← Chapters

အဆင့်၉ အခင်းအကျင်း တံဆိပ်ပြား

Vol. 31 Ch. 3.207

အဆင့်၉ အခင်းအကျင်း တံဆိပ်ပြား

Vol. 31 Ch. 3.207

"ဘုရင်မင်းမြတ် ချန်ရှုံ... ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲ အားလုံးကို ဂါဝရပြုပါတယ်!"

သိပ်မကြာခင်မှာပဲ အရပ်ရှည်ရှည်နဲ့ လူငယ်တစ်ယောက်က လှည့်ပတ်ကြည့်ရင်း ပြုံးလိုက်သည်။

"ကြည့်ရတာ ကျွန်တော်ရောက်လာတာ အချိန်ကိုက် ဖြစ်သွားတယ် ထင်တယ်... အားလုံးက လုရွှမ်ကိုသတ်ဖို့ ဆွေးနွေးနေကြတာ မဟုတ်လား!"

"ဟုတ်တယ်... အဲဒီတိရစ္ဆာန်ဆိုးကို သတ်ဖို့ ဆွေးနွေးနေကြတာပဲ!"

ချူဝမ့်ရှန်းက အံကြိတ်ကာ ကျန်းရှောက်ချန်ရဲ့ မျက်လုံးများကို စိုက်ကြည့်ရင်း

"မင်းမှာ သူ့ကိုသတ်ဖို့ နည်းလမ်းရှိတယ်ဆို... ဘယ်လို နည်းလမ်းလဲ?"

"ဟားဟား အဲဒီလုရွှမ်က ဝိညာဥ်သားရဲထက် ဘာကိုမှ အားကိုးမနေပါဘူး.... အဲဒီသားရဲကိုသာ ဖယ်ရှားပစ်ဖို့ ကြိုးစားလိုက်ရင် သူ့ကိုသတ်ချင်ရင် ကြက်ကို သတ်သလောက်ပဲ ရှိတော့တယ်"

ကျန်းရှောက်ထျန်းက အေးစက်စွာ ဆိုလိုက်သည်။

"ငါတို့လည်း ဒါကိုသိပါတယ်... ဒါပေမဲ့ အဓိကက အဲဒီသားရဲကို ဘယ်လို ဖယ်ထုတ်မလဲ ဆိုတာပဲ"

ချူဝမ့်ရှန်းရဲ့ မျက်နှာမှာ အနည်းငယ် စိတ်ပျက်နေလျက်။

နည်းလမ်းတစ်ခုသာ ရှိခဲ့ရင် ငါတို့ အရင်ကတည်းက လုပ်ခဲ့ပြီးပြီးပေါ့။ မင်းဆီက မိုက်မဲတဲ့ စကားပြောတွေ နားထောင်နေပြီ လိုသေးလို့လား။

"လုရွှမ်က ကျွန်တော့် ညီလေးကို သတ်လိုက်တာ... အကိုကြီး တစ်ယောက်အနေနဲ့ သူ့အတွက် လက်စားချေပြီး သေတဲ့အထိ တိုက်ခိုက်ရမှာ သဘာဝပဲ.... သူရဲကောင်း တစ်ယောက် အနေနဲ့ ငြင်းပယ်လို့ မရတဲ့ အမှန်တရားပဲ... သူငြင်းမှာ မဟုတ်ပါဘူး!"

ကျန်းရှောက်ထျန်းက မျက်လုံး စုံမှိတ်လျက် ဆိုလိုက်သည်။

"သေတဲ့အထိ တိုက်မယ်?"

ချူဝမ့်ရှန်းနှင့် ဘုရင်မင်းမြတ် ချန်ရှုံတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တစ်ချိန်တည်းတွင် မျက်မှောင်ကြုတ်လိုက်ကြသည်။

သေခြင်းနှင့် ရှင်ခြင်း တိုက်ပွဲတွင် ဖြေရှင်းနိုင်သော သူရဲကောင်းများကြားတွင် သေလောက်အောင် ရန်ငြိုးဖွဲ့မှု တစ်ခု ရှိရမည်။

"သူက ဝိညာဥ်သားရဲကို တိုက်ခိုက်ဖို့ ​ခေါ်လာတယ်ဆိုရင် ဘယ်လိုလုပ်မလဲ? သားရဲလေ့ကျင့်ပေးသူတွေက လူတွေကို တိုက်ခိုက်ဖို့ ဝိညာဥ်သားရဲကို ခေါ်ဆောင်လာတာက သဘာဝကျတယ်လေ... နောက်ပြီး မင်းရဲ့သဘောထားကို သိပြီး သဘောတူဖို့ ငြင်းဆန်ရင် ဘယ်လိုလုပ်မလဲ?"

