← Chapters

ဓားအပိုင်းအစ

Vol. 33 Ch. 4.3

ဓားအပိုင်းအစ

Vol. 33 Ch. 4.3

"ငါ ဂရုမစိုက်ဘူး.... ငါ့ဝိညာဥ်ကျောက်တုံးတွေ ပြန်ပေး!"

ဖက်တီးလို လူတွေက ပိုက်ဆံပေးရတာ ပျော်နေကြပေမယ့် လှည့်စားတယ်လို့ ခံစားရတဲ့အခါ သူတို့ရဲ့ တုံ့ပြန်မှုက တော်တော်လေး ပြင်းထန်ကြလေသည်။

"လူ....လူကြီးမင်း ဒီလိုမလုပ်ပါနဲ့"

စားပွဲထိုးက စိုးရိမ်စိတ်တွေ အပြည့်နဲ့ ထိတ်လန့်သွားကာ။

"ဒီလိုလုပ်ရင်ရော တန်ဖိုးကြီးတဲ့ ဝင်းထဲမှာ ပါဝင်နိုင်တဲ့ အဆင့်မြင့် ကတ်တစ်ခုရဖို့ ကျွန်မ ကူညီပေးမယ်...အဲဒါရှိရင် ကျွန်မတို့ မှော်တစ်ထောင်စံအိမ်က ပြုလုပ်တဲ့ ကုန်စည်ပြပွဲမှာ ပါဝင်လို့ရတယ်... ကုန်စည်ပြပွဲက မြို့တစ်ထောင်မဟာမိတ်မှာ အကျော်ကြားဆုံးပဲ.. အဲဒီမှာ အမြင့်ဆုံးအဆင့် လေ့ကျင့်သူနဲ့ ရှားပါးရတနာတွေကိုလည်း တွေ့နိုင်တယ်"

"သူမကို ခက်ခဲအောင် မလုပ်နဲ့"

ကုန်စည်ပြပွဲ တစ်ခုရှိနေတာကို ကြားတော့ လုရွှမ် စိတ်တွေ လှုပ်ရှားသွားပြီး ထျန်ကျွင့်နမ်ကို လက်ကာပြလိုက်၏။

အဆိုးနဲ့အကောင်း ရောထွေးနေတဲ့ မြို့တစ်ထောင်မဟာမိတ်လို နေရာမျိုးမှာ အဖွဲ့အစည်းတွေ အားလုံးက ပစ္စည်းတွေကို စုဆောင်းရောင်းချလို့ ရှားပါးတဲ့အရာတွေ ရှိကောင်းရှိနိုင်သည်။ ဒီလိုပွဲကို သွားရောက်လည်ပတ်ဖို့က ထိုက်တန်ပါသည်။

"ကောင်းပြီ ငါ့သူဌေးက ပြောနေပြီ ဆိုတော့ အဲဒါကို မေ့လိုက်ကြရအောင်... စကားမစပ် မြန်မြန်သွားပြီးတော့ အဆင့်မြင့်ကတ်ကို ယူလာပေးတော့!"

ဖက်တီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

မှော်တစ်ထောင်စံအိမ်တွင် ညတိုင်း အရောင်းပြပွဲ တစ်ခု ရှိတတ်သည်။ မြို့တစ်ထောင်မဟာမိတ်သည် ကြီးမားလွန်းပြီး ဤကဲ့သို့သော ဧရိယာသည် လေလွင့် လေ့ကျင့်သူများ၏ အနှစ်သက်ဆုံး ဖြစ်ပြီး ကျင့်​ကြံသူ အများအပြားလည်း ရှိသည်။

ထို့အပြင် ဤနေရာသည် ကြီးမြတ်သော နိုင်ငံများ၏ သြဇာလွှမ်းမိုးမှုကို ရုပ်ဖျက်ရာတွင် ပြသရာနေရာ ဖြစ်သောကြောင့် ကမ္ဘာတစ်ဝှမ်းမှ သြဇာကြီးသူများ စုဝေးကြပြီး ကုန်စည်ပြပွဲသည်လည်း အလွန် စည်ကားလေသည်။

