← Chapters

စိန်ခေါ်စာ

Vol. 31 Ch. 3.210

စိန်ခေါ်စာ

Vol. 31 Ch. 3.210

"ဟုတ်ကဲ့!"

မော့ကောင်းရွှမ်းမှာ ဖြေပင် မဖြေဝံ့တော့ချေ။

သူ တစ္ဆေအဖွဲ့မှာ ပါဝင်ခဲ့တုန်းက ဖုန်းယင်ဝေ့နဲ့ တစ်ကြိမ်တွေ့ခဲ့ပြီး သူ့ ခြေထောက်တွေက တကယ့်ကို ဆိုးရွားနေခဲ့လေသည်။

"မင်း တစ်ကိုယ်လုံးမှာရှိတဲ့ အမှတ်တွေ ပိတ်​နေတာကို ငါ မြင်ရတယ်... မင်းရဲ့အသက်ရှုသံက အတက်အကျ မညီဘူး.... ဆိုတော့ မင်းရဲ့ခွန်အားက ချန်ဖုန်းနယ်ပယ်ကို ရောက်နေပြီ မဟုတ်လား!"

တစ်ဖက်လူ၏ တားမြစ်ချက်ကို ဖောက်မြင်လိုက်သဖြင့် ယခင်ကိစ္စရပ်နှင့် ပတ်သက်၍ အပို စကားများကို ရပ်လိုက်ကာ တစ်ဖက်လူကို ကြည့်လျက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

ချန်ဖုန်းနယ်ပယ်မှာ အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ သန္ဓေသားနှလုံးနယ်ပယ် ဟုလည်း ခေါ်။။ သန္ဓေသားနှလုံးကို ခန္ဓာကိုယ်အတွင်း ဖွဲ့စည်းထားပြီး စွမ်းအားကို ပိုးအိမ်ကဲ့သို့ တံဆိပ်ခတ်ထားသည်။

ဤအခြေအနေသည် အမှတ်များ၊ အတွင်းဝင်သက်ထွက်သက်၊ သွေးကြောစသည့် အရာများကို တံဆိပ်ခတ်ပေးမည် ဖြစ်သည်။ ပိုးအိမ်ထဲက ခွဲထွက်ပြီး လိပ်ပြာဖြစ်လာဖို့ လုံလောက်တဲ့ စွမ်းအားတွေ စုပုံလာဖို့ စောင့်နေရ၏။

ဤမော့ကောင်းရွှမ်းသည် သူ၏ကျင့်ကြံမှုကို ကောင်းစွာ ဖုံးကွယ်ထားသော်လည်း လုရွှမ်၏ မျက်လုံးများတွင် အချိန်မရွေး ပေါက်ထွက်မည့် ချိုမြုံနေသော နဂါးကဲ့သို့ပင်။ အချိန်ကုန်ခံ၍ ကြည့်နေရန် မလိုဘဲ ထိုလူက ဤအဆင့်သို့ ရောက်နေပြီကို သိပြီးပြီး။

၎င်းမှာ သူတော်စင်တစ်ဝက် အဆင့်ကိုတော့ အလှမ်းဝေး နေသေးသည်။ သူသာ သူတော်စင် နယ်ပယ်တစ်ဝက်ကို ခြေချလိုက်သည်နှင့် လုရွှမ်အနေနဲ့ ဖောက်မြင်နိုင်မည် မဟုတ်တော့ချေ။

"သခင်လေး.... ဒီလက်အောက်ငယ်သားက ချန်ဖုန်းနယ်ပယ်ကို တကယ်ပဲ ရောက်နေပြီဆိုတာ မှန်ပါတယ်!"

မော့ကောင်းရွှမ်းရဲ့ နှလုံးသားမှာလည်း တုန်လှုပ်သွားခဲ့သည်။

သူရောက်လာသော အခါတွင် သခင်​လေးသည် ဉာဏ်ထက်ပြီး ပါးနပ်တယ်လို့ ဟန်ရောင်ဆီက ကြားဖူးသော်ငြား ပထမတော့ မယုံခဲ့ချေ။ အခုအချိန်မှာတော့ လူငယ်သည် သူ့ကို တစ်ချက်သာကြည့်ပြီး သူ့ကျင့်ကြံမှုကို ဖော်ထုတ်နိုင်ခဲ့သည်။

