← Chapters

ကျောင်းအုပ်အသစ်

Vol. 32 Ch. 3.228

ကျောင်းအုပ်အသစ်

Vol. 32 Ch. 3.228

လူသတ်ပွဲပဲ! လုံးဝ ရက်စက်တဲ့ လူသတ်ပွဲပဲ!

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ကို ထိုးဖောက်သွားပြီး နဂါးသွေးလည်း ပါရှိတဲ့ တောင်ဖောက်နဂါးဟာ စစ်သူရဲများစွာ ကြားထဲ တိုးဝင်၍ လူသတ်နေ၏။

သွေးမြူတိမ်များ ဖုံးလွှမ်းသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် စစ်တပ်တွင်းရှိ စစ်သူ​ကြီးများနှင့် တော်ဝင်မိသားစုကို ထောက်ခံအားပေးသူများ အများအပြား မြေပြင်ပေါ်သို့ လဲကျကာ အသွေးအသား ရေအိုင်အဖြစ် ပြောင်းလဲသွား​ကြသည်။

စစ်တပ်တွင် သြဇာအရှိဆုံး စစ်သူရဲ အများအပြားကို သတ်ဖြတ်ပြီးနောက် တောင်​ဖောက်နဂါးသည် လုရွှမ်ထံသို့ ရောက်လာ၏။ သူသည် အိမ်မွေးခွေးကဲ့သို့ ပြုမူကာ လုရွှမ် ပတ်ပတ်လည်တွင် လှည့်ပတ်ကာ ခေါင်းနှင့် ပွတ်တိုက်​နေသည်။

လုရွှမ်သည် ၎င်းကို လက်ဖဝါးဖြင့် လွယ်လွယ်ကူကူ ရှင်းထုတ်လိုက်သော်လည်း ဤဝိညာဥ်သားရဲသည် ပို၍ပင် တိုးဝေ့လာ၏။

၎င်းသည် အသားကြိတ်စက် ကဲ့သို့ပင် စစ်သူရဲများကို ဝင်ရောက် ကြိတ်ချေခဲ့ပြီး နှစ်ဖက်စလုံးက လုံးဝမတူတဲ့ ပြိုင်ဘက်တွေ ဖြစ်သွားသည်။

ထိုအခြေအနေကို မြင်သောအခါ အမိန့်လုံးဝ ပေးစရာမလိုဘဲ ကျန်တပ်သားများသည် အရပ်ရပ်သို့ ပြန့်ကျဲထွက်ပြေးသွားကြသည်။ ဘုရင်ကြီးလည်း သေသွားပြီဆိုတော့ သူတို့အသက်ကို ဘယ်သူက အာမခံပေးနိုင်မှာလဲ။

ဤနတ်ဆိုးသည် ဘုရင်မင်းမြတ် ချန်ရှုံကိုပင် သတ်ပစ်ခဲ့သည်။ သူတို့သာ တကယ် အလျင်စလို လျှောက်လုပ်ဝံ့ပါက သူ့ဖက်က သတ်ဖို့ လွယ်ကူသွားမည် မဟုတ်ပေလော။

သူတို့ လွတ်မြောက်လိုခြင်းနဲ့ ပတ်သက်ပြီး လုရွှမ် သိပ်ပြီး ဂရုမစိုက်ခဲ့ချေ။

ရှေ့ကို လှမ်းကြည့်လိုက်တော့ သားရဲခန်းမရဲ့ ခန်းမသခင်က ဝိညာဥ်သားရဲအုပ်စုကို မောင်းနှင်ပြီး လက်အောက်ငယ်သား တစ်စုကို ခေါ်ဆောင်လျက် ရောက်လာတာကို တွေ့လိုက်ရသည်။

"မိတ်ဆွေလေးလု မင်း အဆင်​​ပြေရဲ့လား!"

လုရွှမ်ကို မြင်​​တော့ ခန်းမသခင်ဖုန်းက ကျယ်​​လောင်​စွာ​ အော်မေးလိုက်​သည်​။

"ခန်းမသခင်ဖုန်း စိတ်ပူပေးလို့ ကျေးဇူးပါ.. ကျုပ် အဆင်ပြေပါတယ်!"

