ဝှက်ဖဲကဘာလဲ?
Vol. 31 Ch. 3.212
"ဒါ...."
ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော စကားလုံးများကို ကြားလိုက်ရတဲ့အခါ မုယန်ဖုန်းနှင့် မော့ကောင်းရွှမ်းတို့သည် တစ်ချိန်တည်းမှာပင် ထိတ်လန့်သွားကြသည်။
ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင်နေရာက ပြောင်းလဲချိန် တန်ပြီတဲ့လား?
ယင်းယန်ကျောင်းတော်ရဲ့ ဌာနချုပ်ကလည်း ကျောင်းအုပ် အသစ် တစ်ယောက်ကို စေလွှတ်သင့်ပြီတဲ့လား ?
စကားလုံးတွေက နားထောင်လို့ ကောင်းပေမယ့် သခင်လေး ဒီယုံကြည်မှုတွေကို ဘယ်ကများ ရလာတာလဲ။
အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် မော့ကောင်းရွှမ်းသည် သူ့အင်္ကျီလက်များက တင်းကျပ်သွားသလို ခံစားလိုက်ရပြီး မုယန်ဖုန်းက သူ့ကို တစ်ဖက်သို့ ဆွဲခေါ်သွားတော့သည်။
နောက်ထပ်မေးခွန်းတွေ မမေးရဘူးလို့ အချက်ပြပြီး နှစ်ယောက်သား ပြန်ထွက်လာကြသည်။
"ဘာလို့ ငါ့ကို ဆွဲထုတ်လာတာလဲ?"
မော့ကောင်းရွှမ်း အခန်းထဲက ထွက်လာပြီး သံသယနဲ့ ကြည့်နေလိုက်သည်။
"ခင်ဗျားက သခင်လေးကို ဘာအားကိုးရမှာလဲ ထောင်ချောက်တွေ ထောင်ထားတာတောင် မကြောက်ဘူးလား မေးချင်တာမလား?"
မုယန်ဖုန်းက သူဘာတွေ တွေးနေလဲ သိနေပုံဖြင့် သူ့ကို လှည့်ကြည့်လိုက်သည်။
"ဟုတ်တယ်လေ!"
သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် စတုတ္ထအဆင့် သခင်လေးကို လျှော့တွက်နေခြင်း မဟုတ်ပေ။ သူ မည်မျှပင် စွမ်းဆောင်နိုင်ပါစေ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က ကျင့်ကြံသူများနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။
ထို့အပြင် ပြိုင်ဘက်သည် တောင်ဖောက်နဂါးကို တားဆီးရန်အတွက် ထောင်ချောက်တစ်ခု ဆင်ထားမည်မှာ သေချာလေ၏။
သူကိုယ်တိုင် သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ် အဆင့်၉ ခွန်အားဖြင့် လှုပ်ရှားလိုက်လျှင် ကာကွယ်ရေးကို အလွယ်တကူ ဖြတ်ကျော်နိုင်တော့မည်မှာ သေချာသည်။ သို့သော် သခင်လေး၏ စွမ်းအားက တကယ်ကို ဆိုးရွားလွန်းလှသည်လေ။
သူ့ယုံကြည်မှုက ဘယ်ကရလာမှန်း တကယ်ကို မသိတော့ချေ။
"သခင်လေးရဲ့ ဝှက်ဖဲတွေကို မင်းသိလို့လား?"
ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိတဲ့အခါ မော့ကောင်းရွှမ်း သူ့ရှေ့က မုယန်ဖုန်းကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ သူ မေးချင်ပေမယ့် တစ်ဖက်က ဆွဲခေါ်လာခဲ့တာ ဆိုတော့ တစ်ခုခုကို သိနေလို့များလား။
"သခင်လေးရဲ့ ဝှက်ဖဲတွေလား? ကျုပ်မသိဘူး!"
မုယန်ဖုန်း ခေါင်းခါလိုက်သည်။
"ဒါဆို..."
