← Chapters

ရှောင်းမိသားစုကလူများ

Vol. 31 Ch. 3.208

ရှောင်းမိသားစုကလူများ

Vol. 31 Ch. 3.208

"ကောင်းပြီ.... မနက်ဖြန်မှာ မင်းညီလေးအတွက် လက်စားချေဖို့ လုရွှမ်ကို စိန်ခေါ်မယ့်အကြောင်း တစ်ကျောင်းလုံးကို ကြေငြာလိုက်မယ်။ အဲဒီအချိန်မှာ မင်းက ပြိုင်ပွဲကွင်းထဲမှာ သူနဲ့ သားရဲကို ခွဲထုတ်ပြီးတာနဲ့ အခင်းအကျင်း တံဆိပ်ပြားကို လွှင့်ပစ်လိုက်တော့.... သားရဲကို ထောင်ချောက် ဆင်ပြီးရင် ဘုရင်ကြီး ချန်ရှုံနဲ့ ငါက အဲဒီကလေးကို တစ်ချိန်တည်း တိုက်ခိုက် သတ်ပစ်မယ်!"

အစီအစဥ်တစ်ခုကို ခက်ခက်ခဲခဲ ဆက်ဆွေးနွေးရန် မလိုတော့ပေ။ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းဟာ သူ့ဝတ်ရုံလက်ကို ဝေ့ယမ်းရင်း ဆုံးဖြတ်ချက် ချလိုက်သည်။

"ကောင်းပြီ... ဒီလိုဆို ပြီးသွားပြီ!"

အားလုံးကလည်း တစ်ချိန်တည်း ခေါင်းညိတ်ကြသည်။

ဒီလုရွှမ်က အသက်မရှူနိုင်လောက်အောင် အစွမ်းထက်တယ် ဆိုရင်တောင် သူက ယင်းယန်ကျောင်းတော် တစ်ခုလုံးကို အမိန့်မပေးနိုင်တဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄မှာပဲ ရှိသေးတာကြောင့် အားနည်းလွန်းနေသေးသည်။

"ကျောင်းအုပ်ကြီးကို သတင်းပို့ပါတယ်... အပြင်မှာတွေ့ဖို့ တောင်းဆိုတဲ့သူတွေ ရှိပါသေးတယ်!"

ဆွေးနွေးပြီးနောက် အကြီးအကဲများ အားလုံး ထွက်သွားတော့မယ့် အခိုက် လူတစ်ယောက် အပြေးအလွှား ရောက်လာ၏။

"ဘယ်သူလဲ"

လုရွှမ်ကို သတ်ဖို့ နည်းလမ်းကို စဥ်းစားရင်း ချူဝမ့်ရှန်းသည် အလွန် စိတ်လှုပ်ရှားနေပါသည်။

"သူတို့က နန်ဟိုင်​တော်ဝင်အင်ပါယာ ယင်းယန်ကျောင်းတော်ရဲ့ ဌာနခွဲနဲ့ နောက်တစ်ယောက်က ကျိုတန်း တော်ဝင်အင်ပါယာ ရှောင်းမိသားစုကလို့ ပြောပါတယ်!"

ဝင်လာသော လူကြီးသည် သူ့မျက်နှာတွင် ထူးဆန်းသော အမူအရာဖြင့် ဆိုလိုက်ပါ။

သူတို့ နှစ်ယောက်စလုံး ယင်းယန်ကျောင်းတော် အခွဲများမှ ဖြစ်သော်လည်း နန်းဟိုင်တော်ဝင် အင်ပါယာက ယင်းယန်ကျောင်းတော်နဲ့က အဆက်အသွယ် သိပ်မရှိသလို ကျိုတန်း တော်ဝင်အင်ပါယာက ရှောင်းမိသားစုနဲ့ဆို ပိုလို့တောင် အဆက်အသွယ် မရှိကြချေ။

သူတို့က ဒီကို ဘာလာလုပ်ကြတာလဲ?

