မှော်တစ်ထောင်စံအိမ်
Vol. 33 Ch. 4.2
"ကျွန်တော့်ကို မထားခဲ့ပါနဲ့!"
လုရွှမ်က သူ့ကို တစ်ယောက်တည်း သွားခိုင်းတာကို ကြားတော့ ဖက်တီးလည်း လန့်ဖြတ်သွားပြီး
"ကျွန်တော် သူဌေးနဲ့ လိုက်ခဲ့မယ် အရင်နေဖို့ နေရာ ရှာကြတာပေါ့"
တစ်ဖက်လူ၏ အကျင့်သီလကို သိတာကြောင့် လုရွှမ်လည်း အပိုစကားများနဲ့ နှောင့်ယှက်ခြင်း မလုပ်တော့ဘဲ လမ်းတစ်လျှောက် လူတစ်စုကို ဦးဆောင်လာခဲ့သည်။
ယောက်ျားကြီး တချို့က မထင်ပေါ်ပေမယ့် ဒီလို လူအုပ်ကြီးတွေ ကြားမှာ သွားတဲ့အခါ လမ်းသွားလမ်းလာတွေကို ချက်ချင်း ဆွဲဆောင်နိုင်တာက အလှလေး အုပ်စုပဲ ဖြစ်သည်။
နတ်ဘုရားအဆင့် အလှတရား ငါးပါးတို့သည် အသီးသီး စရိုက်လက္ခဏာများဖြင့် လမ်းပေါ်တွင် လျှောက်လာခဲ့ကြသည်။ ၎င်းတို့အားလုံးသည် ချစ်စရာကောင်းပြီး ဖြူစင်သလို ဝိညာဉ်စွမ်းအင် အပြည့်ဖြင့် တောက်ပနေကြသည်။
တစ်လျှောက်လုံး လမ်းလျှောက်လာစဉ် အမျိုးသား အများအပြားမှာ ရပ်တန့်သွားကာ လမ်းလျှောက်ရန်ပင် မေ့သွားကြသည်။ ထိုအချက်က တခြား မိန်းကလေးများစွာကို မနာလို ဖြစ်စေ၏။
မကြာခင်မှာပဲ လူတစ်စုဟာ အင်မတန် ကြည့်ကောင်းတဲ့ တည်းခိုခန်း တစ်ခုရဲ့ အဝင်ပေါက်ကို ရောက်လာခဲ့ကြသည်။
လုရွှမ်က တည်းခိုချင်တယ်လို့ ပြောလာတဲ့အခါ ဆိုင်ရှင်က ချက်ချင်း ပြန်မဖြေဘဲ သူတို့ကိုကြည့်ကာ ခဏလောက် စဉ်းစားနေသည်။
"လူကြီးမင်းတို့ အားလုံးက ကျင့်ကြံသူတွေ ဆိုတော့ ကျုပ်တို့ရဲ့ ဒီဆိုင်ငယ်လေးက သိပ်ပြီး မသင့်တော်မှာ စိုးရတယ်... ဒီလိုဆိုရင်ရော? ဒီလမ်းပေါ်ကနေ တည့်တည့်သွားလိုက် အဲဒီမှာ မှော်တစ်ထောင်စံအိမ်လို့ ခေါ်တဲ့ နေရာတစ်ခုရှိတယ်... အဲဒီနေရာက ကျင့်ကြံသူတွေအတွက် အထူးတလည် တည်ဆောက်ထားတာ"
"မှော်တစ်ထောင်စံအိမ်က မှော်အခင်းအကျင်းကြောင့် ဝိညာဥ်ချီတွေနဲ့ ပြည့်နေလို့ ကျင့်ကြံဖို့လည်း သင့်တော်တယ်... ပြီးတော့ အထဲမှာ အထူးတိတ်ဆိတ်တဲ့ အခန်းတစ်ခန်းနဲ့ အဂ္ဂိရတ်မီးဖိုလည်း ပါသေးတယ်.... အဲဒီလို နေရာမှာ အရောင်းအဝယ် အရမ်းကောင်းလို့ ပညာရှင်တွေနဲ့တောင် တွေ့နိုင်တယ်"
