← Chapters

ထွက်ခွာရန်ပြင်ဆင်ခြင်း

Vol. 32 Ch. 3.229

ထွက်ခွာရန်ပြင်ဆင်ခြင်း

Vol. 32 Ch. 3.229

၃ရက် ကြာပြီးနောက် လုရွှမ် တံခါးပိတ် သန့်စင်နေရာမှ ထွက်လာခဲ့သည်။

အခန်းရှေ့တွင် လဲလျောင်းနေသော တောင်​ဖောက်နဂါးကို တစ်ချက် ငုံ့ကြည့်လိုကိသည်။ သစ္စာရှိရှိ စောင့်ကြပ် ကြည့်ရှုပေးလို့ လုရွှမ်လည်း အနီရောင်တောက်တောက် အနီရောင် ဆေးတစ်လုံးကို ထုတ်ယူလိုက်သည်။

သားရဲ ယွမ်ဆေးပင်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ရှိကာ ၎င်းတွင်ရှိသော အဓိက ဆေးအာနိသင်မှာ ဝိညာဉ်သားရဲများ၏ အောင်မြင်မှုအတွက် အသင့်တော်ဆုံး ဖြစ်သည့် စွမ်းအင်ပင်။ ပေရွှီး တော်ဝင်မိသားစု၏ ရတနာအခန်းမှ စုဆောင်းရထားသော ဝိညာဉ်သားရဲ အနှစ်သာရသွေးဖြင့် သန့်စင်ထားခြင်း ဖြစ်သည်။

"ပါးစပ်ကိုဖွင့်လိုက်!"

သားရဲယွမ်ဆေးလုံးသည် အနီရောင်တောက်တောက် ဖြစ်ပြီး လူ့နှာခေါင်းကို သွေးထွက်စေတဲ့ အထိ ပြင်းထန်သော အနံ့ရှိသော်လည်း ၎င်းသည် သားရဲ၏ နှာခေါင်းထဲတွင် အလွန်မွှေးကြိုင်ပြီး စွဲမက်ဖွယ်ကောင်းလှသည်။

ဆေးလုံးကို ထုတ်ယူလိုက်သည်နှင့် တပြိုင်နက် တောင်ဖောက်နဂါးသည် ချက်ချင်းထ၍ ၎င်း၏အမြီးသည် တစ်ဖက်မှ တစ်ဖက်သို့ ပျော်ရွှင်စွာ ဝေ့ယမ်းနေ၏။ ခွေးလေးတစ်ကောင်က သူ့သခင်ကို စိတ်ကျေနပ်​စေဖို့ စိတ်အားထက်သန်နေသလိုပင်။

ဆေးလုံးကို တောင်ဖောက်နဂါးရဲ့ ပါးစပ်ထဲကို အတိအကျ ပစ်ထည့်​ပေးလိုက်သည်။

ကြိမ်ဖန်များစွာ ပြင်းပြင်းထန်ထန် ဝါးစားပြီး မျိုချလိုက်ပြီး မကြာမီပင် မရေမတွက်နိုင်သော အနီရောင် အခိုးအငွေ့များသည် တောင်ဖောက်နဂါးကြီးဆီမှ တဖြည်းဖြည်းနှင့် ထွက်ပေါ်လာခဲ့သည်။

အနီရောင် အခိုးအငွေ့များသည် အမြင်အာရုံကို ပိတ်ဆို့ရုံသာမက လုရွှမ်၏ ဝိညာဉ်စွမ်းအားဖြင့် သိရှိနိုင်မှုကိုလည်း ပိတ်ဆို့သွားသည်။

နီရဲသော မြူခိုးများကြားတွင် ရံဖန်ရံခါ နိမ့်ကျသော ခပ်မှိုင်းမှိုင်း ဟောက်သံများကို တောင်ဖောက်နဂါးကြီးထံက ကြားနေရ​လေသည်။

