ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင် ပြောင်းလဲချိန်ရောက်ပြီ
Vol. 31 Ch. 3.211
"ဟုတ်ပါတယ်!" လူငယ်က မြန်မြန် ခေါင်းညိတ်လိုက်သည်။
"ငါ့ကို စိန်ခေါ်တယ်... သူ့ခွန်အားက ဘယ်လောက်လဲ"
လုရွှမ်က သံသယစိတ်နဲ့ ကြည့်လိုက်သည်။
"စီနီယာ ကျန်းရှောက်ထျန်းက ဒီတစ်ခေါက် စမ်းသပ်မှုမှာ သူ့ရဲ့ ခွန်အားကို အောင်အောင်မြင်မြင် မြှင့်တင်နိုင်ခဲ့လို့ သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ယန်ယီးနယ်ပယ်ကို ရောက်ရှိသွားပါပြီ!"
လူငယ်လေးမှာ မဖုံးကွယ်ဝံ့ချေ။
"အဆင့်၇ ယန်ယီးနယ်ပယ်လား? ကောင်းပြီ ငါ စိန်ခေါ်စာကို လက်ခံလိုက်ပြီ.... မနက်ဖြန် လာလာခဲ့မယ်!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့!"
လူငယ်များသည် တဖြည်းဖြည်း အနောက် ဆုတ်သွားကြ၏။ လူငယ်က ဘာမှ ထပ်မပြောပေမယ့် သူတို့ကို ဖိနှိပ်ထားတဲ့ အစွမ်းထက်တဲ့ ရောင်ဝါကိုတော့ ခံစားနေရသေးသည်။
"သန်မာလိုက်တာ!"
ထွက်သွားသူ လူငယ်များ တစ်ချိန်တည်းတွင် သက်ပြင်းချ လိုက်ကြ၏။
စာကြောင်း တစ်ကြောင်းက လူတွေကို မချေပဝံ့စေသလို စာကြောင်း တစ်ကြောင်းတည်းနဲ့ လူတစ်ယောက်ရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးနိုင်တဲ့ တကယ့် သန်မာတဲ့သူပဲ။
စိန်ခေါ်စာကို ပေးပို့တဲ့ လူငယ်တွေကို လျစ်လျူရှုပြီး လုရွှမ် စိန်ခေါ်စာကို ပေါ့ပေါ့ဆဆပဲ ဖွင့်လိုက်သည်။ သူ့ညီလေးကို သတ်လိုက်တဲ့အတွက် ကလဲ့စားချေလိုတဲ့ အကြောင်းအရာပဲ ဖြစ်ကာ အရမ်းရိုးရှင်းပါ၏။
တစ်ချက် ကြည့်လိုက်ပြီးနောက် ဘေးကိုသာ ပစ်ချထားလိုက်သည်။
"သခင်လေး.... ဒီလူက သခင်လေးကိုတောင် စိန်ခေါ်ရဲတယ်... ကျွန်တော် သူ့ကို အခုသတ်ပဲ သွားသတ်လိုက်ရမလား"
မော့ကောင်းရွှမ်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရင်း စိန်ခေါ်လာသူအား အပြစ်ရှင်းပစ်ချင်သည့် စကားလုံးများကို ဆိုလာ၏။ သူသည် လူငယ်ကို သခင်လေးအဖြစ် အသိအမှတ် ပြုရုံမျှမက လမ်းပါ ရှင်းပေးချင်သည်။
"မလိုပါဘူး!"
