← Chapters

အဆင့်၅ကို ထိုးဖောက်ခြင်း (ဒုတိယပိုင်း)

Vol. 32 Ch. 3.217

အဆင့်၅ကို ထိုးဖောက်ခြင်း (ဒုတိယပိုင်း)

Vol. 32 Ch. 3.217

အရူးဧကရာဇ်သည်လည်း လူမိုက် မဟုတ်ပ ယုံကြည်မှု မရှိဘဲ ရှေ့သို့ အလျင်စလို ဆက်သွားပါက တစ်ခုခုတော့ မှားသွားလိမ့်မည်။

"စွမ်းအားတွေ ပိုအားကောင်းရမယ်!"

သူ့ခန္ဓာကိုယ်ထဲက ပေါက်ကွဲတော့မယ့် စွမ်းအားကို ခံစားလိုက်ရတော့ လုရွှမ် မရပ်ဘဲ ထပ်၍ အသက်ပြင်းပြင်း ရှူလိုက်သည်။

ဗုန်း!

ပြင်းထန်သော လေစီးကြောင်း တစ်ခုသည် သူ့တစ်ကိုယ်လုံးရှိ သွေး​ကြောတွေ အတွင်းသို့ ချက်ချင်း စိမ့်ဝင်သွားသည်။ စွမ်းအင်လှိုင်း ရိုက်ခတ်မှုကြောင့် သူ့တစ်ကိုယ်လုံး မတ်တပ်ရပ် မနေနိုင်​တော့သလို အားလျော့သွားစေသည်။

လှောင်အိမ်၏ စွမ်းအားကို ကမ္ဘာလောကရဲ့ ယေဘုယျ စွမ်းအင်လမ်းကြောင်းလို့ ခေါ်တွင်နိုင်ပြီး ၎င်းတွင် သဘာဝအတိုင်း လောက၏ သဘာဝ စွမ်းအားများ ပါရှိသည်။ သူ့သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၄ သာရှိပြီး ၎င်းကို စုပ်ယူရန် တွန်းအားပေးတာက အနည်းငယ် သည်းမခံနိုင် ဖြစ်စေသည်။

"ကောင်းတယ်...ထိုးဖောက်လိုက်စမ်း!"

ယေဘူယျ လမ်းကြောင်းအတိုင်း ပြန်တွန်းလှန်ရင်း တမင်တကာ သူ့အပေါ် သက်ရောက်အောင် ဆွဲဆောင်နေခြင်းသည် သူအရင်က တွက်ချက်ထားသည့် အရာဖြစ်ပြီး မြင့်မားသော တောင်တန်းကြီး သူ့အပေါ် ဖိမိနေသလို ခံစားနေရသည်။ လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် လျင်မြန်စွာ လည်ပတ်ကာ ပတ်ဝန်းကျင်ဆီသို့ အရူးအမူး ပြေးသွားခဲ့သည်။

ဗုန်း!

ယေဘူယျ စွမ်းအင်လမ်းကြောင်း၏ ဝိညာဉ်စွမ်းအားသည် တစ်ဖန် ပြန်လည် ရှင်သန်လာသလို ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ဖူး!

ပြင်းထန်သော တုန်လှုပ်မှု စွမ်းအားကြောင့် သူ့ ပါးစပ်ထဲ သွေးများ ထွက်ကျလာသည်။

"ရူးနေပြီ... လုံးဝရူးနေပြီ!"

ဒါကို မြင်လိုက်ရတော့ အားလုံးရဲ့ မျက်နှာက ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

အရင်က မယုံနိုင်စရာလို့ ခံစားခဲ့ရပေမယ့် အခုတော့ လှောင်အိမ်စွမ်းအင် အလယ်မှာ ပိတ်မိနေတဲ့ ဒီလူငယ်ဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ကို တိုက်ခိုက်ဖို့ စီစဉ်နေပြီဆိုတာ နားလည်လိုက်ပြီ။

"ကမ္ဘာကြီးရဲ့ ယေဘုယျ စွမ်းအင်လမ်းကြောင်းကို တိုက်ဖျက်ဖို့ ဝိညာဉ်စွမ်းအားကို သုံးတယ်... ဝိညာဥ်ချီနဲ့ ယွမ်ချီကို ပေါင်းစပ်ဖို့ပါ လှောင်အိမ်စွမ်းအင်ရဲ့ ဖိအားကို သုံးပြန်တယ်... ဒီစိတ်ကူးက တကယ်မိုက်လွန်းတယ်"

"မိုက်မဲတာထက် ပိုဆိုးနေပြီ... လူတစ်ယောက်က ဒီလိုအောင်မြင်မှုတွေရဖို့ ရွေးချယ်တာ လုံးဝ မတွေ့ဖူး​​​သေးဘူး!"

