← Chapters

စိတ်စွမ်းအား ၁၆

Vol. 32 Ch. 3.219

စိတ်စွမ်းအား ၁၆

Vol. 32 Ch. 3.219

"ဘာ?"

"သူတကယ် အောင်မြင်သွားတာလား?"

"စီနီယာ ကျန်းရှောက်ထျန်းရဲ့ လှောင်အိမ်စွမ်းအင် အကူအညီနဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ ထိုးဖောက်တဲ့အပေါ် သက်ရောက်မှုက တကယ် အောင်မြင်သွားတာလား?"

"သူ သူ လူရော ဟုတ်ရဲ့လား? ဆယ်ကျော်သက် တစ်ယောက်မှာ ဒီလို ခိုင်မာတဲ့ စိတ်ဆန္ဒနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဆုံးဖြတ်ချက်မျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ"

တစ်ဖက်လူ အောင်မြင်နိုင်မယ်လို့ တွေးထားပြီးသား ဆိုပေမယ့် လုရွှမ် ပြင်းထန်တဲ့ စွမ်းအင်တွေ ပတ်လည်ဝိုင်းနေတဲ့ စင်မြင့်ပေါ်မှာ ရပ်နေပြီး အဆင့်၅ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တာက ကြည့်နေသူ အားလုံးကို လက်ခံရ ခက်ခဲစေ၏။

လွန်ခဲ့သော ခုနစ်ရက် ရှန့်ခုန်းချိုင့်ဝှမ်းမှ ပြန်ရောက်သောအခါ ဤလူငယ်သည် ယွမ်ချီနယ်ပယ်တွင်သာ ရှိခဲ့သော်လည်း ယခုအခါတွင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ကို ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဒီလောက် အရှိန်မြန်နေတာ လူရော ဟုတ်ပါ့မလား?

"ဖွင့်စမ်း!"

လူငယ်သည် လေထဲတွင် ထုရိုက်နေသော လက်ဖဝါးပုံရိပ် ထူထူများကို မော့ကြည့်၍ လက်သီး တစ်ချက်တည်းဖြင့် တုံ့ပြန်လိုက်သည်ကို မြင်သောအခါ လူတိုင်း အံ့သြသွားကြသည်။

လက်သီးချက်၏ အသံသည် မြေပြင်မှ ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်လာသည်။

ဝုန်း!

အလွန်ခိုင်မာ မြင့်မားသော ပြိုင်ပွဲစင်မြင့်သည် ချက်ချင်း ကွဲအက်သွား၏။ လုရွှမ်ဆီ ပြေးလာခဲ့သော ကျန်းရှောက်ထျန်း၏ အားကောင်းလှသော လက်ဝါးသည် အက်ကြောင်းများစွာဖြင့် ပေါက်ကွဲသွားတော့သည်။

"အဆင့်၇ ကျင့်ကြံသူရဲ့ တိုက်ကွက်ကို ခက်ခက်ခဲခဲ မခုခံလိုက်ရဘူး??"

ထိုတိုက်ကွက်ကို မြင်လိုက်ရသူတိုင်း အံ့သြလွန်းလို့ ပါးစပ်ပိတ်ဖို့ပင် မေ့သွားကြသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅နှင့် အဆင့်၇ကြားတွင် ကြီးမားသော ကွာဟချက် နှစ်ခုရှိသေးသည်။ ကျန်းရှောက်ထျန်းရဲ့ လှောင်အိမ်စွမ်းအင်ကို ဖြတ်ကျော်ပြီးပြီးချင်း နောက်မဆုတ်ဘဲ လက်ဝါးစွမ်းအင်ကိုပါ တွန်းလှန်နိုင်ခဲ့သည်မှာ ချဲ့ကားလွန်းလှပြီလေ။

"မင်း ဖြတ်ကျော်သွားရင်တောင် ငါ့ကိုတွေ့ရတာ ဟာသလို ဖြစ်နေတုန်းဆိုတာ မင်းသိအောင် ပြလိုက်မယ်!"