အကြီးအကဲ တစ်ဦးက နားမလည်စွာ မေးလိုက်သည်။

သူကသားရဲ လေ့ကျင့်ပေးသူမို့ ဝိညာဥ်သားရဲ ယူဆောင်လာဖို့က ပြဿနာ မရှိချေ။ ပြိုင်ဘက်က ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ တိုက်ခိုက်ရေးသမားဆိုရင် အန္တရာယ်ကို သိပြီးတာနဲ့ တိုက်ဖို့ ငြင်းဆန်လိုက်ရင် ကြိုးစားအားထုတ်မှုကို ဖြုန်းတီးရာ မကျဘူးလား။

"ကျွန်တော် ဒီကောင့် အကြောင်းကို အတိအကျ မေးထားပြီးပြီ.... သူက မာနကြီးပြီး ကိုယ့်ကိုကိုယ် အထင်ကြီးနေတာ... ကျွန်တော် သူ့ကို စိန်ခေါ်နေသမျှတော့ သေချာပေါက် တိုက်ပွဲဝင်မှာပဲ"

ကျန်းရှောက်ထျန်းက ရှင်းပြ၏။

"ဒါ့အပြင် ပုံမှန်အခြေအနေ အရတော့ အဲဒီဝိညာဥ်သားရဲကို သူနဲ့အတူ ယူလာမှာပဲ!"

"ဟုတ်​တယ်​ သားရဲ​ပါ ယူလာ​ရင်​ မင်းဘယ်​လိုလုပ် သတ်​မလဲ"

မေးလာသော အကြီးအကဲဟာ ပဟေဠိ ဖြစ်​ရုံမက တခြားလူ​တွေလည်း ကျန်းရှောက်ထျန်းကို တစ်ပြိုင်နက်တည်း ကြည့်​​လိုက်ကြသည်။

လုရွှမ်ရဲ့ ဝိညာဥ်သားရဲက ပေရွှီး တော်ဝင်အင်ပါယာမှာ ပြိုင်ဘက်ကင်းပဲ သူ့ကိုဘယ်လိုလုပ် သတ်ကြမလဲ?

"သူ့ရဲ့ ဝိညာဥ်သားရဲက ပြိုင်ဘက်ကင်းနေတော့ရော ဘာဖြစ်လဲ? ကျွန်တော်တို့က ထောင်ချောက်တွေကို ကြိုပြီး ချထားလို့ရတယ်.. ယင်းယန်ကျောင်းတော်ရဲ့ နန်းတော်ကို ကာကွယ်ဖို့ ချထားတဲဲ့ အခင်းအကျင်း တစ်ခုရှိတယ်လို့ ကြားဖူးတယ်... အဲဒီအခင်းအကျင်းကို ဖွင့်လိုက်ရင် သူ့ကို ဘာဖြစ်လို့ မသတ်နိုင်ရမှာလဲ?"

ကျန်းရှောက်ထျန်းက ပြော၏။

"ဟူး!"

ဒါကိုကြားတော့ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းမှာ သက်ပြင်းမချဘဲ မနေနိုင်စွာဖြင့် ခေါင်းကိုပါ ခါယမ်းလိုက်သည်။

"နန်းတော်ကို ကာကွယ်ဖို့ အခင်းအကျင်း ချထားတာ ရှိတယ်.... ဒါပေမဲ့ ကံဆိုးစွာပဲ အခင်းအကျင်း တည်ထောင်သူ သခင်က မရှိတော့ဘူး.... အခင်းအကျင်း ဖွင့်တဲ့နည်းကိုလည်း အသေးစိတ် မရှင်းပြထားခဲ့ဘူး.... ငါတောင် မဖွင့်နိုင်ဘူး... ဒါအပြင် ယင်းယန်ကျောင်းတော်က ဒီနှစ်တွေထဲမှာ ပိုပိုပြီး လေးနက်လာတယ်... ပြီးတော့ နှစ်တွေ အရမ်းကြာနေပြီဆိုတော့ ဖွင့်နိုင်တဲ့ နည်းလမ်း ရှိရင်တောင် သုံးလို့မရတော့မှာ ကြောက်ရတယ်..."

