← Chapters

တြိဂံဧရိယာ

Vol. 33 Ch. 4.1

တြိဂံဧရိယာ

Vol. 33 Ch. 4.1

ပျံသန်းနန်းဆောင်သည် ပေါ့ပါးခိုင်ခံ့သော သစ်သား အမျိုးအစားဖြင့် တည်ဆောက်ထားပြီး အခန်းတိုင်းတွင် ခိုင်ခံ့မှု၊ ပေါ့ပါးမှုစသည့် အခင်းအကျင်း ပုံစံများစွာကို ရေးထွင်းထားသည်။

အခန်းတစ်ခုစီ၏ ဧရိယာသည် စတုရန်းမီတာ တစ်ရာခန့် ရှိလျက် အရွယ်အစား တူညီသော်လည်း အတွင်းပိုင်း ဖွဲ့စည်းပုံမှာ ကွဲပြားသည်။

ပျံသန်းနန်းဆောင် တစ်ခုစီတွင် အခန်းများ ခုနစ်ခန်း သို့မဟုတ် ရှစ်ခန်း ရှိပြီး အခန်းတစ်ခုစီတွင် အနားယူရန် အတွက်သာ အသုံးပြုသည့် ကုတင်သေးသေးလေး တစ်လုံးစီ ရှိသည်။

အချို့အခန်းများသည် ကျယ်ဝန်းပြီး သက်တောင့်သက်သာ ရှိသော ခန်းမများပါ ရှိသည့် အခန်းများ ဖြစ်သည်။

အခန်းတွေ နည်းလေလေ ငှားရမ်းခက ပိုဈေးကြီးလေပင်။ အကြောင်းမှာ သူတို့ဟာ ပိုသက်တောင့်သက်သာ ရှိသော အခန်းများဖြစ်လို့ သူတို့ရဲ့ အဆင့်အတန်းကို ကောင်းကောင်း ပြသနိုင်တာကြောင့်ပဲ ဖြစ်သည်။

လုရွှမ်က မော့ကောင်းရွှမ်း၊ မုယန်ဖုန်း၊ ဟန်ရွှယ်၊ လင်ရှောင်းရှောင်း၊ မင်းသမီးလော့ရုံ၊ မော့ချုံနဲ့ ချန်စစ်ယန်တို့ကို ခေါ်ဆောင်၍ ပျံသန်းနန်းဆောင် တစ်လုံးဆီသို့ ခေါ်ဆောင်သွားသည်။

စားသောက်ပြီးသော တိမ်တိုက်ငှက် လေးကောင်တို့သည် ကြီးမားသော အတောင်ပံများကို ခတ်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။ လေပြင်းများ တိုက်ခတ်သော်လည်း နန်းဆောင်အခန်းများကို ကာကွယ်ပေးထားသော အခင်းအကျင်းကြောင့် အထဲက ခရီးသည်တွေကို မထိခိုက်စေပေ။

မီတာဆယ်ဂဏန်း မြင့်သော တိမ်တိုက်ငှက်သည် လေးလံသော သေတ္တာတစ်လုံးကို ဆွဲကာ ပျံသန်းနေရ သကဲ့သို့ ပျံသန်းနေသော်လည်း အခန်းတိုင်းရဲ့ အခင်းအကျင်းကြောင့် တကယ်နိမ့်တဲ့ အမြင့်တွေမှာလည်း ပျံသန်းရမခက်ခဲချေ။

ဆယ်ရက်ကြာပြီးနောက် တိမ်တိုက်ငှက်သည် သားရဲခန်းမတစ်ခု၏ အကိုင်းအခက်ခွဲ တစ်ခုတွင် ဆင်းသက်လိုက်ပြီးနောက် နောက်ထပ် တိမ်တိုက်ငှက်တွေကို လဲ၍ ခရီးဆက်ခဲ့သည်။

ရက်နှစ်ဆယ် ကြာပြီးနောက် နောက်ထပ် တစ်သုတ်ကို အစားထိုးခဲ့​ပြန်သည်။ တစ်ကြိမ်လျှင် ဆယ်ရက်ထက် ကျော်သွားပါက တိမ်တိုက်ငှက်ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီး သွားစေမည် ဖြစ်သည်။ ထို့ကြောင့် သားရဲခန်းမ ကဲ့သို့သော ခရီးဝေးကို သွားသူများပင် ဆယ်ရက်တစ်ကြိမ် ရပ်နားရလေ့ ရှိသည်။

မော့ချုံ နှင့် ခန်းမသခင်ဖုန်းတို့၏ အမှတ်အသား တံဆိပ်ပြားများကြောင့် တိမ်တိုက်ငှက် နေရာတွင် နောက်ထပ်တစ်သုတ်ကို အစားထိုးရန် မည်သည့်ငွေမျှ ကုန်ကျခဲ့ခြင်း မရှိပေ။