တောင်ဖောက်နဂါးကို ဖုံးအုပ်ထားတဲ့ အနီရောင် အခိုးအငွေ့တွေနဲ့အတူ အဂ္ဂိရတ်ခန်းရဲ့ အဝင်ဝက မြေပြင်ပေါ်မှာ နက်နဲတဲ့ အမှတ်အသားတွေ ကျန်ခဲ့လေသည်။

ဖြတ်ကျော်ဖို့ဆိုရင် နာကျင်တဲ့ ဝေဒနာကို ခံနိုင်ရည် ရှိရပေမည်။ တောင်ဖောက်နဂါးကြီးကလည်း ဒီဆေးရဲ့ အာနိသင်ကို သတိပြုမိတဲ့အတွက် ပြင်းထန်တဲ့ ဝေဒနာကို ခံနိုင်ရည်ရှိပြီး ဂုဏ်ယူဝံ့ကြွားတဲ့ လုပ်ရပ်မျိုးတွေ မလုပ်ခဲ့ချေ။

တဖြည်းဖြည်းနှင့် အနီရောင် မြူမှုန်များ မှိန်ဖျော့သွားကာ တောင်ဖောက်နဂါး၏ အသံသည်လည်း တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်လာသည်။ တစ်အောင့်ကြာတော့ အနီရောင် မြူခိုးများ ကင်းစင်သွားကာ ဝိညာဥ်သားရဲက လုရွှမ်၏ ရှေ့တွင် ထင်ရှားစွာ ပေါ်လာပြန်သည်။

တောင်ဖောက် သင်းခွေချပ်နဂါးသည် သိသိသာသာ ကြီးထွားလာပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများတွင် အလွန်သေးငယ်သော ရွှေရောင်အနီ လိုင်းများပါ ထွက်လာသည်။ အထင်ရှားဆုံး အချက်မှာ သင်းခွေချပ်၏ ခေါင်းတွင် နဂါးချိုနှင့်တူသော အရာလေးနှစ် ပြူးထွက်လာခြင်းပင်။

လုရွှမ်လည်း ဤသားရဲဟာ နဂါးမျိုးရိုး၏ အရှိန်အဝါကို သိသိသာသာ ဆုပ်ကိုင်ထားသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်၏။

မရေမတွက်နိုင်သော ရှားပါး ဝိညာဥ်သားရဲများ၊ ကြီးကျယ်သော သားရဲများနှင့် သွေးအနှစ်သာရများဖြင့် အဓိက ဖွဲ့စည်းထားသည့် သားရဲယွမ်ဆေးကို တောင်ဖောက်နဂါးက တစ်ကြိမ်တည်းနဲ့ စုပ်ယူနိုင်ခဲ့သည်။

၎င်းသည် အဆင့်နိမ့် နဂါးမျိုးရိုးတွင် တည်ရှိနေခဲ့သော်လည်း အဆင့်နိမ့် နဂါးမျိုးနွယ်တွင် အောက်ခြေအထိ မနိမ့်တော့ပေ။ ယခုဆို နဂါးမျိုးရိုး၌ အလယ်အလတ် အဆင့်ဟု သတ်မှတ်နိုင်လေပြီ။

အရေးကြီးဆုံး အချက်မှာ သားရဲယွမ်ဆေးတွင် ပါရှိသော ပြင်းထန်တဲ့ စွမ်းအင်က သူ့ရဲ့ ကျင့်ကြံမှုကို တစ်ဖန်ပြန်လည် တိုးပွားလာစေတာကြောင့် ယခု သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ နှောင်းပိုင်းကာလသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် နှောင်းပိုင်းကာလမှ နဂါးမျိုးရိုးများသည် အလယ်အလတ် အဆင့် နဂါးမျိုးရိုးများပင်လျှင် ဖြစ်နေပြီ။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ အထွတ်အထိပ်ကာလက ကျင့်ကြံသူပင် သူ့အပေါ် ဖိအားမပေးနိုင်ပေ။

တကယ်လို့ မော့ကောင်းရွှမ်းနဲ့ တစ်ပွဲလောက် တိုက်ခိုက်ကြမယ် ဆိုရင်တောင် မော့ကောင်းရွှမ်း အနေနဲ့ ရှုံးသွားနိုင်သည်။

