← Chapters

ဘိုးဘေးများကို အံ့​သြစေသူ

Vol. 32 Ch. 3.224

ဘိုးဘေးများကို အံ့​သြစေသူ

Vol. 32 Ch. 3.224

အစည်ကားဆုံး ပေရွှီးမြို့ထဲ၌။

"ကြား​ကြလား? ဘုရင်မင်းမြတ် ချန်ရှုံက ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းသားတစ်ယောက်ဆီက အရိုက်ခဲ့ရပြီး သူ့မျက်နှာ တော်တော်ပျက်စီးသွားတယ်တဲ့!"

"အဲဒါကို ငါ​ဖြင့် ကြားတာကြာပေါ့... ဒါ​ပေမဲ့ ရိုက်သွားတာက ​ကျောင်းသား မဟုတ်​ဘဲ သူ့ရဲ့ ဝိညာဥ်သားရဲလို့ ထင်​တယ်​!"

"ဟုတ်တယ်... ဝိညာဥ်သားရဲပဲ အဲဲဒီဝိညာဥ်သားရဲက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ရဲ့ ပြီးပြည့်စုံတဲ့ ကာလကို ရောက်သွားပြီတဲ့ သူ့ရဲ့ စွမ်းအားက တော်တော်လေး ထူးခြားတယ်လို့ ပြောကြတယ်!"

"အဲဒီသားရဲကို သားရဲခန်းမရဲ့ သခင်က ပိုင်တယ်လို့ ကြားမိသလိုပဲ"

"ဘယ်သူပဲဖြစ်ဖြစ် ဘုရင်မင်းမြတ် ချန်ရှုံကို စော်ကားလိုက်မှတော့ အဲဒီလူအတွက် သွားစရာလမ်း တစ်လမ်းပဲ ရှိတယ်... သေမင်းကို စောင့်ဆိုင်းဖို့ပဲ!"

"မှန်တယ်... ဘုရင်မင်းမြတ်က တိုင်းပြည်ကို ချုပ်ကိုင်ထားတာလေ.. ကျောင်းသားငယ်ကို ရူးရူးမိုက်မိုက် ပြုမူဖို့ ဘယ်လိုလုပ် ခွင့်ပြုထားနိုင်မှာလဲ?"

"သတင်းကောင်းကို စောင့်နေရအောင်... အဲဒီကျောင်းသား မကြာခင်မှာ ခေါင်းဖြတ်ခံရလိမ့်မယ်"

တစ်ဖက်က တော်ဝင်နန်းတော်ထဲရှိ ပိတ်ထားသော အခန်းတစ်ခုတွင် အဘိုးအို အများအပြား ထိုင်နေ​ကြသည်။

ထိုင်နေသူများသည် တော်ဝင်မိသားစုနှင့် အဓိက မိသားစုမှ ဘိုးဘေးများ အားလုံးနီးပါး ဖြစ်ပြီး ၎င်းတို့တစ်ဦးစီတွင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ကို ရောက်ရှိထားကြပြီ။

ဘုရင်မင်းမြတ် ချန်ရှုံ၏ မျက်နှာကို အရိုက်ခံခဲ့ရသည့် သတင်းကို တမင်တကာ ဖိနှိပ်ထားသော်လည်း ထိုအကြောင်းကို လူအများကြီူ သိနေကြဆဲ ဖြစ်သည်။

ဒီလူတွေရဲ့အမြင်မှာ ဘုရင်မင်းမြတ်ကို ကျောင်းသားလူငယ် တစ်ယောက်က ရိုက်လိုက်တာကို သူတို့ရဲ့မုန်းတီးမှု အတွက် ဘယ်လိုလုပ် လက်စားမချေဘဲ နေပါ့မလဲ။

"ငါတို့ ဘာလုပ်သင့်လဲ?"

