ရတနာအခန်း
Vol. 32 Ch. 3.225
ပေရွှီးမြို့ရဲ့ ကောင်းကင်မှာ တဖျပ်ဖျပ် မိုးခြိမ်းသံလို တဒုန်းဒုန်း တဒိုင်းဒိုင်း တုန်ခါနေတဲ့ အသံဟာ သာမာန်လူသားတွေသာ ကြားရင် စစ်ပွဲကြီး ဖြစ်တော့မယ်လို့ ခံစားရပြီး အနည်းငယ် မတည်မငြိမ် ဖြစ်သွားစေလိမ့်မည်။
"ဘာဖြစ်တာလဲ?"
"တော်ဝင်မိသားစု အပေါ် ရက်စက် ကြမ်းကြုတ်တဲ့ စကားတွေ လာပြောရအောင် ဘယ်သူက ဒီလောက် မောက်မာနေတာလဲ?"
"ပျံသန်းနေတာလား? သူက သူတော်စင်နယ်ပယ်က သန်မာတဲ့လူများ ဖြစ်နိုင်မလား"
ပေရွှီး တော်ဝင်မြို့တော်ကြီး တစ်ခုလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့သည်။ ဘယ်သူကများ ဒီလောက် အတင့်ရဲပြီး ပေရွှီး တော်ဝင်မိသားစုကို တော်ဝင်မြို့တော်က နှင်ထုတ်နေတာလဲ ဆိုတာ သိချင်လာကြသည်။
လျှို့ဝှက်ခန်းထဲက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ဘိုးဘေးများလည်း ပြေးထွက်လာကြသလို တပြိုင်နက် လျှို့ဝှက်ခန်း တစ်ဝိုက်တွင် စောင့်နေသော အစောင့်များသည် ချက်ချင်း ပေါ်လာ၍ သူတို့ရဲ့သခင်များကို ဝိုင်းရံထားကြသည်။
ပေရွှီး နန်းတော်အထက်တွင် သူ၏ကျောနောက်တွင် ဖြန့်ကြက်ထားသော အနီရဲရဲအတောင်ပံဖြင့် လူငယ်တစ်ဦး လွင့်မျောနေပြီး နန်းတော် အတွင်းရှိ တော်ဝင်မိသားစုဝင်များ၏ တုံ့ပြန်မှုကို စောင့်မျှော်နေပုံပင်။
လူငယ်၏ဘေးတွင် လွင့်မျောနေသည့် ပုံတစ်ပုံမှာ မော့ကောင်းရွှမ်းပဲ ဖြစ်သည်။ မော့ကောင်းရွှမ်းကို မြင်လိုက်တာနဲ့ ဘိုးဘေးတွေရဲ့ မျက်ခုံးတွေဟာ သိသိသာသာပဲ တွန့်ချိုးသွားသည်။
သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်က ကျင့်ကြံသူများ အနေနှင့် ကြောက်မက်ဖွယ်ကောင်းသော ထိုလူ၏ ကျင့်ကြံမှုကို မမြင်နိုင်ပေ။
သတင်းအရဆို အတောင်ပံ ဖြန့်ထားသော သူမှာ လုရွှမ် ဖြစ်နိုင်ပြီး သူ့ဘေးနားတွင် စွမ်းအားကြီးတဲ့ အစောင့်အကြပ် ဖြစ်မည်ဟု ဘိုးဘေးများ ကောင်းကောင်း သိလိုက်သည်။
"သူက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉များလား?"
တစ်စုံတစ်ယောက်သည် မယုံကြည်နိုင်စွာ ဟစ်အော်လိုက်၏။ ဒါကိုကြားတော့ လူတိုင်းလည်း အံ့ဩသွားကြသည်။
ဘုရင်မင်းမြတ် ချန်ရှုံနဲ့ ရင်ဆိုင်ရတဲ့ အခါတုန်းက သူတို့မှာ အဲဒီလို ဖိအားတွေ မရှိခဲ့ချေ။
အဲဒီလို ကျင့်ကြံမှု အဆင့်နဲ့ဆို ပေရွှီး တော်ဝင်အင်ပါယာကနေ ဖြတ်သွားရင် ဘယ်သူကမှ မတားရဲ၊ မစော်ကားရဲ၊ မသတ်ရဲတဲ့ ဖြစ်တည်မှုကြီးပဲ ဖြစ်သည်။
သိရမည်မှာ ပေရွှီး တော်ဝင်အင်ပါယာထဲက အစွမ်းထက်ဆုံး လူပင်လျှင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလသာ ရှိသေးသည်။
အဆင့်၉ သန်မာသူသာ သူတို့ကို သတ်ချင်ရင် သာမာန်ကြက်ကလေးကို ဖိသတ်လိုက်တာနဲ့ ဘာမှ မကွာလောက်ချေ။ လျိုမိသားစုတွင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူ တစ်ယောက် ရှိနေတာကြောင့်ပဲ ဘယ်သူကမှ မနှောင့်ယှက်ရဲခြင်း ဖြစ်လေသည်။
တော်ဝင်မိသားစုက မည်သို့တုံ့ပြန်မည်ကို လူတိုင်း စောင့်ကြည့်နေကြစဥ် ရုတ်တရက် နန်းတော်အတွင်းမှ အနည်းငယ် မိန်းမဆန်သော အသံကို ကြားလိုက်ရသည်။
"သေလမ်းကို လာရှာနေတာပဲ!"
