ဟန်ရောင်ရဲ့ဆရာ
Vol. 31 Ch. 3.209
"လတ်စသတ်တော့ အဲ့လိုကိုး!"
နှစ်ဘက်စလုံးက ဒီလို ကြီးမားတဲ့ ပဋိပက္ခတွေ ရှိခဲ့တာကို ကြားရတော့ ကျောင်းအုပ်ကြီး ဟောင်ယန်နှင် ရှောင်းယွမ်ထျန်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် လုရွှမ်ကို သတ်ပစ်ချင်တဲ့ တစ်ဖက်လူရဲ့ သဘောထားကို ယုံလိုက်ကြသည်။
လူမြင်ကွင်းမှာ မျက်နှာကို အရိုက်ခံရတဲ့ အတွက် ကျောင်းအုပ်ကြီးနဲ့ ဘုရင်မင်းမြတ်လို လူတို့ ခံနိုင်ရည်မရှိတာ အံ့သြစရာတော့ မဟုတ်ချေ။
"ငါတို့ အစီအစဥ်ကို သဘောတူပြီးပြီ.... မနက်ဖြန် အဲဒီကောင်လေးကို ခေါ်ထုတ်ပြီး သူ့ကိုသတ်ဖို့ အခွင့်အရေး ယူရမယ်!"
ယခု သူတို့တို့သည် တူညီသော အမုန်းရန်ငြိုးများကို မျှဝေခံစား နေကြသဖြင့် ကျန်အရာများမှာ အလွယ်တကူ ပြောဆိုရန် အဆင်ပြေသွား၏။ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက သူတို့ ဆွေးနွေးခဲ့သည့် အစီအစဉ်ကို ရှင်းပြခဲ့သည်။
"ကောင်းပြီ ခင်ဗျားတို့ရဲ့ နည်းလမ်းအတိုင်း လုပ်လိုက်ကြရအောင်... မနက်ဖြန် ကျုပ်တို့အတူတိုက်မယ်... အဲဲဒီနတ်ဆိုးကောင်ကို သေချာပေါက် သတ်ပစ်ရမယ်!"
တိကျသော နည်းလမ်းကို ဆွေးနွေးပြီးနောက် ကျောင်းအုပ် ဟောင်ယန်နှင့် ရှောင်းယွမ်ထျန်းတို့က တစ်ချိန်တည်းတွင် ခေါင်းညိတ်လိုက်သည်။
ဤလူအုပ်စု၏ ခွန်အားသည် အားကောင်းသော်လည်း ရှောင်းချင်ထျန်းနှင့် ယှဉ်နိုင်သော လုရွှမ်၏ ဝိညာဥ်သားရဲကို အနည်းငယ် ကြောက်နေကြဆဲပင်။
ဘာပဲဖြစ်ဖြစ် ပေရွှီး တော်ဝင်အင်ပါယာ ဘက်မှာက ပိုမိုကောင်းမွန်သော ဗျူဟာ တစ်ခုရှိသောကြောင့် ပူးပေါင်း ဆောင်ရွက်လို စိတ်ရှိကြသည်မှာ သေချာပါသည်။
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ပန်းတိုင်က လုရွှမ်ကို သေစေဖို့ဖြစ်ပြီး အဆုံးမှာ ဘယ်သူသေမယ် ဆိုတာ အရေးမကြီးပါဘူး။
တစ်ဖက်က လုရွှမ်ကတော့ ချူဝမ့်ရှန်းနှင့် အခြားသူများ သူ့ကိုသတ်ရန် ကြံစည်နေမှန်း မသိခဲ့ပေ။ ယခုအချိန်တွင် သူလေ့ကျင့်မှုပြီးသွားကာ အခန်းထဲက ထွက်လာခဲ့သည်။