ဆိုင်ရှင်သည် ပြဿနာကို ကြောက်လေ၏။ ဒီလူအုပ်စုက ၎င်းတို့၏ အိမ်ခန်းများ၊ ပစ္စည်းများ ဖျက်ဆီးခြင်းမှာ အသေးအဖွဲ့ ကိစ္စသာ ဖြစ်ပေသေးသည်။ တစ်စုံတစ်ယောက် သေသွားပါက ဤလူများ၏ နောက်ကွယ်တွင် မည်သည့် အာဏာရှင်ကပါ ပါလာဦးမလဲ မသိနိုင်ပေ။
လုရွှမ်လည်း ဘာမှထပ်မပြောဘဲ ထွက်လာခဲ့သည်။
လမ်းက အလွန် ရှည်လျားပြီး လမ်းဆုံးကို လှမ်းကြည့်လိုက်မှ မှော်တစ်ထောင်စံအိမ် ဆိုတဲ့ စာလုံးတွေရဲ့ ပြောင်လက်တောက်ပနေတဲ့ အသွင်အပြင်ကို တွေ့လိုက်ရသည်။
မှော်တစ်ထောင်စံအိမ် ဂိတ်ပေါက်ဝကို ဝင်လိုက်ရင် အထပ်မြင့် အဆောက်အဦးတွေ တန်းစီနေတာကို တွေ့ရ၏။ ဒါက တည်းခိုခန်းနဲ့ လုံးဝမတူဘဲ ဆိုင်မျိုးစုံနဲ့ စားသောက်ဆိုင်တွေတောင် ရှိတဲ့ မြို့ငယ်လေးနဲ့ ပိုတူနေသည်။
ခဏလောက် ကြည့်ပြီးနောက် လုရွှမ် တိတ်ဆိတ်သွားသည်။ ဒီနေရာမှာရှိတဲ့ လူအားလုံးက ကျင့်ကြံသူများ ဖြစ်ကာ နှုတ်ဆက်တဲ့ စားပွဲထိုး အနည်းငယ်ကပင် ဝူအဆင့်၅ ဖိရွှယ်နယ်ပယ်များ ဖြစ်ကြသည်။
ယခင် သားရဲခန်းမမှာတုန်းကလို ရုပ်ဖျက်ထားတဲ့ စားပွဲထိုးတွေ မဟုတ်ဘဲ ဤစားပွဲထိုးများသည် အမှန်တကယ် စားပွဲထိုးများဖြစ်သည်။
ထင်ရှားသည်မှာ ၎င်းသည် ကျင့်ကြံသူများကို သာမန်လူများနှင့် ရည်ရွယ်ချက်ရှိရှိ ခွဲထုတ်ထားခြင်း ဖြစ်သည်။ တြိဂံဧရိယာသို့ လာရောက်သော ကျင့်ကြံသူများကို တစ်နေရာတည်းတွင် စုစည်းစေရန် ဖြစ်ပြီး စောင့်ကြည့်ခြင်းနှင့် စီမံခန့်ခွဲခြင်းအတွက် အထောက်အကူ ဖြစ်စေ၏။
"ဘယ်လိုအခန်းမျိုး လိုချင်လဲ"
ဖိရွှယ်နယ်ပယ် အလယ်အလတ် ကာလတွင်ရှိ သိမ်မွေ့ပြီး ချစ်စရာကောင်းသော စားပွဲထိုး အမျိုးသမီးကို မေးလိုက်သည်။ အဆင့်နိမ့်သော အင်ပါယာတွင် ဖိရွှယ်နယ်ပယ်ကို သခင်တစ်ဦးဟု ယူဆနိုင်သော်လည်း ဒီနေရာမှာတော့ ဧည့်ကြို စားပွဲထိုးလေး တစ်ယောက်သာ ဖြစ်သည်။
"မင်းတို့ဒီမှာ ဘယ်လို အခန်းတွေရှိလဲ?" လုရွှမ် မေးလိုက်သည်။
"ဒီမှာက သာမန်ဧည့်ခန်းဆို တစ်နေ့ကို ဝိညာဥ်ကျောက် ငါးလုံး ကျသင့်ပါမယ်... အခန်းအားလုံးမှာ အထူးဖွဲ့စည်းပုံ အခင်းအကျင်းတွေ ရှိပါတယ်.... အတွင်းခန်းက တိတ်ဆိတ်ပြီး အနှောက်အယှက် မရှိတဲ့အပြင် အခန်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ အပြင်လူတွေ ဝင်လိုမရပါဘူး"
စားပွဲထိုးက မိတ်ဆက်ပေးသည်။
