← Chapters

လှောင်အိမ် စွမ်းအင်လမ်းကြောင်း

Vol. 31 Ch. 3.214

လှောင်အိမ် စွမ်းအင်လမ်းကြောင်း

Vol. 31 Ch. 3.214

"ဟုတ်လား? နှမြောစရာပဲ... မင်းက ငါ့မျက်လုံးထဲတောင် မဝင်ဘူး!"

လုရွှမ် ခေါင်းခါလိုက်လေသည်။

"မင်းရဲ့ စာကြောင်းတစ်ကြောင်းက ငါ့စိတ်ကို တုန်လှုပ်သွားစေမယ်လို့ မင်းထင်နေတာလား?"

ကျန်းရှောက်ထျန်းလည်း ရယ်မောလိုက်သည်။

"မင်းဘာသာ တုန်လှုပ်တာ မလှုပ်တာ ငါ ဂရုမစိုက်ဘူး!"

လုရွှမ် သူ့နောက်ကျောကို လက်နှစ်ဖက် ပစ်လျက် သက်ပြင်းချလိုက်သည်။

"မင်းသာ ဘုရင်မင်းမြတ် ချန်ရှုံနဲ့ ချူဝမ့်ရှန်းကိုသာ ပုန်းအောင်း မနေခိုင်းဘဲ ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်ဆိုရင် ငါမင်းကို တကယ် အထင်ကြီးသွားနိုင်တယ်... ဒါပေမဲ့ အခု မင်းက အသက်သေမှာကို ကြောက်ပြီး သတ္တိမရှိတဲ့ ကလေးသာသာပဲ"

"မင်း!!"

ကျန်းရှောက်ထျန်း မျက်နှာ မည်းမှောင်သွားသည်။ ဘုရင်မင်းမြတ် ချန်ရှုံ ဒီလောက် ကောင်းကောင်း ပုန်းနေတာတောင် မမျှော်လင့်ဘဲ လူငယ်လေးအား ရှာတွေ့သွားခဲ့သည်။

တစ်ဖက်လူ ရောက်လာတဲ့ အချိန်တုန်းက သူ ဂရုတစိုက် လေ့လာနေခဲ့တာ ထိုလူငယ်သည် ဘေးဘက်ပတ်ကို လှည့်မကြည့်ဘဲ ဖြည်းညှင်းစွာပင် လျှောက်လာခဲ့သည်။

ဘယ်လိုလုပ် ဘုရင်မင်းမြတ် ချန်ရှုံတို့ ပုန်းနေတာကို သိနေရတာလဲ? သူ့ကို လာလှည့်စားနေတာလား?

"ဟမ်... ဒီမှာ စကား အငြင်းအခုံတွေ လာလုပ်မနေနဲ့.... မင်း ငါ့ညီကို သတ်ပြီး ငါ့ကျောင်းကို အရှက်ရစေတယ်.... ဒီနေ့ မင်းသေမလား ငါသေမလား ဆိုတာပဲ ဆုံးဖြတ်ရမှာ!"

ကျန်းရှောက်ထျန်း အကျယ်ကြီး အော်ဟစ်လိုက်ရာ သူ့အသံက ကောင်းကင်သို့ပင် ပျံ့တက်သွားသည်။

"စဥ်းစားစရာ မလိုဘူး... မင်းပဲ ဖြစ်လိမ့်မယ်!"

လုရွှမ် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"ဟမ့် မင်းမှာ စွမ်းရည်မြင့်ပြီး သန်မာတဲ့ ဝိညာဥ်သားရဲ ရှိတယ်ဆိုတာ ငါအရင်ကတည်းက ကြားပြီးသားပါ.... ဒါပေမဲ့ မင်းရဲ့ အရည်အချင်းက မင်းပါးစပ်လိုပဲ အစွမ်းထက်မယ်လို့ ငါမျှော်လင့်တယ်... !"

တစ်ဖက်လူနဲ့ စကားပြောနေပါက မကြာခင်မှာ သေနိုင်တဲ့အထိ ဒေါသထွက်သွားမယ် ဆိုတာ သိလိုက်တာကြောင့် ကျန်းရှောက်ထျန်း အပိုစကားတွေကို ရပ်လိုက်ပြီး ခြေတစ်ချက်စောင့်၍ လုရွှမ်ထံ ပြေးဝင်သွားသည်။

ဝုန်း!

