← Chapters

ကာကွယ်မှု အခင်းအကျင်းကြီး

Vol. 32 Ch. 3.221

ကာကွယ်မှု အခင်းအကျင်းကြီး

Vol. 32 Ch. 3.221

"ခင်ဗျားတို့အားလုံးက သေချင်နေမှတော့ ကျုပ်က ကောင်းကောင်းကြီး ကူညီပေးရတော့မှာပေါ့...!"

တစ်ဖက်က လူသတ်ရန် ရည်ရွယ်ချက် အပြည့်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် လုရွှမ် ခေါင်းယမ်းကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်​လေသည်။

ဝုန်း!

သူ့ခြေဖဝါးကို နင်းလိုက်တဲ့အခါ ပြိုင်ပွဲစင်မြင့် တစ်ခုလုံးသာမက ယင်းယန်ကျောင်းတော် တစ်ခုလုံးပါ ငလျင်လှုပ်သွားသလို သူ့ခြေအောက်တွင် ပြင်းထန်စွာ လှုပ်ခတ်သွား​လေသ​ည်။

"ဘာ?"

"ဘာဖြစ်တာလဲ?"

"သူ့ရဲ့အင်အားက မပျော့ရင်တောင်မှ ကျောင်းတော် တစ်ခုလုံးကို ခြေတစ်ချောင်းတည်းနဲ့ လှုပ်ခတ်သွား​စေဖို့ မဖြစ်နိုင်ဘူးလေ!"

မြေပြင်၏ တုန်ခါမှုကို ခံစားလိုက်ရသဖြင့် လူတိုင်း ထိတ်လန့်သွားပြီး သူတို့၏ မျက်လုံးများသည် မယုံနိုင်သည့် အကြည့်များဖြင့် ပြည့်နှက်လာခဲ့သည်။

သူ့ရှေ့က လူငယ်လေးဟာ အရမ်းသန်မာတယ်လို့ ငြင်းဆိုခဲ့ကြပေမယ့် ဘယ်လောက်ပဲ သန်မာနေပါစေ ယင်းယန်ကျောင်းတော် တစ်ခုလုံးကို တစ်ချက်တည်းနဲ့ လှုပ်ခတ်ပစ်လိုက်လို့ မဖြစ်နိုင်ဘူးလေ။

"ကြည့်လိုက်...အဲဒါ ဘာကြီးလဲ?"

ရုတ်တရက် လူအုပ်ထဲက လူတစ်ယောက်မှ အော်ဟစ်သည်။ အားလုံး လှည့်ကြည့်လိုက်တော့ ကျောင်းတော်ကြီး တစ်ခုလုံးကို ရောင်စုံအလင်းတန်းတွေ ပတ်ပတ်လည် စီးဆင်းနေတဲ့ စွမ်းအင်တွေက ဖုံးအုပ်ထားပြီး အလွန်အမင်း ပြင်းထန်သော ဖိအားတွေနဲ့ ဖိသိပ်လာတာကို ခံစားလိုက်ရ၏။

"ဒါက"

"ဒါက ဘာလဲ? အခင်းအကျင်း ပုံစံတစ်ခုနဲ့ တူသလိုပဲ"

"အခင်းအကျင်း? ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့ အခင်းအကျင်းကြီး ရှိနေတာလဲ?"

"ဘာလို့ အရင်က တစ်ခါမှ မကြားဖူးတာလဲ"

ကျောင်းသားအားလုံး တပြိုင်နက် ရူးသွပ်သွားကြသည်။ သူတို့ရှေ့က မြင်ကွင်းက လူတိုင်း စိတ်ကူးနိုင်တာထက် ကျော်လွန်နေခဲ့ပြီလေ။

"ယင်းယန်နန်းတော်ကို ကာကွယ်ထားတဲ့ အခင်းအကျင်းကြီး? အဲဒါကို ဖွင့်တဲ့နည်းလမ်းက ပျောက်နေတာ ကြာပြီလေ"