ယင်းယန်နန်းတော်ကို ကာကွယ်ထားသော အခင်းအကျင်း ဖွင့်နည်းကိုသာ သိပါက ဟိုးရှေးရှေးကတည်းက အသုံးပြုခဲ့ဖူး ပေလိမ့်မည်။

"ယင်းယန်နန်းတော်ကို ကာကွယ်ထားတဲ့ အခင်းအကျင်း မရှိလည်း ပြဿနာ မရှိပါဘူး.."

ကျန်းရှောက်ထျန်းက သူ့ရင်ခွင်ထဲက တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပြီး

"ဒီမှာ ရှိတယ်"

"အခင်းအကျင်း တံဆိပ်ပြား?"

လူတိုင်းက တအံ့တသြဖြင့် ကြည့်လာကြသည်။

"သူ့ရဲ့သားရဲက ဘုရင်မင်းမြတ်ရဲ့ သန်မာတဲ့ လူစာရင်းမှာပါတဲ့ အလွန်သန်မာတဲ့ လူနဲ့ နှိုင်းယှဥ်နိုင်တယ်... ဒါကြောင့် သာမန်အခင်းအကျင်းတွေနဲ့ မထိရောက်ရှိဘူး...ဒါပေမဲ့ အဆင့်၉ အခင်းအကျင်း ဆိုရင်တော့ ထိရောက်မှု ရှိနိုင်တယ်"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းမှာ မယုံကြည်နိုင်သော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သောအခါ လမ်းတစ်ဝက်တွင်ပင် ရုတ်တရက် အတွေးပေါက်သွား၏။

"ဧကန္တ မင်းကိုင်ထားတာက သေမျိုးနယ်ပယ် အဆင့်၉ အခင်းအကျင်း တံဆိပ်ပြားလား?"

အခင်းအကျင်း တံဆိပ်ပြားများကို အဆင့်များစွာဖြင့် ပိုင်းခြားထားသည်။ ဝူအဆင့်များကို အဆင့်တစ်မှ ကိုးအဆင့်အထိ ပိုင်းခြားထားပြီး အသွင်ကူးပြောင်းခြင်း နယ်ပယ်က အဆင့်ကိုလည်း အဆင့်တစ်မှ ကိုးအထိ ပိုင်းခြားထားသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ အခင်းအကျင်း တံဆိပ်ပြား အသုံးပြုပြီးသည်နှင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉က ကျင့်ကြံသူမပြောနဲ့ ပြီးပြည့်စုံသော ကာလ သို့မဟုတ် ထိပ်သီးစာရင်းတွင် ပါဝင်သည့် အင်အားကြီးများပင် လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

ဤအဆင့်သည် အထက်နိုင်ငံများတွင် တစ်ခါမျှ မပေါ်ထွန်းခဲ့ဖူးပေ။ ဤကျန်းရှောက်ထျန်း၏ အလွန် ယုံကြည်မှုရှိနေပုံအရ ဤအဆင့်သို့ ရောက်နေတာ ဖြစ်နိုင်မလား။

"မှန်တယ်... ဒါက သေမျိုးနယ်ပယ် အဆင့်၉ အခင်းအကျင်းပဲ!"

ကျန်းရှောက်ထျန်း အနည်းငယ် ပြုံးလိုက်သည်။

"တကယ်လား?"

"တကယ်ပဲ သေမျိုးအသွင်ပြောင်း နယ်ပယ် အဆင့်၉ အခင်းအကျင်း တံဆိပ်ပြားလား?"

"ဒီလိုရတနာမျိုးကို ဘယ်လိုလုပ် ရလာနိုင်တာလဲ?"