အဘိုးကြီးတစ်ဦးက ပြော၏။

"ဒီရောဂါဆိုးကြီးကို ဘယ်လို ဖယ်ရှားရမလဲဆိုတာ ဆွေးနွေးဖို့ ဘုရင်မင်းမြတ်ဆီ သွားရမယ့် အချိန်ရောက်ပြီ ထင်တယ်"

"ဟုတ်တယ်... ဒီအချိန်မှာ ငါတို့က ဘုရင်မင်းမြတ်ကို ကူညီမယ်ဆိုရင် ငါတို့ရဲ့ ကြင်နာမှုကို သူသေချာပေါက် အမှတ်ရ​နေလိမ့်မယ်... ဘာပဲဖြစ်ဖြစ် ငါတို့ကို နောင်နှစ်တစ်ရာ ကျော်သွားရင်တောင် မိသားစုက အကာအကွယ် ပေးနေဦးမှာပဲ!"

"ကျုပ်လည်း အဲ့ဒီလို တွေးမိတယ်... အဲဒီကျောင်းသားရဲ့ ဝိညာဥ်သားရဲက အရမ်း အစွမ်းထက်တယ် ဆိုရင်တောင် သူက ကျုပ်တို့ကို ဒီလောက် သန်မာတဲ့သူတွေ အများကြီးကို တားနိုင်ပါ့မလား?"

"လူတိုင်း ကိုယ့်ရဲ့ ဝှက်ဖဲတွေကို ထုတ်လိုက်ကြ... အားလုံး အတူပူးပေါင်းရင် သတ်နိုင်လိမ့်မယ်လို့ ကျုပ်ထင်တယ်!"

အဘိုးကြီး တော်တော်များများကလည်း ကိုယ့်အတွေးများကို ဝင်ပြောလာကြသည်။

ဘုရင်မင်းမြတ် ချန်ရှုံသည် ပေရွှီး တော်ဝင်အင်ပါယာ၏ အရှင်သခင်ဖြစ်ပြီး ၎င်းတို့၏ အခြေခံအုတ်မြစ်များ အားလုံးသည် ဤနေရာတွင် ရှိနေကြလို့ သူတို့သည် ချန်ရှုံနှင့် မိတ်ဖွဲ့ရန် သေချာပေါက် မျှော်လင့်ကြသည်။

"ဟူး... မင်းထင်တာက ရိုးရှင်းလွန်း​နေတယ်!"

အဘိုးအို တစ်ဦးသည် လူတိုင်း၏ စကားဝိုင်းကို ရပ်တန့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"ရိုးရှင်းတယ်?"

အားလုံးက သံသယစိတ်နဲ့ ကြည့်နေကြတယ်။

"ဟုတ်တယ်... ဘုရင်မင်းမြတ်က ဝိညာဥ်သားရဲဆီက အရိုက်ခံရလို့ အရှက်ကွဲခဲ့ရပြီး မျက်နှာလည်း ပျက်သွားခဲ့တာ.. ဒီအကြောင်းကို တခြားသူကို မသိစေချင်တာတော့ သေချာတယ်... ငါတို့က ပြောင်ပြောင်တင်းတင်း သွားကူညီရင် ငါတို့ သိပြီးပြီလို့ မဆိုလိုဘူးလား? သတင်းဆိုး ဆိုတော့ ဘုရင်မင်းမြတ်က သူ့မျက်နှာကို ဘယ်မှာ သွားထားရတော့မလဲ?"

ထိုအဘိုးအိုက ​ပြန်ပြောလေ၏။

"ဒါ..."

လူတိုင်း အေးခဲသွားသည်။

မှန်ပါတယ်။ သူတို့တကယ် အမြန်ကူညီရင် ဘုရင်မင်းမြတ်ရဲ့ မျက်နှာကို အရိုက်ခံရတယ် ဆိုတဲ့ သတင်းကို သူတို့ သိပြီးပြီလို့ ဆိုလိုတာသွားပြီလေ။