သူတို့ကိုယ်တိုင် ပေးဆောင်ရမယ် ဆိုရင်တော့

ဒီလိုကြီးမားတဲ့ တိမ်တိုက်ငှက်တွေဟာ ပေရွှီး တော်ဝင်မိသားစုရဲ့ ဘဏ္ဍာငွေတွေနဲ့တောင် လုံလောက်မှာ မဟုတ်ဘူး။

ပျံသန်းစဉ်အတွင်း လူတိုင်းသည် ဂရုတစိုက် လေ့ကျင့်နေခဲ့သည်။ လင်ရှောင်းရှောင်း၊ မင်းသမီးလော့ရုံ၊ ဟန်ရွှယ်နှင့် အခြားသူများသည် ကျင့်ကြံမှု အဆင့်နိမ့်ဆုံး ဖြစ်ကာ ယင်းယန်ရေကန်ထဲ ဝင်ခဲ့စဥ်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

ဆယ်ရက်နှင့် ဆယ်ရက်သည် သာမန်လူများအတွက် ရှည်လျားသော်လည်း အမြဲလိုလို ကျင့်ကြံနေသူများ အတွက်မူ လျင်မြန်စွာ ဖြတ်သန်းနိုင်ခဲ့သည်။

တစ်လကြာပြီးနောက် လုရွှမ် မျက်စိရှေ့တွင် မြို့ကြီးတစ်မြို့ ပေါ်ထွက်လာ၏။ ၎င်းကို မီတာထောင်ပေါင်းများစွာ အမြင့်မှ လှမ်းကြည့်သော်လည်း အစွန်းကိုတော့ မမြင်ရပေ။

အဆင့်မြင့် နိုင်ငံများစွာဖြင့် ဖွဲ့စည်းထားသည့် မြို့တစ်ထောင်မဟာမိတ်သည် ကုန်သွယ်ရေး သုံးလမ်းသွားဇုန်ဖြင့် ဖွဲ့စည်းထားသည်။

အလားတူပင် နိုင်ငံကြီးများသည် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို ပြသရာ နေရာလည်း ဖြစ်သည်။ အရေးကြီးသော သတင်း အချက်အလတ် များစွာကို မြို့တစ်ထောင်မဟာမိတ်မှ ပေးပို့သောကြောင့် နိုင်ငံတိုင်းက ဤနေရာတွင် ကိုယ်ပိုင်နယ်မြေများ ထားရှိ​ကြသည်။

တိမ်ပင်လယ် နယ်မြေထဲတွင် ပေရွှီး တော်ဝင်အင်ပါယာနှင့် အဆင််တူသော အထက်တန်းစား နိုင်ငံပေါင်း ၃၀၀၀ ရှိပြီး ၎င်းတို့ တစ်ခုစီသည် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေကို ထူထောင်ထားကာ မြို့တစ်ထောင်မဟာမိတ် ဖြစ်လာသည်။

ဖက်တီး ထျန်ကျွင့်နမ်မှာ လုရွှမ်၏ နောက်လိုက် အလှ​လေးများကို ကြည့်ရင်းမှ မျက်မှောင် ကြုတ်သွားခဲ့သည်။ တစ်လအတွင်း ချန်စစ်ယန်မှ လွဲ၍ ထိုအလှ​လေးများသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၁မှ အဆင့်၂ ယွမ်ချီနယ်ပယ်အထိ မြှင့်တင်နိုင်ခဲ့သည်။

အထူးသဖြင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂ ယွမ်ချီနယ်ပယ် ပြီးပြည့်စုံသော ကာလသို့ ရောက်ရှိနေပြီ ဖြစ်သော မော့ချုံတစ်ယောက် အောင်မြင်မှုများကို ထပ်မံရရှိခဲ့သည်။

လုရွှမ်သည် သူရခဲ့သော ဆေးပင်ပစ္စည်းများကို သုံး၍ ယင်းယန်ကျောင်းတွင် တံခါးပိတ် သန့်စင်ခဲ့စဥ်က ဆေးလုံး အမြောက်အမြားကို သန့်စင်ခဲ့ပြီး လူတစ်ဦးစီကို အနည်းငယ်မျှမျှ ဝေငှခဲ့သည်။ ပျံသန်းနန်းဆောင်ပေါ်တွင် လူတိုင်းက ကြိုးကြိုးစားစား လေ့ကျင့်ခဲ့တာကြောင့် တိုးတက်မှုက အရမ်းမြန်နေခဲ့၏။