တောင်ဖောက်နဂါးကြီးရဲ့ ဟောက်သံက လူအများကို ထိတ်လန့်သွားစေ၏။

လုရွှမ် မုယန်ဖုန်းနဲ့ ဟန်ရောင်တို့ကို တစ်ချက် ကြည့်လိုက်ပြီး။

"ခန်းမသခင်ဖုန်းနဲ့ အကြီးအကဲ လုံယွမ်ကို ဒီကိုလာခဲ့ဖို့ အကြောင်းကြားလိုက်"

ထို့နောက် လုရွှမ် တခြားလူတွေကိုပါ ခေါ်၍ ထွက်လာခဲ့သည်။

ယင်းယန်ကျောင်းတော် အစည်းအဝေး ခန်းမထဲ၌။

ဤခန်းမသည် များသောအားဖြင့် ကျောင်းအုပ်ကြီးက အရေးကြီးသော ဆုံးဖြတ်ချက်များ ချရန် အကြီးအကဲများ အားလုံးကို စုဝေး​စေရာ နေရာဖြစ်သည်။ လက်ရှိအခိုက်တွင် လုရွှမ်ဟာ ကျောင်းအုပ်ကြီး နေရာတွင် တိတ်တဆိတ်ထိုင်နေပြီး သူ့အောက်ကတော့ ယင်းယန်ကျောင်းတော်၏ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်​ကြသည်။

လုရွှမ်နဲ့ ရင်းနှီးတဲ့ မင်းသမီးလော့ရုံ၊ ဟန်ရွှယ်၊ လင်ရှောင်းရှောင်း၊ လျောက်ချင်းနှင့် အခြားသူများလည်း ရှိသည်။

မကြာခင်မှာပဲ လူ ၃ ယောက်လည်း ဝင်လာခဲ့သည်။ မုယန်ဖုန်း ဖိတ်ခေါ်လာသော ခန်းမသခင်ဖုန်း၊ ဆေးဝါးသခင်မချန်နှင့် အကြီးအကဲ လုံယွမ်တို့ပဲ ဖြစ်ပေ၏။

နှစ်ယောက်သား လက်ကိုင်ထားတာ တွေ့လိုက်ရတော့ လုရွှမ်တောင် အံ့ဩသွားရသည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က လုရွှမ်ရဲ့ သွေးထိုးလှုံ့ဆော်မှု အောက်တွင် ခန်းမသခင်ဖုန်းသည် ဆေးဝါးသခင်မချန်ကို ရှာဖွေရန် အစပြုခဲ့သောကြောင့် သူတို့နှစ်ဦးသည် ယခင်က သံသယများကို အမြန် ဖြေရှင်းနိုင်ခဲ့ပြီး နောက်ရက်အနည်းငယ်မှာ ကော်လို ဖြစ်သွားကြသည်။

"ဟာဟား... ခင်ဗျားတို့ နှစ်​​ယောက်​လည်း ဒီကို​ရောက်​​နေပြီကိုး... ကျုပ် အရေးကြီးတဲ့ ဆုံးဖြတ်​ချက်​တစ်​ခုကို ကြေငြာချင်လို့ ခေါ်လိုက်တာပါ"

လူတိုင်းဒီမှာ ရှိ​နေတာကို မြင်​​တော့ လုရွှမ် ပြုံးလိုက်​သည်​။

"ကျုပ် မြို့တစ်ထောင်မဟာမိတ်ကို သွားဖို့ ပြင်ဆင်နေပြီ... ဒါကြောင့် ယင်းယန်ကျောင်းတော်ရဲ့ ရာထူးကို အကြီးအကဲ လုံယွမ်က တာဝန်ယူပါလိမ့်မယ်"

လူအုပ်ကြီး ရုတ်တရက် ရှုပ်ပွသွားသည်။ လုရွှမ် သူတို့ကို ဒီလိုကိစ္စအတွက် ဆင့်ခေါ်လိုက်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ဘူးလေ။ ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ရာထူးသည် တစ်ဖက်ကို ဖိနှိပ်ပြီး ဧရိယာတစ်ခုတည်းကို ထိန်းချုပ်နိုင်သည့် မြင့်မားသော ရာထူးလည်း ဖြစ်သည်။

