← Chapters

တိမ်တိုက်ငှက်

Vol. 32 Ch. 3.230

တိမ်တိုက်ငှက်

Vol. 32 Ch. 3.230

"ခန်းမသခင်ဖုန်းက ယဉ်ကျေး လွန်းနေပါပြီ ပေရွှီး တော်ဝင်အင်ပါယာကနေ ထွက်သွားပြီးရင် ခင်ဗျားဒီလူအုပ်ကို ဂရုစိုက်ဖို့တော့ လိုလိမ့်မယ်..."

ထိုစကားများကို ပြောပြီးနောက် လုရွှမ်သည် မင်းသမီးလော့ရုံ၊ လင်ရှောင်းရှောင်းနှင့် လျောက်ချင်းတို့ ရှိရာဘက်သို့ ကြည့်လိုက်သည်။

ဒီလူတွေဟာ ကျန်းဝူကျောင်းတော်မှာ ကတည်းက တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းလာခဲ့ကြပြီး သူငယ်ချင်းလို့ ယူဆလို့ ရနေပြီ။ သူထွက်သွားတော့မယ့် အချိန်မှာ ဒီလူတွေကို ကောင်းကောင်း စီစဉ်ပေးချင်ခဲ့သေးသည်။

လျောက်ချင်း နှင့် အခြားသူများသည် အလွန်အေးဆေးတည်ငြိမ်စွာ ပြုမူ​နေကြသည်။ နောက်ဆုံးတွင် ၎င်းတို့ကိုယ်တိုင်၏ ကျင့်ကြံမှုမှာ အလွန်နိမ့်နေ၍ လုရွှမ်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ကြောင်းလည်း သိရှိခဲ့ကြသည်လေ။

သို့သော် လင်ရှောင်းရှောင်း၊ မင်းသမီး​လော့ရုံနဲ့ မိန်းကလေးတွေကတော့ အတော်လေး ပြင်းထန်စွာ တုံ့ပြန်ခဲ့ကြသည်။

"လုရွှမ်!! နင် ငါတို့ကို ချန်ထားခဲ့လို့ မရဘူး!"

မင်းသမီးလော့ရုံက ပထမဆုံး စကားပြောသည်။

"လုရွှမ်... နင်ငါ့ကိုထိလိုက်တယ်နော်... အခုလိုထားခဲ့ပြီး တာဝန်မဲ့လို့ မရဘူး!"

လူတိုင်းကို သံသယနဲ့ ကြည့်နေတာကို မြင်တော့ မင်းသမီးလော့ရုံ ထပ်၍ ဟစ်အော်လိုက်ပြန်သည်။

သူမ စကားကြားတော့ လျောက်ချင်း နဲ့ တခြားသူတွေ တုန်လှုပ်သွားကြ၏။ ချက်ချင်း ဆိုသလိုပဲ အားလုံးက လုရွှမ်ကို ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်လာတော့သည်။

သခင်လေးကတော့ မိုက်ချက်ပဲ!

သို့သော်လည်း စိတ်ခံစားချက်များ မဆုံးခင်မှာ လင်ရှောင်းရှောင်းရဲ့ အသံကိုလည်း ထပ်ကြားလိုက်ရသည်။

"လုရွှမ်... နင်ငါ့ကိုလည်း ထိသွားတယ်... ဘာပဲဖြစ်ဖြစ် အခုလို ပစ်ထားခဲ့ပြီး လူကို အနိုင်မကျင့်ရဘူး!"

လုရွှမ်မှာ ရုတ်တရက် ခေါင်းပါ မူးဝေလာသည်။ ဘာကြောင့်များ သူက ထိရတာလဲ။ မင်းတို့ဘာသာ အတင်းအကြပ် ထိခိုင်းခဲ့တာ မဟုတ်ဘူးလား။

တခြားသူတွေတော့ မသိပေမယ့် ရောက်လာသူ အားလုံးက လုရွှမ်ကို တညီတညွတ်တည်း ကြည့်နေကြပြီး လျောက်ချင်းနဲ့ အခြားသူများကတော့ တုနှိုင်းမရတဲ့ ကြည်ညို လေးစားမှုများကို ပြသနေကြသည်။

ယင်းယန်ကျောင်းတော်မှ အကြီးအကဲများသည် တိုက်ရိုက် မကြည့်ဝံ့ဘဲ လုရွှမ်ကို လျှို့ဝှက်စွာ ရှုထောင့်မျိုးစုံဖြင့် စူးစိုက်ကြည့်နေကြသည်။ တစ်ဖက်တွင်မူ ခန်းမသခင်ဖုန်းသည် လူငယ်လေးရဲ့ ကောင်းကွက်တွေကို ကြည့်ပြီး နည်းနည်း စိတ်မကောင်း ဖြစ်မိသွားသည်။