"ကမ္ဘာကြီးရဲ့ ယေဘုယျ စွမ်းအင်လမ်းကြောင်းကို တွန်းလှန်ဖို့ ဝိညာဉ်စွမ်းအားကို သုံးနေတာ သူ့ဝိညာဉ် လွင့်ထွက်သွားမှာကို မကြောက်ဘူးလား?"

"မဟုတ်ဘူး... ယေဘူယျ စွမ်းအင်လမ်းကြောင်းရဲ့ တန်ပြန်စွမ်းအားကို သူသိနေသလိုပဲ... စိတ်ဝိညာဉ်စွမ်းအားနဲ့ တိုက်မိတိုင်း ယေဘုယျ စွမ်းအင်လမ်းကြောင်းက အားကောင်းတဲ့ ဝန်းရံမှုကို ဖြစ်စေမှာ မဟုတ်ဘူး.... ဝိညာဉ်စွမ်းအားကို ပိုကောင်းအောင်တောင် ထိန်းထားနိုင်တယ်"

"ဒါဆို ဒီထိန်းချုပ်မှုက ဘယ်လောက်တောင် ပြင်းထန်လိုက်မလဲ"

စိတ်လှုပ်ရှားမှုစွာ ကြည့်ရှု​နေသူတိုင်းက လုရွှမ်အား အစပိုင်းတွင် ရူးသွပ်သူဟု ထင်ခဲ့ကြသော်လည်း ၎င်းတို့ ပို၍ကြည့်လေ ထိုသူသည် ဉာဏ်အမြော်အမြင် ရှိသူဖြစ်ရမည်ဟု ပို၍ခံစားလာရလေပင်။

ယေဘူယျ စွမ်းအင်လမ်းကြောင်း၏ တွန်းလှန်မှု အကူအညီဖြင့် စိတ်ဝိညာဉ်ကို မြှင့်တင်နေတယ်တဲ့။ ကိုယ်တိုင် မျက်စိနဲ့သာ မမြင်ရပါက ၎င်းသည် ဒဏ္ဍာရီပုံပြင် သို့မဟုတ် အဓိပ္ပာယ် မရှိသောအရာဟုသာ သေချာပေါက် ထင်မိလိမ့်မည်။

ကိုယ့်မျက်စိနဲ့ မြင်ရတာတောင်မှ တကယ့်အစစ်အမှန်လား ဆိုတာ ယုံရခက်နေသေးတယ်လေ။

"ဒါ မင်းဘာသာ သေကြောင်းရှာတာပဲ!"

လူငယ်လေးသည် သူ၏ ခွန်အားဖြင့် ဖြတ်ကျော်သွားချင် နေတာကို မြင်လိုက်ရတဲ့အခါ ကျန်းရှောက်ထျန်းသည် ပြင်းထန်စွာ အရှက်ကွဲသွားသလို ခံစားလိုက်ရသည်။

ဒါက ပြိုင်ဘက်ဖြစ်တဲ့ သူ့မျက်နှာကို အိုးမဲသုတ်နေတာပဲ!

ဟောက်သံနှင့်အတူ လက်ဖဝါးကို ဝေ့ယမ်းကာ သူ့ရဲ့ လက်ဆွဲတော် ဓားရှည်ကို ဆွဲထုတ်လိုက်သည်။

ဒီလူငယ်ဟာ မရိုးရှင်းဘူး ဆိုတာကို ကြိုသိထားတဲ့အတွက် ပြင်ဆင်မှုတွေ လုပ်ထားခဲ့ပြီး သူ့လက်နက်တွေတောင် ယူလာခဲ့၏။

ဝှစ်!