"ဒါပေမဲ့ သူက ယန်ယီးနယ်ပယ်က သန်မာတဲ့ လူတစ်ယောက်ဖြစ်ပြီး သခင်လေးက အဆင့်၄မှာပဲ ရှိပါသေးတယ်"
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ချန်ဖုန်းနယ်ပယ်က ကျင့်ကြံသူ မော့ကောင်းရွှမ်း အနေနဲ့ လုရွှမ်ရဲ့ ခွန်အားကို သဘာဝအတိုင်း မြင်နိုင်ပြီး မကူညီနိုင်ဘဲ ပြောလိုက်သည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် စတုတ္ထအလွှာနှင့် ခုနစ်လွှာကြားတွင် နယ်ပယ်ကြီး သုံးရပ် ခြား၍ တိုက်ခိုက် ထိုးဖောက်ရန် ကြိုးစားနေသော ပါရမီရှင်များအကြောင်း ကြားဖူးသော်လည်း ဤမျှကြီးမားသော ကွာခြားချက်ဖြင့် တိုက်ထုတ်နိုင်တာကိုတော့ မကြားဖူးသေးချေ။
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ယန်ယီးနယ်ပယ်က ကောင်းကင်နဲ့မြေကြီးရဲ့ ယေဘုယျ လမ်းကြောင်းကို နားလည်လာပြီ... စွမ်းအင်တွေကို တစ်ကိုယ်လုံးကို ပေါင်းစည်းပြီး ခွန်အားတစ်ခုတည်း အဖြစ် သုံးမယ် ဆိုရင်တောင် ငါ့ကိုသတ်ဖို့ အဲ့လောက်မလွယ်ဘူး... ပြီးတော့ ငါလည်း အဆင့်၅ကို ထိုးဖောက်ဖို့ ဖိအားတချို့ လိုနေတာနဲ့ အတော်ပဲ!"
လုရွှမ် ပေါ့ပါးစွာ ပြောလိုက်သည်။
အခြေခံအားဖြင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄က အဆင့်၇ကို အနိုင်ယူနိုင်သည်ဟု တစ်ယောက်ယောက်က ပြောပါက လုရွှမ် ကိုယ်တိုင်ပင် ယုံမည်မဟုတ်ပေ။
သို့သော် သူ၏ နည်းလမ်းများစွာနှင့် ကြံ့ခိုင်သော ကိုယ်ခန္ဓာဖြင့် တစ်ဖက်လူက သူ့ကိုသတ်ချင်နေလျှင်ပင် လွယ်ကူမည် မဟုတ်ပေ။
အဆင့်၄ ပြီးပြည့်စုံတဲ့ ကာလကနေ ထိုးဖောက် စုစည်းပြီး ဖြတ်ကျော်ဖို့ အခွင့်အရေး ရှိနေသေးသည်။ အဲဒါကို စမ်းသပ်ဖို့ ပြိုင်ဘက်ရဲ့လက်ကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်မှာရှိတဲ့ ခွန်အားကို ထက်မြက်အောင် လုပ်နိုင်၏။
"သခင်လေး... ဒါက သိပ်အန္တရာယ် များလွန်းတယ် မဟုတ်လား"
လူငယ်ရဲ့ စကားကို ကြားတော့ မော့ကောင်းရွှမ်းရဲ့ ပါးစပ်ထောင့်များပါ တုန်လှုပ်သွားခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄က အဆင့်၇နဲ့ တိုက်ခိုက်ပြီး သေရေးရှင်ရေး အခြေအနေကို အခွင့်ကောင်းယူကာ မိမိကျင့်ကြံမှုကို တိုးတက်အောင် လုပ်မယ် ဆိုတာက နည်းနည်းတော့ ရူးကြောင်ကြောင် နိုင်လှသည်။
"အန္တရာယ်များတယ်?? မင်းအဆင့်မြင့်တဲ့ ကျင့်ကြံမှု အဆင့်ကို လိုချင်ရင် စွန့်စားဖို့ လိုတယ်.... ဖန်လုံအိမ်ထဲမှာပဲ ကျင့်ကြံနေရင် ဘယ်လိုလုပ် တိုးတက်နိုင်တော့မလဲ"
လုရွှမ် ကျောနောက်ကို လက်နှစ်ဖက်ပစ်ရင်း မတ်တပ်ထရပ် လိုက်ပြီး မာနကြီးတဲ့ စကားလုံးတွေကို ပြောလိုက်၏။