"ဒါက အရေးမကြီးပါဘူး.... အရေးကြီးဆုံးက ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းလည်း အရိုက်ခံလိုက်ရတယ်လို့ ကြားတယ်... အဲဒီနှစ်ယောက်က ငါတို့ ပေရွှီး တော်ဝင်အင်ပါယာရဲ့ အသန်မာဆုံးလို့ ယူဆကြတယ်... သူတို့က ဘာမှ မလုပ်နိုင်တာ... ကျုပ်တို့သွားရင်လည်း ဘာမှ မလုပ်နိုင်ဘဲ အသေကောင် ဖြစ်သွားမှာ ကြောက်ရတယ်"

အဘိုးကြီးက ဆက်ပြော၏။

လူတိုင်းလည်း တိတ်ဆိတ်သွားခဲ့သည်။

တန်ခိုးအာဏာအရ ဘုရင်မင်းမြတ် ချန်ရှုံကို မည်သူက နှိုင်းယှဉ်နိုင်မည်နည်း။ အဆက်အသွယ်များနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကို မည်သူက နှိုင်းယှဉ်နိုင်မည်နည်း။

ဒီလူနှစ်ယောက်ဟာ ရိုက်နှက်ခံရပြီး အရှက်ရခဲ့ပေမယ့် လက်စားချေလို့ မရခဲ့ဘူး။ သူတို့ကိုပါ ထပ်ထည့်လိုက်ရင် ဘယ်လောက်များ ထိရောက်သွားမှာလဲ။

"ဒါဆို စောင့်ကြည့်ကြရအောင်... ဒါက အခွင့်ကောင်းပဲ အောင်မြင်ရင် ငါတို့မိသားစုအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်"

အဘိုးကြီးတစ်ဦးသည် အနည်းငယ် ပြန်လည်သင့်မြတ်စွာ ဆိုခဲ့သည်။

ဘုရင်ကြီး ချန်ရှုံက တော်ဝင်အင်ပါယာကို ချုပ်ကိုင်ထားလို့ သူမလုပ်နိုင်တဲ့ အရာက မရှိသလောက်ပဲ။ သူ့ကို လက်စားချေဖို့ ကူညီတာက ကြီးကျယ်တဲ့ ကျေးဇူးတရားပဲလေ။

သူတို့ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ရင် သူတို့ရဲ့ စွမ်းအားကို အချိန်တို အတွင်းမှာ အဆပေါင်းများစွာ တိုးလာဖို့က အရမ်းကို ရိုးရှင်းသွားပြီ။

"ခင်ဗျားပြောတာက ၁၀၀၀%မှာ အောင်မြင်နိုင်ချေက ၉၉၉% မရှိဘူး.... အဓိက မိသားစုတွေရဲ့ ဘိုးဘေးတွေ အနေနဲ့ ကျုပ်တို့သေပြီးတာနဲ့ ကျုပ်တို့မိသားစု နေရာမှာ မကြာခင် တခြားမိသားစုတွေနဲ့ အစားထိုးပြီး အာဏာ ခွဲဝေပေးကြတော့မှာ"

အဘိုးအိုက ပြောသည်။

"ဒါဆို ကျုပ်တို့ ဘာလုပ်သင့်လဲ?"

တစ်ဖက်လူက ဘာပြောပြော မှန်နေတာကြောင့် လူတစ်ယောက်က မထိန်းနိုင်ဘဲ ထပ်မေးလိုက့တော့သည်။

"ကျုပ်အမြင်က ရှင်းပါတယ်... အရင် စောင့်ကြည့်ရမယ် နှစ်ဖက်ကြားက ပဋိပက္ခ ကြီးကြီးမားမား ပေါ်ပေါက်လာရင်...ကျုပ်တို့ မိသားစု အခြေအနေနဲ့ ဆက်လုပ်သင့်သလား စောင့်ကြည့်ပြီး ဆုံးဖြတ်ချက် ချကြမယ်!"

အခန်းအပြင်ဘက်က တံခါးကို ရုတ်တရက် ခေါက်သံကြားတော့ အဖိုးအိုက ဖြည်းညှင်းစွာ စကားပြောတာကို ရပ်လိုက်သည်။

"ဘိုးဘေး ကျွန်တော်ပါ!"

