← Chapters

စစ်သူရဲများ

Vol. 32 Ch. 3.227

စစ်သူရဲများ

Vol. 32 Ch. 3.227

မြို့ပေါင်းတစ်ထောင် မဟာမိတ်။ တိမ်ပင်လယ်နယ်မြေသည် အလွန်ကြီးမားလွန်းပြီး လုရွှမ် အရင်ဘဝက ထိုကဲ့သို့သော သေးငယ်သော နေရာကို ဂရုမစိုက်မိသည်မှာ သာမာန် ဖြစ်သည်။ သူ မသိသာသော်လည်း ဤဧရိယာတွင် မကြာခဏ လှုပ်ရှား လုပ်ဆောင်လေ့ရှိသော မော့ကောင်းရွှမ်းကတော့ ချက်ချင်း မှတ်မိလေသည်။

နဂါးကမ္ဗည်းပြားထဲမှ ထွက်လာသော အရာမှာ မြို့ပေါင်းတစ်ထောင် မဟာမိတ်၏ သုံးဖက်မြင် မြေပုံကို မော့ကောင်းရွှမ်း အနေနဲ့ သိကျွမ်းထားသည်။

တည်နေရာ အတိအကျကို သိသဖြင့် လုရွှမ်က

"ကျီးကန်း... မြို့တစ်ထောင်မဟာမိတ်မှာ တကယ့် နဂါးနှလုံးက ဘယ်နေရာမှာ ရှိတာလဲ"

"အဲဒါကို ဖော်ထုတ်ဖို့ အခုလောလောဆယ်တော့ နည်းလမ်း မရှိဘူး... မြို့တစ်ထောင်မဟာမိတ်ကို သွားပြီးတော့မှ နဂါးနှလုံး ဘယ်မှာလဲဆိုတာ ငါအာရုံခံနိုင်မှာ"

"ကောင်းပြီ... ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေက ပြီးခါနီးပြီ ဆိုတော့ ငါတို့အပြင်ထွက်ပြီးရင် မြို့တစ်ထောင်မဟာမိတ်ကို သွားကြမယ်"

လုရွှမ် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ ဟဲလင်နယ်ပယ်တွင် ရှိနေပြီဖြစ်ပြီး ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးကို သတ်ပစ်ခဲ့​ပြီ။ ပေရွှီး တော်ဝင်အင်ပါယာကလည်း သူ့ရဲ့ ကျင့်ကြံမှုကို ပံ့ပိုးဖို့ အရင်းအမြစ်များ ခက်ခဲသွားပြီ။

ပေရွှီး တော်ဝင်မိသားစုရဲ့ ရတနာအခန်းကို သူရှာဖွေခဲ့တာက သူ့အတွက် လိုအပ်တာတွေ ယူဆောင်မလို့ပင်။

ထိုအချိန်တွင် မြေပြင်သည် အနည်းငယ် တုန်ခါသွားသည်။

နဂါးရုပ်တုက ထွက်လာသော သုံးဖက်မြင် မြေပုံသည် တဖြည်းဖြည်း မှိန်လာပြီး မရေမတွက်နိုင်သော သဲများအဖြစ်သို့ ပြောင်းလဲကာ အောက်သို့ လျှောကျလာ၏။

ပြိုကျသွားသော သဲသဲများသည် သေးငယ်သော သဲအစုအဝေးတွင် စုပုံနေပြီး တကယ့်နဂါးကြီး၏ အသွင်အပြင်ကိုပင် မမြင်နိုင်တော့ပေ။

"ဘာဖြစ်တာလဲ"

လုရွှမ် မျက်မှောင်ကြုတ်သွားသည်။ မူလက မြေပြင်၏ တုန်ခါမှုသည် နဂါးကမ္ဗည်းပြားကြောင့်ဟု ထင်ခဲ့သော်လည်း ယခုအခါ နဂါးကမ္ဗည်းပြားမှ ထွက်လာသော မြေပုံသည် သဲသောင်ပြင်ကြီး အဖြစ်သို့ ပြောင်းလဲသွားသဖြင့် တုန်ခါမှုသည် ပိုမိုပြင်းထန် လာလေတော့သည်။

"အပေါ်ကနေ လာတာ"

အနည်းငယ် နားစွင့်ပြီးနောက် မော့ကောင်းရွှမ်း ပြောလိုက်သည်။

ဒါပေါ့။ လုရွှမ်လည်း တုန်ခါမှုရဲ့ အရင်းအမြစ်က အပေါ်ကနေ လာကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်သည်။ နည်းနည်းပိုပြီး အာရုံခံပြီးတဲ့ နောက်မှာတော့ တုန်ခါမှုဟာ တော်ဝင်မိသားစုအတွက် ပိုပိုပြီး အာရုံစူးစိုက်လာတယ် ဆိုတာ ထင်ရှားလာ၏။

"တက်ကြည့်ရအောင်!"