ချန်ဖုန်းနယ်ပယ်သည် ကျင့်ကြံမှုကို ပိုးအိမ်ထဲမှာ ထည့်သိမ်းထားသလို ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်သည်။ ဒီတော်ဝင် အင်ပါယာမှာ သူ့လိုအဆင့်မျိုး ဘယ်သူမှ မရှိမှာတောင် ကြောက်ရသည်။

ဒါကိုတောင် ဒီသခင်လေးက မပြောင်းလဲတဲ့ မျက်နှာထားနဲ့ ခန့်မှန်းချပစ်လိုက်တာက တကယ်ကို အံ့သြ ထိတ်လန့်စရာ ကောင်းပေ၏။

"ဘယ်ဘက်နံရိုးမှာ ဒဏ်ရာရသွားတာလား"

တစ်ဖက်လူကို အကဲခတ်ကြည့်ရင်း လုရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

"သခင်လေး ဘယ်လိုများ သိတာလဲ??"

မော့ကောင်းရွှမ်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူ့ဘယ်ဘက်နံရိုးမှာ ဒဏ်ရာ အမှန်တကယ် ရရှိခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ထိုဒဏ်ရာကြောင့် သူသေဆုံးလုနီးပါး ဖြစ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ ဟန်ရောင်က သူ့ကို ကယ်တင်နိုင်ခဲ့တဲ့ အတွက် သူတို့နှစ်ဦးဟာ ဆရာနဲ့ တပည့်ဖြစ်လာခဲ့ပြီး တစ္ဆေအဖွဲ့ ဆွဲသီးကိုပေး၍ သင်ကြားပေးခဲ့လေသည်။

ထိုအချိန်တွင် ဘယ်ဘက်နံရိုးသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း ဒဏ်ရာမှာ ပြင်းထန်လွန်းပြီး သွေးများ ဖုံးလွှမ်းသွားခဲ့သည်။ ဟန်ရောင်ပင် ဒဏ်ရာရသည့် နေရာကို အတိအကျ မသိခဲ့ပေ။

သူ့ရှေ့မှ လူငယ်သည် မည်သို့ သိနိုင်ခဲ့သနည်း။

"မင်းရဲ့ ဘယ်ဘက်ခြမ်းက အပ်စိုက်အမှတ် တစ်​နေရာကို ဒဏ်ရာ ရသွားခဲ့တာ.... ဒဏ်ရာက နဂိုအတိုင်းပဲ ရှိပေမယ့် မင်းရဲ့ လက်ရှိအဆင့်ကနေ ဖြတ်ကျော် မသွားနိုင်အောင် ဖုံးကွယ်ထားတဲ့ ရောဂါတစ်ခုလို ဖြစ်နေပြီ.... ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် မင်း ချန်ဖုန်းနယ်ပယ်မှာ ပိတ်မိနေတာ အနည်းဆုံး အနှစ်နှစ်ဆယ်ရှိပြီ!"

လုရွှမ် ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည်။

"ဟုတ် ဟုတ်ပါတယ်!"

မော့ကောင်းရွှမ်းမှာ တစ်ကိုယ်လုံး တုန်လှုပ်သွားလေပြီ။

သူသည် လွန်ခဲ့တဲ့ အနှစ် ၂၀က ချန်ဖုန်းနယ်ပယ်ကို ရောက်ရှိခဲ့သည်။ ကံမကောင်းစွာဖြင့် ဤအဆင့်ကို ရောက်ပြီးနောက် တောင်ပေါ်သို့ ခုန်ချလိုက်ရသလိုပင် သူမည်မျှပင် ပင်ပင်ပန်းပန်း ကြိုးစားပါစေခဲ့ မဖြတ်ကျော်နိုင်ပေ။

အရည်အချင်း ကန့်သတ်ချက်များကြောင့် ဤနေရာတွင်သာ ရပ်တည်နိုင်မည်ဟု ထင်ခဲ့သော်လည်း ဒဏ်ရာ ဖြစ်ရခြင်း အကြောင်းအရင်းကြောင့်ဟု မမျှော်လင့်ခဲ့ချေ။

အရေးကြီးဆုံး အချက်မှာ သခင်​လေးက ဤပြဿနာကို တစ်ချက် ကြည့်ရုံနဲ့ မြင်လိုက်ရခြင်း ဖြစ်သည်။

တကယ်ကို အံ့သြစရာ ကောင်းလွန်းပေ၏။

"သခင်လေး... ဒါကို ဖြေရှင်းလို့ ရနိုင်လား?"