လုရွှမ် သုံးရက် ကျင့်​ကြံပြီးနောက် ဘာကြောင့် ရုတ်တရက် ထိုင်ခုံကို စွန့်လွှတ်လိုက်ရတာလဲ။

ကျောင်းအုပ်ကြီး နေရာသည် မရေမတွက်နိုင်သော ကျောင်းသားများ၏ ဘဝနှင့် သေဆုံးမှုကို ထိန်းချုပ်ထားနိုင်ပြီး အနီးနားရှိ သေးငယ်သော အင်ပါယာနှင့် အလယ်အလတ် တန်းစား နိုင်ငံများစွာ၏ ကံကြမ္မာကို သက်ရောက်မှုရှိလို့ မက်မောဖွယ်ရာ အရင်းအမြစ်များကိုလည်း ထိန်းချုပ်ထား​သေးသည်။

သူဆန္ဒရှိသရွေ့ ပေရွှီး တော်ဝင်အင်ပါယာ၏ နေရာတိုင်းသည် သူလိုချင်သမျှ သူလုပ်ချင်သမျှကို လုပ်လို့ရတယ် ဆိုတာ ချဲ့ကားနေတာတော့ မဟုတ်ပေ။

သယံဇာတ၊ အမျိုးသမီး အလှလေးတွေ၊ စွမ်းအား စတာတွေဟာ ပြတ်တောက်​နေမှာ မဟုတ်ဘူးလေ။

သို့သော်လည်း အရင်ဘဝက ကြီးကျယ်ခမ်းနားတဲ့ အရူးဧကရာဇ် ဖြစ်ခဲ့သူ လုရွှမ်အတွက်ကတော့ ပေရွှီး တော်ဝင်အင်ပါယာက အရင်းအမြစ်တွေ ဆိုတာ အရန် အနေအထားလေး တစ်ခုသာ ဖြစ်သည်။

မြို့တစ်ထောင်မဟာမိတ်က စစ်မှန်သော နဂါးနှလုံးသည် သူ၏ လက်ရှိပန်းတိုင် ဖြစ်သည်။

"ကျောင်းအုပ်ကြီးရဲ့ ကြင်နာမှု အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျောင်းအုပ်ကြီး ရာထူးကိုတော့ မတတ်နိုင်ပါဘူး!"

အကြီးအကဲ လုံယွမ်က ခပ်မြန်မြန် ပြောလိုက်သည်။ လုရွှမ် ပြုံး၍

"ရပါတယ်... ကျုပ်မသွားခင် ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်း ထိန်းချုပ်နည်းကို သင်ပေးသွားမယ်"

ယင်းယန်ကျောင်းတော်က အကြီးအကဲများထဲတွင် အကြီးအကဲ လုံယွမ်ကို ကျော်လွန်ပြီး သေမျိုး အသွင်ပြောင်းခြင်း အဆင့်၈ ပြီးပြည့်စုံသော ကာလသို့ ရောက်ရှိသွားသူ အနည်းငယ် ရှိပါသည်။ သို့သော် ပြဿနာ မရှိချေ။

အကြီးအကဲ လုံယွမ်သာ ကာကွယ်ရေး အခင်းအကျင်းကို ထိန်းချုပ်နိုင်သွားရင် ဘယ်သူကမှ သူ့ကို ပြဿနာရဲမှာ မဟုတ်တော့ပေ။

"ကျောင်းအုပ်ကြီး!"

အကြီးအကဲ လုံယွမ်မှာ ငြင်းဆန်ချင်သေးသည်။

"မင်းဘာကို ကြောက်နေတာလဲ? ခန်းမသခင်ဖုန်းလည်း ဒီမှာနေတာပဲ မဟုတ်ဘူးလား"

လုရွှမ် စကားကို တိုက်ရိုက်ကြားဖြတ် ဝင်ဆိုလိုက်သည်။

ထို့နောက် သူသည် တောင်ဖောက်နဂါးရဲ့ ခေါင်းကို ပုတ်လိုက်ပြီး

"ငါထွက်သွားပြီးရင် မင်း ခန်းမသခင်ဖုန်းရဲ့ နောက်ကို လိုက်ရမယ်!"

