စားချေဖို့ သေချာပေါက် သွားရှာလိမ့်မယ်... သူ့ကို ဝင်ခွင့်ပြုလိုက်!"

ချူဝမ့်ရှန်းရဲ့ မျက်လုံးတွေကို တောက်ပလာပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။

All Chapters