မော့ကောင်းရွှမ်းမှာ ထူးဆန်းသလိုပင် ခံစားလိုက်ရ၏။
"ဒါပေမဲ့ ကျုပ်သိတာက သခင်လေးအတွက် လုံးဝ ပြဿနာမရှိဘူး ဆိုတာ သေချာတယ်!"
မုယန်ဖုန်းရဲ့ မျက်လုံးတွေက သဘောကျမှုအပြည့်နဲ့ တောက်ပလျက်ရှိသည်။
"တကယ်လို့ ချိုင့်ဝှမ်းမှာ ဖြစ်ခဲ့တာကိုသာ ခင်ဗျား သိရင် သေချာပေါက် ကျုပ်လိုပဲ ထင်လိမ့်မယ်!"
"ရှန့်ခုန်းချိုင့်ဝှမ်းလား? သခင်လေးက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူ ထောင်ပေါင်းများစွာကို သတ်လိုက်တယ် ဆိုလား?? ဒါက သတင်းမှားပဲ ဖြစ်မှာပါ!"
သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး စတုတ္ထအဆင့် လူတစ်ဦးက ရာနှင့်ချီသော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျင့်ကြံသူများကို သတ်ပစ်ရန် မဖြစ်နိုင်ပေ။
ဘယ်သူမဆို တကယ်လုပ်နိုင်ရင် သူတော်စင်နယ်ပယ်မှာ ခြေချနိုင်တဲ့ အလွန်အားကောင်းတဲ့ သူသာလျှင် လှုပ်ရှားနိုင်မှာကို ကြောက်ရ၏။
"ဒါက သတင်းမှာ မဟုတ်ပါဘူး...ဒါအမှန်ပဲ!"
မုယန်ဖုန်းက ရှန့်ခုန်းချိုင့်ဝှမ်းက ကိစ္စအား အသေးစိတ် ရှင်းပြလိုက်လေသည်။
သူလုရွှမ် နောက်ကို မလိုက်သွားခဲ့ပေမယ့် အဲဒီတုန်းက လွတ်မြောက်သွားသူတွေ အများကြီး ရှိခဲ့ပြီး အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာကို ကောင်းကောင်း စုံစမ်းခဲ့ပြီးပြီ။
"တစ်ကြိမ်တည်းနဲ့ မျက်တောင်တောင် မခတ်ဘဲ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ထောင်ပေါင်းများစွာကို သတ်ခဲ့တယ် ဟုတ်လား??"
မော့ကောင်းရွှမ်း လန့်သွားပြီး သူ့မျက်နှာကပါ ဖျော့တော့သွား၏။
သူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူ ဖြစ်နေတာတောင် ထိုအချိန်က မြင်ကွင်းကို တွေးတောရင်း ရင်တွင်းမှ ကြောက်ရွံ့မှု တချို့ကို ခံစားရဆဲပင်။
နောက်ဆုံးမှာတော့ သူသည် ဤမျှလောက် သန်မာသော ကျင့်ကြံသူများကို ဘယ်တုန်းကမှ မသတ်ခဲ့ဖူးချေ။ ဘယ်လို နှလုံးသားနဲ့များ ရက်စက်နိုင်ရတာလဲ။
"အဲဒါကြောင့် သခင်လေးကို လျှော့မတွက်နဲ့.... ဘာလို့လဲဆိုတော့ သခင်လေးကို လျှော့တွက်တဲ့ သူတွေအကုန် သေသွားပြီ!"
မုယန်ဖုန်းက ပေါ့ပေါ့ပါးပါးလေး ပြောပြလေ၏။
"ကောင်းပြီ!"