လုရွှမ်ရဲ့ လက်ရှိ အခြေအနေအရ ဝိညာဉ်ကျောက်တုံး ငါးခုသည် မပြောပလောက်သော်လည်း အမှန်တကယ်တော့ စျေးနှုန်းမှာ အလွန်ကြီးနေ၏။ ကျန်းဝူကျောင်းမှာတုန်းက ပြိုင်ပွဲအတွက် ဆုကြေးမှာ ဝိညာဉ်ကျောက် တစ်လုံးသာ ဖြစ်ကြောင်း သိထားရမည်။
အဆင့်နိမ့်သော ကျင့်ကြံသူများအတွက် ကြွယ်ဝသော ဝိညာဥ်ချီရှိသည့် ဝိညာဉ်ကျောက်များသည် ၎င်းတို့၏ ခွန်အားကို လျင်မြန်စွာ တိုးတက်စေရန် အတွက် အထောက်အကူ ဖြစ်သော ရတနာများ ဖြစ်သည်။
"သာမန်အခန်းက လွဲရင် တခြားအခန်းတွေ ရှိသေးလား?"
"ဟုတ်ကဲ့" စားပွဲထိုးက လုရွှမ်ရဲ့ မေးခွန်းကို ကြားတဲ့အခါ ချက်ချင်းဆိုသလို ပြန်ဖြေ၏။
"ဧည့်သည်တို့ ကျွန်မနောက်က လိုက်ကြည့်လို့ ရပါတယ်"
လုရွှမ်သည် လူတစ်စုနှင့်အတူ အဆောက်အအုံတန်း အနည်းငယ်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ခြံဝင်းများ ရှိသည်ကို တွေ့လိုက်ရသည်။ ဝင်းဝင်းတိုင်းသည် ဝိညာဥ်ချီများဖြင့် ဖုံးလွှမ်းနေပြီး ဝိညာဥ်ချီ အငွေ့အသက်တွေကတော့ ကွဲပြားသည်။
"ဒီအခန်းတွေက လူတစ်ဒါဇင်လောက် လွယ်လွယ်ကူကူ တည်းခိုနိုင်ပါတယ်.... အဆင့်နိမ့် အခန်းတွေက တစ်နေ့ကို ကျောက်တုံး နှစ်ရာလောက် ကျသင့်ပြီး ပုံမှန်အခြေအနေထက် ဝိညာဥ်ချီ နှစ်ဆ ပိုပါတယ်... အလယ်အလတ် အခန်းတွေရဲ့ ဝိညာဥ်ချီက ပုံမှန်အခြေအနေထက် ငါးဆ ရှိပြီး တစ်နေ့ကို ဝိညာဥ်ကျောက်တုံး ၅၀၀ ကျပါတယ်... အမြင့်ဆုံးအခန်းရဲ့ ဝိညာဥ်ချီက ပုံမှန်အခြေအနေထက် ရှစ်ဆဖြစ်ပြီး တစ်နေ့ကို ဝိညာဉ်ကျောက်တုံး ၁၀၀၀ ကျသင့်ပါတယ်"
စားပွဲထိုးက ဂရုတစိုက်ရှင်းပြသည်။
ယဉ်ကျေး သိမ်မွေ့ရမယ်လေ။ သူတို့ သဘောတူထားတဲ့ လုပ်ငန်းအားလုံးမှ ၁% ပြန်ရသည်။ လုရွှမ်နဲ့ တခြားသူတွေက သာမန်ဧည့်ခန်းမှာ နေထိုင်ခဲ့ရင် သူတို့ရဲ့ ၀င်ငွေက အရမ်းနည်းသွားလိမ့်မယ်။
ဒီစျေးကို ကြားတော့ မုယန်ဖုန်းနဲ့ ဘေးနားက တခြားလူတွေက မျက်မှောင်ကြုတ်ပြီး ဈေးကြီးလွန်းလို့ သဘောမကျပေ။ အချိုသာဆုံးကပင် ဝိညာဥ်ကျောက်တုံး နှစ်ရာသာ ကုန်ကျပြီး အများစုမှာ သာမန်အခန်းတွင်သာ နေထိုင်နိုင်သည်။
"လာ... လာ အကောင်းဆုံး အခန်းကိုယူမယ် ဆယ်ရက်စာလောက် အရင်ကြိုရှင်းမယ်!"