အရင်ဘဝက ကမ္ဘာရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေရတဲ့ ဘဝနဲ့ သေရေးရှင်ရေး အတွေ့အကြုံဟာ အကြိမ် တစ်ရာကျော်လောက် ရှိရော့မည်။ ဒီလိုအခြေအနေမျိုး ကြုံလာရရင် အဲဒီအဆင့်ကို ရောက်ဖို့နေနေသာသာ နောက်ပြန် ဆုတ်သွားရမှာကိုတောင် ကြောက်ရ၏။
ကျင့်ကြံခြင်းသည် ကောင်းကင်ကို ဆန့်ကျင်၍ သဘာဝကို တွန်းလှန်ရခြင်း ဖြစ်သည်။ လူတစ်ယောက်သည် အမှန်တကယ် သန်မာသူတစ်ယောက် ဖြစ်လိုပါက စွန့်စားဖို့လည်း လိုသေးသည်။
ကျန်တာတော့ မပြောသေးဘဲ အရင်ဘဝက ဧကရာဇ်ငါးပါး အကြောင်းပဲ ပြောကြည့်ရအောင်။ လက်ထဲမှာ သွေးမစွန်းဘဲ အထွတ်အထိပ်မှာ ရပ်တည်နိုင်တဲ့သူ ဆိုတာ မရှိဘူး။ ထိုလူများ၏ လက်ထဲတွင် လူ့အသက် ဆယ်သန်းထက် မနည်း သေထားပြီးသားပင်။
ကျင့်ကြံသူ တစ်ယောက်ဟာ သူ့ရှေ့မှာ အခွင့်အလမ်း တစ်သောင်းမှာ တစ်ကြိမ်ပဲ ရှိတယ်ဆိုတာ သိထားရင်တောင်မှ သူဘယ်တော့မှ စိတ်ပျော့ညံ့ မနေသင့်ဘဲ ရဲရင့်စွာနဲ့ ရှေ့ကို ဆက်သွားရမည်။
"ဟုတ်ကဲ့!"
လူငယ်လေးရဲ့ စကားကို ထပ်ကြားပြီး သူ့ခန္ဓာကိုယ်ပေါ်က အမှတ်မထင် အရိပ်အယောင် တချို့ကို မြင်လိုက်ရတော့ မော့ကောင်းရွှမ်းလည်း ခေါင်းငုံ့ကာ ကူကယ်ရာ မဲ့သွားသည်။
သူသည် သခင်လေး၏ အကြောင်းအချို့ကိုလည်း ကြားသိခဲ့ရပြီးပြီ။ တစ်နှစ်ခွဲအတွင်း သူသည် ဘာမှမဟုတ်သော လူလေးတစ်ဦးမှ ပေရွှီး တော်ဝင်အင်ပါယာ တစ်ခုလုံးကို ကမောက်ကမ ဖြစ်စေသည့် အသွင်ပြောင်းနယ်ပယ် စတုတ္ထအဆင့်အထိ ကြီးထွားလာခဲ့သည်။
ထိုအကြောင်းအရာများသည် ဤစိတ်နှင့်လည်း ဆက်စပ်နေပေလိမ့်မည်။
သူ့မှာ ယုံကြည်မှု လုံလုံလောက်လောက် မရှိရင် သေမှာကို မကြောက်ဘူးဆိုရင် ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ ဒီအဆင့်ကို အချိန်တိုအတွင်းမှာ ဘယ်လိုလုပ် ရောက်နိုင်ပါ့မလဲ။
"သခင်လေး ဒီလိုအရည်အချင်းတွေနဲ့ ဒီလို အစွမ်းအစတွေ ဖြစ်လာအောင် ဘယ်လိုများ လေ့ကျင့်ခဲ့လဲ တကယ်ကို မသိတော့ဘူး"
စိတ်ထဲမှာ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
လုရွှမ်၏ ပင်ကိုယ်စရိုက်ကို သူ မသိသော်လည်း ကျန်းဝူအင်ပါယာ ကဲ့သို့ သေးငယ်သော နေရာတွင် မွေးမြူ လေ့ကျင့်နိုင်သော အရာမဟုတ်ကြောင်း သူသိပါသည်။
အထွတ်အထိပ်ကို အမှန်တကယ် မြင်ဖူးပြီး အမြင့်ဆုံး နေရာကို တစ်ချိန်က ရပ်တည်ဖူးသူများသာ ထိုကဲ့သို့ ခိုင်မာပြီး ယုံကြည်မှုရှိသော စိတ်ဓာတ်ကို ရရှိနိုင်ကြသည်။
"သခင်လေး.... တောင်ဖောက်နဂါးက ထိုးဖောက်နေတုန်းပဲ... အဲဒါကြောင့် အကြီးအကဲမော့ကို သခင်လေးနောက်ကို လိုက်ခိုင်းလိုက်ပါလား!"