တစ်ယောက်ယောက်က သူ့ကို ခြေတစ်လှမ်း လေးစား​ပေးရင် သူကလည်း ခြေတစ်လှမ်း ပြန်ပေးမည်သာ။ တစ်ယောက်ယောက်က သူ့ဆီကနေ တစ်ခုခု လိုချင်ရင်တော့ သူ့ဖက်က အားနာနေမှာတော့ မဟုတ်ချေ။

အဝေးမှရပ်နေသော လူတစ်စုကို တွေ့လိုက်သောအခါတွင် သူတို့နှစ်ဦးသည် စကားများ ဖလှယ်ခဲ့ကြတုန်းပင်။ သေသေချာချာ ကြည့်လိုက်သောအခါ လူတစ်စုနဲ့အတူ ရောက်လာတဲ့ ဆေးဝါးသခင်မချန်ကို တွေ့လိုက်ရသည်။

ခန်းမသခင်ဖုန်း၊ ဆေးဥယျာဉ်။ ၎င်းတို့နှစ်ဦးစလုံးသည် ပေရွှီး တော်ဝင်အင်ပါယာ၏ အဓိက အင်အားစုများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံး၏ နောက်တွင် ပင်မ သားရဲခန်းမတစ်ခု နှင့် ပင်မ​ဆေးဥယျာဉ်သည် ၎င်းတို့အား ပံ့ပိုးပေးထားသည်။

ဤအင်အားကြီးနှစ်ခု ပေါင်းစည်းလာကာ လုရွှမ်ကို ထပ်မံကူညီခဲ့သည့်အခါ မြင်လိုက်ရတော့ အရာအားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားခဲ့သည်။

သို့သော်လည်း ဆေးဝါးသခင်မချန်သည် ထိုနေရာမှာ ရပ်တန့်သွားကာ နောက်ထပ် ဆက်မသွားတော့ချေ။ ခန်းမသခင်ဖုန်းလည်း လုရွှမ်ကို ခါးသက်သက်ဖြင့် ကြည့်ကာ

"သူမ ကျုပ်အပေါ် နာကျည်းနေတုန်းပဲ ထင်တယ်!"

"ခန်းမသခင်ဖုန်း... ခင်ဗျား ယောက်ျားတစ်ယောက် အနေနဲ့ အစပြုသင့်တယ်လို့ ကျုပ်ပြောခဲ့တယ် မဟုတ်လား" လုရွှမ်က ပြုံးလိုက်ပြီး

"သူမအခု ခင်ဗျားရဲ့ မျက်စိရှေ့မှာပဲ...တကယ်လို့ လက်လွှတ်လိုက်မယ် ဆိုရင် အနာဂတ်မှာ အခွင့်အရေး မရှိနိုင်တော့ဘူး!"

"သူမ သူမ.... ကျုပ်ကို အပြစ်တင်နေမှာလား"

လုရွှမ် ပြောတာကို ကြားတော့ ခန်းမသခင်ဖုန်းမှာ ချက်ချင်းပင် ထိတ်လန့်သွားသည်။

"သေချာပေါက် ခင်ဗျားအပြစ်ပဲလေ...ဒီနှစ်တွေ တစ်လျှောက်လုံး သူမကို နှစ်ပေါင်းများစွာ တစ်ကိုယ်တည်း နေခိုင်းတာ ခင်ဗျား အပြစ်ပဲ မဟုတ်ဘူးလား? အခုဘေးမှာ ရှိနေတာတောင် ခင်ဗျားက မသွားဘူး!"

လုရွှမ် ပြတ်ပြတ်သားသားပဲ ပြောလိုက်သည်။

"ဟုတ်သားပဲ! ကျုပ်ဘာလို့ ဒီအချက်ကို မစဉ်းစားခဲ့မိတာလဲ!"