ဖက်တီး အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။ နောက်ကွယ်က အစောင့်အကြပ်က ကြားလိုက်တာနဲ့ သူက ဝိညာဉ်ကျောက်တုံးကတ်ကို ချက်ချင်းထုတ်လိုက်ပြီး မကြာခင်မှာ အရောင်းအဝယ် အောင်မြင်သွား၏။
ဝိညာဥ်ကျောက်တုံးကတ်သည် ဖက်တီးအတွက်တော့ အမှန်တကယ် ပြည့်စုံသော နံပါတ်သင်္ကေတ တစ်ခုမျှသာ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် သူဌေး... ကျေးဇူးတင်ပါတယ် သူဌေး!"
စားပွဲထိုးက ဝမ်းသာအားရနဲ့ ဝိညာဉ်ကျောက်တုံး ၁၀၀၀ အရောင်းအဝယ် အတွက် သူ့ကို အလွန် ကျေးဇူးတင်နေခဲ့သည်။
အတားအဆီးများကို ဖြတ်ကျော်နိုင်သော ကတ်ပြားကို ကိုင်ဆောင်ကာ စားပွဲထိုးသည် လုရွှမ်နှင့် အခြားလူများကို အလွန် ဂရုတစိုက်ရှိစွာ ခြံဝင်းရှေ့သို့ ခေါ်သွားသည်။ တံခါးရှေ့သို့ ပွတ်ဆွဲလိုက်တာနဲ့ ခြံဝင်းသည် တံခါးတစ်ခုသာ မဟုတ်ပဲ ခြံဝင်းကို ဖုံးအုပ်ထားသည့် တားမြစ် အခင်းအကျင်းနှင့်အတူ အပေါက်တစ်ခုပါ ပွင့်သွားခဲ့သည်။
တားမြစ် အခင်းအကျင်းကို အတွင်းလူများက ဆန္ဒအလျောက် ထွက်သွားနိုင်သော်လည်း ပြင်ပမှလူများက ဖြတ်ကျော်ခွင့် ကတ်မရှိလျှင် ဝင်ရောက်ဖို့ မဖြစ်နိုင်ချေ။ ဝင်ရောက်လိုပါက အခင်းအကျင်းကို ဖြိုခွင်းရုံမျှသာ ဖြစ်သည်။
အခင်းအကျင်းအား ပြင်းထန်စွာ ဖြတ်ကျော်ခြင်းသည် အတွင်းလူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားမည် ဖြစ်သည်။
လူတစ်ဦးစီကို ကတ်တစ်ခု ပေးပို့ပြီးနောက် စားပွဲထိုးသည် လုရွှမ်နှင့် အခြားလူများကို ခြံဝင်းထဲသို့ ခေါ်သွားခဲ့သည်။ ဝိညာဉ်ကျောက်တစ်ထောင်အတွက် အခန်းသည် အမှန်တကယ်ပင် ကွဲပြားလေ၏။
ဥပမာအားဖြင့် ဤအခန်းများတွင် အဂ္ဂိရတ်အခန်းကို တိုက်ရိုက် ပြင်ဆင်ထားသောကြောင့် ငွေထပ် သုံးစွဲရန် မလိုအပ်တော့ချေ။