မော့ချုံသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၁ကို ရောက်ရှိနေခဲ့ပြီး ဖြစ်သောကြောင့် လုံလောက်သော အထောက်အပံ့ဖြင့် ယွမ်ချီနယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။

ငယ်စဉ်ကတည်းက ဆေးဝါးသခင်မချန် နောက်ကို လိုက်ခဲ့သော ချန်စစ်ယန်သည် အမျိုးမျိုးသော အဂ္ဂိရတ်ဆေးများ ပြတ်တောက်ခြင်း မရှိခဲ့ပေ။ ထိုဆေး အမျိုးမျိုးကို အားကိုး၍ အဆင့်၄ကို ရောက်ရှိနေပြီ ယခုထိတော့ မထိုးဖောက်နိုင်သေးချေ။

လွန်ခဲ့တဲ့ တစ်လမှာ လုရွှမ်သည် သူ့နယ်ပယ်ကို ထိုးဖောက်ရန် အလျင်မလိုခဲ့ပေ။ ဒီအတောအတွင်း သူသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့လို့ ဆိုးရွားသော လျှို့ဝှက် အန္တရာယ်များကို ချန်ထားခဲ့မိမည်ကို စိုး၍ အဆင့်၅ ဟဲလင်နယ်ပယ်ကို အစောပိုင်းကာလမှ အလယ်အလတ် ကာလသို့သာ တိုးမြှင့်ခဲ့သည်။

သို့သော် လုရွှမ်၏ ဝိညာဥ်ချီသည် များစွာ ထူပြောလာပြီး သူ၏ ကျင့်ကြံမှုမှာ တည်ငြိမ်မှုမရှိမှာ စိတ်ပူစရာမလိုချေ။

"သူဌေး.. ကျွန်တော်တို့ ဘယ်ကို သွား​ကြမှာလဲ"

လုရွှမ်ကိုတွေ့တော့ ဖက်တီးကောင်က ဘယ်သွားသွား နောက်က လိုက်တော့မလိုမျိုး ချက်ချင်း မေးလိုက်သည်။

"ငါ ဒီနေရာနဲ့ မရင်းနှီးဘူး မင်းရော?"

လုရွှမ် မေးလိုက်သည်။

"ရပါတယ် ပြဿနာမရှိဘူး... ကျွန်တော် အရင်က ဒီနေရာကို ရောက်ဖူးတယ်... အရမ်းပျော်ဖို့ကောင်းတယ် ထူးထူးဆန်းဆန်းတွေ အများကြီးလည်း ရောင်းဝယ်လို့ ရတယ်"

ထျန်ကျွင့်နမ်က အမြန်ရှင်းပြသည်။

မြို့တစ်ထောင်မဟာမိတ်သည် ထောင်ပေါင်းများစွာသော အဆင့်မြင့် အင်ပါယာမှ ဘုရင်များနှင့် အဖွဲ့အစည်း အားလုံး၏ အမျိုးမျိုးသော ပစ္စည်းများကို စုစည်း ရောင်းဝယ်နိုင်ကြသည်။

"အဓိက ဧရိယာက ဘယ်ဟာလဲ"

ဤတစ်ကြိမ်တွင် မြို့တစ်ထောင်မဟာမိတ်ကို သူလာရခြင်း အကြောင်းမှာ နဂါးနှလုံးအတွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ လုရွှမ်သည် အချိန်နှင့်တပြေးညီ သတင်း အများဆုံး ရနိုင်တဲ့ နေရာ၊ လိုချင်တဲ့ သတင်း အမျိုးအစား အားလုံးကို အချိန်နှင့်အမျှ အပြည့်စုံဆုံး နေရာကိုသာ သွားချင်သည်။

"ဒါဆိုရင် မြို့တစ်ထောင်မဟာမိတ် တစ်ခုလုံးရဲ့ အချမ်းသာဆုံး နေရာဖြစ်တဲ့ တြိဂံဧရိယာကို သွားကြရအောင်။"

ထျန်ကျွင့်နမ်မှာ မြို့တစ်ထောင်မဟာမိတ်နဲ့ အတော်လေး ရင်းနှီး​လေသည်။ တြိဂံဧရိယာကို ရောက်ပြီးမှသာ လုရွှမ် တြိဂံဧရိယာ၏ အဓိပ္ပာယ်ကို နားလည်သွား၏။

အထက် တော်ဝင်အင်ပါယာ သုံးထောင်ထဲက အင်အားကြီး အင်ပါယာ သုံးခုသည် တြိဂံဧရိယာထဲတွင် စုစည်းထားသည်။