မော့ကောင်းရွှမ်းခမျာ နဖူးမှ အေးစက်သော ချွေးများပါ ထွက်ကျလာခဲ့သည်။
ယခင်က သခင်လေး၏ ရှေ့တွင် မတ်တပ်ရပ်စဥ် သူ၏ ခွန်အားကို အနည်းငယ် ဂုဏ်ယူမိသလို ခံစားမိသေးသည်။ တော်ဝင်အင်ပါယာ၌ အဆင့်၉ ကျင့်ကြံသူမှာ လက်တစ်ဆုပ်စာမျှသာ ရှိသည်လေ။
ယခု သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူသည် သခင်လေး၏ ရှေ့တွင် ဘာမှမဟုတ်တော့ဘဲ သူ့ဆန္ဒအတိုင်း သတ်ပစ်နိုင်လောက်ပြီ။
ထို့အတွက်ကြောင့် သူသည် ရိုးသားသည် ဖြစ်စေ မရိုးသားသည်ဖြစ်စေ ဂရုမစိုက်ဘဲ သူ့အမြင်အရ ဆိုရင် သူ့စိတ်နဲ့ မတိုက်ဆိုင်ပါက သတ်ပစ်နိုင်တာလည်း ဖြစ်နိုင်၏။
"စိတ်မပူပါနဲ့.... သခင်လေးရဲ့ ခွန်အားက အခုခင်ဗျားလောက် မစွမ်းနိုင်ပေမယ့် သိပ်မကြာခင်မှာ သူ့ရှေ့မှာ ခင်ဗျားက နှံကောင်တစ်ကောင်လို ဖြစ်လာတဲ့အထိ အစွမ်းထက် လာလိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်!"
မုယန်ဖုန်း သူ့အတွေးတွေကို မြင်တာကြောင့် အနည်းငယ် သတိထားလျက် ဆိုလိုက်သည်။
"သခင်လေးအပေါ် သစ္စာရှိရှိ အလုပ်လုပ်.... သစ္စာရှိရှိ နောက်လိုက်နေသမျှ ခင်ဗျားရဲ့ အနာဂတ်က အကန့်အသတ်မရှိ ဖြစ်လာလိမ့်မယ်"
"အင်း!"
မော့ကောင်းရွှမ်း ခပ်မြန်မြန် ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးထဲက ရှုပ်ထွေးမှုတွေဟာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
လုရွှမ်သည် မုယန်ဖုန်းနှင့် မော့ကောင်းရွှမ်းတို့ အကြားက စကားပြောဆိုမှုကို မကြားခဲ့ရသော်လည်း ကြားခဲ့ရင်တောင် သူသည် သေချာပေါက် ရယ်မောကာ ဂရုမစိုက်ဘဲ နေလိမ့်မည်။
တခြားသူတွေရဲ့ အမြင်မှာတော့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉က အလွန်အစွမ်း ထက်ပေမယ့် သူ့အမြင်မှာတော့ ဒါဟာ ဘာမှမဟုတ်ပေ။
ဒါက မာနကြီးတာ မဟုတ်ဘဲ သူ့မှာ အရင်းအနှီး ရှိနေသောကြောင့်သာ ဖြစ်သည်။
ရှန့်ခုန်း ရှေးဟောင်းမြို့တော်ရှိ မြို့သခင်၏ ဘဏ္ဍာတိုက်တွင် သတ်ဖြတ်ခြင်း အခင်းအကျင်းများ၊ ထောင်ချောက်များနှင့် ဝင်္ကပါပုံစံ အခင်းအကျင်းများ အပါအဝင် အားလုံးသာ အနည်းဆုံး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ တွေချည်းသာ ဖြစ်သည်။
အရင်က ချိုင့်ဝှမ်းမှာ ရှိတုန်းက လူတွေရဲ့ အမဲလိုက်ခြင်းကို ခံနေရသောကြောင့် ပြုပြင်ဖို့အချိန် မရှိခဲ့ချေ။ အဲဒါကို ပိုင်ဆိုင်ထားရင်တောင်မှ မလိုအပ်သေးခဲ့။ ရက်ပေါင်းများစွာ ကြာပြီး နောက်မှာတော့ သားရဲပေါ်မှာပါ ကျင့်ကြံနေခဲ့သည်။