ခဏလောက် တုံ့ဆိုင်း သွားပြီးနောက် မော့ကောင်းရွှမ်း မထိန်းနိုင်စွာ မေးလိုက်သည်။

အနှစ်နှစ်ဆယ်ကျော် ကြာအောင် ချန်ဖုန်းနယ်ပယ်မှာ ပိတ်မိနေခဲ့ပြီး ဖြတ်ကျော်ချင်နေတာ ကြာပါပြီ။ တကယ်လို့ ဒီသခင်လေးကသာ ဖြေရှင်းပေးနိုင်မယ် ဆိုရင် မီးပင်လယ်ကို ဖြတ်ရမယ် ဆိုရင်တောင် ဘယ်တော့မှ မျက်မှောင်ကြုတ်နေမှာ မဟုတ်ဘူး။

"ဒါက အရမ်းရိုးရှင်းပါတယ်... သေမျိုးနယ်ပယ် အဆင့်၉ သွေးကြော​ဖြတ်ဆေး တစ်လုံးတည်းနဲ့ ဖြေရှင်းနိုင်တယ်... ဒါပေမဲ့ ငါ့ရဲ့ လက်ရှိခွန်အားက အဲဒါကို သန့်စင်ဖို့ မလုံလောက်သေးဘူး!"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

တစ်ဖက်လူ၏ အခြေအနေသည် ဖြေရှင်းရန်အလွန် ရိုးရှင်းပါ၏။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ သွေးကြောဖြတ် ဆေးလုံး ရှိတာနဲ့ကို အလွယ်တကူ ဖြေရှင်းနိုင်ပြီ။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆နှင့် အဆင့်၇ ဆေးလုံးများကို အများဆုံး သန့်စင်ပေးနိုင်ရုံမျှမက သူသည် အဆင့်၉ ဆေးပြားကို သန့်စင်ရန် လုံလောက်သော စွမ်းအင်ရှိသေးသည်။

"ဒီလက်အောက် ငယ်သားက သခင်​လေး နောက်ကို လိုက်ပြီး အမိန့်ကို တသွေမတိမ်း နာခံဖို့ ဆန္ဒရှိပါတယ်!"

တစ်ဖက်လူက ဒါကို ဖြေရှင်းနိုင်မှန်း သိတာနဲ့ မော့ကောင်းရွှမ်း စိတ်လှုပ်ရှားစွာ ဒူးထောက်ချလိုက်ပြန်၏။ ဒီအရာကို ကျော်ဖြတ်နိုင်ဖို့ သူ စောင့်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ နည်းနည်းလောက် ထပ်စောင့်ရလည်း ပြဿနာ မရှိချေ။

"အင်း!"

တစ်ဖက်လူရဲ့ အသွင်အပြင်ကို မြင်တဲ့အခါ လုရွှမ်သည် ဒီလူက သူ့ကို လုံးဝ ယုံကြည်ပြီး မုသားစကား ပြောမနေဘူး ဆိုတာကို သိလိုက်ရတဲ့အတွက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

တစ္ဆေအဖွဲ့က အစောင့်တပ်သား အားလုံးသည် အမိန့်နာခံပြီး သစ္စာမဖောက်ကြောင်း ကောင်းကင်ဘုံကိုပင် ကျိန်ဆိုခဲ့ကြ၏။ ဧကရာဇ်ကျိုရန်၏ သစ္စာဖောက်မှု တွေ့ကြုံခဲ့ရပြီးနောက် ကျမ်းသစ္စာ၌ အပြည့်အဝ ထိန်းချုပ်နိုင်သည့် မယုံနိုင်စရာ များစွာရှိကြောင်း သူသိလိုက်ရသည်။

တစ်ဖက်သားရဲ့ ပြဿနာတွေကို ထောက်ပြဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပေ။ တစ်ဖက်လူက တခြားအကြံဥာဏ်တွေ ရှိရင်တောင် ဒီဝှက်ဖဲကို ကိုင်ထားပြီး အကျိုးဆက်တွေကို ဆင်ခြင်ဖို့ လိုသေးသည်။