သူ့ပတ်ဝန်းကျင်မှာ တောက်ပနေတဲ့ အလင်းရောင်ကို မြင်လိုက်ရတော့ ချူဝမ့်ရှန်းရဲ့ သူအိမ်ငယ်များ ကျုံ့သွားကာ သူ့တစ်ကိုယ်လုံး အေးခဲသွားတော့သည်။

မနေ့က ကျန်းရှောက်ထျန်းဟာ နန်းတော်ရဲ့ အစောင့်အကြပ် အခင်းအကျင်းကို ဖွင့်ပေးနိုင်မလားလို့ မေးတော့ သူက နည်းနည်း ရှင်းပြခဲ့သေးသည်။

အခင်းအကျင်း ဖွဲ့စည်းတည်ထောင်သူ သခင် မရှိတော့တာ ကြာပြီမို့ ဘယ်လိုဖွင့်ရမယ် ဆိုတာကို အသေးစိတ် ပြောပြဖို့ အချိန်မရှိခဲ့တဲ့ အပြင် ၎င်းအခင်းအကျင်းကို နှစ်ပေါင်းများစွာ အသုံးမပြုခဲ့သဖြင့် အလုပ်ဖြစ်မဖြစ် ပြောရခက်နေ သေးသောကြောင့် မလုပ်ဆောင်ခဲ့ခြင်းပင်။

ဒီနေ့ဘာလို့ ရုတ်တရက် ပွင့်လာရတာလဲ?

"မင်း မင်း မင်း... ယင်းယန်ကျောင်းတော်ရဲ့ အခင်းအကျင်း ဖွင့်နည်းကို သိနေတာလား?"

ချူဝမ့်ရှန်းမှာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး သူ့ရှေ့က လူငယ်ကို မထိန်းနိုင်ဘဲ ပြန်ကြည့်လိုက်သည်။ ခြေထောက်ကို တစ်ချက် နင်းလိုက်တာနဲ့ ကြီးမားတဲ့ အခင်းအကျင်း ပုံစံကြီး ပေါ်လာခဲ့တာ မဟုတ်ဘူးလား။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

နန်းတော်ကို ကာကွယ်ထားသည့် ခမ်းနားသော အခင်းအကျင်းမှာ ရှုပ်ထွေးပြီး နက်နဲလှသည်။ အဆင့်၉ အခင်းအကျင်း ပညာရှင် ရောက်လာလျှင်ပင် သဲလွန်စများကို မမြင်နိုင်တော့တာ သူက ဘယ်လိုလုပ် ဖွင့်နိုင်ခဲ့တာလဲ။

"ဒီသေလမ်းကို ခင်ဗျားတို့ကိုယ်တိုင် ရှာနေတာလို့ ကျုပ်မပြောခဲ့ဘူးလား.... ခင်ဗျားတို့ ပြောသလိုပဲ ရှန့်ခုန်းချိုင့်ဝှမ်းမှာတုန်းက မြေနေရာကို အားကိုးခဲ့တယ်လေ.... အဲဒါကြောင့် ဒီမှာလည်း အဲဒီလိုပဲ လုပ်လိုက်တာ!"

တစ်ဖက်လူရဲ့ မေးခွန်းကို ပြန်မဖြေဘဲ လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူ့လက်ဖဝါးကို ခပ်တင်းတင်း ဆုပ်လိုက်၏။

ဗုန်း!

သူ၏လက်ဖဝါး လှုပ်ရှားမှုနှင့်အတူ အလင်းတန်းတစ်ခု ချက်ချင်း စုစည်းသွားပြီး မီတာဆယ်ဂဏန်း ရှည်သော ဧရာမဓားရှည်ကြီး တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ဓားအလင်းသည် အင်မတန် စူးရှလျက် လူ့တစ်ကိုယ်လုံးကိုပင် ကြက်သီးတဖျင်းဖျင်း ထလာစေသည်။

"သူက ကျောင်းရဲ့ အခင်းအကျင်း ဖွဲ့စည်းပုံကို ချုပ်ကိုင်ထားပြီ... သူ အပြည့်အဝ မထိန်းချုပ်နိုင်ခင် အားလုံး မြန်မြန် ထွက်သွားကြ!"