ပေရွှီး တော်ဝင်အင်ပါယာကို ပြန်ရောက်ပြီးနောက် နေ့ညဆက်တိုက် လေ့ကျင့်နေတာကြောင့် အချိန်မရခဲ့ပေ။ သူသာ အလိုရှိရင် အခင်းအကျင်း တံဆိပ်ပြား တစ်ခုကို စိတ်ကြိုက်ယူပြီး ပြုပြင်လိုက်ရုံနဲ့ အဆင့်၉ အခင်းအကျင်း တစ်ခုကို ရသွားနိုင်သည်။
ချူဝမ့်ရှန်း နဲ့ ဘုရင်ချန်ရှုံတို့လို လူတွေကို မပြောနဲ့ မော့ကောင်းရွှမ်း တွန်းလှန်ချင်တယ် ဆိုရင်တောင် သူတို့လို အဆင့်ကို ချက်ချင်း သတ်ပစ်နိုင်သည်။
အဆင့်နိမ့် သူတော်စင် တချို့ပင် သူ့ရှေ့ ရောက်လာပါက မရှင်သန်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် မြို့သခင်၏ ရတနာစံအိမ်တွင် သူတော်စင် တစ်ဝက် အခင်းအကျင်း တံဆိပ်ပြားများကို ရရှိခဲ့သည်။
ဝူအဆင့်၉ကို ဖြတ်ကျော်ပြီးနောက် သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိသွားပြီ ဖြစ်ပြီး ကျော်ဖြတ်ပြီးနောက် သူသည် သူတော်စင် တစ်ပိုင်း ဖြစ်လာပြီ ဖြစ်သည်။
သူတော်စင် တစ်ပိုင်းမျှသာ ဖြစ်သော်လည်း သူတော်စင်နယ်ပယ်သို့ တက်လှမ်းခဲ့ပြီမို့ သူ၏ လှုပ်ရှားမှုတိုင်းတွင် အလွန်အစွမ်း ထက်နေပြီ။
အဆိုးဆုံးသော သူတော်စင်တစ်ပိုင်းကိုပင် ဖော်ပြရန် ရိုးရှင်းသော ဥပမာကို အသုံးပြု၍ ပေရွှီးမြို့တော် တစ်ခုလုံးကို လက်ဖဝါးတစ်ပြင်တည်းဖြင့် သုတ်သင် ရှင်းလင်းသွားလို့ ရသည်။
ဘုရင်မင်းမြတ် ချန်ရှုံနှင့် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း ဟုခေါ်သော လူတို့ပင် ထိုနယ်ပယ်က စွမ်းအင်ကို လုံးဝသည်းမခံနိုင်ပေ။ သူတော်စင်နယ်ပယ် အောက်မှာ ၎င်းတို့ဟာ ပုရွက်ဆိတ်တွေပဲ ဖြစ်သည်။
သူတော်စင် ပုံစံများ ပါရှိသော လက်နက်များကို သူတော်စင်နယ်ပယ် လက်နက်များဟု ခေါ်ကြသည်။ သူရရှိလာသော အခင်းအကျင်း တံဆိပ်ပြားများကို သန့်စင်ပြီးသည်နှင့် ၎င်းတို့သည် သူတော်စင်တစ်ပိုင်း ကျင့်ကြံသူများသာ တိုက်ခိုက်နိုင်သည့် စွမ်းအားကို အပြည့်အဝ အသုံးချနိုင်မည် ဖြစ်သည်။
ထို့အတွက်ကြောင့် လုရွှမ်သည် တော်ဝင်အင်ပါယာ၌ လုံးဝဥဿုံ ညံ့ဖျင်းခြင်း မရှိပေ။ သူ့အနေနဲ့ ရတနာစံအိမ်နဲ့ ပတ်သက်ပြီးတော့ မလိုအပ်ဘဲနဲ့ ဒီရတနာတွေကို သုံးစွဲမှာ မဟုတ်ချေ။
အရေးကြီးဆုံးက ရတနာတွေကို အလွန်အကျွံ အားကိုးရင် ခွန်အားကို အပြည့်အဝ အသုံးချနိုင်တော့မှာ မဟုတ်ဘူးလေ။