တံခါးခေါက်သူက စိုးရိမ်တကြီးနဲ့ အော်လိုက်သည်။

"ကျုပ်လူပဲ" စကား ပြောနေခဲ့သော အဖိုးအိုက ဆို၍

"ဝင်လာခဲ့!"

စကားဆုံးတာနဲ့ လူငယ်လေး တစ်ယောက် ဝင်လာသည်။

"မင်းကို ယင်းယန်ကျောင်းတော်မှာ ဆက်နေခိုင်းတာ မဟုတ်ဘူးလား? ဘာလို့ ဒီလောက် အလောတကြီးနဲ့ ရောက်လာတာလဲ"

အဘိုးအိုက မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်ကဲ့"

ထိုမှပင် လူငယ်က အခန်းထဲတွင် လူများစွာ ရှိနေကြောင်း သိလိုက်ရရာ သူ့မျက်နှာပေါ်တွင် တုံ့ဆိုင်းမှု အပြည့်နှင့် ဖြစ်သွားသည်။

"ဘာပြောစရာရှိလဲ? ပြောလို့ရတယ်!"

အဘိုးကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ လူငယ်က။

"ဒီနေ့ လုရွှမ်ကို လက်စားချေဖို့ ဆိုပြီး ဘုရင်မင်းမြတ် ချန်ရှုံ ရောက်လာခဲ့ပါတယ်"

"အိုး? စနေပြီလား? ရလဒ်က ဘယ်လိုလဲ?"

တိုက်ပွဲ စတင်နေပြီလို့ ကြားတော့ အားလုံးကယလည်း တပြိုင်နက် တုန်လှုပ်သွားပြီး လူငယ်ကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။

"ရလဒ်ကတော့ ဘုရင်မင်းမြတ် ချန်ရှုံနဲ့ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းတို့ အသတ်ခံလိုက်ရပါတယ်"

လူငယ်က ဆို၏။ သူကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့ရပေမယ့် အခုထက်ထိ မယုံနိုင်သေးချေ။

"မင်းဘာပြောလိုက်တယ်?? ဘုရင်မင်းမြတ် ချန်ရှုံ အသတ်ခံလိုက်ရတယ် ဟုတ်လား?"

"ချူဝမ့်ရှန်း သေသွားပြီ ဟုတ်လား"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူတို့က ပေရွှီး တော်ဝင်အင်ပါယာ တစ်ခုလုံးမှာ သြဇာအရှိဆုံး လူတွေလေ"

ထိုလူငယ်ရဲ့ စကားကို ကြားတဲ့အခါ သူတို့အခြေအနေကို စောင့်ကြည့်ပြီး ဆက်လုပ်မယ်လို့ ပြောခဲ့တဲ့ ဘိုးဘေးတွေမှာ မယုံနိုင်ဖြစ်ကာ ရူးသွားတော့မတတ် ဖြစ်လာကြသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

အဲဒါ တိုင်းပြည်ရဲ့ အရှင်သခင်နဲ့ ကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ကြီးလေ!

"သတင်းက လုံးဝ မှန်ပါတယ်!"

လူငယ်လည်း လူတိုင်း မယုံနိုင်ဘူးဆိုတာ သိတဲ့အတွက် သူက ထပ်ပြီး အလေးအနက် ပြောလိုက်၏။

"ဒါ..."

"ဘုရင်မင်းမြတ် ချန်ရှုံ ကွယ်လွန်သွားပြီတဲ့လား?"

