← Chapters

အဆင့်၅ကို ထိုးဖောက်ခြင်း (တတိယပိုင်း)

Vol. 32 Ch. 3.218

အဆင့်၅ကို ထိုးဖောက်ခြင်း (တတိယပိုင်း)

Vol. 32 Ch. 3.218

ဘုရင်ကြီး ချန်ရှုံနှင့် အခြားသူများမှာ ယခုမြင်ကွင်းသည် လုရွှမ်၏ တိုက်ခိုက်ရေးဗီဇကြောင့် ဖြစ်ကြောင်း ယုံကြည်ကြ​လေသည်။ အမှန်တရားကိုတော့ လုရွှမ်သာလျှင် သိသည်။ သူ့တွင် တိုက်ပွဲဝင် စွမ်းရည်ဗီဇ ရှိသော်လည်း သူ့အသက်ကို ဟာသအဖြစ် ခံယူဝံ့မည် မဟုတ်ပေ။

သစ်သားနှလုံးသား ခုန်ပျံနိုင်ခဲ့တဲ့ အကြောင်းရင်းက တကယ်တော့ သူ့ရဲ့ ဝိညာဉ်သခင် စွမ်းရည်ကြောင့်ပဲ ဖြစ်သည်။

လူတွေရဲ့ မျက်စိနဲ့နားကို လှည့်စားဖို့အတွက် သူ့ခြေဖဝါးအောက်က တမင်တကာ ထွက်သွားကြောင်း စီစဥ်ခဲ့သည်။ အကယ်၍ လေထဲကသာ ခုန်ထွက်သွားပါက သူ သစ်သားချောင်းကို ထိန်းချုပ်နိုင်တယ်ဆိုတာ ဘယ်သူမဆို သိသွားလိမ့်မည်။

သူ့ရဲ့ စိတ်စွမ်းအားက အားကောင်းနေပြီ ဖြစ်ပြီး ဝိညာဉ်သခင်၏ နည်းလမ်းမှာလည်း အလွန်ထူးဆန်းလှသည်။ ကျန်းရှောက်ထျန်းပင်လျှင် ဤလှည့်ကွက်ဖြင့် တိုက်ခိုက်ခံရရန် မမျှော်လင့်ထားဘဲ ရိုက်နှက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

"ဟမ့်... သေသင့်တယ်!"

နှုတ်ခမ်းထောင့်က သွေးများ ထွက်ကျလာပြီး ကျန်းရှောက်ထျန်းသည် ဖျော့တော့သော မျက်နှာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ အတွင်းအင်္ဂါများမှာ ပြုတ်ထွက်နေသလိုပင်။

လုရွှမ်၏ စိတ်စွမ်းအားသည် ၁.၅ ပြည့်သွားသောအခါ စိတ်စွမ်းအား တစ်ခုတည်းဖြင့် စွမ်းအားပေါင်း သန်း ၆၀၀ ၏ ကြီးမားသောစွမ်းအားကို ထုတ်လွှတ်နိုင်နေပြီ။ သစ်သားနှလုံးသား၏ ကိုယ်ပိုင်စွမ်းအားဖြင့် အနီးအနားတွင် ရှိသော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ကိုပင် တစ်ချက်တည်းနှင့် သတ်နိုင်၏။

လုရွှမ်ရဲ့ စိတ်ဝိညာဉ်သခင်အဖြစ် သူ့ဝိသေသ လက္ခဏာကို ထုတ်ဖော် ပြသရမှာကို စိုးရိမ်လို့သာ မဟုတ်ရင် ကျန်းရှောက်ထျန်း ပွဲချင်းပြီး သေဆုံးသွားနိုင်သည်။

"ကျိုးနေတဲ့ သစ်သားချောင်းက ငါ့ကို နာကျင်အောင် လုပ်ရတဲ့ သတ္တိရှိနေတယ်ပေါ့ ဟုတ်လား?? ငါ အခုချက်ချင်း ဖြတ်ပစ်မယ်!"