လုရွှမ် ခြေထောက်တွေကို အနည်းငယ် ကွေးပြီး တည့်တည့် ပျံတက်သွားစဉ် မော့ကောင်းရွှမ်းသည်လည်း တွင်းထဲမှ ခုန်တက်ကာ သူ့အနားသို့ ဆင်းသက်လာခဲ့သည်။

ဘုရင်မင်းမြတ်ရဲ့ အိပ်ခန်း အပြင်ဘက်မှာ ရပ်နေတဲ့ ထောင်နဲ့ချီတဲ့ မြင်းတွေ ကခုန်နေတဲ့ အသံကို သူတို့ ရှင်းရှင်းလင်းလင်း ကြားနေရ၏။ ရတနာခန်းထဲမှာ အခုလေးတင် ခံစားလိုက်ရတဲ့ တုန်ခါမှုက မရေမတွက်နိုင်တဲ့ မြင်းခွာရသံတွေကြောင့်ပင်။

နန်းတော်အပြင်သို့ ရောက်သောအခါတွင် မရေမတွက်နိုင်သော စစ်သူရဲကောင်းများသည် နန်းတော်အတွင်း ပြေးလွှားနေတာကို တွေ့လိုက်ရ၏။

"ဟိုမှာ!"

လုရွှမ်နဲ့ မော့ကောင်းရွှမ်း လမ်းလျှောက် ထွက်လာတာကို မြင်တော့ တစ်စုံတစ်ယောက်က ချက်ချင်း ကျယ်လောင်စွာ အော်လိုက်သည်။ ထို​အသံကို ကြားတာနဲ့ မရေမတွက်နိုင်တဲ့ စစ်သူရဲတွေဟာ အိပ်ခန်းကို ဝိုင်းထားလိုက်ကြသည်။

"သစ္စာဖောက်... မင်း သေဖို့သာပြင်!"

ထူးထူးခြားခြား ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်သော စစ်သူရဲများသည် လမ်းနှစ်ဖက်စလုံးတွင် ဖြန့်ကျက်သွားကာ တောက်ပသော ချပ်ဝတ်တန်ဆာဝတ်ထားသော စစ်သူ​ကြီးများစွာသည် ၎င်းတို့၏ ကြားမှ လျင်မြန်စွာ ပြေးလွှားလာကြသည်။

စစ်သူကြီးများ စီးနင်းထားသော မြင်းများသည် အရွယ်အစား ပိုကြီးသည်မှာ သိသာ ထင်ရှားလှသည်။ မြင်းများပေါ်ရှိ ကြွက်သားများသည် ဖောင်းပွနေပြီး ၎င်းတို့သည် အလွန်တရာ ခံ့ညားသန်မာလှရာ အလွန်အစွမ်းထက်သော ဝိညာဥ်သားရဲနှင့် တူ​လေသည်။

"အဲဒါ သူပဲ ဘုရင်မင်းမြတ်ကို သတ်လိုက်တာ!!"

စစ်သူကြီးများစွာ၏ နောက်ကွယ်မှ တစ်စုံတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"စိတ်မပူပါနဲ့ ဘုရင်မင်းမြတ် အတွက် ငါက လက်စားချေ​ပေးမယ်... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ တောင်မှ ငါ့တပ်ထောင်ပေါင်းများစွာနဲ့ မယှဉ်နိုင်ဘူး"

ထိပ်တန်း စစ်သူကြီး စန်းယန်က ပြောလိုက်သည်။ စစ်သူ​ကြီးတွေ အားလုံးက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇နဲ့ အဆင့်၈ တွေ ပါရှိသလို တချို့ကလည်း စစ်သေနာပတိ ဟူရှောက်ထက်တော့ မနိမ့်ကျချေ။

"အပေါ်တက်ရအောင်!"