လူးလွန့်နေသော စွမ်းအင်​အောက်တွင် ပြိုင်ပွဲစင်မြင့် တစ်ခုလုံး အလုံပိတ်သွားသလိုပင်။ တစ်ဖက်လူ မရောက်မီတွင် ပြင်းထန်သော ဖိအားက ပတ်ဝန်းကျင်ကို ထိတ်လန့်စေပြီး အသက်ရှူရပင် ခက်ခဲလာစေ၏။

"လှောင်အိမ်စွမ်းအင်? ဒီလိုရာစုနှစ်မှာ ဒီလိုစွမ်းအင် အခြေအနေကို နားလည်နေတဲ့သူ ရှိမယ်လို့ မမျှော်လင့်ထားဘူး!"

ပြိုင်ပွဲစင်မြင့် အပေါ်ရှိ လေထုအတွင်းက အပြောင်းအလဲများကို ခံစားလိုက်ရသဖြင့် လုရွှမ် အနည်းငယ် ထိတ်လန့်သွားသည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ ချောင်ထျန်းနယ်ပယ်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို နားလည်နိုင်သည်။ ၎င်းသည် ရပ်တန့်၍ မရနိုင်သော ကောင်းကင်နှင့် မြေကြီး၏ ယေဘုယျ လမ်းကြောင်းကို အမျိုးအစား များစွာခွဲခြားနိုင်သည်။

အရှေ့တောင်တန်းစွမ်းအင်၊ မြင့်မားသော အဆောက်အဦ စွမ်းအင်၊ ကျောက်သားစွမ်းအင်၊ သစ်သားစွမ်းအင်၊ ရှုပ်ထွေးသော ကောင်းကင်စွမ်းအင်၊ ပင်လယ်ရေစွမ်းအင် စသည်ဖြင့် အမျိုးမျိုး ရှိကြသည်။

ယေဘုယျ စွမ်းအင်လမ်းကြောင်း တစ်ခုစီတွင် ၎င်း၏နားလည်မှု အပေါ် မူတည်၍ ကွဲပြားခြားနားသော စွမ်းအားများ ရှိသည်။

ကျန်းရှောက်ထျန်း လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် လုရွှမ်သည် သူနားလည်ထားသည်မှာ အနှစ်တစ်ရာအတွင်း မမြင်နိုင်သော လှောင်အိမ်စွမ်းအင် တစ်ခုဖြစ်ကြောင်း သိလိုက်သည်။

ဤယေဘုယျ လမ်းကြောင်းသည် ကောင်းကင်နှင့် မြေကြီး၏ ရိုးရှင်းသော စွမ်းအားတစ်ခု ဖြစ်သော်လည်း လွန်ကဲစွာ နားလည်သွားက ၎င်းသည် ရန်သူကို ထောင်ချောက်ဆင်ရန် ခိုင်ခံ့သော လှောင်အိမ်တစ်ခု ဖွဲ့စည်းနိုင်ပြီး လွတ်မြောက်ချင်လျှင်ပင် ခက်ခဲလိမ့်မည်။

စိတ်ကူးကြည့်ရုံနဲ့ မလှုပ်နိုင်ခင်မှာ လူတစ်ယောက်ကို ချုပ်နှောင်ထားပြီး ဘယ်လိုမှ တိုက်ခိုက်နိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် ၎င်းသည် ရိုးရှင်းသော်လည်း လျှော့တွက်လို့ မရပေ။

အင်အားကြီးတဲ့ သခင်တစ်ယောက် ပြောသလိုပဲ။ ဒီစွမ်းအားက အားကြီးတဲ့သူနဲ့ အားနည်းတဲ့သူကို မခွဲခြားတတ်သလို မကျွမ်းကျင်တဲ့ သူတွေတောင် အားနည်းတဲ့ စွမ်းအား မရှိကြဘူး။

"ဟမ့်!"

သူ့မျက်နှာတွင် အံ့ဩသွားသ​ရောင် ရှိသော်လည်း လုရွှမ် သူ့လက်များကို ညင်သာစွာ လှုပ်ယမ်းကာ လက်ဖဝါးများကို လှန်၍ ရှေ့တည့်တည့်ကို ရိုက်ချလိုက်သည်။

ဝုန်း ဝုန်း ဝုန်း!