မတ်တပ်ရပ်ရန် ရုန်းကန်ရင်း တစ်ကိုယ်လုံး အသက်ရှူသံများ တဟုန်းဟုန်း တောက်လာကာ မြေပြင်ပေါ်ရှိ သစ်သားချောင်းကို ကြည့်လိုက်သည်။

လုရွှမ်သည် သစ်သားချောင်းကို လွှတ်လိုက်ရန် သူ၏ တိုက်ခိုက်ရေး ဗီဇကို အခွင့်ကောင်းယူ၍ ပျံသန်းရန် ထိန်းချုပ်ထားသောကြောင့် ကျန်းရှောက်ထျန်းကို ဒဏ်ရာရ​စေ​ပြီးနောက် သစ်သားချောင်းသည် ပြိုင်ပွဲကွင်း စင်မြင့်ပေါ်တွင် လဲလျောင်းနေခဲ့၏။

သစ်သားတုတ်နဲ့ ပစ်​ပေါက်ခံရပြီး ဒဏ်ရာအပြင်းအထန် ရသွားတဲ့ ကျန်းရှောက်ထျန်းဟာ သစ်သားချောင်းကိုလည်း မလွှတ်ပေးချင်ပေ။ သူက ရှေ့ကို ခြေတစ်လှမ်း တိုးပြီး သစ်သားနှလုံးသားကို ဓားနဲ့ ခုတ်ပိုင်းပစ်လိုက်သည်။

ရွှမ်း!

ဓားတစ်ချောင်းက ဒီသစ်သားချောင်းကို နှစ်ပိုင်း ဖြတ်ပစ်နိုင်မယ်လို့ ထင်ခဲ့ပြီး လုရွှမ်ဟာ ဒီပြတ်သားတဲ့ အသံကို ကြားလိုက်တာနဲ့ ထပ်သုံးနိုင်မှာ မဟုတ်တော့ဘူးလို့ ထင်ထားခဲ့သည်။

တကယ်တမ်းကျတော့ မပျက်စီးနိုင်တဲ့ ရှည်လျားသော ဓားရှည်သည် ကျိုးပဲ့ပြီး မြေပြင်ပေါ်သို့ အပိုင်းပိုင်း ကြွေကျသွားလေ၏။

"ဘာ?"

ကျန်းရှောက်ထျန်း မျက်လုံးများ ဝိုင်းစက်သွားတော့သည်။ သူ့ဓား ဘယ်လောက် အစွမ်းထက်တယ် ဆိုတာကို တခြားသူတွေ မသိသော်လည်း ဝိညာဥ်နယ်ပယ် တစ်ပိုင်းက လက်နက်ဖြစ်ကြောင်း သူကတော့ ရှင်းရှင်းလင်းလင်း သိထားတယ်လေ။

ဤအဆင့်ရှိ လက်နက်သည် ဓားတစ်ချောင်းတည်းဖြင့် တောင်များကို အလွယ်တကူ ဖြတ်ခုတ်နိုင်ပြီး မာကျောသော ကျောက်တုံးများကို အလွယ်တကူ ပိုင်းဖြတ်ပစ်နိုင်သည်။ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုမှာ တုတ်တစ်ချောင်းကိုပင် မဖြတ်နိုင်ဘဲ ကွဲကြေသွားခဲ့သည်။

အောက်ကို ငုံ့ကြည့်လိုက်တော့ သစ်သားချောင်းက ခပ်ပြားပြား ပုံသဏ္ဌာန် ရှိနေဆဲဖြစ်ပြီး အဖြူရောင် အမှတ်အသား တစ်ခု​လေးတောင်မှ မကျန်ခဲ့ချေ။

"ရတနာပဲ... မြဲမြံတဲ့ ဝိညာဉ်နယ်ပယ်က လက်နက်ထက် သာလွန်တဲ့ ရတနာပဲ!"

ကျန်းရှောက်ထျန်း သစ်သားချောင်းရဲ့ သဘောသဘာဝကို ချက်ချင်း နားလည်သွားသည်။

လုရွှမ် အသုံးပြုခဲ့သော သစ်သားတုတ်သည် ထင်ထင်ရှားရှား မပေါ်လွင်သော်လည်း ၎င်းသည် ဝိညာဉ်နယ်ပယ်က လက်နက်များထက် သာလွန်သော ရတနာတစ်ခု ဖြစ်​လေသည်။

ဒီလိုမျိုးကသာ သူ့ရဲ့ဓားရှည်ကို ဖြိုခွဲနိုင်ပြီး သူ့ကိုလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်မှာ ဖြစ်သည်။

"ဒါက ငါ့ဟာပဲ!"