ရက်အနည်းငယ်ကြာအောင် လေ့ကျင့်ပြီးနောက် သူ၏ ကျင့်ကြံမှုသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၄ ကျိုချင်းနယ်ပယ်၏ ပြီးပြည့်စုံသော ကာလက်ို ရောက်ရှိသွားတဲ့အထိ စွမ်းအင်များကို အပြည့်အဝ ပေါင်းစပ်ထားပြီးပြီ ဖြစ့သည်။
ခွန်အား မတိုးလာ သေးသော်လည်း ရောင်စုံစဉ့်ခဲဖြင့် ပြုလုပ်ထားသည့်အတိုင်း ကြည်လင်ပြတ်သားသော အသားအရည်ရှိသည့် ခန္ဓာကိုယ်ကို အဝေးမှ ကြည့်လျှင်ပင် ပြီးပြည့်စုံနေ၏။
ထူထဲသော ဝိညာဥ်ချီသည် တဟုန်ထိုး စီးဆင်းနေသော မြစ်ရေကဲ့သို့ သူ့ခန္ဓာကိုယ်ထဲတွင် ပို၍ပင် ဟောက်နေကာ သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို အဆက်မပြတ် ဆေးကြောရင်း တစ်ချိန်လုံး ဖြည်းညင်းစွာ တိုးတက်လာခဲ့သည်။
လွန်ခဲ့တဲ့ သုံးရက်ခန့်က ထိုးဖောက်ခဲ့ပြီး သူ၏ ရောင်ဝါသည် ၎င်း၏အဖုံးမှ လွတ်ထွက်လာသော ဓားရှည်တစ်ချောင်း ကဲ့သို့ပင်။ ယခုအခါ ဓားအစွန်းက မည်မျှ ထက်မြက်သည်ကို မည်သူမျှ မသိနိုင်ပေ။
"သခင်လေး!"
အခန်းထဲက ထွက်လာတာနဲ့ မုယန်ဖုန်းက သူ့ကို နှုတ်ဆက်လာသည်။
"ငါကျင့်ကြံနေချိန်မှာ ဘာဖြစ်သွားသေးလဲ?"
လုရွှမ်က တချက် ကြည့်လိုက်သည်။
"သခင်လေးကို သတင်းပို့ပါတယ်... ဟန်ရောင် ပြန်ရောက်လာပါပြီ!"
မုယန်ဖုန်းသည် သူ့မျက်နှာတွင် အနည်းငယ် ရွှင်မြူးသော အမူအရာဖြင့် ပြောလိုက်သည်။
"သူပြန်လာပြီလား.... ငါ့ကို လာတွေ့ခိုင်းလိုက်"
လုရွှမ်ရဲ့ မျက်လုံးများလည်း တောက်ပလာ၏။
ဟန်ရောင်သည် ဟန်ရွှယ်၏ အဘိုးဖြစ်ပြီး ဝူယန်အင်ပါယာတွင် ရှိစဥ်ကတည်းက သူ့ရဲ့လက်အောက် ငယ်သားလည်း ဖြစ်ခဲ့သည်။ သူသည် ယခင်ဘဝက သူငယ်ချင်း ကျိဝူရှင်းမှ တည်ထောင်ခဲ့သော တစ္ဆေအစောင့် အဖွဲ့ဝင်လည်း ဖြစ်သည်။
သူနှင့်အတူ ပေရွှီး တော်ဝင်အင်ပါယာသို့ လိုက်ပါလာကာ ၎င်း၏ ဆရာကို ရှာဖွေရန် ထွက်ခွာသွားသည်မှာ သုံးလကျော် ရှိပြီဖြစ်ပြီး တစ်စုံတစ်ခု မှားယွင်းနေမည်ကို စိုးရိမ်နေသော်လည်း ယခုအချိန်တွင် ပြန်ရောက်လာမည်ဟု မမျှော်လင့်ထားပေ။
"ဟုတ်ကဲ့!" မုယန်ဖုန်းက ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ သူ့ဘေးမှာ အရမ်းသန်မာတဲ့ အဘိုးကြီးတစ်ယောက် ရှိနေသေးတယ်.... ကျုပ် တစ်ချက် ကြည့်လိုက်တာနဲ့ ခြေထောက်တွေပါ အားနည်းသွားသလို ခံစားရတယ်!"