အရာရာတိုင်းတွင် မှီခိုမှုရှိသည်။ မှော်လက်နက်သည် သူ့ထက်ပို၍ အစွမ်းထက်လာကာ ၎င်းကို အလွန်အကျွံ သုံးပါက သူ့ကိုယ်ပိုင် လေ့ကျင့်မှုကို သဘာဝအတိုင်း ထိခိုက်စေမည် ဖြစ်သည်။
ထို့အတွက်ကြောင့် သူသည် ဓားသိုင်း ကျွမ်းကျင်ပြီး မကြာခဏ တိုက်ခိုက်လေ့ ရှိသော်လည်း ဓားရှည်ကို မကြာခဏ ထုတ်မသုံးတတ်ခြင်းပင်။
တစ်ကြိမ် ပြန်လည်မွေးဖွားပြီးနောက် လုရွှမ်သည် မှော်လက်နက်များဟု ခေါ်တွင်သော မှော်ဆန်သည့် လက်နက်များ အားလုံးကို ထင်ယောင်ထင်မှား ဖြစ်စေကြောင်း နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားခဲ့သည်။ သူသည် သန်မာလာမှသာလျှင် သူတို့သည်လည်း အမှန်တကယ် အစွမ်းထက်နိုင်မည် ဖြစ်သည်။
သူသည် ယခင်ဘဝတွင် အနည်းငယ်သာ၍ သန်မာလာခဲ့ပါက နတ်ဆိုးဧကရာဇ် ချုံလူနှင့် အဆုံးထိ တိုက်ခိုက်ခဲ့လျှင်ပင် ဧကရာဇ်ကျိုးရန်၏ ခိုးဝင်တိုက်ခိုက်မှုကြောင့် သေဆုံးသွားလိမ့်မည် မဟုတ်ပေ။
အရင်ဘဝက ဒါကို သတိမထားမိခဲ့တာ နှမြောစရာပဲ။ ဓားရှည်ကျွမ်းကျင်မှုကိုသာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့လို့ နောက်ဆုံးမှာတော့ အရူးဧကရာဇ်ဓားဟာ တစ်ကမ္ဘာလုံးမှာ ကျော်ကြားခဲ့၏။
သူ့ခန္ဓာကိုယ် စွမ်းအားနဲ့ လေ့ကျင့်မှု အခြေခံတွေကို အသုံးမချနိုင်ခဲ့တာလည်း နှမြောစရာ ကောင်းလှသည်။ အထွတ်အထိပ်ကို ရောက်သော်ငြား ခန္ဓာကိုယ် ခုခံနိုင်စွမ်းမရှိလို့ တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ရသည်။
ဤဘဝ၌ ရုပ်ခန္ဓာ ခွန်အား၊ ကျင့်ကြံမှု၊ စိတ်စွမ်းအားတို့ကို တစ်ခုမှ မချန်ရစ်ဘဲ လေ့ကျင့်ရမည်။ ဝိညာဥ်ချီ ကုန်ခမ်းချိန်တွင် ခန္ဓာကိုယ် ခွန်အားဖြင့် ဆက်ထိန်းထားနိုင်သည်။
ခန္ဓာကိုယ်က အပြင်းအထန် ဒဏ်ရာအပြင်းအထန် ရထားတဲ့ အခါမှာတော့ စိတ်ဝိညာဉ်စွမ်းအားသည် အကြီးမားဆုံး လူသတ်သမားလည်း ဖြစ်လာနိုင်၏။
ထိုသုံးခုကို အတူတကွ ပြုစုပျိုးထောင်ခြင်းသည် အာမခံချက် သုံးဆရှိခြင်းနှင့် ညီမျှသည်။ ထိုအခါ တူညီသော အဆင့်ရှိ လူများကပင် သူ့ကိုသတ်ရန် ခက်ခဲလာလိမ့်မည်။
"ကြည့်ရတာ မနက်ဖြန်မှာလည်း လူသတ်ရတော့မယ် ထင်တယ်.... မင်းငါ့ကို စိတ်မပျက်စေဖို့ပဲ မျှော်လင့်တယ်!"
အခန်းထဲတွင် မတ်တပ်ရပ်ကာ အပြုံးမပျက်တဲ့ လုရွှမ်ရဲ့ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်လိုက်ပေ၏။