ကျန်းရှောက်ထျန်း တစ်ယောက်

"ဒါတင်မကသေးပါဘူး... သူ အပြည့်အဝ ထိန်းချုပ်ပြီးတာနဲ့ ကျွန်တော်တို့..."

"ဟမ့်! ​မင်းက ပထမဆုံး ဖြစ်ချင်မှတော့ ငါ မင်းကို ကူညီပေးရမှာပေါ့!"

အေးစက်သော နှာမှုတ်သံနှင့်အတူ လုရွှမ်သည် စကားမဆုံးခင်မှာပဲ သူ့လက်ဖဝါးကို ​ဝေ့ယမ်းလိုက်လေပြီ။

ဝုန်း!

အလင်းများဖြင့် ဖွဲ့စည်းထားသော ဧရာမဓားကြီးသည် မျက်စိတစ်မှိတ် အတွင်း ကျန်းရှောက်ထျန်းဆီသို့ ပြေးဝင်သွား၏။

"မဟုတ်ဘူး....."

ဓားဘီလူးကြီး တစ်ချောင်း ချဉ်းကပ်လာတာကို မြင်လိုက်ရတာနဲ့ ကျန်းရှောက်ထျန်းခမျာ ချက်ချင်းဆိုသလို အေးခဲသွားသည်။ ထပ်ပြီး စောင့်နေလို့ မဖြစ်တော့တာမို့ လက်ဝါးကိုမြှောက်လျက် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ အခင်းအကျင်း တံဆိပ်ပြားကို ထုတ်လိုက်ရတော့သည်။

မူလက သူသည် ပြိုင်ဘက်၏ ဝိညာဥ်သားရဲကို ထောင်ချောက်ဆင်ရန် သိမ်းထားချင်သော်လည်း ယခုတွင် ၎င်းကို အသုံးမပြုပါက အသက်ရှင်ဖို့ အခွင့်အရေး မရှိနိုင်တော့ချေ။

"မင်းရဲ့အကူအညီက ဘာများလဲလို့ စဥ်းစားနေတာ... လတ်စသတ်တော့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉က အခင်းအကျင်းလေး တစ်ခုကိုး"

အခင်းအကျင်း တံဆိပ်ပြား ပေါ်လာသည်နှင့် ချက်ချင်းဆိုသလို စွမ်းအင်လှိုင်းလုံး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လုရွှမ်အား ပိတ်လှောင်ထားလိုက်သည်။

သူ့နေရာ၌ တခြားလူသာ ဆိုရင် ထိတ်လန့်တကြား ကျောခိုင်းကာ တတ်နိုင်သမျှ အမြန်ဆုံး ရှောင်တိမ်းရန် ကြိုးစားကြမည် ဖြစ်သော်လည်း ရှောင်မည့်အစား လုရွှမ်က မှုန်ကုပ်ကုပ်လေး ပြုံးလိုက်သည်။

သူ့လက်ဖြင့် ထိန်းချုပ်ထားသော ဓားရှည်ကြီးဟာ အဆင့်၉ အခင်းအကျင်း တံဆိပ်ပြားကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းလုံးကို ထိုးဖောက်သွား၏။

ဗုန်း!

ကျယ်လောင်သော အသံကြီးနှင့်အတူ အခင်းအကျင်းသည် ယိမ်းယိုင်သွားကာ စွမ်းအင်များ အပိုင်းပိုင်း စုတ်ပြဲသွားလေသည်။

ဖူး!

ပါးစပ်မှ သွေးများ တဟုန်းထိုး ထွက်ကျလာခဲ့သော ကျန်းရှောက်ထျန်းသည် တခဏချင်း ဇောက်ထိုး လွင့်ပျံသွားရင်း သူ့မျက်နှာသည်လည်း စက္ကူစုတ်ကဲ့သို့ ဖြူဖတ်သွားခဲ့၏။

"မင်းငါ့ကို မသတ်ချင်ခဲ့ရင် မင်းနဲ့ စကားပြောနေဖို့တောင် ငါစိတ်ဝင်စားမှာ မဟုတ်ဘူး.... ကံဆိုးစွာပဲ.... တကယ်လို့ ဆိုတာ မရှိ​တော့ဘူး!"