"နောက်ထပ် အဘိုးကြီး တစ်ယောက်?? ဧကန္တ သူ့ဆရာများလား?"
လုရွှမ် မျက်မှောင်ကြုတ်ကာ
"ဒါဆို ဧည့်ခန်းထဲကို လာခိုင်းလိုက်!"
"ဟုတ်!"
လုရွှမ်လည်း ဧည့်ခန်းဆီသို့ လျှောက်သွားကာ ပင်မထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ သူထိုင်လိုက်သည်နှင့် အရိပ်နှစ်ခု ဝင်လာပြီး ပထမတစ်ယောက်မှာ ဟန်ရောင်ပဲ ဖြစ်သည်။
ယခုအချိန်တွင် ဟန်ရောင်၏ မျက်နှာသည် အနီရောင် အလင်းတန်းများ ပြည့်နေပြီး သူ၏အငွေ့အသက်သည် လှိုင်းလုံးများကဲ့သို့ လွင့်လူးနေ၏။ သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၃ ယင်းယန်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူထွက်သွားစဥ်က အဓိပတိနယ်ပယ်သာ ရှိသေးသော်လည်း ယခုတော့ ယင်းယန်နယ်ပယ်ကိုပင် ရောက်ရှိနေပြီ။
ဟန်ရောင်ရဲ့ နောက်ကွယ်ကနေ အဘိုးအို တစ်ယောက်လည်း လိုက်လာ၏။ သူ့ခန္ဓာကိုယ်မှာ စွမ်းအင် အတက်အကျ မရှိဘဲ သူက အလွန်သာမန်ပုံရပြီး စွမ်းအင် အတိမ်အနက်ကိုပင် မခန့်မှန်းနိုင်ချေ။
"ဒီငယ်သား ဟန်ရောင်က သခင်လေးကို ဂါဝရပြုပါတယ်!"
ဟန်ရောင်သည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် မြေပြင်ပေါ်သို့ ဒူးထောက်လျက် ဦးညွတ်လိုက်သည်။
"အင်း... ထပါ.... ဒါက"
လုရွှမ် အဖိုးအိုကို ကြည့်လိုက်သည်။
"ဒါက သခင်လေးကို ပြောဖူးတဲ့ ကျွန်တော့်ရဲ့ ဆရာပါ.... ဆရာ ဒါက သခင်လေးပါပဲ!"
အဘိုးအိုက ပြန်မဖြေသေးဘဲ လုရွှမ်ကို စိုက်ကြည့်ကာ စာသားတချို့ကို ရွတ်ဆိုလိုက်၏။
"ကျစ်ကျစ်တောက် ပူနေတဲ့ နေဟာ!"
ဒါကိုကြားတော့ လုရွှမ်လည်း သက်ပြင်းချပြီး
"ကောင်းကင်ကိုပင် လောင်ကျွမ်းစေ၏!"