မုယန်ဖုန်း ကဲ့သို့ပင်။ အခုအချိန်မှာ မိမိ သူ့ကိုသတ်ပစ်မယ် ဆိုရင်တောင် မိမိအား ထားခဲ့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်သည် နောက်သို့ လိုက်ခြင်းဖြင့်သာ ပို၍ပို၍ ရှည်လျား​သော ခရီးကို သွားနိုင်သောကြောင့် ဖြစ်သည်။

ကျင့်ကြံသူများ အတွက် ခွန်အားသည် အမြဲတမ်း အရေးကြီးဆုံး ဖြစ်​လေသည်။

"ငါ့အတွက် သစ္စာရှိရှိနဲ့ အလုပ်လုပ်ပါ... ဒီပြဿနာလေးကို ဖြေရှင်းပေးရုံတင် မကဘူး... ဒီထက် ပိုမြင့်တဲ့ အဆင့် ရောက်အောင်လည်း ကူညီပေးနိုင်တယ်!"

"ဟုတ်ကဲ့!"

မော့ကောင်းရွှမ်း အသက်ရှူ မဝသလိုပင် ဖြစ်လာသဘ်။

သူသည် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့်၉ ချန်ဖုန်းနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်ပြီး သူ ထပ်မံဖြတ်သွားပါက သူတော်စင် တစ်ပိုင်း ဖြစ်လာလိမ့်မည်။

၎င်းသည် အဆင့်အနိမ့်ဆုံး သူတော်စင် တစ်ပိုင်းများသာ ဖြစ်သော်ငြားလည်း ၎င်းတို့သည် သူတော်စင်နယ်ပယ်ကို ခြေလှမ်း လှမ်းနေသူများ ဖြစ်သည်။ အောက်တန်းအင်ပါယာများတွင်ပင် ၎င်းတို့သည် လူတစ်သောင်း အထက်ကို အုပ်စိုးနေဆဲဖြစ်ပြီး ထောင်နှင့်ချီသော လူများကလည်း ထိုအဆင့်ကို ရှာဖွေနေကြဆဲ ဖြစ်သည်။

"သခင်လေး!"

နှစ်ယောက်သား စကားစမြည် ပြောနေစဥ် မုယန်ဖုန်း ဝင်လာခဲ့သည်။

"ဘာ​ဖြစ်လို့လဲ?"

သူ့မျက်နှာပေါ်မှ အနည်းငယ် စိုးရိမ်နေသည့် အကြည့်ကို မြင်လိုက်ရတော့ လုရွှမ် လှည့်ကြည့်လိုက်သည်။

"လူတချို့က စိန်ခေါ်စာ လာပို့တာဆိုပြီး အပြင်မှာ ရောက်နေပါတယ်"

"တိုက်ပွဲဝင် စိန်ခေါ်စာ? တစ်ယောက်ယောက်က ငါ့ကို စိန်ခေါ်ချင်နေတာလား"

လုရွှမ် သံသယဖြင့် ​ပြန်ကြည့်လိုက်သည်။

တချို့လူ အားလုံးကို သတ်ပစ်လိုက်ပြီး ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးကိုတောင် မမှတ်မိနိုင်လောက်အောင် အရိုက်ခံခဲ့ရပြီးပြီကို သူ့​ကို စိန်ခေါ်ရဲတဲ့ သူတွေလည်း ရှိနေတုန်းပဲလား။

"ဟုတ်ပါတယ်!" မုယန်ဖုန်း ခေါင်းညိတ်သည်။

"သူတို့ကို ဝင်လာခိုင်းလိုက်!"

လေ့ကျင့်မှု ပြီးသွားတော့ ဘာမှလုပ်စရာ သိပ်မလိုတော့သလို တစ်စုံတစ်ယောက်က သူ့​ကိုတကယ် စိန်ခေါ်တယ် ဆိုရင်တော့ သူလိုက်သွားရမှာပေါ့။

များမကြာမီတွင် ယင်းယန်ကျောင်းတော်ရဲ့ အတွင်းစည်း အဝတ်အစားများကို ဝတ်ဆင်ထားကြသော ကျောင်းသားများ ဝင်လာကြသည်။