ပြိုင်ဘက်က သူ့လက်ဖဝါးစွမ်းအား ကွဲသွားသည်ကို မြင်လိုက်ရသဖြင့် ကျန်းရှောက်ထျန်းတစ်ယောက် ပြင်းထန်စွာ အော်ဟစ်ရင်း ခြေတစ်ဖက်ကို စောင့်ချလိုက်ကာ လက်ငါးချောင်းကို ဝေ့ယမ်းလိုက်သည်။

ဗုန်း!

လှောင်အိမ် စွမ်းအားကို ထပ်သုံးပြန်သည်။

စင်မြင့် တစ်ခုလုံးသည် လှောင်အိမ်သဖွယ် လေထုထဲတွင် တစ်ဖန် ဖုံးလွှမ်းသွားပြီး လုရွှမ်သည် နွံထဲတွင် နစ်မြုပ်နေသော ငါးလေးတစ်ကောင်ကဲ့သို့ ရပ်နေ၏။

"မင်းအရင်က ငါ့ကို ထောင်ချောက် ဆင်နိုင်ပေမယ့် အခု မလုပ်နိုင်တော့မှာကို ကြောက်ရတယ်!"

အလွှာအထပ်ထပ် ဖုံးအုပ်လာသော လှောင်အိမ်အား မျက်နှာမူကာ လုရွှမ် မရှောင်ဘဲ ပေါ့ပေါ့ပါးပါး ပြုံးကာ ရှေ့သို့ ဆက်တိုးလာသည်။

ဝုန်း!

သူသည် မည်သည့် လှုပ်ရှားမှုကိုမျှ မလုပ်ခဲ့သော်လည်း သူ့ရှေ့ရှိ အလွန်ခိုင်မာသော လှောင်အိမ်သည် ချက်ချင်း ကွဲအက်သွားကာ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်​ပေါ်လာခဲ့သည်။

"ဒါက ဘယ်လိုဖြစ်တာလဲ?"

"လှောင်အိမ်က ဘယ်လိုလုပ် ကွဲသွားတာလဲ?"

သူအရှေ့ကို ပေါ့ပါးစွာ လျှောက်လှမ်းနေတာကို မြင်ရတာက အသာထား လှောင်အိမ်ကလည်း တဖြည်းဖြည်း အက်ကွဲသွားလေရာ အားလုံးရဲ့ မျက်လုံးတွေပါ ပြူးကျယ်သွားကြသည်။

လှောင်အိမ်ရဲ့ စွမ်းအား ဘယ်လောက် ပြင်းထန်လဲဆိုတာ လူတိုင်းက သေသေချာချာ မြင်လိုက်ရပြီး​ပြီ။ ဘယ်လို တိုက်ခိုက်မှုကမှ ခုခံနိုင်စွမ်း မရှိနိုင်တော့ပေ။ တကယ်လို့ ထိုစွမ်းအင်ကို ဖြိုခွဲလိုပါက တူညီသော အဆင့်သို့ ရောက်ရှိထားရမည် ဖြစ်ပြီး ကျန်းရှောက်ထျန်းထက် ပိုမို အားကောင်းသည့် ယေဘူယျ စွမ်းအင်လမ်းကြောင်းကို နားလည်ရမည်။

ဤလုရွှမ်သည် ဟဲလင်နယ်ပယ်ကို အခုလေးတင်မှ ဝင်ရောက်လာခဲ့တာကို ဘယ်လိုလုပ် အဲဒီလို စွမ်းအားမျိုးကို ပိုင်ဆိုင်ထားပါ့မလဲ။

"ဒါက စိတ်စွမ်းအားပဲ... သူ့ရဲ့ စိတ်စွမ်းအားက အနည်းဆုံး ၁၆ အထိ ရောက်ထားမှ ယေဘုယျလမ်းကြောင်းရဲ့ စွမ်းအားကို တွန်းလှန်ဖို့ စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုနိုင်မှာ"

ဤအကြိမ်တွင် တုံ့ပြန့လာခဲ့သူမှာ ဘုရင်မင်းမြတ် ချန်ရှုံ မဟုတ်ဘဲ ရှောင်းယွမ်ထျန်းပဲ ဖြစ်လေသည်။