ချက်ချင်းပင် လူတစ်ဦးသည် ဓားတစ်လတ်ကို ကောင်းကင်ပေါ်က လုရွှမ်ဆီကို ပစ်လွှတ်လိုက်လေသည်။
"ကုန်းကုန်းဝမ်.... အဲဒါ ကုန်းကုန်းဝမ်ပဲ!"
ဘိုးဘေးတစ်ယောက်မှ တအံ့တသြဖြင့် ထအော်လိုက်သည်။
"ဒီလူကြီးရဲ့ သတင်းကို မကြားရတာ နှစ်တစ်ရာလောက်ရှိပြီ... မထင်ထားဘူး သူအခုထိ အသက်ရှင်နေသေးတာပဲ!"
"သူ အသက်ရှင်နေသေးလို သူ့ကျင့်ကြံမှုကိုလည်း မမြင်ရဘူး... သူက ဘုရင်မင်းမြတ် ချန်ရှုံထက် အများကြီး သာလွန်နေမှာကို ကြောက်ရတယ်"
တခြားဘိုးဘွား တစ်ဦးမှာလည်း သူ့မျက်နှာတွင် တုန်လှုပ်ခြောက်ခြားသော အကြည့်များဖြင့် ပြောလာသည်။
ထို့နောက် ဘိုးဘေးများ အချင်းချင်း ကြည့်ကာ စကားဆဲသွားကြသည်။ တော်ဝင်မိသားစုထဲမှာ ပုန်းအောင်းနေတဲ့ သန်မာတဲ့ လူတစ်ယောက် ရှိတယ်ဆိုတာ သူတို့ မသိခဲ့ကြဘူးလေ။
ပေရွှီး တော်ဝင်မိသားစုသည် တော်ဝင်မိသားစုတစ်ခု ဖြစ်ပြီး ၎င်း၏နောက်ခံသည် သာမာန်မိသားစုများထက် များစွာပိုမို နက်ရှိုင်းပါသည်။ အဆင့်အတန်း မြင့်သော အင်ပါယာတစ်ခုတွင် နိုင်ငံ၏ အရင်းအမြစ်များ အဖြစ် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က စုဆောင်းရန်မှာ မခက်ခဲလှပေ။
"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉နဲ့ ခြေတစ်လှမ်း တစ်ဝက်ပဲ ကွာတော့တယ်!"
လုရွှမ်က ကောင်းကင်သို့ ခုန်တက်လာသော ဓားကို ဘာမှမထူးခြားသလိုပဲ ကြည့်နေလေသည်။
ဓားကိုင်ထားသည့် ဤလူ၏ပုံသည် ကောင်းကင်ကို ဓားဖြင့်ထိုးနိုင်သကဲ့သို့ ထိတ်လန့်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။ အခြားသူများက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံမှု ကာလကိုသာ မြင်နိုင်သော်လည်း သူကတော့ အဆင့်၉နဲ့ ခြေတစ်ဝက်သာ ကွာဝေးသည်ကို သိသည်။
"ဟမ့်!"
ကုန်းကုန်းဝမ် ပြေးထွက်လာတာကို မြင်သော် လုရွှမ်အမိန့်မပါဘဲ မော့ကောင်းရွှမ်းမှ အေးစက်စွာ နှာမှုတ်၍ သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။
ဗုန်း!