"ဝူး!" တောင်ဖောက်နဂါးက တွန့်ဆုတ်နေသော အသံများစွာကို ထုတ်လွှတ်လိုက်သည်။

လုရွှမ်နောက်ကို လိုက်ပြီးမှ ၎င်း၏သွေးသည် တိုးတက် ကောင်းမွန်လာပြီး ကျင့်​ကြံမှုအဆင့်လည်း အချိန်တိုအတွင်း ဖြတ်ကျော်သွားခဲ့သည်။

ဝိညာဉ်သားရဲ တစ်​ကောင်အနေဖြင့် တောင်ဖောက်နဂါးသည် ၎င်းကို ခံစားရသည်။ လုရွှမ် နောက်ကို လိုက်ခြင်းက အကျိုးကျေးဇူး များစွာရှိသည်။ သားရဲခန်းမသို့ ပြန်ရောက်သောအခါ တဖြည်းဖြည်းချင်းသာ တိုးတက်နေရမည် ဖြစ်သည်။

"သွားပါ... မင်းရဲ့လက်ရှိ နယ်ပယ်ကို ဖြတ်ကျော်ဖို့ နည်းလမ်းကို ခန်းမသခင်ဖုန်းကို ပြောပြခဲ့မယ်... အနာဂတ်မှာ နဂါးမျိုးရိုးအဖြစ် လုံးဝပြောင်းလဲသွားအောင် လေ့ကျင့်.... သူတော်စင်နယ်ပယ်ကို ရောက်သွားရင် ငါ့ကိုလာရှာလှည့်"

လုရွှမ် တောင်​ဖောက်နဂါးကြီးရဲ့ ခေါင်းကို ထပ်မံ ပုတ်၍ ပြောလိုက်သည်။

လုရွှမ်ဆီက ကတိကို လက်ခံရရှိပြီးနောက်မှ တောင်ဖောက်နဂါးသည် ခန်းမသခင်ဖုန်း အနားသို့ တုံ့ဆိုင်းစွာ ရောက်လာပြီး သူ့ဗိုက်ကို ဖော်ကာ လှဲအိပ်လိုက်သည်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ချင်တော့ပုံပင်။

"ဟားဟား ကျေးဇူးတင်ပါတယ် မိတ်ဆွေလေးလု..."

ခန်းမသခင်ဖုန်းလည်း အလွန် ဝမ်းသာသွားသည်။ သူသည် တောင်ဖောက်နဂါး၏ ကျင့်​ကြံမှု အဆင့်ကို မခံစားနိုင်တော့ဘဲ တောင်ဖောက်နဂါးသည် အဆင့်၉ သို့ ရောက်နေပြီမှာ ထင်ရှားလေ၏။

သားရဲခန်းမ၏ အရှင်သခင်အဖြစ် တောင်နဂါး၏ အသွေးအသား ဆင့်ကဲဖြစ်စဉ်ကိုတော့ သဘာဝအတိုင်း ခံစားနိုင်​​သေးသည်။

တောင်ဖောက်နဂါးသည် ယခုအခါ ပေရွှီး တော်ဝင်အင်ပါယာ၌ တန်ခိုးအရှိဆုံး တည်ရှိမှုကြီး ဖြစ်လို့သွားပြီ။

မာနကြီးစွာ ပြောရရင်တော့ သားရဲခန်းမထဲမှာ ပျင်းတိပျင်းရွဲ ထိုင်နေရင်တောင် ပေရွှီး တော်ဝင်အင်ပါယာရဲ့ နယ်ပယ်အတွင်းမှာ ဘယ်သူကမှ မနှောင့်ယှက်ဝံ့နိုင်ချေ။

All Chapters