အသက်နှစ်ဆယ်ကျော် လူငယ်လေး တစ်ယောက်က ဦးဆောင်လာကာ သူ့လှုပ်ရှားမှုတိုင်းဟာ အံ့ဩစရာ အသွင်အပြင်ကို လွှမ်းခြုံထား၏။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ ဟဲလင်နယ်ပယ် ပြီးပြည့်စုံသော ကာလက ကျင့်ကြံသူ တစ်ဦးပင်။ ဒီအဆင့်ကို ရောက်နိုင်တဲ့ ကျောင်းသားတွေဟာ အတွင်းစည်းထဲမှာတော့ နာမည်ကြီးတယ်လို့ မှတ်ယူနိုင်၏။

"လူကြီးမင်း လုရွှမ်....ဒါက စီနီယာကျန်းရှောက်ထျန်းရဲ့ စိန်ခေါ်စာပါ.... မနက်ဖြန် နေ့လည်မှာ ပြိုင်ပွဲကွင်းမှာ ရှိလိမ့်မယ်... သူ့ညီလေး ကျန်းရှောက်ချန်ကို သတ်ခဲ့တဲ့အတွက် မင်းကို လက်စားချေဖို့ မသေမချင်း တိုက်ခိုက်ကြမယ်တဲ့.... !"

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅သို့ ရောက်ရှိ ထားခဲ့သော်လည်း ဤလူငယ်သည် ဂုဏ်ယူဝံ့ကြွားခြင်း မရှိပေ။ သူ့ရှေ့က ဒီလူဟာ ဘုရင်မင်းမြတ် ချန်ရှုံနဲ့ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း တို့ကိုတောင် ရိုက်နှက် ဆုံးမခဲ့တဲ့သူပင်။

သူကတော့ သာမန်ကျောင်းသား တစ်ယောက်သာ ဖြစ်လို့ တကယ်လို့ မိုက်ရိုင်းစွာ ပြောပြီး သူ့ကိုပါ သတ်လိုက်ရင် ဒီကနေ အသက်ရှင်လျက် ပြန်မသွားရမှာတောင် ကြောက်ရ၏။

လုရွှမ်သည် ယင်းယန်ရေကန်တွင် ရုန်းရင်းဆန်ခတ် ဖြစ်​စေခဲ့သော်လည်း ကျောင်းက သတင်းကို ဖုံးဖိထားလို့ ကျယ်ကျယ်ပြန့်ပြန့် မပြန့်ပွားခဲ့ပေ။ ကျောင်း၏ အဓိက တပည့်များထဲမှ တစ်ဦးအနေဖြင့်တော့ ၎င်းကို ရှင်းရှင်းလင်းလင်း သိနေသေးသည်။

ဒီလူငယ်လေးဟာ ကြည့်လိုက်ရင် ဆွဲဆောင်မှု မရှိပေမယ့် တကယ်ကို လူသတ်နတ်ဘုရား ဖြစ်သည်။ သူ မပြောနဲ့ ကျောင်းက အကြီးအကဲတွေတောင်မှ သူ့ကိုတွေ့ရင် လမ်းလွှဲသွားနိုင်လောက်သည်။

အကယ်၍ အရင်တုန်းကသာ ကျန်းရှောက်ထျန်း၏ ကျေးဇူးကို ရယူခဲ့ဖူးလို့သာ မဟုတ်ခဲ့လျှင် သူသေသွားရင်တောင် စိန်ခေါ်စာပေးပို့ရန် ဤနေရာသို့ လာမည်မဟုတ်ပေ။

"ကျန်းရှောက်ထျန်း? ကျန်းရှောက်ချန်ရဲ့ အစ်ကို?"

စိန်ခေါ်စာကို လက်ခံရရှိပြီးနောက် လုရွှမ် ချက်ချင်း သဘောပေါက်သွားသည်။

အရင်က ကျန်းရှောက်ချန်ကို ခေါင်းဖြတ်သတ်တုန်းက သူ့မှာ အရမ်းအစွမ်းထက်တဲ့ အစ်ကိုတစ်ယောက် ရှိတယ်လို့ ပြောခဲ့ဖူးသည်။ အခု တိုက်ခိုက်ဖို့ စိန်ခေါ်စာသာ မပို့ခဲ့ဘူးဆိုရင် အဲဒါကို သူမေ့သွားလောက်ပြီ။

All Chapters