လက်တစ်ချောင်းက ရှေ့သို့ ဆန့်လျက် ပြိုင်ဘက်၏ ဓားရှည်ကို တားဆီးထားလိုက်သည်။
အဝေးကနေ ကြည့်လိုက်ရင် သူ့ရဲ့လက်ချောင်းတွေနဲ့ ဓားစွမ်းအင်ကို တိုက်ထုတ်လိုက်တာ အရမ်းရယ်စရာ ကောင်းပေမယ့် ကုန်းကုန်းဝမ် အတွက်ကတော့ ကောင်းကင်ကြီး ကွဲသွားသလိုမျိုး ချက်ချင်းဆိုသလို စွမ်းအားတစ်ခု ပြေးဝင်လာတာကို ခံစားလိုက်ရသည်။
ယခုအချိန်တွင် ကုန်းကုန်းဝမ်၏ မျက်နှာမှာ ဖြူဖတ်နေပြီး ကြောက်ရွံ့ထိတ်လန့်သော အမူအရာများ ပေါ်လာသည်။ မော့ကောင်းရွှမ်းရဲ့ လက်ချောင်း စွမ်းအားကို သူသာလျှင် ခံစားနိုင်သည်။
ဝုန်း ဝုန်း!
ထို့နောက် ချက်ချင်းပင် ကုန်းကုန်းဝမ် လက်ထဲမှ ဓားရှည်သည် ဓားဖျားမှ ကွဲထွက်သွားပြီး သူ့လက်သည်ပင် မလွတ်မြောက်ဘဲ အပိုင်းပိုင်း ကွဲထွက်သွားသည်။
ကုန်းကုန်းဝမ်မှာ ဘယ်လောက်ပဲ မိုက်မဲနေပါစေ တစ်ဖက်လူက ကြောက်စရာ ကောင်းနေမှန်း သိလိုက်တာကြောင့် နည်းနည်းလေးမှ မဆိုင်းတွဘဲ လှည့်ပြီး ထွက်ပြေးလေ၏။
"ထွက်ပြေးချင်တယ်ပေါ့?? နောက်ကျသွားပြီကွ!"
မော့ကောင်းရွှမ်း အေးစက်စွာ ရေရွတ်ကာ သူ့လက်ချောင်းများကို လုံးဝမရပ်ဘဲ လေထဲတွင် မီတာရာနှင့်ချီ အချင်းဝက်ရှိသော ကြီးမားသော လက်ဝါးရာအဖြစ် ပြောင်းလဲ ဖန်တီးလိုက်သည်။
ဝုန်း!
လက်ဝါးရာကြီး ပြေးသွားရာ လမ်းတစ်လျှောက်တွင် ကောင်းကင်နှင့်မြေကြီး၏ အသက်ဝင်မှုသည် နေရာတိုင်းသို့ စီးဆင်းသွားပြီး နန်းတော်ရှိ မရေမတွက်နိုင်သော လှပသောအိမ်များ တခဏချင်း ပြိုကျသွားသည်။
ဝုန်း!
လက်ဝါးကြီး ကုန်းကုန်းဝမ် ခန္ဓာကိုယ်ပေါ် ပြိုကျသွားတဲ့အခါ အော်ဟစ်ဖို့ အချိန်တောင် မရတော့ဘဲ သူ့ခန္ဓာကိုယ်ဟာ တစ်ပိုင်းတစ်စစီ ကွဲအက်သွားတော့သည်။ သိပ်မကြာခင်မှာပဲ လက်ဝါးကြီးဟာ ပြင်းပြင်းထန်ထန် ဖိချလိုက်တာကြောင့် အသားပြားအဖြစ်ပါ ပြောင်းလဲသွားတော့သည်။
"ဘာ?"
"ကုန်းကုန်းဝမ်ကို သတ်ပစ်လိုက်တာလား?"
"ဘယ်လိုဖြစ်တာလဲ"
"ဒီကောင်က ဘယ်သူလဲ? သူဘာလို့ ဒီလောက်ထိ ကြောက်ဖို့ကောင်းနေတာလဲ"
မူလက နန်းတော် အတွင်းရှိ လူတိုင်းသည် ကုန်းကုန်းဝမ် အပြေးအလွှား သွားနေသည်ကို တွေ့လိုက်ရသောအခါတွင် တစ်ဖက်လူတွေ အခက်တွေ့ပြီ ဟုထင်ခဲ့သည်။
လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ကျော်ကြားခဲ့တဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပညာရှင်ကြီးဟာ ပြိုင်ဘက်၏ လက်တစ်ချောင်းအောက်တွင် အော်ချိန်မရဘဲ သေဆုံးသွားမည်ဟု ဘယ်တုန်းမှ မထင်ထားခဲ့ချေ။
"ဒါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ အဆင့်၉ အထွတ်အထိပ် စွမ်းအားပဲ!"