ဂုဏ်သိက္ခာရှိသော မျက်နှာထားနှင့် ရှောင်းယွမ်ထျန်းသည် ပြဿနာကို မြင်လိုက်သော်လည်း မယုံကြည်နိုင်မှု အပြည့်ဖြင့် အခြားသူများနှင့် အတူတူပင် အံ့သြနေရ၏။

"စိတ်စွမ်းအား ၁၆? ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

သူ့အတည်ပြုချက်ကို ကြားပြီးနောက် ဘုရင်မင်းမြတ် ချန်ရှုံနှင့် အခြားသူများ၏ မျက်ခုံးများ တစ်ပြိုင်နက်တည်း တွန့်ချိုးသွားကြသည်။

ကျင့်ကြံသူများသည် ကျင့်ကြံမှု အဆင့်များကို လေ့ကျင့်ရန် လွယ်ကူသော်လည်း စိတ်စွမ်းအားကို လေ့ကျင့်မွေးမြူရန် ခက်ခဲလေ၏။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိသွားသော သာမာန် ကျင့်​ကြံသူ တစ်ဦးတွင် စိတ်စွမ်းအား အတိုင်းအတာဟာ ၁၀ အောက်ပင် မရှိသေးချေ။ ရှိသည်။ ယင်းယန်နယ်ပယ်သို့ ဝင်ရောက်ခြင်းဖြင့် သာလျှင် အောင်မြင်စွာ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။

ကျိုချင်းနယ်ပယ်ရှိ ကျင့်ကြံသူများသည် စိတ်စွမ်းအား ၁၁ ဝန်းကျင်သာရှိပြီး ဟဲလင်နယ်ပယ် ရောက်မှသာ ဝိညာဉ်စွမ်းအား အတိုင်းအတာမှာ အလွန်တိုးမြင့်လာမည် ဖြစ်သည်။ သို့သော် အမြင့်ဆုံး စွမ်းရည်သည် ၀၃သာ တိုး၍ ၁၃ မှ ၁၄ အထိသာ တိုးလာလိမ့်မည်။

စိတ်စွမ်းအား ၁၅ထိ ရောက်နိုင်သူသည် ကောင်းမွန်စွာ လေ့ကျင့်နိုင်သူများ ဖြစ်၏။ ရေတွက်ရလျှင် အနည်းဆုံး တော်ဝင်အင်ပါယာ အတွင်း၌ စိတ်ဝိညာဉ်စွမ်းအား ၁၅ ကို ဟဲလင်နယ်ပယ် မတိုင်မီ အထိ ရောက်ရှိသွားသော အံ့ဖွယ် ပါရမီရှင် တစ်ဦးမျှ မရှိခဲ့သေးချေ။

ပုံမှန်အားဖြင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ ချောင်ထျန်းနယ်ပယ်တွင် စိတ်စွမ်းအား အတိုင်းအတာသည် ၁၅ ဝန်းကျင်သာရှိပြီး ဝိညာဉ်စွမ်းအား ၁၆ သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇နှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။

တစ်နည်းဆိုရသော် လုရွှမ်သည် ဟဲလင်နယ်ပယ်သို့ ယခုမှ ဝင်ရောက်ထားသော်ငြား အဆင့်၇ ကျင့်ကြံသူရဲ့ စွမ်းအားနှင့် ယှဉ်နိုင်သော စွမ်းအားကြီးသည့် စိတ်စွမ်းအားကို ပိုင်ဆိုင်ထားပြီ။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

ယေဘုယျ စွမ်းအင်လမ်းကြောင်းကို နားမလည်လျှင်ပင် စိတ်စွမ်းအား၏ ပြင်းထန်သောအတိုင်းအတာဖြင့် ၎င်းကို တိုက်လှန်ရန် အသုံးပြုနိုင်သေးသည်။