"သူတို့ကို ဝင်ခွင့်ပြုလိုက်!"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းလည်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ စိတ်ထဲမှာ သံသယတွေ ပြည့်နှက်နေပေမယ့် ၎င်းတို့ကို ဝင်ခွင့်ပြုလိုက်သည်။

လုရွှမ်ဟာ ချိုင့်ဝှမ်းထဲမှာ အဆင့်မြင့်သူ အားလုံးကို သတ်ပစ်လိုက်တာက ကြောက်စရာ ကောင်းလွန်းလို့ လူတော်တော်များများက ထိုအကြောင်းကို ကြောက်လန့်ပြီး ထုတ်မပြောရဲကြပေ။ ခဏခဏ ပြောတဲ့သူ အနည်းငယ် ရှိရင်တောင် ယုံရခက်လိမ့်မည်။

အဓိပတိနယ်ပယ်က ထောင်ပေါင်းများစွာသော သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတွေကို သတ်ပစ်တယ်တဲ့လား။

ဘယ်သူကြားကြား ဒီကိစ္စကို အိပ်မက်ဟုပင် ထင်နေကြလိမ့်မည်။ အချိန်ကြာလာသည်နှင့် အမျှ လူတိုင်းက ၎င်းကို ဟာသဟု ထင်လာကြကာ မည်သူမျှ မယုံကြပေ။

ထို့ကြောင့် ချူဝမ့်ရှန်း၊ ဘုရင်မင်းမြတ် ချန်ရှုံနှင့် အခြားသူများဟာ လုရွှမ်သည် နန်းဟိုင် တော်ဝင်အင်ပါယာနှင့် ရှောင်းမိသားစုကိုပါ အမုန်းပွားခဲ့ကြောင်း မသိခဲ့ကြပေ။

အကြီးအကဲ လျိုယွင်ထန်း နှင့်အတူ ရှန့်ခုန်းချိုင့်ဝှမ်းသို့ သွားရောက်ခဲ့သော နန်ဟိုင် တောင်ဝင်အင်ပါယာမှ တပည့်များသည် သုတ်သင်ရှင်းလင်းခံခဲ့ရပြီး ​ရှောင်းမိသားစု၏ အကြီးအကဲနှင့် မျိုးနွယ်စု၏ ထိပ်တန်းအရာရှိများ အားလုံး အသတ်ခံခဲ့ရသည်။

အကယ်၍ လူသတ်သမားကို လက်စားမချေပါက နောင်တွင် အထက် အင်ပါယာများနန်ဟိုင်၌ ဘယ်လို မျက်နှာမျိုးနဲ့ ကျင်လည်ကြတော့မလဲ။

ဝုန်း!

အားလုံးက အံ့ဩနေကြချိန်မှာတော့ အဘိုးကြီး ရှစ်ယောက် ဖြတ်ဝင်လာကြ၏။ ဤလူတိုင်းသည် နေနှင့်လကို မျိုချထားသကဲ့သို့ ပြင်းထန်သော အသက်ရှုသံများကို ထုတ်လွှတ်ထားလျက် ရှိသည်။

"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ အဆင့်၈ ကျင့်ကြံသူတွေ??"

ဒီလူတွေကို မြင်တော့ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနှင့် ဘုရင်မင်းမြတ် ချန်ရှုံတို့ဟာ တစ်ချိန်တည်းမှာပဲ အထိတ်တလန့်နဲ့ အံ့အားသင့်သွားကြသည်။

သူတို့ရှေ့မှာ ရှိတဲ့ ဒီလူတွေက အစွမ်းထက်လွန်းတယ်လေ။ သူတို့ နှစ်ယောက်တောင် ကြောက်လန့်သွားရသည်။ ၎င်းတို့ထဲမှာ အလွန်ရင်းနှီးသူ အနည်းငယ်ပင် ပါလာသေးသည်။

"ကျောင်းအုပ်ကြီး ဟောင်ယန်... ခင်ဗျား ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ?"

ချူဝမ့်ရှန်း ထိတ်လန့်တကြားဖြင့် သူ့လက်သီးများကို ဆုပ်ထားလိုက်မိသည်။

ဟောင်ယန် အမည်ရှိ အဆိုပါအဘိုးအိုသည် နန်ဟိုင် တောင်ဝင်အင်ပါယာမှ ယင်းယန်ကျောင်းတော်၏ ကျောင်းအုပ်ကြီး ဖြစ်သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလသို့ ရောက်ရှိထားကာ အင်ပါယာ ထိပ်သီးစာရင်း၌ မြင့်မားသော အဆင့်တစ်ခုကို ရောက်ရှိနေပြီ။ ချူဝမ့်ရှန်းထက်ပင် ဘယ်လောက်တောင် အစွမ်းထက်နေလဲ မခန့်မှန်းတတ်ချေ။

"ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း!... ကျုပ်ဘာလို့ ဒီကိုရောက်နေလဲ ဆိုတာ သိမယ်လို့ ထင်တယ်!"