ဟန်ရွှယ်ကတော့ ညင်ညင်သာသာ အော်ဟစ်လိုက်ပြီး မနာလိုကြောင်း ပြသနေ၏။ လူတိုင်းရဲ့ ခြားနားတဲ့ မျက်လုံးတွေကို ကြည့်လိုက်တော့ လုရွှမ်မှာ လုံးဝ စကားမပြောနိုင်အောင် ဆွံ့အသွားတော့သည်။

ကြီးကျယ်ခမ်းနားသော အရူးဧကရာဇ်သည် အမြဲတမ်း ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးတတ်သူ ဖြစ်သော်လည်း အခုတော့ အနည်းငယ် ရှက်စရာ ကောင်းသွား၏။

"လိုက်လို့ရပေမယ့် ငါ့ကို ဒုက္ခမပေးနဲ့"

"အင်း... လုံးဝ ဒုက္ခမ​ပေးဘူး!"

မင်းသမီးလော့ရုံနဲ့ တခြားသူတွေလည်း လုရွှမ် သူ့စကားကို ပြန်ရုတ်သိမ်းသွားမှာကို ကြောက်တာနဲ့ ကမန်းကတန်း ကတိပေးလိုက်ကြသည်။

အကြီးအကဲ လုံယွမ်မှာ ယင်းယန်ကျောင်းရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ထိန်းချုပ်ထားတဲ့ ကျောင်းအုပ်ကြီး ဖြစ်လာပြီး လျောက်ချင်း နဲ့ တခြားသူတွေကလည်း ယင်းယန်ကျောင်းတော်မှာ တစ်နေရာစီ ရသွားတာကြောင့် ဘေးကင်းမှုအတွက် စိုးရိမ်စရာ မလိုတော်ပေ။

ထို့အပြင် ၎င်းတို့တွင် လုရွှမ်မှ သင်ကြားပေးသော ဝိညာဉ်နယ်ပယ် လေ့ကျင့်​ရေး နည်းလမ်းများ ရှိပြီး အကြီးအကဲ လုံယွမ်၏ ဂရုစိုက်မှုနှင့် ကျင့်​ကြံမှု အရင်းအမြစ်များဖြင့် ၎င်းတို့အနက်မှ တချို့သည် အခြားသူများထက် ကျင့်ကြံမှု ပိုမိုမြန်ဆန်မည်ဟု လုရွှမ် ယုံကြည်ထားသည်။

ယင်းယန်ကျောင်းတော်၊ သားရဲခန်းမနှင့် ဆေးဥယျာဥ်တို့ရဲ့ ပေါင်းစပ်မှုနှင့်အတူ ပေရွှီး တော်ဝင်အင်ပါယာသည် အခြေခံအားဖြင့် သံစည်တစ်ခု ဖြစ်သွားပြီ။

ပေရွှီ ဘုရင်ရာထူးအတွက် မည်သည့်မိသားစုကပင် ကြိုးစားစေကာမူ နောက်ဆုံးတွင် ထီးနန်းကို ဤအာဏာရှင် သုံးပါးက အသိအမှတ်ပြုမှသာလျှင် လုပ်နိုင်လိမ့်သည်။

ဒါပေါ့။ ဒါတွေက ပေရွှီး တော်ဝင်အင်ပါယာရဲ့ အနာဂတ် လမ်းကြောင်းတွေပဲလေ။ လုရွှမ်အတွက် ဒါတွေကို ထည့်သွင်းစဉ်းစားဖို့ မလိုအပ်ပါဘူး။

လက်ရှိ အချိန်မှာ လုရွှမ်သည် လူတစ်စုကို သားရဲခန်းမသို့ ခေါ်ဆောင်လာခဲ့သည်။ မော့ကောင်းရွှမ်း၊ မုယန်ဖုန်း၊ လင်ရှောင်းရှောင်း၊ မင်းသမီးလော့ရုံနှင့် ဟန်ရွှယ်တို့ ဖြစ်သည်။

ဟန်ရောင်ကိုတော့ သူမခေါ်ခဲ့ချေ။ ဟန်ရောင်ရဲ့ ကျင့်ကြံမှုနယ်ပယ်က နိမ့်ပြီး သူ့အတွက် ကိုယ်ရံတော်အနေနဲ့ မော့ကောင်းရွှမ်း နဲ့ မုယန်ဖုန်းတို့ ပါရင် ရလေပြီ။ နောက်ပြီး ဟန်ရောင်က ဟန်မိသားစုရဲ့ မိသားစုခေါင်းဆောင်လည်း ဖြစ်နေ​သေးသည်။