ပြိုင်ဘက်ရဲ့ အဆင့်၉ အခင်းအကျင်းကို တစ်ချက်တည်းနဲ့ ချိုးဖျက်ပြီးနောက် လုရွှမ်သည် သူ၏ဓားကြီးကို ဆက်လတ် လှုပ်ရှားလိုက်ပေ၏။

"ဟင့်အင်း မဟုတ်ဘူး.... လုရွှမ် ငါမှားသွားပါတယ်...ငါ"

ကျန်းရှောက်ထျန်း အလျင်စလို အော်လိုက်ပေမယ့် အော်သံ မဆုံးခင်မှာ သူ့ခန္ဓာကိုယ်ထဲ အေးစက်သွားပြီး သူ့လည်ပင်းနဲ့ ခန္ဓာကိုယ်ကို ကွဲထွက်သွားတာကို ခံစားလိုက်ရလေသည်။

ဖုန်း!

အလောင်းသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွား၏။

"ဘာ?"

"ကျန်းရှောက်ထျန်း အသတ်ခံလိုက် ရတာလား?"

အရင်က အနိုင်ရဖို့ အခွင့်အရေး ရှိတယ်လို့ ထင်တဲ့ လူတိုင်းမှာ လက်ရှိ မြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ထိတ်လန့် တုန်လှုပ်သွားကြလေပြီ။

ကျန်းရှောက်ထျန်းရဲ့ ခွန်အားက သူတို့လောက် မကောင်းဘူး ဆိုရင်တောင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ အစောပိုင်းကာလမှာ ရှိနေဆဲပင်။ လှောင်အိမ်ရဲ့ တောင့်တင်းမှုနဲ့ စွမ်းအင်ပေါင်းစပ်မှုကိုပါ သူနားလည်ထားသည်။

သူသုံးသွားတဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ အခင်းအကျင်း တံဆိပ်ပြားထဲမှာ အဆင့်၈ ကျင့်ကြံသူတစ်ယောက် ပိတ်မိသွားရင်တောင် လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးလေ။

ယခုမူကား။

ဒါ့အပြင် ယင်းယန်ကျောင်းကို ကာကွယ်ထားသည့် အခင်းအကျင်းကို အသက်သွင်းနိုင်တာတင် မကသေးဘဲ ဝိညာဥ်ချီတွေကို ပေါင်းစည်းပြီးတောင် ဓားတစ်လတ် ဖြစ်အောင် လုပ်သွားခဲ့သည်။

"သွားပြီ"

ရှောင်းယွမ်ထျန်းနှင့် အခြားသူများ၏ အမူအရာများလည်း မည်းမှောင်သွားသည်။

ရှန့်ခုန်းချိုင့်ဝှမ်းတွင် သူ၏ သဘာဝလွန် စွမ်းအားကို ပြသခဲ့သည့် လူငယ်လေး အကြောင်း သူတို့ ကြာခဲ့ရသည်။ ထိုအချိန်က လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ရသည်လေ။

ယင်းယန်ကျောင်းကို ပြန်ရောက်တဲ့အခါ နေရာဒေသကို အားမကိုးနိုင်လို့ သနားစရာ ကောင်းသွားလိမ့်မယ်လို့ ထင်ခဲ့သော်လည်း ပိုကြောက်စရာ ကောင်းနေမယ်လို့ မမျှော်လင့်ထားခဲ့ချေ။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ အခင်းအကျင်း ပညာရှင်တောင် ဖွင့်ဖို့ခက်တဲ့ ယင်းယန်ကျောင်းတော်ရဲ့ အခင်းအကျင်းကြီးကို ဖွင့်လိုက်သလို စိတ်ကြိက်တောင် ထိန်းချုပ်နိုင်နေသေးတယ်တဲ့လား။

ဒါက ဘယ်လိုများ ဖြစ်တာလဲ?

"ချူဝမ့်ရှန်း.... ဒီကျောင်းရဲ့ ကာကွယ်ရေး အခင်းအကျင်းကို အသက်သွင်းဖို့ နည်းလမ်းမရှိဘူးလို့ ခင်ဗျားပြောခဲ့တာ မဟုတ်ဘူးလား? ဖြေရှင်းနိုင်မလား ကြည့်စမ်းပါဦး!"