ဓားရှည်ကြီး ဖျက်ဆီးခံလိုက်ရတာကို နောင်တ ရနေမယ့်အစား သူ့မျက်လုံးတွေဟာ စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ တောက်ပလာခဲ့လေသည်။

လုရွှမ်က ကျင့်ကြံမှုကို ထိုးဖောက်နေလို့ ဒီကိုမလာနိုင်သလို တခြားသူတွေကလည်း ဒီရတနာက ဘယ်လောက် အဖိုးတန်တယ် ဆိုတာကို မသိကြဘူး။ သူ သန့်စင်ထားနိုင် သရွေ့တော့ ရတနာက သူ့အပိုင် ဖြစ်သွားလိမ့်မယ်။

အခုလေးတင် ဓားကို ဆုံးရှုံးသွားပြီးပြီ။ ဒီရတနာလည်း ဆုံးရှုံးလိုက်ရမယ် ဆိုရင် သူ့ရဲ့ ခွန်အားတွေ အရမ်းကျသွားလိမ့်မယ်။

ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော သစ်သားချောင်းကို လှမ်းကိုင်လိုက်သည်။ လက်ချောင်းများ သစ်သားချောင်းကို ထိလိုက်သည်နှင့် ဆတ်ခနဲ မြှောက်​ကြည့်လိုက်ကြသည်။

ဖူး!

သစ်သားချောင်းက လုံးဝ မလှုပ်လာဘဲ တစ်ချက်သာ တုန်ခါသွားပြီး မြေပြင်ပေါ် ​ပြန်လဲကျသွားသည်။ ပြင်းထန်လွန်းတဲ့ အင်အားကြောင့် ကျန်းရှောက်ထျန်းခမျာ ဒဏ်ရာရပြီး သွေးတစ်လုတ်ပါ အန်ထုတ်လိုက်မိ၏။

"ဘာလို့ဒီလောက် လေးနေတာလဲ"

ကျန်းရှောက်ထျန်း အံ့သြသွားသည်။

အခုတလော သူ့ခွန်အားတွေ အကုန်နီးပါး ကုန်ဆုံးသွားပေမယ့် သစ်သားချောင်းလေး တစ်ချောင်းက မြေကြီးပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေတာလေ။ ဒါတောင် သူ့မှာ မယူနိုင်ဘဲ ၎င်းက တောင်တစ်​တောင်ထက်ပင် ပိုလေးနေ၏။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒါက ဘယ်လို သစ်သားတုတ်​ကြီးလဲ။

"ငါ့အတွက် ထလိုက်စမ်း!"

သွားများကို ကြိတ်လိုက်သည်ရင်း တစ်ကိုယ်လုံး ခွန်အားများ ပွက်ပွက်ဆူလာပြီး ကြွက်သားများပါ ဖောင်းကားလာခဲ့သည်။

သစ်သားချောင်းကို ပထမတစ်ခေါက် ကောက်ကိုင်လိုက်တုန်းက လေးလံလွန်းလို့ တစ်ကိုယ်လုံး လှုပ်ရမ်းပြီး တိုက်ခိုက်ရန် မဆိုထားနှင့် မနိုင်မလားဟုပင် မေးခွန်းထုတ်စရာ ဖြစ်လာပြီ။

"အရမ်းလေးတယ်...ဒါကိုသူက ပေါ့ပေါ့ပါးပါး ကောက်ကိုင်ပြီး လက်နက်အဖြစ် သုံးသွားတယ်ပေါ့?"

စိတ်ထဲ အတွေးတစ်ခုနဲ့ ထိတ်လန့်တုန်လှုပ်တော့သည်။

ဒီလုရွှမ်က ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ?

သူ့လို သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇က လူတောင် မကောက်နိုင်တဲ့ သစ်သားချောင်း၊ ဝိညာဥ်နယ်ပယ် တစ်ပိုင်း လက်နက်ကို အပိုင်းပိုင်း ဖြတ်ပစ်လိုက်တဲ့ ဒီသစ်သားချောင်းကို ဘယ်လိုများ ပေါ့ပေါ့ပါးပါး ကိုင်နိုင်ခဲ့တာလဲ?