တစ္ဆေအဖွဲ့ဝင်လည်း ဖြစ်နေသေးရာ ပေရွှီး တော်ဝင်အင်ပါယာတွင် နေခဲ့ပြီး တစ်ဖက်တွင် ဟန်မိသားစု၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားနိုင်ပြီး တစ်ဖက်တွင် ၎င်းသည် ပေရွှီး တော်ဝင်အင်ပါယာရှိ သရဲအစောင့်များ၏ မျက်လုံး အဖြစ် လုပ်ဆောင်နိုင်သည်။

မြို့တစ်ထောင်မဟာမိတ်က ပေရွှီး တော်ဝင်အင်ပါယာကနေ အလွန်ဝေးကွာပြီး ကြား၌ နိုင်ငံများစွာအကြားတွင် တည်ရှိနေ​​သေးသည်။ ထိုနေရာတွင် ခြေနှစ်ချောင်းဖြင့် လှမ်းလျှောက်သွားခြင်းက လက်တွေ့ မကျသည်မှာ ထင်ရှားပါသည်။

ယေဘုယျအားဖြင့် ဤအလွန်ဝေးကွာသော ခရီးကို သွားဖို့ သားရဲခန်းမက ပျံသန်းနန်းဆောင် သို့မဟုတ် ပျံသန်းသားရဲတွေကိုသာ အားကိုးရတော့မည်။

ပျံသန်းနန်းဆောင်သည် အမှန်တကယ်တော့ ဧရာမငှက်ကြီးဖြစ်တဲ့ တိမ်ငှက်ရဲ့ ကျောပေါ်မှာ ချိတ်ဆွဲထားခြင်းသာ ဖြစ်သည်။

ပျံသန်းနန်းဆောင် ရှေ့ကို ရောက်တဲ့အခါ ပထမဆုံး မြင်လိုက်ရတာက ပျံသန်းနေတဲ့ နန်းဆောင်တွေ မဟုတ်ဘဲ မီတာ ၃၀ ကျော်မြင့်တဲ့ ငှက်ကြီး တချို့ပဲ ဖြစ်လေသည်။ ငှက်ကြီးများသည် အလွန် အံ့အားသင့်ဖွယ် ကောင်းသော အထပ်မြင့် အိမ်များနှင့်ပင် တူ၏။

သားရဲခန်းမမှ လူများသည် ရာနှင့်ချီသော နွားများကို တွန်းပို့ပြီးနောက် နွားများကို ကိုက်နေသည့် တိမ်တိုက်ငှက် တချို့ကို အစာကျွေးနေလေသည်။ တစ်ကြိမ် ပါးစပ်ဖွင့်လိုက်လျှင် နွားတစ်ကောင်က တစ်ကိုက်တည်းပင်။

တိမ်တိုက်ငှက် တစ်ကောင်စီသည် နွားတစ်ဒါဇင်ကျော်ကို ကိုက်စားနေပြီး ရာနှင့်ချီသော နွားအုပ်စုတစ်စုကို ဧရာမငှက် အနည်းငယ်က အချိန်တိုအတွင်း ကိုက်စားလိုက်ကြသည်။

ဤမြင်ကွင်းမျိုးသည် လုရွှမ်အတွက် သာယာသော်လည်း လင်ရှောင်းရှောင်း နှင့် တခြားသူများအတွက် ပြောရရင် တော်တော်ကို အံ့သြဖို့ကောင်းနေ၏။

"ဘာငှက်ကြီးလဲ!"

ဤသည်မှာ အလှလေး သုံးယောက်ထံမှ တညီတညွတ်တည်း ထွက်ပေါ်လာသော စကားသံ ဖြစ်သည်။

"အိုး... သူဌေး ကျွန်တော် သူဌေးကို လိုက်ရှာနေတာ သူဌေး သွားတော့မလို့လား?"

လူဝကြီး တစ်ယောက်ဟာ လုရွှမ်ကို တွေ့တာနဲ့ အစောင့်အကြပ် အနည်းငယ်နဲ့အတူ ချက်ချင်းပြေးထွက်လာလေ၏။

"ထျန်ကျွမ့်နမ်!"

လုရွှမ်လည်း ကုဖုန်းထျန်မိသားစုက လူဝကောင်လေး ဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားသည်။

"သူဌေး... ဘယ်သွားမလို့လဲ"

လုရွှမ် ပျံသန်းနန်းဆောင်ဘက်မှာ ပေါ်လာတာကို တွေ့လိုက်ကာ သူနဲ့အတူ လူတစ်စုကိုလည်း ခေါ်လာတာကြောင့် တစ်နေရာရာကို ခရီးထွက်မည့်ပုံပင်။

"မြို့တစ်ထောင် မဟာမိတ်"

လုရွှမ်သည် ဖက်တီးအပေါ် အမြင် မဆိုးချေ။ ဒီလူက နည်းနည်းတော့ ခပ်ညံ့ညံ့ ဖြစ်သော်လည်း ရိုးသားပြီး သူ့နှလုံးသားကလည်း မဆိုးလှပေ။

"အာ?? မြို့တစ်ထောင်မဟာမိတ်?? သူဌေး ကျွန်တော်လည်း သွားချင်တယ် ကျွန်တော့်ကိုပါ ခေါ်သွားပါလား?"