ညအချိန်။

မှော်တစ်ထောင်စံအိမ် အလယ်ရှိ ကြီးမားသော နှစ်ထပ် အဆောက်အအုံ​ကြီးတွင် မီးများပွင့်လာပြီး ပြပွဲ စတင်လေပြီ။ လူတစ်ဦးစီသည် ဝိညာဉ်ကျောက် ငါးလုံးစီ ပေး၍ ပထမထပ်သို့ ဝင်ရောက်နိုင်သည်။

ထိုလမ်းထဲသို့ လျှောက်သွားသောအခါ၌ လူတော်တော်များများမှာ တချို့က မတ်တပ်ရပ်လျက် တချို့ကလည်း ထိုင်လျက် ရှိနေကြသည်။

မှော်တစ်ထောင်စံအိမ် ကုန်စည်ပြပွဲတွင် ပထမထပ်သည် အခမဲ့ ကုန်သွယ်မှု ဧရိယာဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းမှ ပညာရှင်များသည် သူတို့ရောင်းလိုသော အရာများကို ရောင်းချနိုင်သလို ရှားပါး ရတနာများကို သိရှိရန်လည်စ လှည့်ပတ် ကြည့်ရှုနိုင်သည်။

ဝိညာဉ်ကျောက် ငါးလုံးကို ပေးချေနိုင်သော ကျင့်ကြံသူကို အလွန်ကောင်းမွန်သော အခြေအနေတွင် ရှိနေတယ်လို့ ပြောနိုင်၏။ မဟုတ်ရင် သူ့ခန္ဓာကိုယ်ပေါ်မှာ ဝိညာဉ်ကျောက်တုံး ဘယ်လိုလုပ် ရှိနေပါ့မလဲ။

အင်ပါယာ ၃၀၀၀ အထက်က တော်ဝင်အင်ပါယာ သုံးခုတွင် မရေမတွက်နိုင်သော လေလွင့် ကျင့်ကြံသူများမှာ တစ်ချက်ကြည့်လိုက်လျှင်ပင် ဤနေရာတွင် စျေးဆိုင်များ ဖွင့်လှစ်ထားကြတာကို တွေ့ရသည်။

"သူဌေး... ကျွန်တော်တို့ ဈေးဝယ် ထွက်ကြမှာလား!"

နေရာတိုင်းမှာ ရှာရခက်တဲ့ ရတနာတွေ ခင်းကျင်းထားတာ တွေ့တော့ ဖက်တီးတစ်ယောက် မနေနိုင်တော့ဘဲ မေးလိုက်သည်။

"သွားရအောင်"

လုရွှမ် ဂရုစိုက် မနေပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီမှာက လုံခြုံရေးအတွက် စိတ်ပူစရာ မလိုသလို သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ အစောင့်တစ်ယောက်လည်း ရှိနေတာမို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလေ။

မော့ကောင်းရွှမ်း၊ မုယန်ဖုန်းနှင့် တခြားသူများသည် လုရွှမ်နောက်မှ လိုက်လာခဲ့သည်။ လုရွှမ် ခဏကြာတော့ သက်ပြင်းချမိသွားသည်။

ဤနေရာတွင် ရတနာ များစွာရှိပြီး အလွန်ပြည့်စုံသော်လည်း ဒီအဆင့်တွေက သူ့အတွက် အသုံးမဝင်လှချေ။ ကောင်းသော အရာများ အားလုံးကို ဒုတိယထပ်မှာ စုစည်းထားကာ ဒုတိယထပ်မှာ လေလံပွဲလည်း ရှိ၏။

ပထမအထပ်လို မဟုတ်ဘဲ ဒုတိယထပ်မှာ လေလံပွဲ ကျင်းပရတဲ့ အကြောင်းအရင်း ရှိလေသည်။

ပထမအချက်မှာ မှော်တစ်ထောင်စံအိမ်သည် ပြပွဲတွင် ၎င်းတို့၏ နာမည်ဂုဏ်သတင်းကို ပံ့ပိုးပေးရန်အတွက် ရှားပါးပစ္စည်းများ လိုအပ်သည်။ ဒုတိယအချက်မှာ ရှားပါးပစ္စည်းများကို လေလံပွဲတွင် ရောင်းချသော ဈေးများမှာ အပြင်ထက် များစွာ ပိုမိုမြင့်မား၏။