ကျောင်းအုပ်ကြီး ဟောင်ယန်မှာ ဒေါသတကြီးဖြင့် အော်ဟစ် မေးမြန်းလိုက်လေသည်။

"ကျုပ်လည်း မဖြေရှင်းနိုင်ဘူး"

ချူဝမ့်ရှန်းမှာ အနည်းငယ်မျှ သဲလွန်စ ရှာမရတော့တာနဲ့ သူ့မျက်နှာပေါ်တွင် ရက်စက်သော အကြည့်ကို ထုတ်ဖော်လိုက်သည်။

"နည်းလမ်း မရှိဘူး! ကျုပ်တို့အားလုံး အတူတူ ပူးပေါင်းပြီး ဒီအခင်းအကျင်းကို ဖျက်စီးပစ်မှ ဖြစ်မယ်!! မဟုတ်ရင် အနှေးနဲ့အမြန် သူ့ဆီကနေ ခေါင်းဖြတ််ခံရလိမ့်မယ်"

"ကောင်းပြီ... လုပ်လိုက်ရအောင်!"

ဘုရင်ကြီး ချန်ရှုံလည်း အံကြိတ်လျက် ဆိုလိုက်၏။ ရိုးရိုးသားသား ပြောရရင် သူအခု နောင်တရလွန်းလို့ သေလုမျောပါး ဖြစ်နေပြီ။

ဘုရင်မင်းမြတ်အနေဖြင့် နန်း​တော်ထဲတွင် မိဖုရား အလှမယ်ပေါင်း သုံးထောင်ရှိသော်လည်း နန်းသွေးမှာ အယောက် တစ်ရာပင် မရှိချေ။ အနည်းဆုံး ၃၅ယောက် ကျော်သာရှိပြီး ထိုအထဲတွင် မင်းသားချန်ရှင်းမှာ သူအချစ်ဆုံး သားတော်ပင်။

စစ်သေနာပတိ ဟူရှောက်ထံမှ လုရွှမ် အကြောင်းတွေ ကြားရတဲ့အခါ ဒေါသတကြီးနဲ့ လက်တုံ့ပြန်ဖို့ ပြေးချလာခဲ့၏။

လူမြင်ကွင်းမှာ အရိုက်ခံရလို့ လက်စားချေသင့်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ လုရွှမ်မှာ သားရဲတစ်ကောင်ပဲ ရှိတယ်လို့ ထင်ထားခဲ့သည်။ သူ့မှာ တခြားဝှက်ဖဲတွေ မရှိတော့ဘူးလို့ ထင်ခဲ့မိ၏။

လူငယ်၏ လှည့်ကွက်များသည် အဆုံးမရှိသလိုပင် ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းကိုပါ ထိန်းချုပ်နိုင်နေတာကို တွေ့လိုက်ရသည်။

ဒါကိုသာ စောစောက သိခဲ့မယ်ဆိုရင် ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့မယ် ဆိုရင်တောင် စောစောစီးစီး နောက်ဆုတ်လိုက်ပါက ဘေးကင်းစွာနဲ့ ရှင်ဘုရင် ဆက်ဖြစ်လာနိုင်သေးသည်။

အခုတော့ ဒီအခင်းအကျင်းကိုသာ မဖျက်စီးနိုင်ရင် သူတို့အားလုံး သေချာပေါက် သေရတော့မယ်။

"လှုပ်ရှားတော့!"

တခြားလူများလည်း ဒီအခင်းအကျင်းရဲ့ လွှမ်းမိုးနိုင်မှုကို ခံစားမိသောကြောင့် ချက်ချင်းပင် ပူးပေါင်းလိုက်ကြ၏။

ဗုန်း!

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ရှိ လူများသည် ကြီးမားသော ဝိညာဥ်ချီများကို အလင်းတန်းတစ်ခု အဖြစ် စုစည်းကာ လုရွှမ်ဆီသို့ အရှိန်ပြင်းပြင်း ပစ်သွင်းလိုက်ကြသည်။

All Chapters