သိပ်မကြာခင်မှာပဲ မော့ကောင်းရွှမ်းဟာ မုယန်ဖုန်း အပါအဝင် တခြားသူတွေပါ တဖြည်းဖြည်း ရင်းနှီးလာခဲ့ပြီး မုယန်ဖုန်းလည်း စကား ဝင်မပြောဘဲ မနေနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။
"မလိုဘူး!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြန်သည်။
"ဒါပေမဲ့ သခင်လေးက ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနဲ့ တခြားသူတွေကို အရမ်းမျက်နှာပျက်အောင် လုပ်ခဲ့တယ်လေ... သူတို့က သခင်လေးကို လက်စားချေဖို့ အစီအစဉ် ဆွဲထားမှာ ကြောက်ရတယ်..."
မုယန်ဖုန်း စိုးရိမ်တကြီးဖြင့် အလျင်စလို ပြောလိုက်သည်။ တစ်ဖက်လူတွေကို သေမတတ် ထုရိုက်ခဲ့မှတော့ ဘယ်သူက ဒီအတိုင်း လွှတ်ထားနိုင်ပါ့မလဲ။
တကယ်လို့ သခင်လေးသာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်နေပါက သူတို့အတွက် လုံးဝ စိုးရိမ်စရာ မရှိသော်လည်း အခုက အဆင့်၄သာ ဖြစ်သည်။
ဒါ့အပြင် တစ်ဖက်က ရန်သူတွေဟာ ခြင်ရိုက်သလိုမျိုး ရိုက်သတ်ပစ်နိုင်တာကြောင့် သခင်လေးအတွက် ကာကွယ်ပေးမယ့်သူ မပါသွားလို့ မဖြစ်ချေ။
"သူတို့က မနက်ဖြန်ပွဲမှာ ငါ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးကို သေချာပေါက် အသုံးချမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး.... ဒီအခွင့်အရေးကို သူတို့ ဖန်တီးထားတာတောင် ဖြစ်နိုင်တယ်!"
လုရွှမ်က ကြိုသိနေသည့်နှယ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
အရင်ဘဝက ဘယ်လိုလူမျိုးမဆို မတွေ့ဖူးခဲ့တာ မရှိဘူး။ ချူဝမ့်ရှန်းနဲ့ ချန်ရှုံတို့သာ လွယ်လွယ်နဲ့ နာခံနိုင်မယ် ဆိုရင် ဒီနေ့အထိ သူတို့ ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ။
ဆယ်ကျော်သက် ကောင်လေး တစ်ယောက်ဟာ ကျော်ကြားတဲ့ သူတို့ကို အရှက်ခွဲခဲ့တဲ့ ကိစ္စကို ဒီအတိုင်း ထားဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
သူ့ကို လက်တုံ့ပြန်ဖို့ မနက်ဖြန် အခွင့်အရေးကို သေချာပေါက် အသုံးချကြလိမ့်မယ်။
"အာ? ဒီလိုဆိုရင် သခင်လေး အဲဒီကိုသွားရတာ အန္တရာယ်ရှိမှာ မဟုတ်ဘူးလား"
မုယန်ဖုန်း လန့်ဖြတ်သွားသည်။
အစောကတော့ သံသယရှိနေတုန်းပဲ ဆိုပေမယ့် အခု သခင်လေးရဲ့ စကားကိုကြားတော့ သူတို့ဘယ်လို ပြုမူမယ် ဆိုတာ ၁၀၀% သေချာသွားပြီ။ သခင်လေးက ထောင်ချောက် တစ်ခုဆိုတာ သိရက်သားနဲ့ ဘာလို့ ခုန်ဆင်းချင်နေရတာလဲ။
"ဟုတ်ပါတယ်... သခင်လေး... အဲဒီ သရဲတစ္ဆေတွေနဲ့ နတ်ဆိုးအုပ်စု တစ်စုက သခင်လေးကို ဒုက္ခပေးချင်နေတာ.... မနက်ဖြန် ကျုပ်လည်း လိုက်မယ် သခင်လေးကို တိုက်ခိုက်ရဲလို့ကတော့ ဘယ်လို ထောင်ချောက်တွေပဲ ပြင်ဆင်ထားပါစေ ကျုပ်သူတို့ကို ဖောက်ခွဲပစ်မယ်!"