တစ္ဆေအဖွဲ့ရှိ လူတိုင်းတွင် ၎င်းတို့၏ အထောက်အထားကို အတည်ပြုရန် မတူညီသော ပြောဆိုသည့် ဘာသာစကားများ ရှိကြသည်။ ဤအရာများကို သူနှင့် ကျိဝူရှင်းတို့က တီထွင်ထားခြင်း ဖြစ်၏။
ဟန်ရောင်ရဲ့ အနေအထားကို အတည် မပြုခင်က ပြောခဲ့သော စကားဝှက်များ ကဲ့သို့ပင်။
'ကျစ်ကျစ်တောက် ပူနေတဲ့ နေဟာ ကောင်းကင်ကိုပင် လောင်ကျွမ်းစေ၏' ဟူသော စကားလုံးဟာ ဧကရာဇ်ကျိုရန်ကို ကိုယ်စားပြုခြင်း ဖြစ်သည်။
ထိုအချိန်က ဧကရာဇ်ကျိုးရန်သည် သူ၏ အကောင်းဆုံး သူငယ်ချင်း ဖြစ်ခဲ့သော်လည်း ယခုမှာတော့။
"လက်အောက် ငယ်သား မော့ကောင်းရွှမ်းက သခင်လေးကို ဂါဝရပြုပါတယ်"
အဘိုးကြီး မော့ကောင်းရွှမ်းသည် သူ့စိတ်ထဲက သံသယများ မရှိတော့ဘဲ ချက်ချင်း ဒူးထောက်လိုက်သည်။
တစ္ဆေကိုယ်ရံတော် နှင့် တစ္ဆေအက္ခရာ တို့သည် တစ်ခုနှင့်တစ်ခု သက်ဆိုင်ပြီး ၎င်းကို စကားဝှက်ဖြင့်သာ အသွင်အပြင်ကို သိနိုင်သည်။ သူ့ရှေ့မှ လူငယ်သည် လျင်မြန်စွာ ပြောနိုင်၏။ ဆိုလိုသည်မှာ အဖွဲ့ထဲတွင် လူကြီး သို့မဟုတ် ဟန်ရောင်ပါးစပ်က ပြောတဲ့ သခင်လေးသာ ဖြစ်ရမည်။
"ထပါ...!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းပြီး မျှော်လင့်တကြီး ကြည့်ကာ
"ဟန်ရောင်ရဲ့ တစ္ဆေဆွဲသီးကို မင်းက ပေးတယ်လို့ ကြားတယ်.... ဆိုတော့ မင်းတစ္ဆေအဖွဲ့ကို သေသေချာချာ သိမှာပေါ့... အခု ခေါင်းဆောင်က ဘယ်လိုဖြစ်နေပြီလဲ သိလား?"
တစ္ဆေအဖွဲ့၏ ခေါင်းဆောင်မှာ သဘာဝကျကျ ကျိဝူရှင်း ဖြစ်သည်။ သူ့ကို ဧကရာဇ်ကျိုးရန်က သတ်ခဲ့ပြီး သူပြန်မွေးဖွားလာခဲ့တာ နှစ်သုံးရာ ကြာသွားပြီမလို့ ဒီသူငယ်ချင်းကောင်း ဘာဖြစ်သွားမှန်း မသိရသေးပေ။
"သခင်လေးကို တင်ပြပါတယ်.... ကျုပ် တစ္ဆေဆွဲပြားကို လူကြီးမင်း ဖုန်းယင်ဝေ့ဆီက လက်ခံရရှိခဲ့တာပါ... ဒါပေမဲ့ လူကြီးမင်းက ကျုပ်ကို အဆက်အသွယ် မလုပ်ခဲ့တာ နှစ်ပေါင်းသုံးရာ ရှိပြီ... အဖွဲ့ရဲ့ တိကျတဲ့ အခြေအနေကို ကျုပ်လည်း မသိပါဘူး"
မော့ကောင်းရွှမ်းက ပြောလိုက်သည်။
"ဖုန်းယင်ဝေ့ မုချန်? လတ်စသတ်တော့ မင်းက သူ့လက်အောက်ခံကိုး!"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
တစ္ဆေအဖွဲ့ကို တည်ထောင်ပြီးနောက် ကျိဝူရှင်းသည် ဖုန်းယင်ဝေ့ မုချန် အပါအဝင် အဖွဲ့ဝင် ၃၀၀၀ ၏ အဓိကအဖွဲ့ဝင်များ စာရင်းကို တစ်ကြိမ် ပြသခဲ့ဖူးသည်။
အရိပ်ကဲ့သို့ လေကဲ့သို့ လှုပ်ရှားနိုင်သော တစ္ဆေစောင့် သုံးထောင်ကြားတွင်ပင် အရှိန်အဟုန်သည် အလွန် လျင်မြန်သည်ဟု ယူဆနိုင်သည်။