အဂ္ဂိရတ်ပညာရှင်၊ လက်နက်သန့်စင်သူများ၊ အခင်းအကျင်း ပညာရှင်များသည် လေ့ကျင့်ပျိုးထောင်မှုနှင့် သိုင်းကျွမ်းကျင်မှုအရ ကျင့်ကြံသူ များစွာလောက် မကောင်းနိုင်သော်လည်း ၎င်းတို့တွင် ပြင်းထန်သော စိတ်စွမ်းအားရှိပြီး မရေမတွက်နိုင်သော အင်အားကြီးသူများကို ထိတ်လန့်စေသည့် ခုန်ပျံကျော်လွှားခြင်းဖြင့်လည်း တိုက်ခိုက်နိုင်သည်။

ဒဏ္ဍာရီအရတော့ စိတ်ဝိညာဥ်သခင်၏ စွမ်းအားကို အသုံးပြုတဲ့ သခင်မျိုးလည်း ရှိခဲ့တယ်လို့ ဆိုထား၏။ ထိုသူမျိုးဟာ ပိုလို့တောင် အစွမ်းထက်ကာ လက်နက်တွေကို သူ့စိတ်နဲ့ပဲ ထိန်းချုပ်နိုင်ပြီး လေထဲမှာပါ လူတွေကို သတ်နိုင်လေသည်။

သို့သော် ထိုမျိုးနွယ်မှာ မျိုးသုဉ်းသွားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။

ဒါတောင် စိတ်စွမ်းအား အတိုင်းအတာနဲ့ အားကောင်းသူတွေကို သူရဲကောင်းတွေလို လေးစားနေကြဆဲပင်။

ဆိုလိုသည်မှာ လုရွှမ်၏ လက်ရှိကျင့်ကြံမှုသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅၏ အစောပိုင်းကာလတွင်သာ ရှိသော်လည်း စိတ်စွမ်းအား ၁၆ ဖြင့် သူသည် အဆင့်၇နှင့် တန်းတူ ရပ်တည်နိုင်နေပြီ ဖြစ်ပြီး အဲဒါထက်တောင် ကျော်သွားနိုင်သည်။

စိတ့စွမ်းအားသည် မမြင်နိုင်သော လူများကို သတ်ပစ်သည်ကို သိထားရမည် ဖြစ်ပြီး ရန်သူများကို သတ်ရန် အချိန်အနည်းငယ်သာ လိုတော့သည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ပင် ဤအရာကို မလုပ်နိုင်ပေ။

"ဟဲလင်နယ်ပယ် အစောပိုင်းကာလမှာတင် စိတ်စွမ်းအားက ၁၆ကို ရောက်နေပြီ... ဟဲလင်နယ်ပယ်မှာ ဆက်ကြီးထွားလာရင် မကောင်းတော့ဘူး.. သူဒီလိုမျိုး ကြီးထွားခွင့်လာမယ် ဆိုရင် အနှေးနဲ့အမြန် ဆိုသလို သူတော်စင်တစ်ပိုင်း ဖြစ်လာလိမ့်မယ်...ဒါ ကြောက်စရာကောင်းတဲ့ တည်ရှိမှုပဲ"

ဘုရင်မင်းမြတ် ချန်ရှုံ တုန်လှုပ်သွားပြီး တစ်ဆက်တည်း သူ့မျက်လုံးထဲတွင် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာ၏။

"မစောင့်နဲ့တော့ သူ့ကို အတူတူ သတ်ကြရအောင်!"

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်ရှိသွားသူသည် သူတော်စင်တစ်ပိုင်း ဖြစ်လာနိုင်သည်။ ပြင်းထန်သော စိတ်စွမ်းအားက ၂၀ထက် ကျော်လိမ့်မည်။ ထို့နည်းတူ စိတ်စွမ်းအားမှာလည်း သူတော်စင်တစ်ပိုင်း ဖြစ်လာနိုင်သည်။

ဒီလို စိတ်စွမ်းအား ရှိသည် လူတစ်ပိုင်း သူတော်စင်တစ်ပိုင်း ဖြစ်တာကြောင့် သာမန်သူတော်စင် တစ်ပိုင်းများထက် ပိုအားကောင်းတတ်၏။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ ဟဲလင်နယ်ပယ်တွင် စိတ်စွမ်းအား ၁၆သို့ ရောက်ထားပြီး အသက် ၁၈ပင် မပြည့်သေးချေ။