"ဘာလို့ဒီကို ရောက်နေတာလဲဆိုတာ ကျုပ်က သိရမယ်??"

ချူဝမ့်ရှန်း ကြောင်အသွားသည်။

"ဟမ့်!! မင်းဆီက လုရွှမ်ဆိုတဲ့ ကျောင်းသားက မောက်မာရိုင်းစိုင်းပြီး ကျုပ်ကျောင်းက အကြီးအကဲ လျိုယွင်ထန်းကို ဝိညာဥ်သားရဲသုံးပြီး သတ်ခိုင်းလိုက်တယ်... ကျုပ်ရဲ့ကျောင်းသား ၁၂၄၅ယောက်ကိုလည်း ထောင်ချောက်ဆင်ပြီး သတ်ပစ်လိုက်တယ်!! အဲ့တော့ ဒီရန်ငြိုးအတွက် ဘယ်လို ပြန်ပေးသင့်တယ်လို့ ထင်လဲ?"

ကျောင်းအုပ်ကြီးဟောင်သည် ရှည်လျားစွာ တထစ်ချ အော်ဟစ်လိုက်ပြီး သူ့လေသံထဲတွင် အမုန်းတရားများ တောက်လောင်နေတာကိုပါ ထုတ်ဖော်​ပြလိုက်သည်။

ဂုဏ်သိက္ခာရှိသော ကျောင်းမှ အကြီးအကဲသည် ဝိညာဥ်သားရဲ တစ်ကောင်၏ သတ်ဖြတ်ခြင်းကို အမှန်တကယ် ခံခဲ့ရပါသည်။ သတင်းက ပြန့်သွားပြီမို့ ရှက်စရာဖြစ်သွားပြီ အသံကိုတောင် မထိန်းနိုင်တော့ပေ။

"ဒါက ကျောင်းအုပ်ကြီးချူ ဆိုတာများလား!"

ချူဝမ့်ရှန်း စကားမပြောမီတွင် ကျောင်းအုပ်ကြီး ဟောင်ယန်ဘေးမှ အဘိုးအို တစ်ဦးလည်း ရှေ့သို့ ခြေတစ်လှမ်း တိုးလာကာ သူ၏စကားလုံးများသည် အေးစက်ပြီး ရက်စက် ကြမ်းကြုတ်နေ၏။

"ကျုပ်က ကျိုတန်းတော်ဝင် အင်ပါယာ ရှောင်းမိသားစုက အကြီးအကဲကြီး ရှောင်းယွမ်ထျန်း... မင်းတို့ကျောင်းက လုရွှမ်က ကျုပ်တို့အိမ်တော်သခင် ရှောင်းချင်ထျန်းကို သတ်သွားတယ်.. ဒါက လုံးဝ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပဲ. .. အဲ့တော့ လူသတ်သမားကို တတ်နိုင်သမျှ အမြန်ဆုံး လွှဲပြောင်းပေးဖို့ အကြံပေးချင်တယ်.... မဟုတ်ရင်တော့ ကျုပ်တို့ ​ရှောင်းမိသားစုက ခင်ဗျားတို့ကျောင်းကို တိုက်ခိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး!"

"ရှောင်းချင်ထျန်း? ခင်ဗျား ပြောတဲ့လူက တော်ဝင်အင်ပါယာရဲ့ အင်အားကြီးစာရင်းမှာ အဆင့်၁၇ နေရာကို ရောက်ထားတဲ့ ရှောင်းချင်ထျန်း??"

ဒါကိုကြားတော့ ဘုရင်ကြီး ချန်ရှုံ ရုတ်တရက် ထရပ်လိုက်ပြီး သူ့မျက်နှာမှာ မယုံနိုင်လောက်အောင် အံ့သြနေတော့သည်။

အင်ပါယာ၏ ခိုင်​မာ​သော​ ထိပ်သီးစာရင်း​တွင်​ သခင်​များစွာ​သာ​ ရှိ​သည်။ အဆင့် သတ်မှတ်ထားတာတွေဟာ နှစ်​အ​တော်​ကြာ​ မ​ပြောင်း​လဲ​ဘဲ ရှောင်းချင်ထျန်းရဲ့ ဂုဏ်​သတင်း​ကလည်း အလွန်​ကျော်ကြား​သော​ကြောင့် အခန်း​ထဲရှိ အကြီးအကဲ အားလုံး​နီးပါး​ သိ​​ကြသည်။

လုရွှမ်ရဲ့ လက်ထဲမှာ ဒီလောက် သန်မာတဲ့ လူတစ်ယောက်ပါ သေထားမယ်လို့ မမျှော်လင့်ထားမိပေ။

"သူတို့ ပြောနေတာတွေက တကယ်ပဲလား?"