"လူကြီးမင်း မုချန်ပါပဲ"
ဖုန်းယင်ဝေ့ မုချန်ဆိုတဲ့ နာမည်ကို လူငယ်လေး နှုတ်ဖျားမှ ပေါ့ပေါ့ပါးပါး ပြောလိုက်တာကို ကြားတဲ့အခါ မော့ကောင်းရွှမ်း သံသယမရှိ အဆုံးအထိ အလျင်စလို ဦးညွှတ်လိုက်ပါတော့သည်။ ဒါက တစ္ဆေအဖွဲ့ရဲ့ တကယ့် အစစ်အမှန် လူမဟုတ်ရင် သူတို့အကြောင်းကို အသေးစိတ် ဘယ်လိုလုပ် သိနိုင်မှာလဲ။
တစ္ဆေအဖွဲ့ ဆိုသည်မှာ အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားသည်ကို သိထားရမည်။ အမိန့်လက်ခံရုံမှလွဲ၍ အခြားမည်သည့် အရာကိုမျှ မလုပ်ရချေ။ ၎င်းတို့သည် အတွင်းလူများ မဟုတ်ပါက သူတို့၏ စကားဝှက်များကို သိနေဖို့ အနေသာ ဤအဖွဲ့ကိုပင် မသိမှာ ကြောက်ရသည်။
"အဲဒီကောင်လေးက ငယ်ငယ်လေး ကတည်းက ဒဏ်ရာရပြီး ခြေထောက် မကောင်းပေမယ့် နောက်ဆုံးမှာ အရိပ်လို လေတိုက်သလို လေ့ကျင့်နိုင်ခဲ့တယ်.... သူက သတ္တိရှိပြီး လေးစားစရာ ကောင်းတယ်!"
လုရွှမ် စိတ်ခံစားချက် အပြည့်နဲ့ သက်ပြင်းချလိုက်၏။ ကျိဝူရှင်း ပြလာတဲ့ စာရင်းကို ကြည့်ပြီးနောက် ဖုန်းယင်ဝေ့ရဲ့ ဘဝအကြောင်းကို သိလာခဲ့သည်။
ထိုဖုန်းယင်ဝေ့ မုချန်ဟာ မိဘမဲ့တစ်ယောက် ဖြစ်ပြီး သူ တောင်းရမ်း စားသောက်တဲ့ အခါမှာ သူ့ရဲ့ ညာဖက်ခြေထောက် ရုတ်တရက် ကျိုးသွားခဲ့ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ငတ်သေလိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် မိဘမဲ့ကလေးကို မွေးစားခဲ့တဲ့ ကျိဝူရှင်းနဲ့ တွေ့ဆုံခဲ့လေသည်။
ဒီအခွင့်အရေးနဲ့ သူစတင် လေ့ကျင့်လာခဲ့သည်။ အစပိုင်းမှာတော့ သူ့ရဲ့ညာဘက် ခြေထောက်ကျိုးသွားတဲ့ အတွက် သူ့ရဲ့အရှိန်ဟာ တခြားသူတွေထက် အမြဲနိမ့်ကျနေခဲ့၏။
လှောင်ပြောင်တာတွေ မခံရဖို့အတွက် ရပ်တန့်မနေဘဲ နေ့ရောညပါ အပြင်းအထန် လေ့ကျင့်ခဲ့လို့ စောင်းနေတဲ့ ခြေထောက်နဲ့ သူဟာ လူတစ်စုမှာ အလျင်မြန်ဆုံးနဲ့ အကောင်းဆုံးတွေကို လုပ်ဆောင်လာနိုင်ခဲ့သည်။
ထို့အတွက်ကြောင့် ဖုန်းယင်ဝေ့ (လေအရိပ်) ဟူသော အမည်ပြောင်ကို ရခဲ့သည်။
နောက်ဆုံးတော့ ကျိဝူရှင်းဟာ သူ့ကို ပထမဆုံး တစ္ဆေစောင့် သုံးထောင်ထဲက တစ်ယောက်အဖြစ် လက်ခံလိုက်ပေ၏။
ဤအရာများ ဖြစ်ပျက်ခဲ့သည်မှာ အချိန်အတော် ကြာခဲ့ပြီ ဖြစ်သော်လည်း လုရွှမ်သည် ထိုအချိန်က အကြောင်းများကို တစ်ချက်သာ ကြည့်ခဲ့သော်လည်း အရာအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။