"ကံကောင်းတာက ငါတို့ အခုထိဘာမှ မလုပ်ရသေးတာပဲ"

တစ်ဖက်လူရဲ့ အတည်ပြုချက်ကို ကြားတော့ လူတိုင်းက ကျောကုန်းမှာ ချွေးအေးတွေ စိုရွဲလာသလို ခံစားလိုက်ရသည်။

ကံကောင်း ထောက်မစွာနဲ့ ဘုရင်မင်းမြတ် ချန်ရှုံ ကျေနပ်သွားစေရန် ထိုကျောင်းသားကို သူတို့သွားပြီး အနှောင့်အယှက် မပေးမိခဲ့တာပင်။ မဟုတ်ပါက ယခုအချိန်တွင် သူတို့ကိုယ်တိုင်ပါ အလောင်းအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ပေရွှီး တော်ဝင်အင်ပါယာက အပြင်းထန်ဆုံး လူနှစ်ယောက်တောင် မခံနိုင်ဘူးတဲ့လား။

"ငါ့ကို မြန်မြန်ပြော.... သူဘယ်လို သတ်လိုက်တာလဲ? အဲဒီဝိညာဥ်သားရဲကို သုံးပြီးတော့လား"

အဘိုးအိုမှာ စိတ်တည်ငြိမ်သွားအောင် ကြိုးစားရင်း အဘိုးအိုက မေးလိုက်သည်။

"ဝိညာဥ်သားရဲ မဟုတ်ဘူး!! သူ့ရဲ့ဝိညာဥ်သားရဲက လုံးဝ ပေါ်မလာဘူး"

လူငယ်က ခေါင်းယမ်းရင်း

"ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ထိန်းချုပ်ပြီး ဘုရင်မင်းမြတ်ကို သတ်လိုကိတာပါ... ပြီးတော့ နန်ဟိုင် တော်ဝင်အင်ပါယာ ယင်းယန်ကျောင်းက ကျောင်းအုပ်ကြီး ဟောင်ယန်၊ အကြီးအကဲ ရှောင်းယွမ်ထျန်းနဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က လူတွေကိုလည်း သတ်ပစ်ခဲ့ပါတယ်"

"ဘာ? သန်မာတဲ့ လူတွေ အများကြီးကို တစ်ခါတည်း သတ်လိုက်တာလား?"

"ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ထိန်းချုပ်တယ် ဟုတ်လား?"

"ကြောက်စရာ ကောင်းပေမယ့် သက်သာရာ ရသွားသလိုပဲ!"

"ဒါက ဘာကို ပြောချင်တာလဲ?"

"ယင်းယန်ကျောင်းရဲ့ အကာအကွယ် အခင်းအကျင်းက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... အဲဒီအကွာအဝေးထဲက ထွက်သွားနိုင်ရင် သူ ကျုပ်တို့ကို နောက်ထပ် ဘာများ လုပ်နိုင်မှာလဲ"

"ဟုတ်သားပဲ"

အဘိုးအိုတစ်ဦး၏ ခွဲခြမ်းစိတ်ဖြာလိုက်တဲ့ စကားကို ကြားပြီးနောက် လူတိုင်း သက်ပြင်းချကြသည်။ သူဆက်ပြောတော့မယ့် အချိန်မှာပဲ လူငယ်လေးရဲ့ ထိတ်လန့်နေတဲ့ စကားကြောင့် အနှောင့်အယှက်ဖြစ်သွားတယ်။

"ဒီလိုမဟုတ်ဘူး"

"ဘာမှားလို့လဲ?"

အဘိုးအိုက တချက်ကြည့်လိုက်သည်။

"သူက ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ထိန်းချုပ်နိုင်ရုံတင် မကဘူး.... အစွမ်းထက်တဲ့ ကိုယ်ရံတော်လည်း ရှိသေးတယ်"

ထိုလူငယ်သည် မော့ကောင်းရွှမ်း ထွက်ပေါ်လာခဲ့သည့် အကြောင်းကို အသေးစိတ် ပြောတော့မယ့် အချိန်မှာပဲ ရုတ်တရက် မိုးခြိမ်းသံလို အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

"ပေရွှီး တော်ဝင်မိသားစုထဲက လူတွေအကုန်လုံး ချက်ချင်း လက်နက်ချပြီး တော်ဝင်မြို့ထဲက ထွက်သွားပါ.... ငါလုရွှမ်.. မဆိုင်တဲ့လူတွေကို မသတ်ချင်ဘူး!"

All Chapters