သူသည် လက်ဖဝါး ရိုက်ချက်များကို မတူညီသော နေရာ ဆယ်နေရာကို ဆက်တိုက်ရိုက်ပစ်လိုက်သည်။

ထိုလက်ဖဝါးရိုက် တစ်ခုစီတွင် ခွန်အားပေါင်း သန်း ၇၀၀ ကျော် ရှိသည်။ ရိုက်ချက် ၁၀ချက်မှာ မရပ်မနား စီးကျလာသော မြစ်ရေကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာ၏။

တခြားသူသာဆိုရင် ခန္ဓာကိုယ်က နှစ်ကြိမ်ဆက်တိုက် ရိုက်ပြီးတာနဲ့ ခံနိုင်ရည်ရှိမှာ မဟုတ်သလို လုံးဝပြိုလဲ ကျသွားနိုင်သည်။ သို့သော် လုရွှမ်ရဲ့ ခန္ဓာကိုယ်က သံမဏိလို သန်မာပြီး လက်ဝါးရိုက်ချက် ၁၀ချက်လောက်နဲ့ ပြဿနာမရှိသေးချေ။

ဖုန်း!

လုရွှမ်သည် ယေဘူယျ အခြေအနေကို နားလည်နိုင်သော နယ်ပယ်ကို မရောက်သေးသော်လည်း သူထိုးလိုက်သော စွမ်းအားသည် ပြင်းထန်လွန်းလှသည်။ လက်ဝါးဆယ်ချက် ရိုက်လိုက်သည်နှင့် သူ့အား အကျဉ်းချထားသော လှောင်အိမ်သည် တခဏချင်း ကွဲသွားကာ ထူးဆန်းသော စွမ်းအားသည် ကျန်းရှောက်ထျန်းဆီသို့ ပြေးလာသည်။

"မင်းမှာ နည်းလမ်းတွေ ရှိနေတာကိုး!"

ယေဘူယျ စွမ်းအင်လမ်းကြောင်းပေါ် ထွက်လာတာနဲ့ ဒီလူကို ဖမ်းမိလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ စွမ်းအားက သူ့စွမ်းအင်ကို တိုက်ရိုက် ဖြိုခွဲပစ်ဖို့ ဒီလောက် ပြင်းထန်​နေလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

ကျန်းရှောက်ထျန်း မျက်မှောင်ကြုတ်ပြီး သူ့လက်ဖဝါးကို ရှေ့ဆန့်ထုတ်လိုက်သည်။

ဝုန်း!

လက်ဝါးနှစ်ဖက် တွေ့ဆုံသွား၏။

ကျန်းရှောက်ထျန်း ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွားရင်း မျက်နှာလည်း ရဲသွားသည်။

"ဒီလောက် ပြင်းထန်တဲ့ အင်အားက...."

ကျန်းရှောက်ထျန်း သူအိမ်ငယ်များ ကျုံ့သွားလေ၏။

သူ၏ ခွန်အားသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇သို့ ရောက်သွားသော်လည်း ပြိုင်ဘက်ကို ထိပ်တိုက် ရင်ဆိုင်ရသောအခါ တစ်ဖက်က မတုန်မလှုပ်ဘဲ သူကသာ စိုးရိမ်လာမိသည်။

တစ်ဖက်လူ၏ စွမ်းအားသည် သန်း ၁၀၀ ရှိသော လူ့ခန္ဓာကိုယ် ခွန်အား၏ ကန့်သတ်ချက်ထက် ကျော်လွန်နေပြီ ဖြစ်ပြီး ၎င်းသည် ဝိညာဉ်သားရဲကဲ့သို့ ကြောက်စရာ ကောင်းလှသည်။

ဒီကောင် ဘယ်လိုများ လေ့ကျင့်ပျိုးထောင်ခဲ့တာလဲ။

ကျန်းရှောက်ချန်သည် အမှန်တကယ်ပင် သူ့လက်ထဲတွင် သေထိုက်သူ ဖြစ်ပေ၏။

"အားကြီးတဲ့ စွမ်းအားတွေ ရှိရုံနဲ့ အသုံးမဝင်ဘူး... ငါမင်းကို ပြောပြလိုက်မယ် မင်းရဲ့ခွန်အားက ဘယ်လောက်ပဲ အားကောင်းနေပါစေ ကြီးမားတဲ့ စွမ်းအင်လမ်းကြောင်းရှေ့မှာ မင်းက ဘာမှမဟုတ်ဘူးကွ!"

နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး ကျန်းရှောက်ထျန်း အေးစက်စွာ ရယ်မောလိုက်သည်။ ထို့နောက် လက်ငါးချောင်းကို ဆန့်ထုတ်လိုက်ပြန်၏။

သူ့လက်ချောင်းတွေက တူရိယာတစ်မျိုးကို တီးခတ်နေသလိုပင် လက်ချောင်းထိပ်ကနေ မျဉ်းကြောင်းတွေ ထွက်ပေါ်လာသည်။

လုရွှမ်ကို ဖုံးအုပ်ထားနိုင်သည့် ကြီးမားသော လှောင်အိမ်ကြီး တစ်ခုအဖြစ် ဤချည်မျှင်ပါးပါးများသည် ချက်ချင်း စုစည်းသွားလေ၏။ ထို့အပြင် ဤလှောင်အိမ်သည် အလွှာတစ်ခုတည်း မဟုတ်ဘဲ အလွှာ အထပ်ထပ်ဖြင့် ဖုံးအုပ်ထားတာ တွေ့ရသည်။

"အဓိက လမ်းကြောင်းခြောက်ခု.... တကယ် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ အစောပိုင်းကာလပဲ!"

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆တွင် ယေဘူယျ စွမ်းအင်လမ်းကြောင်းများကို နားလည်နိုင်သည်။ အစောပိုင်းကာလတွင် သူသည် ပထမဆုံးသော အဓိကလမ်းကြောင်းကို နားလည်နိုင်သည်။ အလယ်အလတ် ကာလတွင် လမ်းကြောင်း နှစ်ခုကို နားလည်နိုင်သည်။

ပြီးပြည့်စုံသော ကာလတွင် စွမ်းအင်လမ်းကြောင်း ၅ခုကို နားလည်နိုင်စွမ်း ရှိကာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ အစောပိုင်းကာလကို ရောက်ရှိပါက စွမ်းအင်လမ်းကြောင်း ၆ခုကို နားလည်နိုင်ပြီ ဖြစ်သည်။

ယခု ကျန်းရှောက်ထျန်းသည် ယေဘူယျ စွမ်းအင်လမ်းကြောင်း ၆ခုကို ပြသနိုင်ပြီ ဖြစ်ရာ ၎င်း၏ အင်အားသည် ယန်ယီးနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားပြီ ဖြစ်ကြောင်း ပြသနေ၏။

"လက်ရှိ အင်အားက ခံနိုင်ရည် မရှိမှာ သေချာတယ်!"

ပြိုင်ဘက်၏ အင်အားကို အတည်ပြုပြီးနောက် လုရွှမ်သည် သူ၏လက်ရှိ လေ့ကျင့်မှု ခွန်အားဖြင့် ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း သေချာပေါက် သိလိုက်သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄နှင့် အဆင့်၇ ဆိုသည်မှာ အလှမ်းဝေးလွန်း လှသည်။ ကောင်းကင်နှင့် ဆန့်ကျင်ဘက် ဖြစ်သည့်တိုင် ထိုကဲ့သို့သော အဆင့်ကြီးကို ဖြတ်ကျော်ရန် ခက်ခဲ​လေသည်။

ဝှစ်!

စိတ်ဝိညာဉ်၏ လှုပ်ခတ်မှုနှင့်အတူ သူ့လက်ဖဝါးတွင် သစ်သားတုတ် တစ်ချောင်း ပေါ်လာခဲ့သည်။

ရှေးဟောင်းသစ်စိမ်းမှ ရရှိလာသော သစ်သားနှလုံးသား!

လက်ရှိအင်အား တစ်ခုတည်းက ပြိုင်ဘက်ကို အနိုင်မယူနိုင်မှန်း သိတာနဲ့ သူရဲ့ ယုတ်မာမှုကို ဖုံးကွယ်ထားခြင်း မရှိ​တော့ပေ။ သစ်သားနှလုံးသားကို လက်ထဲ ကိုင်လိုက်သည်နှင့် အချိန်မရွေး ဆွဲထုတ်နိုင်သော ဓားရှည်တစ်လက် ကဲ့သို့ လူတစ်ကိုယ်လုံး၏ ဝိညာဥ်ချီများသည် ချက်ချင်း ပြောင်းလဲသွားသည်။

စွမ်းအင်တွေက ကောင်းကင် တစ်ခွင့်မှာ ပြည့်နှက်နေပြီး ကမ္ဘာကြီးပင် လှုပ်ခါသွားတော့မည့်နှယ် လူတိုင်းကို တုန်လှုပ်သွားစေသည်။

"တကယ်ပဲ သူ့ရဲ့ လူနဲ့ဓား ပေါင်းစပ်မှု နယ်ပယ်က ငါ့ထက်မြင့်နေတာပဲ!"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း လက်သီးများကို ခပ်တင်းတင်း ဆုပ်ထားမိလိုက်သည်။