မော့ကောင်းရွှမ်းကလည်း ကမန်းကတန်း ဝင်ပြောလိုက်သည်။
သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ကျင့်ကြံသူ တစ်ဦးဖြစ်သည်။ မည်သို့သော ထောင်ချောက်များ သို့မဟုတ် နည်းလမ်းများပင် ဖြစ်စေ တော်ဝင်အင်ပါယာ အတွင်း၌ ၎င်းတို့အားလုံးသည် သူ့အတွက် အားစိုက်ဖို့ပင် မထိုက်တန်ပေ။
"ငါပြောပြီးပြီ... မလိုပါဘူးလို့!"
လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွား၏။
"ငါ ပေါ်မလာဘူး ဒါမှမဟုတ် မင်းတို့ကိုပါ အဲဒီကို ခေါ်သွားမယ်ဆိုရင် သူတို့ ဘယ်လိုလုပ် လှုပ်ရှားဖို့ သတ္တိရှိပါ့မလဲ.... ငါ အခုသူတို့ကို လှုပ်ရှားစေချင်တယ် ဆိုတာ ငါ့မှာ အကြောင်းပြချက် ကောင်းကောင်းရှိလို့ပဲ!"
"အကြောင်းပြချက် ကောင်းလား? ဒါပေမဲ့ သခင်လေး.... သူတို့အားလုံးက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူတွေ... သူတို့နောက်ထပ် ထောင်ချောက်တွေကို ဆင်ထားမယ်ဆိုရင် ကျွန်တော် စိုးရိမ်တာက...."
မုယန်ဖုန်းခမျာ စိုးရိမ်စိတ်တွေ ပြည့်လာခဲ့သည်။
သခင်လေးက တိုက်ပွဲကို ခုန်ပျံ ကျော်လွှားနိုင်ပေမယ့် တစ်ဖက်က လူတွေက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံတဲ့ ကာလက ကျင့်ကြံသူတွေပဲ။
သူတို့ဟာ အရင်က တောင်ဖောက်နဂါးရဲ့ အကာအကွယ်ကြောင့် ဘာမဆို မလုပ်ဝံ့ပေမယ့် အခုက တောင်ဖောက်နဂါး မပါလို့ ချိန်းထားတဲ့ နေရာကိုသွားဖို့ အရမ်းအန္တရာယ်ကြီးမှာ မဟုတ်ဘူးလား။
"စိတ်မပူပါနဲ့!"
လုရွှမ် သူတို့ဘာကို စိတ်ပူနေမှန်း သိတာကြောင့် သူ့ခန္ဓာကိုယ်ထဲက မမြင်နိုင်တဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
"ငါ့ကို အခု သူတို့လာရှုပ်မှာ မကြောက်ပါဘူး.... ဒါပေမဲ့ သူတို့က ငါလာမယ်လို့ မျှော်လင့်ထားပုံရတယ်.... ပေရွှီး တော်ဝင်အင်ပါယာက နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီးပြီ ဆိုတော့ သခင်နေရာက ပြောင်းလဲသင့်ပြီ ....ဒီ ယင်းယန်ကျောင်းတော်ကတော့ မီးခိုးမြူတွေနဲ့ ပြည့်နေပြီ... ဌာနချုပ်ကလည်း တစ်စုံတစ်ယောက်ကို စေလွှတ်သင့်ပြီ ထင်တယ်"