"စီနီယာ ကျန်းရှောက်ထျန်းက ဘာလုပ်နေတာလဲ? တုတ်ကို ကိုင်တာကလည်း တောင်ကို ပင့်ကိုင်ထားသလိုပဲ!"

"မသိဘူး.... ဒဏ်ရာရပြီး ခွန်အား မရှိ​တော့လို့ ဖြစ်မယ်!"

"လုရွှမ်ကို သွားမသတ်ဘဲ တခြားလူရဲ့ လက်နက်ကို လေ့လာပြီး ဘာလုပ်နေတာလဲ?"

ကျန်းရှောက်ထျန်း ရက်စက်ကြမ်းကြုတ်သော မျက်နှာဖြင့် သစ်သားချောင်း တစ်ချောင်းကို ကိုင်ဆောင်ကာ လဲကျလိုက် သွေးအန်လိုက် လုပ်နေသည်ကို မြင်တွေ့လိုက်ရာ ပရိသတ်အားလုံးသည် သူဘာဆက်လုပ်နေမှန်း ဝေခွဲမရဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေလိုက်ကြသည်။

မင်းက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇က ကျင့်ကြံသူ။ ပြိုင်ဘက်က အဆင့်၄ပဲ ရှိသေးတယ်။ ဒါကို တစ်ဖက်က ဘာမှမဖြစ်သေးဘဲ မင်းက သွေးအန်နေပြီ။

ပြိုင်ဘက်ကို အလျင်စလို သွားသတ်ရမယ့်အစား တုတ်တစ်ချောင်းကို စူးစမ်းလေ့လာ နေတယ်တဲ့လား။

"သာမန်သစ်သားတုတ်တော့ လုံးဝ မဟုတ်ဘူး!"

ဘုရင်ကြီး ချန်ရှုံနဲ့ တခြားသူတွေက ကျောင်းသားတွေထက် အမြင်အာရုံ ပိုကောင်းတာမို့ ပြဿနာကို ချက်ချင်း မြင်လိုက်ကြသည်။

ကျန်းရှောက်ထျန်း၏ ဓားရှည်သည် မည်သည့်အဆင့် ဖြစ်သည်ကို မသိကြချေ။ မထင်ရှားလှသော တုတ်သည် မလှုပ်မယှက်ပင် လဲလျောင်းနေသော်လည်း ခုတ်ထစ်ရန် ကြိုးစားခဲ့တဲ့ ဓားကသာ ကျိုးပဲ့သွားလို့ ရတနာတစ်ခု ဖြစ်နိုင်သည်ဟု သူတို့အားလုံး ခန့်မှန်းနိုင်ကြသည်။

ရတနာတစ်ပါး ဖြစ်ကြောင်း သိရသော်လည်း သွေးဆောင်ခြင်း မခံရသေးချေ။

ဤလူတစ်ဦးစီတိုင်းသည် အင်ပါယာတစ်ခု၏ အုပ်စိုးရှင်များ ဖြစ်ပြီး မရေမတွက်နိုင်သော ရတနာများ ရှိသဖြင့် သူတို့ကို သာမန်တုတ်တစ်ချောင်းက ဘယ်လိုလုပ်ပြီး ဆွဲဆောင်နိုင်မှာလဲ။

"စူးစမ်းမနေနဲ့... သူ့ကို မြန်မြန် သတ်ပစ်လိုက်တော့!"

ဘုရင်မင်းမြတ် ချန်ရှုံသည် စင်မြင့်ပေါ်မှ ကျန်းရှောက်ထျန်းထံသို့ အလျင်အမြန် လှမ်းအော်လိုက်သည်။

ထိုလူမှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ကျင့်ကြံသူ၊ ယင်းယန်ကျောင်းတော်ရဲ့ အတွင်းစည်းမှာလည်း နံပါတ်တစ် ကျောင်းသား ဖြစ်သည်။