ခန်းမသခင်ဖုန်းလည်း သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်သည်။

အကယ်၍ သူမသည် သူ့ကို လုံးဝ မဆက်ဆံချင်ပါက ပေရွှီး တော်ဝင်အင်ပါယာရဲ့ ဆေးဥယျာဉ်မှာ သူမ ဘာကြောင့် တစ်ချိန်လုံး တစ်ယောက်တည်း ရှိနေမှာလဲ။

"ခန်းမသခင်ဖုန်း... မြန်မြန်သွားတော့! ခင်ဗျား အစမပျိုးရင် ဆေးဝါးသခင်မချန် ​​နောက်ဆုတ်သွားလိမ့်မယ် ထင်တယ်!"

မုယန်ဖုန်းလည်း လျှို့ဝှက်ချက် တချို့ကို သိထားတာကြောင့် ခန်းမသခင်ဖုန်းကို ကြည့်ကာ ရယ်မောလိုက်သည်။

ဒါပေါ့ သူပြောပြီးနောက်မှာ ခန်းမသခင်ဖုန်းလည်း တွန့်ဆုတ်မနေဘဲ ဆေးဝါးသခင်မချန်ဆီကို ပြေးသွားခဲ့သည်။

လုရွှမ်က အနည်းငယ် ပြုံးပြီး သူ့ဘေးနားက တောင်​ဖောက်နဂါးရဲ့ ခေါင်းကို ပုတ်လိုက်ပြီး

"မင်းကံကောင်းလိုက်တာ...ငါအစောက ပစ္စည်းကောင်လေး ရလာတယ် ပြန်သွားတဲ့အခါ မင်းနောက်ထပ် တစ်လှမ်း တိုးသွားနိုင်တယ်!"

ယင်းယန်ကျောင်းတော်၌ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနဲ့ အမာခံ အကြီးအကဲများထဲမှ အိုးယန်ရွှမ်းပါ အသတ်ခံခဲ့ရသော်လည်း ကျောင်းတစ်ကျောင်းလုံးကို ထိခိုက်မှု သိပ်မရှိခဲ့ဘဲ နောက်ဆုံးတွင် ယင်းယန်ကျောင်းတော် တစ်ခုလုံးရှိ လူအရေအတွက်သည် သောင်းနှင့်ချီ၍ ရှိ​နေ​သေးသည်။

လုရွှမ်သည် မုယန်ဖုန်း၊ မော့ကောင်းရွှမ်းနှင့် တခြားသူများကို ပြန်ခေါ်သွားစဥ် မမျှော်လင့်ဘဲ ကျောင်းမှ မရေမတွက်နိုင်သော ကျောင်းသားများကို အတန်းလိုက် ဦးဆောင်နေသော အကြီးအကဲများကို အလွန်လေးစားသော သဘောထားဖြင့် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

"ကျောင်းအုပ်လု... ကျေးဇူးပြုပြီး ထိုင်ပါ ကျွန်တော်တို့ကို သင်ခန်းစာတချို့ သင်​ပြပေးပါဦး!"

လုရွှမ်ကို မြင်တော့ ပုံမှန်အားဖြင့် အတော်လေး အစွမ်းထက်တတ်သော အကြီးအကဲတချို့က မြန်မြန်ဆန်ဆန် ပြောလိုက်ကြသည်။

"အကြီးအကဲလုံယွမ် ဒါက ဘာလုပ်နေတာလဲ"

ဦးဆောင်လာတဲ့ အကြီးအကဲ လုံယွမ်ကိုကြည့်၍ လုရွှမ် မေးခွန်းထုတ်လိုက်သည်။

"ဒါ..."

အကြီးအကဲ လုံယွမ်က အမြန် ရှင်းပြလေသည်။

"ကျောင်းအုပ်လု... ဒါက ဒီလိုပါ အတွင်းပိုင်းမှာ အငြင်းပွားနေတဲ့ ချူဝမ့်ရှန်းနဲ့ တိုက်ခိုက်ပြီး အနိုင်ရလိုက်တာက ကျုပ်တို့ကျောင်းထဲက အခက်အခဲ တချို့ကို ကူညီပေးလိုက်သလို ဖြစ်သလို ချူဝမ့်ရှန်းက ကျောင်းအုပ်လုရဲ့ လက်ထဲမှာ သေသွားတာမလို့ ကျောင်းအုပ်ကြီး နေရာကို ကျောင်းအုပ်လုက ဆက်ခံပြီးသား ဖြစ်သွားတာပါ"

"အာ... လတ်စသတ်တော့ အဲ့လိုကိုး!"