အဝေးတစ်နေရာ၌ ပုန်းအောင်းနေသော အဘိုးကြီးများသည် ဤအခိုက်အတန့်တွင် မော့ကောင်းရွှမ်း၏ ခွန်အားကို သတိပြုမိသွားကြပြီး တုန်လှုပ်ကာ ရူးသွပ်သွားကြသည်။
ကံကောင်းထောက်မစွာနဲ့ သူတို့အခုနက အရူးတစ်ယောက်လို ပြေးမသွားမိတာပင်။ တကယ်သာ လုပ်မိပါက မော့ကောင်းရွှမ်း လက်အောက်မှာ သေသွားရလိမ့်မည်။
"နန်းတော်က ထွက်သွားဖို့ မင်းတို့ကို ၁၀မိနစ် အချိန် ပေးမယ်... မဟုတ်ရင်တော့ သေရမယ်!"
လုရွှမ်ရဲ့ မိုးခြိမ်းသံလို အသံက ထွက်ပေါ်လာပြန်သည်။
ကုန်းကုန်းဝမ်ရဲ့ ဟန့်တားမှု အဆုံးသတ်က သေခြင်းတရား ဖြစ်သောကြောင့် တခြားသူတွေမှာလည်း တုံ့ဆိုင်းသွားကြသည်။ ဘုရင်မင်းမြတ် ချန်ရှုံ၏ သေဆုံးမှုနှင့်အတူ ခေါင်းဆောင် မရှိတော့သဖြင့် မကြာမီ နန်းတော်သည် ရှုပ်ပွသွားသည်။
၁၀မိနစ် အချိန်ပြီးသော် လုရွှမ်နှင့် မော့ကောင်းရွှမ်းတို့ ရပ်နေရာ တံခါးအနားတွင် ယခင်က စောင့်ကြပ်ခဲ့သော အစောင့်တစ်ယောက်မှ မရှိတော့ပေ။ ခွန်အားကြီးသူတွေလည်း ထွက်ပြေးသွားကြပြီ။
လုရွှမ် ခြေထောက်ကို မြှောက်ကာ နန်းတော်တံခါးကို ကန်ချပစ်လိုက်ပြီး အထဲသို့ တည့်တည့်ဝင်သွားလေသည်။
နန်းတော်ထဲတွင် ပြေးနိုင်သူအားလုံး ပြေးနေပြီဖြစ်သော်လည်း အတွင်းတွင် ယိမ်းနွဲ့နေသည့် အသွင်အပြင် အနည်းငယ် ရှိသေးသည်။ ပေရွှီူ နန်းတော်ကြီးသည် ကြီးမားပြီး ကျင့်ကြံမှု အဆင့်မရှိသော ဤသာမန်လူများသည် ၁၀မီနစ် အတွင်း ထွက်သွားနိုင်မည် မဟုတ်ပေ။
သို့သော် လုရွှမ်သည် ဤထိတ်လန့် တုန်လှုပ်နေသော သာမာန်လူများကို ကြည့်ကာ သတ်ပစ်ချင်သည့် ရည်ရွယ်ချက်ကို လုံး၀ မဖော်ပြချေ။ အရူးဧကရာဇ်သည် ရူးနေသော်လည်း သာမန်လူများကို လိုက်လံသတ်ဖြတ်ရန် ပျင်းလွန်းလှသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် လက်ရှိအရေးကိစ္စများကို မသိဘဲ တော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိမှုနှင့် လက်စားချေရန် လာခဲ့ပါက သူ့ဘက်ကလည်း ယဉ်ကျေးနေမည် မဟုတ်ပေ။
နန်းတော်မှ ထွက်ပြေးရန် အချိန်မရှိလိုက်သော အသက်ကြီးကြီး မိန်းမစိုး တစ်ယောက်က လုရွှမ်နှင့် မော့ကောင်းရွှမ်းတို့ အနီးသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသော် ထိတ်လန့်တုန်လှုပ်စွာဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားသည်။
လုရွှမ် သူ့ခန္ဓာကိုယ်ကို အသာလှည့်လိုက်ပြီး
"တော်ဝင်မိသားစုရဲ့ ရတနာအခန်းက ဘယ်မှာလဲ?"