ယင်းယန်ကျောင်းတော် တစ်ခုလုံးတွင် သူသည် လူသားနှင့်ဓား၏ ပေါင်းစည်းမှုကို ရရှိခဲ့သော တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်သည်။ လငရွှမ်သည် ငယ်ရွယ်သော်လည်း ဤဓားလမ်းကြောင်း အခြေအနေကို အမှန်တကယ် နားလည်သဘော ပေါက်ထားသည်ကို သဘာဝကျကျ တွေ့မြင်နေရ၏။

"လူနဲ့ဓား ပေါင်းစည်းမှုနယ်ပယ် ဆိုတော့ရော ဘာဖြစ်လဲ? ခွန်အားက ဒီလောက်ကွာနေတာ အနိုင်ယူဖို့ မဖြစ်နိုင်ဘူး!"

ဘုရင်ကြီး ချန်ရှုံမှ ဟစ်အော်လိုက်သည်။

"ဟုတ်တယ်.... သူတို့နှစ်ယောက်ကြားက ကွာဟချက်က အသိသာကြီး.... ကမ္ဘာပေါ်မှာ ဘယ်သူမှ နယ်ပယ်တွေကို ဖြတ်ကျော်လို့ မရပါဘူး... ဒီလုရွှမ်လည်း သေချာပေါက် တတ်နိုင်မှာ မဟုတ်ဘူး!"

ကျောင်းအုပ်ကြီး ဟောင်ယန်ကလည်း ဝင်ဆိုလိုက်သည်။

နန်ဟိုင် တော်ဝင်အင်ပါယာမှ ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး အနေဖြင့် သူသည် မရေမတွက်နိုင်သော အံ့သြဖွယ် ပါရမီရှင်များကို မြင်တွေ့ခဲ့ရသော်လည်း အဆင့်သုံးဆင့်ထက် ကျော်လွန်၍ လူများကို သတ်နိုင်သည့် လူတစ်ယောက်အကြောင်း တစ်ခါမျှ မကြားဖူးပါ။

"တကယ်လို့ သူ အဲဒီဝိညာဥ်သားရဲကို မခေါ်ထုတ်ဘူးဆိုရင် ၁၀ စက္ကန့်တောင် မကြာနိုင်တော့ဘူး.... သူသေလိမ့်မယ်"

ရှောင်းယွမ်ထျန်းကလည်း ထောက်ခံလေ၏။

၎င်းတို့အားလုံးသည် အဆင့်မြင့်သော သခင်များ ဖြစ်သောကြောင့် အားသာချက်များနှင့် အားနည်းချက်များကို သဘာဝကျကျ ပြောပြနိုင်ကြသည်။

လုရွှမ်၏ ခွန်အားသည် အံ့ဩစရာ ​ကောင်းသော်လည်း ကျန်းရှောက်ထျန်းက ပို၍ပင် အားကောင်းနေ၏။ ယေဘူယျလမ်းကြောင်း အင်အားကြီး ခြောက်ခုစလုံးကို အသုံးပြုပြီးပြီဆိုလျှင် အပြင်းထန်ဆုံး နည်းလမ်းအဖြစ် မှတ်ယူနိုင်မည် ဖြစ်သည်။

ဤကဲ့သို့သော သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄သာ ရှိသော လူငယ်တစ်ဦးသည် ဆက်လက် ယှဉ်ပြိုင်နိုင်လျှင် ကျင့်​ကြံမှုအဆင့်သည် ယုံကြည် စိတ်ချနိုင်မည် မဟုတ်ကြောင်း အားလုံးက ခံစားရလေ၏။

ပါရမီရှင်တစ်ဦးမှ စည်းမျဉ်းများကို ချိုးဖောက်ခဲ့သော်လည်း ပါရမီရှင်တစ်ဦး ခံနိုင်ရည်ရှိသော ကန့်သတ်ချက်ထက် ကျော်လွန်ပါက အသုံးမဝင်နိုင်ပေ။

ယခုအချိန်တွင် လုရွှမ်သည် အလွန်အစွမ်းထက်သော ငါးနှင့်တူပြီး ကျန်းရှောက်ထျန်း၏ လှောင်အိမ်သည် ပင်လယ်ဒီရေနှင့် တူသွားသည်။ ဤငါးသည် မည်မျှပင် အားကောင်းနေပါစေ ဒီရေကို ရင်ဆိုင်ရချိန်တွင် မည်သို့လုပ်ဆောင်နိုင်မည်နည်း။

All Chapters