ဤ​တော်ဝင်အင်ပါယာ သုံးခုသည် နယ်မြေဧရိယာ၊ ထုတ်ကုန်၊ လူဦးရေ ဘာအရာပဲဖြစ်ဖြစ် အဆင့်မြင့်သော်လည်း သူတော်စင်နယ်ပယ်များ နည်းပါးသောကြောင့် ဧကရာဇ်အင်ပါယာများကိုတော့ မမှီနိုင်သေးပေ။

ဒီတော်ဝင်အင်ပါယာ ၃ခု၏ စွမ်းအားသည် တခြား တော်ဝင်အင်ပါယာများထက် သာလွန်နေတာတော့ ထင်ရှားလေ၏။

၎င်းတို့သည် တြိဂံဧရိယာ တစ်ခုလုံးကို လွှမ်းမိုးထားသည့်နှယ် မြို့တစ်ထောင်မဟာမိတ်တွင် ထင်ဟပ် ဖော်ပြလျက် ရှိသည်။ ဤနယ်မြေတွင် တော်ဝင်အင်ပါယာ သုံးခု၏ အဖွဲ့များအပြင် တိမ်ပင်လယ်နယ်မြေမှ သီးခြားလွတ်လပ်သော အဖွဲ့အစည်းများ၏ အကိုင်းအခက် များစွာလည်း ရှိ​သေးသည်။

ဥပမာအားဖြင့် လက်မှုပညာရှင် အဖွဲ့၊ အဂ္ဂိရတ်ပညာရှင်အဖွဲ့၊ အခင်းအကျင်းပညာရှင်အဖွဲ့ စသည်တို့သည် မြို့တစ်ထောင်မဟာမိတ်တွင် ၎င်းတို့၏ အခွဲများ အားလုံး နေရာချထားသည့်အပြင် လေလံအိမ်များ၊ ဆေးဥယျာဉ်များ၏ အရောင်းခန်းမများ၊ သားရဲခန်းမများ၏ ကိုယ်စားလှယ်များ စသည်တို့ အားလုံးကို ဤတစ်နေရာတည်းတွင် စုစည်းထားသည်။

ထို့ကြောင့် တြိဂံဧရိယာသည် မြို့တစ်ထောင် မဟာမိတ်အဖွဲ့ တစ်ခုလုံး၏ အဓိကနယ်မြေနှင့် အချမ်းသာဆုံးနေရာ ဖြစ်လာခဲ့သည်။

ဤအဓိက အဖွဲ့အစည်းများသည် လူအများအပြားကို ဆွဲဆောင်နိုင်ပြီး အရောင်းအဝယ် မျိုးစုံဖြင့် အလုပ်များနေကြ၏။ စားသောက်ဆိုင်များ၊ တည်းခိုခန်းများနှင့် အခြားသော ဖျော်ဖြေရေးများလည်း ရှိသည်။

"အရင်ဆုံး နေထိုင်ဖို့ နေရာရှာကြရအောင်"

ကောင်းကင်မှာ တစ်လလောက် ပျံသန်းပြီးနောက် ဆင်းသက်လာခဲ့ကာ လူစည်ကားတဲ့ နေရာကို ဝင်ခဲ့သည်။ ခဏလောက် လှည့်ပတ်ကြည့်ပြီးသော် မင်းသမီးလော့ရုံဟာ အနားယူပြီး နေရာကောင်းကို ရှာမတွေ့ခဲ့ပါဘူး။

"အရင်စားရအောင်လေ!"

ဖက်တီးသည် တစ်လကြာ ပျံသန်းလာပြီး လမ်းတစ်လျှောက်လုံး ဆာလောင်နေရာ အရသာရှိသော အစားအသောက်များကို မြင်တဲ့အခါ လုံးဝ သည်းမခံတော့ဘဲ ထပြောလိုက်သည်။

"ဖက်တီး မင်းအရင်စားဖို့ သွားလိုက်... ငါတို့ဟိုဘက်ကို သွားပြီ နေစရာ နေရာရှာလိုက်မယ်"

လုရွှမ် သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်သည်။

သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်မှာ ရောက်နေသော်လည်း ထူးထူးခြားခြား စားကောင်း သောက်ဖွယ်တွေ တွေ့ရင် လုံးဝ စိတ်ဝင်စားစရာမှု မရှိတဲ့သူ မရှိပေ။ အဆီများပြီး အစားကြိုက်တဲ့ လူတွေဆို ပိုဆိုးလေသည်။

အကယ်၍ သူသည် ဤစားချင်စိတ်ကို သိပ်ဂရုမစိုက်ခဲ့ပါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရောက်တာတောင် ဘယ်လိုလုပ် ဒီလောက်ဝနေပါ့မလဲ။

All Chapters