ဝင်လိုက်တာနဲ့ လုရွှမ်ဟာ အတွင်းက ဝိညာဥ်ချီက အရမ်းပြင်းထန်တယ်လို့ ခံစားလိုက်ရပြီး အပြင်က သာမန်အဆင့်ထက် ရှစ်ဆလောက်အထိ ရောက်သွားရှိသွားတာ တွေ့လိုက်ရသည်။
လုရွှမ် ယဥ်ကျေးမနေဘဲ သူ့ခန္ဓာကိုယ်ထဲကို ဝိညာဉ်စွမ်းအင် အများအပြား ပြေးဝင်လာစေလိုက်သည်။ သူ့တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးကြောတွေအားလုံး ပိုမို တက်ကြွလာသလို ခံစားလိုက်ရသည်။
ဝိညာဥ်ချီ ရှစ်ဆသည် အမှန်တကယ် ကွဲပြားပါ၏။ ယခုလို ပတ်ဝန်းကျင်တွင် တစ်ရက်တာ လေ့ကျင့်မှုသည် ဝိညာဉ်ကျောက်တုံးတစ်ထောင် တန်ဖိုးရှိလေသည်။
စက္ကန့်အနည်းငယ် အကြာတွင် လုရွှမ် အံ့အားသင့်သွားသည်။
"ဘာဖြစ်တာလဲ? ဝိညာဉ်ချီတွေရဲ့ အငွေ့အသက်က ဘာဖြစ်လို့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာလဲ"
လုရွှမ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဧည့်သည် တစ်ယောက်ယောက်က အခုနလေးတင်မှ ဝိညာဉ်ချီတွေကို စုပ်ယူသွားတာ ဖြစ်လိမ့်မယ်"
စားပွဲထိုးရဲ့ မျက်နှာမှာ ရှက်ရွံ့သွားပြီး
"ခြံဝင်း တစ်ခုလုံးကို လွှမ်းခြုံထားတဲ့ ဝိညာဉ်စွမ်းအင်ကို ရှစ်ဆလောက် စုဆောင်းပေးဖို့ ဆယ်မိနစ်လောက် အချိန်ယူရပါတယ်"
"မင်း လိမ်နေတာ မဟုတ်ဘူးမလား? ဘာကို ဝိညာဥ်ချီရှစ်ဆလဲ?"
"အဲဒါက... ရှင်တို့ရဲ့ နယ်ပယ်က မြင့်လွန်းလို့.... ဝိညာဉ်ချီကို စုပ်ယူတဲ့ အမြန်နှုန်းက အရမ်းမြန်နေတာပါ"
စားပွဲထိုးက သေသေချာချာ ရှင်းပြလာသည်။
ဤသည်မှာ တခြား စားပွဲထိုးတစ်ဦး ဖြစ်ခဲ့လျှင်ပင် ဝိညာဉ်ချီ စုစည်းမှု အခင်းအကျင်းက ထောက်ပံ့ပေးသည့် ဝိညာဉ်ချီအား ရှစ်ဆအထိ စုဆောင်းထားနိုင်သော်လည်း လုရွှမ်အတွက်မူ ထူးခြားချက်မှာ ပထမအဆင့် နန်းတော်နှစ်စင်း ရှိနေသည်။
ဝိညာဥ်စုစည်းမှု အခင်းအကျင်းက ဝိညာဉ်ချီကို စုပ်ယူပြီး တစ်ချိန်တည်းမှာ သူ့ကို မထောက်ပံ့နိုင်ဘူးဆိုတာ သိသာထင်ရှားလာ၏။