ဓားရှည်သည် တဖျပ်ဖျပ် လှုပ်ခတ်သွားပြီး အလယ်တွင် ပိတ်မိနေသော လုရွှမ်ဆီ တည့်တည့် ပြေးဝင်သွားလေသည်။

ဓားရှည်သည် လုရွှမ်ရှေ့သို့ မရောက်မီတွင် လှောင်အိမ်သည် ရေလှိုင်းများအဖြစ် ကွဲကွာသွားကာ ဓားဝင်ဖို့ လမ်းတစ်ခု ဖွင့်ပေးလာတာ တွေ့ရသည်။

လှောင်အိမ်၏ သခင်အနေဖြင့် ဤစွမ်းအင်၏ ပေါင်းစည်းမှုနှင့် ခွဲထွက်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်သည်။ ၎င်းသည် သူ့လုပ်ရပ်များကို မထိခိုက်စေပါ။ သို့မဟုတ်ပါက သူ့တိုက်ခိုက်မှုနှင့် ထောင်ချောက်ဆင်ခြင်းသည် ဟာသသာ ဖြစ်သွားလိမ့်မည်။

ဝှစ်!

ဓားရှည်၏ အရှိန်သည် အလွန် လျင်မြန်လွန်းသဖြင့် လုရွှမ် မျက်ခုံးတစ်ဖက်ကို ပင့်ကြည့်လိုက်သော် ဓားရှည်က မျက်လုံးရှေ့ကို ရောက်နေပြီဖြစ်ပြီး ထိုးမိလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ထိုးဖောက်ပြီးသည်နှင့် ခေါင်းသည် သေချာပေါက် ကျိုး​ကြေသွားမှာ ဖြစ်သလို နတ်ဘုရားများ ဆင်းကယ်လျှင်ပင် ကယ်တင်ရန် ခက်ခဲသွားမည် ဖြစ်သည်။

"သေပြီ!"

"ကျင့်ကြံမှု ဖြတ်ကျော်ဖို့အတွက် အသက်ကိုတောင် စွန့်စားခဲ့တယ်.... ငါတော့ သူမိုက်မဲတာလား ဉာဏ်ကောင်းတာလား မပြောတတ်တော့ဘူး"

ဓားက အရှိန်နဲ့ ချဉ်းကပ်သွားသည်ကို မြင်ရသောအခါ လုရွှမ်သည် တုံ့ပြန်မှု လုံးဝမရှိသလိုပင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ကိုသာ တိုက်ခိုက်နေပုံရလို့ ခေါင်းယမ်းရုံသာ တတ်နိုင်တော့သည်။

အနီးကပ် အကွာအဝေးမှာ သူတုံ့ပြန်နိုင်မလား ဆိုတာ မပြောခင် သူ့ရဲ့ ကျင့်​ကြံမှုက ပြိုင်ဘက်ထက် နိမ့်နေတာကြောင့် ကြိုပြီးခုခံဖို့ပင် ခက်ပါလိမ့်မည်။

ဒီအချိန်မှာ လုရွှမ် သေတော့မယ်လို့ လူတိုင်းက ထင်နေချိန်မှာပဲ လုရွှမ်ဟာ သူ့မျက်လုံးတွေကို တင်းတင်းပိတ်ပြီး ဖြတ်ကျော်ဖို့သာ ကြိုးစားနေ၏။ သူ့ခြေဖဝါးအောက်ကနေ သူအသုံးပြုခဲ့တဲ့ သစ်သားတုတ်က ရုတ်တရက် ပျံထွက်သွားလေသည်။

သစ်သားချောင်း၏ အရှိန်သည် အလွန်လျင်မြန်ပြီး ပထမတစ်ခေါက် ထိုးနှက်ချက်လိုပဲ ကျန်းရှောက်ထျန်း မတုံ့ပြန်နိုင်မီတွင် သူ့ရင်ဘတ်ကို ရိုက်ခတ်လာတဲ့ နာကျင်မှုကို ခံစားလိုက်ရပြီး သူထိန်းချုပ်ထားတဲ့ ဓားရှည်ဟာ ပြိုင်ဘက်၏ မျက်ခုံးနှင့် တစ်လက်မခန့်အကွာတွင် ရပ်သွားပြီး ဆက်မတိုးတော့ချေ။

ဖူး!