လုရွှမ်လည်း မထင်ထားချေ။ ဘုရင်မင်းမြတ်ကို သတ်သောအခါ တော်ဝင်မိသားစု တစ်ခုလုံး၏ ရန်သူ ဖြစ်လာပြီး ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကို သတ်ပြီးနောက် ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ဖြစ်လာ​ခဲ့သည်။

"ဟုတ်တယ်... ဟုတ်တယ် အတွင်းပိုင်း အငြင်းပွားမှုတွေကို ကူညီပေးလိုက် သလိုပါပဲ"

အကြီးအကဲ တစ်ဦးကလည်း အမြန်ဝင်၍ ထောက်ခံလိုက်၏။

"ဒါ့အပြင် ကျောင်းအုပ်လုက ကျောင်းရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ချုပ်ကိုင်ထားတယ်လေ... ကျောင်းအုပ်ကြီး ရာထူးကို မယူရင် ဘယ်သူက ရာထူးကို ယူနိုင်မှာလဲ"

အခြားလူကြီး တစ်ဦးကလည်း အလျင်စလို ပြောသည်။

ဂုဏ်သိက္ခာသည် အကြွင်းမဲ့ ခွန်အားကိုသာ အခြေခံထားသည်။ လုရွှမ်က ယင်းယန်ကျောင်းတော်ရဲ့ ဦးခေါင်းနဲ့ ပေရွှီး တော်ဝင်အင်ပါယာရဲ့ တန်ခိုးအာဏာကို သူ့ကိုယ်ပိုင်အစွမ်းနဲ့ သတ်ပစ်ခဲ့သည်။ သူ၏ အကြွင်းမဲ့ ခွန်အားက သူတို့အတွက် လုံးဝ သံသယ ကင်းမဲ့သည်။

ထို့အပြင် ဤလူအုပ်စု၏ အမြင်တွင် လုရွှမ်သည် လူသတ်ရဲသည့် စရိုက် သဘာဝရှိသည်။ ကျောင်းသို့ ဝင်ရောက်ပြီးနောက် မကြာမီတွင် သူသည် အပြင်စည်းက ကျောင်းသား သုံးဦးကို ဆက်တိုက် သတ်ခဲ့ပြီး ရာနှင့်ချီသော ကျင့်​ကြံသူ ထောင်ပေါင်းများစွာကို ဖြုတ်ချရန် ရှန့်ခုန်းချိုင့်ဝှမ်းထဲ၌လည်း ပြုလုပ်ခဲ့သည်။

ထို့နောက် ယင်းယန်ကျောင်းတော်ရဲ့ အကြီးအကဲများ အပါအဝင် ဘုရင်မင်းမြတ်ကိုပါ မချန်ဘဲ သတ်ပစ်ခဲ့သည်။ လူသတ်ရမှာကို လုံးဝ ကြောက်စရာ မရှိသလို သတ်ချင်တိုင်း သတ်လိုက်သလိုပင်။

အကြွင်းမဲ့ ခွန်အားကြောင့် တစ်စုံတစ်ဦးမှ လုရွှမ်အား ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး နေရာကို ဆက်ခံရန် အဆိုပြုသောအခါ ဤအချက်ကို မည်သူမျှ မကန့်ကွက်ဝံ့သည့် အကြောင်းရင်း ဖြစ်သည်။

"ဒါဖြင့် ကျုပ် မယဉ်ကျေး​တော့ဘူး!"

လုရွှမ် လုံးဝမငြင်းဘဲ ကျောင်းအုပ်ကြီး ပုလ္လင်ရှိရာ ရင်ပြင်ရှေ့ဆီသို့ ရင်ကော့ပြီး လျှောက်သွားလိုက်သည်။

ငြင်းစရာ မလိုပါဘူးလေ။ သူငြင်းရင် ဒီလူအုပ်စုက ပိုထိတ်လန့်သွားပြီး ကျန်လူတစ်စုက ကျောင်းအုပ်ကြီး ရာထူးအတွက် လုယက်ရင်း နောက်ထပ် သွေးထွက်သံယိုတွေ ဖြစ်ကောင်းဖြစ်လာနိုင်သည်။