လုရွှမ်သည် မရေမတွက်နိုင်သော စစ်သူရဲကောင်းများ နှင့်အတူ ပြေးလွှားနေသော စစ်သူကြီးများကို ကြည့်ကာ ချန်ယန်နန်းဆောင်၏ ထိပ်ပေါ်သို့ ခုန်တက်သွားသည်။

ချန်ယန်နန်းဆောင်မှာ ပေရွှီး တော်ဝင်မိသားစုရဲ့ အမြင့်ဆုံး နေရာတွင် တည်ရှိပြီး ခေါင်မိုးကတင် မီတာ ၇၀ ကျော် မြင့်သည်။ အမြင့်ကနေ အောက်ကို ငုံ့ကြည့်လိုက်တော့ ပတ်ပတ်လည်မှာ မြင်းတပ်တွေ ပြည့်ကျပ်နေတာ တွေ့လိုက်ရသည်။

မြို့တော်တွင် တပ်စွဲထားသော ပေရွှီး တော်ဝင်မိသားစု၏ တော်ဝင်အစောင့်များသည် မြင်းတပ်များကို စုစည်းထားပုံရသည်။ တော်ဝင်မိသားစု တချို့သည် မြို့တော်မှ ထွက်မလာကြသော်လည်း လုရွှမ်နှင့် အခြားသူများကို သတ်ပစ်ရန် ကြံရွယ်ပြီး စစ်တပ်နှင့် ဆက်သွယ်ရန် ထွက်ပြေးခဲ့ကြသည်။

တိုင်းပြည်ကို ကာကွယ်ပြီး ဧကရာဇ်မင်းအပေါ် တစ်သက်လုံး သစ္စာစောင့်သိဖို့ စိတ်ကူးရခဲ့တာ အံ့သြစရာတော့ မဟုတ်ပေ။ အခုဘုရင်ကြီး အသတ်ခံရတော့ သူတို့အားလုံး လက်စားချေဖို့ မလုပ်ဘဲ လှည့်ထွက်ပြေးဖို့ဆိုတာ တကယ်ကို ယုတ္တိမရှိဘူးလေ။

"​မြှားပစ်!"

အမိန့်ပေးပြီးနောက် မရေမတွက်နိုင်သော မြှားသူရဲများသည် သူတို့နှစ်ဦးဆီသို့ ထောင်ပေါင်းများစွာသော မြှားများကို ပစ်ခတ်လိုက်သည်။

မရေမတွက်နိုင်သော မြှားများထဲတွင် ချပ်ဝတ်တန်ဆာဖောက် မြှားများ၊ ပေါက်ကွဲသော မြှားများနှင့် အခြားမြှားများသည် စစ်သည်တော်များနှင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က သခင်များ အထူးပြုလုပ်ထားသော မြားများဖြစ်သည်။

"ဟမ့်!"

လုရွှမ် မျက်ခုံးပင့်လိုက်ပြီး လက်ဖဝါးကို လှည့်ကာ လေပြင်းလက်ဝါးကို ထုတ်လိုက်သည်။

ယခင်ဘဝနှင့် ယခုဘဝတွင် သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များကို တစ်ရှိန်ထိုး သုတ်သင်ပစ်ခဲ့သည်။ နောက်ဆုံး အချိန်တွင် ၎င်းတို့သည် ချိုင့်ဝှမ်းထဲတွင် ပိတ်မိနေကာ ထောင်နှင့်ချီသော စွမ်းအားရှင်များ အားလုံး သေဆုံးသွားခဲ့ရသည်။

ယင်းယန် ရေကန်ကြောင့် သေမျိုး အသွင်ပြောင်းခြင်း အဆင့်၄ကို ဖြတ်သွားကာ ဝိညာဉ်စွမ်းအား ၁၅ ရောက်ရှိသွားခဲ့သည်။ လုရွှမ်၏ ခန္ဓာကိုယ် ခွန်အား၊ ဝိညာဉ်ချီသည် သန်း ၇၀၀ ကျော်ကို ရောက်ရှိသွားသည်။

ယခု သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄ကို ရောက်ရှိလာသော် စိတ်စွမ်းအား ၁၆ ရောက်နေပြီ။ ဤလက်ဝါးသည် စွမ်းအားအားလုံးကို အသုံးမပြုသော်လည်း စွမ်းအားသည် သန်း၁၀၀၀ ကျော်ကို အလွယ်တကူ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ထိုမြှားများသည် သူတို့ခန္ဓာကိုယ်ကို မထိနိုင်မီ ၎င်းတို့ကို လက်ဗွေရာများဖြင့် နောက်ပြန်ပစ်ခဲ့ပြီး အရှိန်မှာ ပိုမြန်ပြီး ပိုအားကောင်းလေသည်။

မြင်းတပ်သား အများအပြားက မြှားများ၏ အရှိန်ပြင်းပြင်းကြောင့် အော်ဟစ်ကာ လဲကျသွား၏။ လေပြင်းလက်ဝါးက လုံးဝ အားမလျော့ဘဲ စစ်သူကြီး တစ်စုကိုပါ တိုက်ရိုက် ဖိနှိပ်ခဲ့သည်။