ပါးစပ်မှ သွေးများ တဟုန်ထိုး ထွက်ကျလာရင်း ကျန်းရှောက်ထျန်းရဲ့ မျက်နှာတို့ နီရဲလာ၏။ အနည်းဆုံး နံရိုး ခုနစ်ချောင်း ရှစ်ချောင်းလောက် ကျိုးသွားလို့ သူ့အမူအရာမှာ ချက်ချင်းပင် ပျော့ခွေသွားတော့သည်။

"ဒါ...."

"ဘာ... သူက ကျန်းရှောက်ထျန်းကို တမင်တကာ လမ်းဖွင့်လာအောင် လုပ်ခဲ့တာလား?"

"ဘယ်လိုတောင် လိမ္မာပါးနပ်လိုက်တဲ့ နည်းလမ်းလဲ!!"

လူအုပ်ထဲမှ ကျောင်းသားများစွာသည် စိတ်လှုပ်ရှားမှုများဖြင့် မေးမြန်းလာကြ၏။

"ဘာဖြစ်နေတာလဲ? မင်းတို့အားလုံး ပဟေဠိဆန်တဲ့ စကားတွေနဲ့ ကစားနေကြတာလား ဘာတွေ ဖြစ်နေတာလဲ ငါဘာမှ နားမလည်တော့ဘူး!"

သူတို့နောက်က ကျောင်းသားတချို့က ကူကယ်ရာမဲ့စွာ မေးလိုက်ကြ၏။

"ရိုးရှင်းပါတယ်... လုရွှမ်ရဲ့ ခွန်အားက အားကောင်းတယ်။ အဝေးကနေ တိုက်ခိုက်မယ်ဆိုရင် ယေဘုယျ စွမ်းအင်လမ်းကြောင်းကို ထိန်းချုပ်နိုင်တဲ့ ကျန်းရှောက်ထျန်းကို ထိခိုက်ဖို့ လုံးဝ မဖြစ်နိုင်ဘူး... အဲဒါကြောင့် သူက ပြိုင်ဘက်ကို ဖြတ်ကျော်လာဖို့ ခွင့်ပေးပြီး ပြန်တိုက်ဖို့ အခွင့်အရေးကို ယူလိုက်တာ.... ကျန်းရှောက်ထျန်းက အစွမ်းထက်ပေမယ့် အနီးကပ် တိုက်ခိုက်မှုမှာတော့ သူ့ရဲ့ခွန်အားက မကောင်းသေးဘူး"

စိတ်ဓာတ်ကျနေသူက တစ်ဦးက ဝင်၍ ရှင်းပြလာ၏။

"အာ? ပြိုင်ဘက်ကို အနီးကပ်တိုက်ခိုက်ဖို့ ဆွဲဆောင်တယ် ဟုတ်လား?? ဒါဆို သူမထိုးဖောက်နိုင် သေးဘူးပေါ့... ဒါဆိုသူ အခုနက လုပ်ခဲ့တာတွေ အားလုံးက ဒီအတိုင်း လှည့်စားထားတာလား?"

"လှည့်စားမှု မဟုတ်ဘူး... အစစ်အမှန်ပဲ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ လှည့်ကွက်တွေက လက်တွေ့မှာဆို ကြီးကြီးမားမား မထိခိုက်စေဘူး.... ဖြတ်ကျော်ရင်းနဲ့ သူ ဘာကြောင့် ပြန်တိုက်လဲဆိုတာ ငါလည်း နားမလည်ဘူး"

ထိုလူက နားမလည်သလို ခေါင်းကုတ်လိုက်သည်။

"ဒါက တိုက်ပွဲစွမ်းရည် အတွေ့အကြုံပဲ... မရေမတွက်နိုင်တဲ့ သေရေးရှင်ရေး အ​ခြေအနေတွေမှာပဲ တုံ့ပြန်လာနိုင်တဲ့ တိုက်ပွဲဝင်စွမ်းရည်ပဲ!"