ထို့အပြင် ပေရွှီး တော်ဝင်အင်ပါယာ၏ ဌာနခွဲသည် ဌာနချုပ်နှင့် ဝေးကွာလွန်း၍ ဒီနေရာမှာ ကျောင်းအုပ်အသစ် ရှိနေပြီး သတင်းမထွက်သရွေ့ ဌာနချုပ်ကလည်း လူများစွာကို စေလွှတ်​တော့မည် မဟုတ်ပေ။

ယင်းယန်ကျောင်းတော်မှ အကြီးအကဲ အများအပြားသည် ကျောင်းအုပ်ကြီးသာ ပုံမှန်ထိုင်နိုင်သည့် မြင့်မားသော အနေအထားတွင် ထိုင်နေသည့် လုရွှမ်ကို ကြည့်ရင်း အသက်ရှု မဝသလို ဖြစ်လာသည်။

ကျောင်းအုပ်ကြီးထံက အာရုံစိုက်မှုကို ခံရမည်ကို စိုးရိမ်သောကြောင့် သူတို့ကိုယ်သူတို့ တစ်နေရာရာမှာ ဝင်ပုန်းချင်နေသည့်ပုံပင်။

လုရွှမ် ပုလ္လင်ထက်၌ ခဏထိုင်ပြီးနောက်။

"မင်းတို့ ကောင်းကောင်း လေ့ကျင့်သင့်တယ်... နောက်ပိုင်း ဆက်ဆံရမဲ့ သူတွေနဲ့ ပတ်သက်ပြီး တချို့ ကိစ္စတွေကို ကိုင်တွယ်သင့်တယ်.... သေသွားတဲ့ လူက အနည်းငယ်လေးပါပဲ... ဘာပဲဖြစ်ဖြစ် ငါဒီမှာ ရှိနေပြီဆိုတော့ ပုံမှန်အတိုင်း ဆက်လေ့ကျင့်ကြ"

အမိန့်ထုတ်လိုက်သော်လည်း ဘယ်သူကမှ မလှုပ်ရဲကြပေ။ အောက်ဖော်ပြပါ မည်သူမျှ မရွှေ့မပြောင်းနိုင်။

ကျောင်းအုပ်အသစ် ရာထူးကို တက်ရတာ အဲ့လောက်တောင် လွယ်တယ်ပေါ့? စာကြောင်း တစ်ကြောင်း နှစ်ကြောင်းတည်းနဲ့ ပြီးသွားပြီလား?

လုရွှမ်သည် လုံးဝ မလှုပ်ရှားရဲသော ယင်းယန်ကျောင်းတော်မှ အဖွဲ့ဝင်များကို ကြည့်ပြီး ခေါင်းယမ်းကာ အကြီးအကဲ လုံယွမ်ကို ခေါ်၍ ယင်းယန်ကျောင်းတော်ရဲ့ ဂိုဒေါင်ဆီသို့ တည့်တည့်သွားခဲ့သည်။

သေသေချာချာ နှံ့နှံ့စပ်စပ် ရှာဖွေပြီးနောက် လုရွှမ်သည် အဂ္ဂိရတ်ဆေး သန့်စင်ရန် တိတ်ဆိတ်သော အခန်းတစ်ခန်းထဲကို တိုက်ရိုက် ဝင်သွားခဲ့သည်။

ရှန့်ခုန်း ရှေးဟောင်းမြို့၊ ပေရွှီး တော်ဝင်မိသားစု၏ ရတနာအခန်း နှင့် ယင်းယန်ကျောင်းတော်၏ ဂိုဒေါင်တွင် ရှာဖွေပြီးနောက် လုရွှမ် လက်ထဲမှ ပစ္စည်းများသည် သူသန့်စင်လိုသော အချို့သော အရာများကို သန့်စင်ရန် လုံလောက်သွားပြီ ဖြစ်သည်။

သို့သော် ပစ္စည်းတွေ မလုံလောက်လို့ မသန့်စင်နိုင်တဲ့ ဆေးမျိုးစုံလည်း ရှိပါသေး၏။

All Chapters