စိတ်စွမ်းအား ၁၈ဖြင့် သူတောင်စင် မဖြစ်လာလျှင်ပင် ၎င်းသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉နဲ့ ညီမျှနေပြီဖြစ်သည်။

အဆင့်၉ နယ်ပယ်နဲ့ ညီမျှနေသော စိတ်စွမ်းအား အတိုင်းအတာ ရှိတဲ့ ရန်သူဆိုဟာ တွေးကြည့်ရုံနဲ့ကို အင်မတန် ကြောက်စရာ ကောင်းနေလေပြီ။

ရှောင်းချင်ထျန်း တစ်ဖန် အသက်ပြန်ရှင်လာလျှင်တောင် တော်ဝင်အင်ပါယာ၏ ထိပ်တန်းအင်အားကြီး ဆယ်ခုမှ အများအပြား ပြေးသွားသော်လည်း ၎င်းကို သတ်ရန် မလုံလောက်နိုင်တော့ပေ။

စိတ်စွမ်းအား ၁၈ အတိုင်းအတာသည် တကယ်ကို အားကောင်းလွန်းလှသည်။ ၎င်းသည် စိတ်စွမ်းအားကို ထုတ်လွှတ်ပြီး လူတစ်ဦး၏ ခုခံမှု အားလုံးကို ထိုးဖောက်ဝင်ရောက်ကာ ပြိုင်ဘက်များကို အလွယ်တကူ ချေမှုန်းသတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။

ဒီလိုလူနဲ့ ရန်သူ ဖြစ်ရင်တော့ ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မလဲ။

ဒါကြောင့် ဒီလူငယ်က သူ့ရဲ့သားရဲထက်တောင် ပိုကြောက်စရာ ကောင်းနေလေပြီ။ ဒီနေ့ ဘယ်လောက်ပဲ အန္တရာယ်ရှိပါစေ သူ့ကို ချန်လှပ်မထားဘဲ သတ်ပစ်ရမည်။

ဗုန်း!

သူအော်သံ ပြီးသွားသည်နှင့် သူ၏ ရောင်ဝါများကို မဖုံးကွယ်တော့ဘဲ ပြိုင်ပွဲ ကွင်း​​ပြင်ဆီသို့ ဦးစွာ ပြေးဝင်သွားခဲ့သည်။

"ကောင်းပြီ!"

ချူဝမ့်ရှန်း နဲ့ တခြားသူတွေကလည်း ဒါကို သဘောပေါက်ကြတာကြောင့် မျက်နှာတွေ ဖြူဖျော့လာကာ မရပ်​နေဝံ့ဘဲ တစ်ချိန်တည်းမှာ အနီးကပ် လိုက်လာကြတော့သည်။

ငယ်ရွယ်ပြီး ထက်မြက်တဲ့ စိတ်စွမ်းအားရှိသူကို မဆိုထားနဲ့ ခွန်အားကြီးတဲ့ ကျင့်ကြံသူ တစ်ယောက်နဲ့တောင် ရန်ငြိုးဖွဲ့ချင်တာ မဟုတ်ချေ။

ချက်ချင်းဆိုသလိုပင် အလွန်မြန်သော အရှိန်များဖြင့် နန်းတော်မှ အကြီးအကဲများ အပါအဝင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူများ တစ်ချိန်တည်းတွင် ပေါ်လာခဲ့သည်။

ပြိုင်ပွဲစင်မြင့် တစ်ခုလုံးကို ပြေးလမ်းမရှိအောင် ချက်ချင်း ပိတ်ပစ်လိုက်သည်။ တစ်ယောက်စီတိုင်းက ထုတ်လွှတ်နေသော အငွေ့အသက်တွေက လူတိုင်းကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်လာစေ၏။

"နောက်ဆုံးတော့ သည်းမခံ နိုင်တော့ဘူးပေါ့??"

ပြေးလွှားလာသော လူတိုင်းကို မြင်တဲ့အခါ လုရွှမ် သူ့လက်ကို ကျောနောက်သို့ ပစ်ထားလျက် ထိတ်လန့်နေမယ့်အစား ပေါ့ပေါ့ပါးပါး ပြုံး​ပြလိုက်သည်။

All Chapters