ဤတစ်ကြိမ်တွင် ချူဝမ့်ရှန်း တစ်ယောက်တည်း ထိတ်လန့်သွားရုံ သာမက ဘုရင်ကြီး ချန်ရှုံလည်း မတ်တပ်ထမရပ်ဘဲ မနေနိုင်အောင် သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာခဲ့သည်။

အထက်နိုင်ငံ၌ သေမျိုးနယ်ပယ် အဆင့်၉ အခင်းအကျင်းသည် အထွတ်အထိပ်ဆုံး ဖြစ်တည်မှု ဖြစ်ပြီး အဆင့်၉ ကျင့်ကြံသူသာ ပေါ်ထွက်လာပါက အလွန်အားကောင်းသော အုပ်စိုးရှင် ဖြစ်လာနိုင်၏။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ အခင်းအကျင်း တံဆိပ်ပြားသည် ဤစွမ်းအားမျိုးနှင့် နှိုင်းယှဉ်နိုင်သောကြောင့် မည်မျှ တန်ဖိုးရှိသည်ကို တွေးကြည့်နိုင်ပါသည်။

သူတို့အင်ပါယာ တစ်ခုလုံးရဲ့ လျှို့ဝှက်ရတနာအိမ်ကြီး တစ်ခုလုံး ရှိထားရင်တောင် ဒီလိုတံဆိပ်ပြားမျိုး ထုတ်ယူလာဖို့ မလွယ်ပါဘူး။ ဒီကျန်းရှောက်ထျန်းက ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းသားလေး တစ်ယောက်ပဲကို ဘယ်လိုလုပ် ရလာနိုင်တာလဲ?

"ကြည့်ရတာ ဒီတစ်ခေါက် လေ့ကျင့်ဖို့သွားတာက မင်းအတွက် အကျိုးအမြတ်တွေ အများကြီး ရခဲ့ပုံပဲ...."

ချူဝမ့်ရှန်းမှာ သူ့လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။

ကျန်းရှောက်ထျန်း လေ့ကျင့်ဖို့ ထွက်သွားခဲ့တဲ့ အကြောင်းကို သူကြားလိုက်သည်။ အစွမ်းထက်တဲ့ လူရဲ့ ရှေးဂူသင်္ချိုင်း တစ်ခုထဲကို ဝင်လိုက်တာဟာ အခွင့်ကောင်းတစ်ခု ရသွားခဲ့သည်။

ရှန့်ခုန်ချိုင့်ဝှမ်းကြီး ဖွင့်ပြီးတာတောင် ပြန်မလာခဲ့ချေ။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ကို ဖြတ်ကျော်သွားပြီး အကြီးမားဆုံး အောင်မြင်မှုကိုပါ ရနေပြီဟု ထင်ထားခဲ့သော်လည်း အဆင့်၉ အခင်းအကျင်း တံဆိပ်ပြားကိုပါ ရလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ချေ။

ဤသည်မှာ အထက်အင်ပါယာ၏ နယ်ပယ်အတွင်း အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်ကြောင်း သေချာ​လေသည်။

"ဒါက ကံကောင်းသွားတာပါ!"

ကျန်းရှောက်ထျန်း သူ့မျက်လုံးများထဲတွင် ဂုဏ်ယူမှုမရှိဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။

ဒီလောက် မာနကြီး​နေတာ အံ့သြစရာတော့ မဟုတ်တော့ပေ၏ သူ့မှာ ဂုဏ်ယူစရာ အရင်းအနှီး ရှိနေတာကိုး။ ဒီအခင်းအကျင်းနဲ့ဆို သူဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ ဖြစ်နေရင်တောင် အဆင့်၈ကို အလွယ်တကူ ရင်ဆိုင်သတ်ပစ်နိုင်သည်။

ထို့အပြင် ဤရတနာအပေါ် အားကိုးမှုဖြင့် လူတိုင်းသည် မိမိတို့ အင်ပါယာအတွက် တိုက်ပွဲဝင်ကြမည် ဖြစ်သည်။

ဒီရတနာကို ဒီလိုစမ်းသပ်မှုမှာ ရရှိလိုက်တာက တကယ့်ကို တိုက်ဆိုင်မှု တစ်ခုပင် ဖြစ်နိုင်ကာ နောက်တစ်ကြိမ် ထပ်ပြီး သွားရင်တောင်မှ ရယူဖို့ မဖြစ်နိုင်ချေ။

အဲ့ဒါကြောင့် ကျန်းရှောက်ထျန်းဟာ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေခြင်း ဖြစ်သည်။ လုရွှမ်လို အကောင်လေးကို သတ်ပစ်ချင်ရင် လုံးဝ ပြဿနာ မရှိနိုင်တော့ပြီ။

"ဒါက သတ်ဖြတ်ခြင်း အခင်းအကျင်းလား? ဒါမှမဟုတ် ဘာလဲ?"