ရှောင်းမိသားစု၏ အကြီးအကဲကြီး ဖြစ်သူ ရှောင်းယွမ်ထျန်းထံမှ ဝန်ခံချက်ကို ကြားလိုက်ရာ လူတိုင်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့ကြားသိခဲ့ရသည့် သတင်းကို ချက်ချင်း မှတ်မိလိုက်ရသည်။

လုရွှမ်က သူ့ရဲ့ သဘာဝလွန် စွမ်းအားကို ပြသခဲ့ပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ အဆင့်၈ရှိ ကျင့်ကြံသူများစွာ အပါအဝင် ပညာရှင်ပေါင်း ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်တဲ့။

အရင်က ကောလဟာလလို့ ထင်ခဲ့ပေမယ့် အမှန်တကယ် ဖြစ်နေမယ်လို့ မထင်ထားချေ။

"လုရွှမ်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄ပဲ ရှိသေးတယ်လေ... ဘယ်လိုလုပ် အကြီးအကဲ ရှောင်းချင်ထျန်းကို သတ်နိုင်မှာလဲ?"

သည်းမခံ နိုင်တော့တဲ့အဆုံး အကြီးအကဲ တစ်ယောက်က ထမေးလိုက်လေသည်။

"ဟမ့်!! အဲ့ဒီကောင်က ချိုင့်ဝှမ်းထဲမှာ ထောင်ချောက်ကြီးကို တွေ့ခဲ့ပြီး ကျုပ်တို့ရဲ့ မိသားစုခေါင်းဆောင် ကြိုတင်ပြင်ဆင် မထားတဲ့အချိန်မှာ သတ်လိုက်တာ!"

သူ့ရဲ့မျက်လုံးထဲမှာ အမုန်းတရားတွေ ပြင်းပြင်းနဲ့ ရှောင်းယွမ်ထျန်းက ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။

"သူ့ကို လက်စားချေရမယ်! မဟုတ်ရင် ကျုပ်တို့ ရှောင်းမိသားစု ကျိုတန်း တော်ဝငိအင်ပါယာမှာ ခြေကုပ်ယူဖို့ မျက်နှာ မရှိတော့ဘူး... ကျေးဇူးပြုပြီး ကျောင်းအုပ်ကြီးချူက မငြင်းလိုက်ပါနဲ့!"

သူတို့အမြင်အရတော့ လုရွှမ်ဟာ ရှန့်ခုန်းချိုင့်ဝှမ်းရဲ့ တည်နေရာကို မှီခိုအားထားတာကြောင့် လူပေါင်းများစွာကို သတ်နိုင်ခဲ့ပြီး အခုသူဟာ ရှန့်ခုန်းချိုင့်ဝှမ်းရ ထွက်သွား​ပြီ ဆိုတော့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူက ဒုတိယအဆင့်မှာသာ ရှိနေသေးသည်။

သူတို့သိထားတဲ့ သတင်းက လုရွှမ်သည် ယခုထိ မထိုးဖောက်သွားသေးဘဲ သူ့ဘေးက ဝိညာဥ်သားရဲကိုသာ အားကိုးနေခြင်း ဖြစ်လေသည်။

ယခုတစ်ကြိမ်တွင် အဓိကအင်အားစု နှစ်ခုသည် သေမျိုအသွင်ပြောင်းရေး နယ်ပယ် ပြီးပြည့်စုံသော ကာလက ကျင့်ကြံသူ ရှစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။ ပေရွှီး တော်ဝင်အင်ပါယာ၏ ယင်းယန်ကျောင်းက ဆန္ဒမရှိပါက ၎င်းတို့သည် ဖောက်ထွင်းဝင်ရောက်ကာ လုရွှမ်ကို ရှာဖွေ၍ သတ်ပစ်နိုင်မည် ဖြစ်သည်။

တစ်နည်းဆိုရသော် ၎င်းတို့သည် ပေရွှီး တော်ဝင်အင်ပါယာ၏ ယင်းယန်ကျောင်းကို ​ဖြိုခွဲပစ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