ကျယ်လောင်စွာ မြည်သံနဲ့အတူ လက်ဝါးရာကြီး၏ အလယ်တွင် လူများ မှောက်လျက် လဲကျသွားသည်။ အခိုးအငွေ့များနှင့် ဖုန်မှုန့်များ လွင့်စင်သွားသောအခါတွင် ထိုနေရာတွင် ရပ်နေသော သခင် အနည်းငယ်မှလွဲ၍ ကျန်တစ်ဦးမှာ သွေးအန်ခြင်း၊ လဲကျခြင်း၊ မြင်းတပ်နှင့် သူတို့၏မြင်းများသည် အသားတုံး အဖြစ်ကိုပါ ပြောင်းလဲသွားကြသည်။

ပထမတော့ ဤလူတစ်ထောင်သည် လုရွှမ်ကို သတ်နိုင်မည်ဟု ထင်ခဲ့ကြသော်လည်း ယခုမှာမူ လုရွှမ်က သူတို့ကို ပုရွက်ဆိတ်တွေလို ဖိသတ်သွားလေသည်။

"ပြန်ဆုတ်ကြ!"

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး မကြာမီတွင် သိန်းနှင့်ချီသော တပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

"သွားကြရအောင်!"

လုရွှမ် လူတိုင်းကို ခြောက်လှန့်ဖို့ တစ်ချက်တည်းသာ ရှိကာ ထိုလူတွေကို ဆက်ပြီးသတ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ချေ။

"သခင်လေး!"

"လုရွှမ်!"

သူတို့ မထွက်ခွာခင်မှာ မုယန်ဖုန်း၊ ဟန်ရွှယ်နဲ့ တခြားသူတွေရဲ့ အော်သံကို ကြားလိုက်ရ၏။

အောက်ကို ငုံ့ကြည့်လိုက်တော့ ဒေါသအရှိန်အဝါနဲ့ တလျှောက်လုံး ပြေးလွှားလာတဲ့ တောင်ဖောက်နဂါးကြီးကို တွေ့ရသည်။ သပ်သပ်ရပ်ရပ် တန်းစီနေဆဲဖြစ်တဲ့ တော်ဝင်မိသားစုကို သစ္စာခံတဲ့ စစ်တပ်ထဲကို တိုက်ရိုက် ပြေးဝင်သွားကာ လူတိုင်းကို လေထဲသို့ ပစ်တင်နေသည်။

"တောင်ဖောက်နဂါး ထွက်လာပြီလား?"

လုရွှမ် အနည်းငယ် ပြုံးလိုက်သည်။

ယခုအခိုက်အတန့်တွင် တောင်ဖောက်နဂါး၏ စွမ်းအင်သည် ယခင်ကထက် ပိုမိုအားကောင်းလာပြီး နောက်ဆုံး ခြေကျင်းများကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။

မတိုင်ခင်က သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈တွင် ပိတ်မိနေခဲ့ပြီး လုရွှမ်က သူ့ရဲ့သွေးလမ်းကြောင်းကို တိုးတက်အောင် ကူညီပေးခဲ့သည်။ ချိုင့်ဝှမ်းထဲမှာလည်း မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့ပြီး လုရွှမ်ရဲ့ လမ်းညွှန်မှုကိုပါ ရရှိခဲ့သေးသည်။

ဒါတောင် မထိုးဖောက်နိုင်ဘူး ဆိုရင်တော့ သူ့အတွက် တကယ်ကို ရှက်စရာ ကောင်းသွားလိမ့်မည်။

သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ် အဆင့်၉ သို့ ရောက်ရှိသွားသော တောင်ပေါက်မြေနဂါးမှာ ခုခံအား ပို၍ပင် အစွမ်းထက်လာကာ ယင်းပတ်ပတ်လည်ရှိ တိုက်ခိုက်မှုများကို လုံးဝ လုံးဝ ဂရုမစိုက်တော့ချေ။

ဝိညာဥ်သားရဲ၏ အရူးအမူး ပြေးဝင်လာသော ပုံသဏ္ဌာန်မှာ မြေတူးစက်ကြီးနဲ့တောင် တူနေလို့ သူပြေးလာတဲ့ တစ်လျှောက်လုံးက သက်ရှိတွေအကုန် သေခြင်းတရားကိုသာ ရင်ဆိုင်လိုက်ရချေသည်။

All Chapters