ဖက်တီးက အရှက်မဲ့စွာ ဆိုလာ၏။

နောက်လိုက်များသည် သူတို့ သခင်လေးရဲ့ ပုံစံကို မြင်တဲ့အခါ သူတို့နဖူးကိုအုပ်လျက် မသိသလို ပြုမူနေကြလေသည်။

"ကောင်းပြီလေ!"

လုရွှမ် သဘောတူလိုက်သည်။ ဖက်တီး၏ အစောင့်များ အားလုံးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ တွင်ရှိပြီး သူကိုယ်တိုင်ကလည်း အဆင့်၆တွင် ရှိနေသောကြောင့် သူ့ကိုယ်သူ ကာကွယ်ရန် ပြဿနာ မဖြစ်ရှိလောက်ပေ။

အဲဒီလူရဲ့ ရွှေခြေလေးချောင်း ကြေးကြက်ဖကလည်း နဂါးနှလုံးကို ရှာတွေ့ဖို့ အကူအညီ ပေးကောင်းပေးနိုင်လိမ့်မည်။

ပျံသန်းနန်းဆောင် ငှားခက ဈေးကြီးပေမယ့် လုရွှမ်က ဆက်ရှာနိုင်တာမို့ ဒီအခကြေးငွေ အတွက် စိတ်မပူပေ။ ပျံသန်းနန်းဆောင် အနားသို့ သွားခါနီးတွင် အလှမယ် နှစ်ယောက်က ပျံသန်းနန်းဆောင် တံခါးကို ဖွင့်ကာ သူ့ကို ပြုံးပြလာတာကို တွေ့လိုက်ရသည်။

"မော့ချုံ... ချန်စစ်ယန်?"

လုရွှမ် သူတို့ နှစ်ယောက်ကို မြင်လိုက်တာနဲ့ သူတို့ ဘာကိုဆိုလိုချင်မှန်း မေးစရာမလိုဘဲ သိလိုက်သည်။

"ခန်းမသခင်က လူ​ကြီးမင်းကို တလမ်းလုံး အစေခံခိုင်းလိုက်ပါတယ်... လူကြီးမင်း ကျွန်မကို မလိုက်စေချင်တာတော့ မဟုတ်ပါဘူးနော်"

မော့ချုံ သနားစရာ ကောင်းနေ၏။ သာမန်လူတစ်ယောက်တောင်မှ ဒီလို ထိတ်လန့်စရာကောင်းတဲ့ သဘောထားကို မငြင်းနိုင်ရှာဘူးလေ။

"သခင်လေးလု....သခင်မချန်က မြို့တစ်ထောင်မဟာမိတ်ဘက်မှာ သခင်လေး မရင်းနှီးမှာ စိုးလို့ အဖော် လိုက်ခိုင်းလိုက်ပါတယ်... အဲ့မှာ ဆေးဥယျာဥ်ခွဲ တစ်ခုရှိတယ် အကူအညီ လိုအပ်ရင် အဆင်ပြေနိုင်ပါတယ်"

ဒါက ခန်းမသခင်ဖုန်းနဲ့ ဆေးဝါးသခင်မချန်တို့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချည်း မဟုတ်ကြောင်း လုရွှမ်လည်း ရှင်းရှင်းလင်းလင်း သိလေသည်။

မုယန်ဖုန်းနှင့် ဆေးဝါးသခင်မချန်တို့၏ အမြင်တွင် လုရွှမ် နောက်ကွယ်မှ စွမ်းအားသည် လုံးဝနားမလည်နိုင်ပေ။ ဤအချိန်တွင် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါက ၎င်းသည် အနာဂတ်တွင် ကြီးမားသောအကူအညီ ဖြစ်လာနိုင်သည်။

မော့ချုံ၊ ချန်စစ်ယန်တို့က လုရွှမ်နဲ့ ရင်းနှီးတဲ့ လူတွေဖြစ်ပြီး လုရွှမ်နောက် လိုက်နိုင်ဖို့ မျှော်လင့်နေကြသလို လုရွှမ်သာ လက်ခံမယ်ဆိုရင် သူမတို့ဟာ အစေခံတွေအဖြစ် နေရရင်တောင် အဆုံးမဲ့ အနာဂတ်တွေ ရှိနေမှာ သေချာလေသည်။

All Chapters