ဘုရင်ကြီး ချန်ရှုံ၏ မျက်နှာမှာ ညိုးနွမ်းနေပြီး ငြိမ်သက်နေခဲ့သော မျက်လုံးများတွင် ရုတ်တရက် မယုံကြည်နိုင်သော အငွေ့အသက်တွေ လွှမ်းခြုံလာ၏။

"အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကြွက်သားတွေက အလိုအလျောက် တုံ့ပြန်သွားတတ်တယ်... အဲဒီအခါ ဝိညာဥ်ချီနဲ့ စိတ်စွမ်းအားတွေတောင် ဝင်ရောက်လာတတ်တယ်.. သေရေးရှင်ရေး တိုက်ပွဲပေါင်း များစွာကို ဖြတ်ကျော်ပြီးမှ ရလာတဲ့ စွမ်းရည်တစ်ခုပဲ... သူတကယ် ဆယ်ကျော်သက်ရော ဟုတ်ရဲ့လား"

တစ်ဖက်က ကျန်းရှောက်ထျန်းမှာလည်း မယုံနိုင်အောင် ဖြစ်နေရှာသည်။

လူတို့သည် အန္တရာယ်နှင့် ကြုံတွေ့ရသောအခါတွင် လွတ်မြောက်ရန် သို့မဟုတ် တွန်းလှန်ရန် အလိုလို တုံ့ပြန်ကြလိမ့်မည်။ အချို့သော သန်မာသူများသည် ၎င်းတို့၏ မူလ အသိဉာဏ်ရ မစွက်ဖက်ပါကပင် ၎င်းတို့၏ ပြိုင်ဘက်များကို ပင်ကိုယ်တုံ့ပြန်မှုဖြင့် သတ်နိုင်သည်။

သို့သော် ဤလူသည် အလောင်းများနှင့် သွေးများထဲမှ တွားသွားထွက်လာကာ မရေမတွက်နိုင်သော သေရေးရှင်ရေး တိုက်ပွဲများကို ဖြတ်ကျော်လာခဲ့သလိုပင်။ သူသည် ဆယ်ကျော်သက် အရွယ်သာ ရှိသေးသော လူငယ်လေး ဖြစ်ရာ ဒီလိုလုပ်နိုင်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ပြင်းထန်သော တိုက်ခိုက်မှု စွမ်းရည် ဗီဇမျိုးရှိသူသည် အလွန်ကြောက်စရာ ကောင်းလှသည်။ လူတစ်ယောက်၏ တုံ့ပြန်မှုသည် မည်မျှပင်လျင်မြန်စေကာမူ အချိန်ယူနေရဆဲ ဖြစ်သော်လည်း တိုက်ပွဲဗီဇက တုံ့ပြန်ရန် မလိုအပ်ဘဲ အကောင်းဆုံး အဆုံးအဖြတ်ပေးကာ လျင်မြန်စွာ တန်ပြန် တိုက်ခိုက်သွားနိုင်သည်။

တူညီသော အဆင့်ရှိ ပြိုင်ဘက်များကို ခေါင်းဖြတ်သတ်နိုင်တာကို မပြောဘဲ အခုလို ခုန်ပျံကျော်လွှားပြီး တိုက်ခိုက်နိုင်သည့် စွမ်းရည်မျိုးကပင် အလွန်ရိုးရှင်းနေပြီ။

သို့သော် တိုက်ခိုက်ရေးဗီဇကို လူသားတစ်ဦး အနေဖြင့် ထိန်းချုပ်၍ မရချေ။ ၎င်းသည် ၁၀၀% ရှိတတ်ခြင်းမျိုး မဟုတ်ပေ။ အရေးကြီးသောအခိုက်အတန့်တွင် မထွက်ပေါ်လာပါက မိမိကိုယ်တိုင် သေသွားနိုင်သည်။

ထို့ကြောင့် မည်သူမျှ ဤနည်းဖြင့် တိုက်ခိုက်ရန် မဝံ့ရဲကြပေ။

သူတို့ရှေ့တွင်ရှိ လုရွှမ်သည် ဤဗီဇရှိ၍ သူ့အသက်ကို ကယ်တင်နိုင်မည်ဟု အစောကတည်းက သိထားပုံရသောကြောင့် အဆင့်၅ နယ်ပယ်ကို ထိုးဖောက်ရဲနေတာ ဖြစ်ရမည်။

ဘုရင်မင်းမြတ် ချန်ရှုံနဲ့ တခြားသူတွေတောင်မှ ဒီလိုစွမ်းရည်မျိုး မရှိဘူးလေ။ သေမျိုး အသွင်ပြောင်းနယ်ပယ် အဆင့်၄ သာရှိတဲ့ ကောင်လေးက ဘယ်လိုများ စွမ်းဆောင်နိုင်ခဲ့တာလဲ။

All Chapters