အစကတော့ လုရွှမ်တစ်ယောက် တစ်ချက် အရိုက်ခံလိုက်ရတာနဲ့ လုံးဝ ရှုံးသွားလိမ့်မယ်လို့ ထင်ထားခဲ့တာ။ အခုတော့ တစ်ဖက်က သေလည်းမသေ ဒဏ်ရာလည်းမရဘဲ ကျန်းရှောက်ထျန်းရဲ့ ဖိအားကို သုံးပြီးတော့တောင် ထိုးဖောက်ဖို့ ကြိုးစားနေပြီ။

အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ကို ဖြတ်ကျော်သွားတာက သူတို့အတွက် ဘာမှမဟုတ်ပေမယ့် သူတို့တကယ် ကြောက်တာက ပြိုင်ဘက်ရဲ့ ဝိညာဥ်သားရဲသာ ဖြစ်သည်။

အခုအချိန်တော်တော် ကြာနေပေမယ့် ဝိညာဥ်သားရဲရဲ့ အရိပ်ကိုတောင် မတွေ့ရသေးဘူး။

"ကောင်းပြီ!"

အသံလွှင့်သံကို ကြားတော့ ကျန်းရှောက်ထျန်းလည်း အခုက ဒီရတနာကို လေ့လာနေရမယ့် အချိန်မဟုတ်မှန်း သိလိုက်သည်။ သစ်သားချောင်းဆီက အကြည့်ကို ချက်ချင်းလွှဲ၍ လုရွှမ်ဆီကို ပြေးဝင်သွားလေ၏။

သူ၏ ဓားရှည်သည် ကျိုးပဲ့သွားပြီမို့ လက်ရှိအချိန်တွင် သင့်တော်သော လက်နက်ကို ရှာမတွေ့သောကြောင့် လက်ဗလာဖြင့်သာ တိုက်ခိုက်ရတော့မည်။

ဗုန်း!

နက်နဲ ကြီးမားသော လက်ဖဝါး အသံကြီးနှင့်အတူ လက်ဝါးပုံကြီးသည် ကောင်းကင်၌ ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ ဆယ်မီတာကျော် အရှည်ရှိသော လက်ဝါးပုံရိပ်သည် လုရွှမ်အား ပြေးရိုက်လေ၏။

ယွမ်ချီလက်ဝါး!

ပြိုင်ဘက်၏ ခန္ဓာကိုယ် ခွန်အားက အလွန်အမင်း သန်မာကြောင်း သိသဖြင့် အနီးကပ် မတိုက်ခိုက်ဝံ့ဘဲ အဝေးမှနေ၍ ပြိုင်ဘက်ကို ချေမှုန်းရန် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇၏ အားသာချက်ကို အားကိုးလိုက်သည်။

ကြီးမားသော လက်ဖဝါးကြီးသည် ရှေ့သို့မရောက်မီတွင် တစ်ဖက်လူအပေါ် တောင်ကြီးတစ်လုံးကို ပစ်ချလိုက်သကဲ့သို့ မြေပြင်သည် တုန်လှုပ်သွား၏။ လက်ဝါးစွမ်းအင်သည် ကြီးမားသော ဖိအားကို ပေးနိုင်၍ ပြိုင်ဘက်သည် အချိန်မရွေး ပြိုလဲကျသွားနိုင်လေသည်။

လုရွှမ်သည် ခုခံနိုင်စွမ်း မရှိတော့ဘဲ အချိန်မရွေး အရိုက်ခံရ​တော့မည်ဟု လူတိုင်း တွေးလိုက်သောအခါတွင် လူငယ်သည် လှောင်အိမ် စွမ်းအင်လမ်းကြောင်းကို တွန်းလှန်ရင်း ရုတ်တရက် မျက်လုံးဖွင့်လာခံ့သည်။

"အဟက်... မင်းရဲ့ လှောင်အိမ် စွမ်းအင်လမ်းကြောင်းကြီးကို ကျေးဇူးတင်ရတော့မယ်!"

ရယ်​မောသံနှင့်အတူ လူငယ်၏ ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါသည် ပေါက်ကွဲထွက်သွားပြီး မီးတောက်ကဲ့သို့ ကောင်းကင်ကို တခဏချင်း ထိုးတက်သွား၏။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ကို ထိုးဖောက်သွားလေပြီ။

All Chapters