အင်ပါယာ၏ ခိုင်​ခံ့​သော​ ထိပ်သီးစာရင်း​က လူ​တစ်​ဦး​ကို​ပင်​ သတ်​နိုင်​သော​ လူ​ငယ်​တစ်​ဦး​ ရှိထားခြင်းသည် တော်ဝင်အင်ပါယာက ကျောင်းတစ်ကျောင်း အတွက် တောက်ပ​သော​ အ​နာ​ဂါတ်​ ရှိ​လာလိမ့်မည်။

"ဒါဆို ခင်ဗျားတို့က လုရွှမ်ကို သတ်ချင်နေတာပေါ့... ကောင်းတယ် ကျုပ်တို့လည်း သူ့ကို ဘယ်လိုသတ်ရမလဲ ဆိုတာ ဆွေးနွေးနေကြတာ!"

တစ်ဖက်မှ ကျန်းရှောက်ထျန်းမှ ဝင်ပြောလိုက်သည်။

အစီအစဥ်ကို အပြီးသတ်ပြီးတာနဲ့ သူ့ကိုသတ်ချင်တဲ့ နောက်ထပ် လူတစ်စုက အပြေးအလွှား ရောက်လာလေရာ သူတကယ်ကို ပျော်သွားပြီး အနားယူဖို့ ခေါင်းအုံးတွေကိုပါ ပေးလိုက်ချင်တော့သည်။

"မင်းက ဘယ်သူလဲ?... ကျောင်းအုပ်ကြီး ကိုယ်စား ပြောပိုင်ခွင့် ရှိလို့လား?"

ချူဝမ့်ရှန်းက ပြန်မဖြေဘဲ လူငယ်က ဝင်နှောင့်ယှက်ပြီး ပြောလိုက်တာကို မြင်တဲ့အခါ ဟောင်ယန်ရဲ့ မျက်နှာက မည်းမှောင်သွားလေ၏။

"ဒါက ကျုပ်တို့ကျောင်းရဲ့ ထူးချွန်ထက်မြက်တဲ့ ကျောင်းသား ကျန်းရှောက်ထျန်းပါ.... အခု သူကအခု ကျောင်းရဲ့ အကြီးအကဲ ဖြစ်နေပြီ!"

ချူဝမ့်ရှန်းက လျင်မြန်စွာ မိတ်ဆက်​ပေးလိုက်ပြီး

"သူပြောတာ မှန်ပါတယ်.... အဲဒီ​ကောင်​​လေးကို ဘယ်လို ဖယ်ရှားရမလဲ ဆိုတာ ကျုပ်တို့ ဆွေးနွေးနေတာ အမှန်ပဲ.... ခင်ဗျားတို့မှာလည်း ဒီလိူ အကြံဥာဏ်တွေ ရှိတယ် ဆိုရင်တော့ ကျုပ်တို့ လက်တွဲလို့ရတယ်"

"မင်းတို့ကလည်း လုရွှမ်ကို သတ်ချင်နေတာလား?"

ကျောင်းအုပ်ကြီး ဟောင်ယန်နှင့် ရှောင်းယွမ်ထျန်းတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အံ့သြသွားကြသည်။ ဒီလိုမျိုး ပါရမီကောင်းတဲ့ လူကိုတောင် ပေရွှီးဌာနခွဲက မကာကွယ် ပေးချင်ဘူးတဲ့လား။

ဒါ့အပြင် တခြားသူနဲ့ပါ ပူးပေါင်းဦးမယ်ပေါ့??

"ဟုတ်တယ်!! ဒီကောင်သာ မသေရင် ကျုပ်တို့ ယင်းယန်ကျောင်းတော်က ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး!"

ချူဝမ့်ရှန်း အကျယ်ကြီး အော်ဟစ်လိုက်ပြီး လုရွှမ်က ယင်းယန်အမိန့်ကို နိုင်ထက်စီးနင်း ဆွဲလုပြီး ယင်းယန်ရေကန်ထဲကို ပြေးဝင်သွားတဲ့အကြောင်း ပြောပြလိုက်သည်။

သူနှင့် ဘုရင်မင်းမြတ် ချန်ရှုံတို့ကို ဒဏ်ရာရစေခဲ့သော တောင်ဖောက်နဂါးကြီး အကြောင်းကိုပင် ပြောပြခဲ့​လိုက်သေးသည်။

All Chapters