ဘုရင်ကြီး ချန်ရှုံမှ မေးလိုက်သည်။

အခင်းအကျင်း တံဆိပ်ပြားများကို အမျိုးအစားများစွာ ခွဲခြားထားပြီး ဝင်္ကဘာအခင်းအကျင်း၊ သတ်ဖြတ်မှု အခင်းအကျင်း၊ မှော်အခင်းအကျင်း စသည်ဖြင့် ရှိကြသည်။

၎င်းတို့အနက်မှ စွမ်းအား အရှိဆုံးမှာ သဘာဝအတိုင်း သတ်ဖြတ်မှု အခင်းအကျင်းး ဖြစ်သည်။ အသက်သွင်းပြီးသည်နှင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူ ကျသွားလျှင် အသတ်မခံရမီ အချိန်အထိ ခံနိုင်ရည် မရှိမည်ကိုပင် စိုးရိမ်ရ၏။

"အိပ်စက်ခြင်း အခင်းအကျင်းပါ!"

ကျန်းရှောက်ထျန်း ပြန်ဖြေလိုက်သည်။

"အိပ်စက်ခြင်း အခင်းအကျင်း?"

အားလုံးက အနည်းငယ် စိတ်ပျက်သွားကြသည်။

အိပ်စက်ခြင်း အခင်းအကျင်းသည် များစွာသော အခင်းအကျင်း ဖွဲ့စည်းမှုတို့တွင် အညံ့ဆုံး ဖြစ်ပြီး လူများကိုသာ ထောင်ချောက်ဆင်နိုင်သည်။ ၎င်းသည် လူ့စိတ်ကို မနှောင့်ယှက်နိုင်သလို သတ်လည်း မသတ်နိုင်ပေ။

အခင်းအကျင်းထဲတွင် အချိန်အတော် ကြာအောင် အိပ်ငိုက်နေလိမ့်မည်။ သူထွက်လာနိုင်မလား ဆိုတာ မပြောတတ်ပေမယ့် ဆက်ထိန်းထားမယ်ဆိုရင် စွမ်းအင် အများကြီး သုံးရမှာက သေချာလေ၏။

ဒါ့အပြင် အဆင့်၉ အခင်းအကျင်း တံဆိပ်ပြားလည်း ဖြစ်နေသေးလို့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇က ကျင့်ကြံသူသည် ၎င်း၏ခွန်အား ရှိသမျှကို အသုံးပြုသော်လည်း ဆယ်စက္ကန့်ထက် ပိုမကြာနိုင်ပေ။

ဒီအချိန်မှာ ပြိုင်ဘက်ကို မသတ်နိုင်ရင် အိပ်စက်ခြင်း အခင်းအကျင်းက ဘာအကျိုး ရှိတော့မလဲ။

"သေချာပေါက် အသုံးဝင်ပါတယ်!"

ကျန်းရှောက်ထျန်းက လူတိုင်းတွေးနေတာကို သဘောပေါက်သွားဟန် ပေါ့ပါးစွာ ပြုံးလိုက်ရင်း

"လုရွှမ်ရဲ့ ဝိညာဥ်သားရဲ ပေါ်လာရင် ထောင်ချောက်ဆင်ပြီး ဆယ်စက္ကန့် အတွင်းမှာပဲ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၄ပဲ ရှိတဲ့ ကောင်လေးကို ရှင်းပစ်ဖို့က အားလုံး အတွက် လွယ်လောက်ပါတယ်!"

"အဲဒီသားရဲကို ထောင်ဖမ်းပြီးတော့ လုရွှမ်ကို သတ်ပစ်မယ်?"

ချူဝမ့်ရှန်းနှင့် ဘုရင်မင်းမြတ် ချန်ရှုံတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တစ်ချိန်တည်းမှာပင် မျက်လုံးများ တောက်ပလာလေ၏။

All Chapters