ထို့ထက် ပိုအရေးကြီးသည်မှာ ဒုတိယထပ်ကို ဝင်ဖို့ အဆင့်မြင့်ကတ် လိုအပ်သေးသည်။ အဆင့်မြင့်ကတ်သည် အဆင့်အတန်း တစ်ခု၏ သင်္ကေတ တစ်ခုဟုလည်း ဆိုသည်။

သို့သော် တံခါး မဖွင့်သေးဘဲ သတ်မှတ်ထားသော အချိန်သည် ညနေကိုးနာရီ ဖြစ်သည်။ နောက်ထပ် တစ်နာရီ ကျန်နေသေးတာကို တွေ့လိုက်ရတော့ လုရွှမ် လှည့်ပတ်သွားလာ နေလိုက်သည်။

"သူဌေး သူဌေး... ဒါက ဘာလဲဆိုတာ သိရအောင် ကူညီပါဦး"

ရှေ့ကို ပြေးကြည့်ရင်း တစ်စုံတစ်ခုကို တွေ့သွားသော ဖက်တီးက အော်လေသည်။ ဆိုရရင် သူတွေ့လိုက်တာက ၅စင်တီမီတာခန့်သာ ရှိသော ဓားချွန်ကလေး ဖြစ်၏။

"ဒါက!"

လုရွှမ်သည် ကျိုးနေသော ဓားအစိတ်တစ်ပိုင်းကို ဖက်တီး လက်မှ ယူလိုက်ပြီးနောက် တုန်လှုပ်သွားသည်။

သူ့ပုံစံကို မြင်တော့ ဖက်တီးက ရယ်လျက်။

"ဘယ်လိုလဲ သူဌေး... ကျွန်တော့်မှာ မျက်လုံးကောင်းလေးတွေ ရှိတယ်မလား?"

ကျောက်တုံး ထွင်းထားသလို မျက်နှာနဲ့ သူဌေးကို ထိတ်လန့်သွားစေနိုင်တဲ့ အရာတစ်ခုက ထူးထူးခြားခြား ရတနာ ဖြစ်ရမယ်လေ။

"ထူးဆန်းတယ်... ဒီသံ အပိုင်းအစက ဘယ်လိုသတ္တုမျိုးလဲ ဆိုတာ ခန့်မှန်းလို့ မရပါလား... ကိုယ်ထည်ပေါ်က စာကြောင်းတွေကို နားမလည်နိုင်ပေမယ့် အရမ်းကို လေးနက်တယ် ဆိုတာတော့ သိသာတယ်... သေချာပေါက် ပစ္စည်းကောင်းပဲ ဖြစ်ရမယ် ဟုတ်တယ်မလား?"

ဖက်တီး ပြုံးကာ မေးသည်။

"ဘယ်က ဝယ်တာလဲ? ငါ့ကို အဲဒီနေရာကို ခေါ်သွားပေး!"

လုရွှမ် ဖက်တီးကို လှည့်မေးရင်း သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်၏။

ဒါက ပစ္စည်းကောင်းပဲ။ ကောင်းကင်ကိုးလွှာ ကြယ်သံ၊ ကောင်းကင်ရွှေသံနဲ့ တခြားသတ္တုတွေကို ရောစပ်ထားသာ်။ ၎င်းတွင်ရှိ ဖွဲ့စည်းပုံ ပုံစံများမှာ သူတော်စင်နယ်ပယ်က ပညာရှင်တစ်ယောက် ရေးဆွဲထားသော ဖွဲ့စည်းမှု ပုံစံဖြစ်သည်။

အခြားမည်သည့် အရာမျှ မပြောသေးဘဲ ဤအကြွင်းအကျန် ဓားရှိ ရှားပါးသတ္တုကို ထုတ်ယူလိုက်ပါကပင် မြို့တစ်ထောင်မဟာမိတ်ရဲ့ တစ်ဝက်လောက်ကို ဝယ်လို့ရနေပြီ။

လုရွှမ် ခန္ဓာကိုယ် တုန်လှုပ်သွားပြီး သူ့အမူအရာ မူမမှန်တော့ခြင်းမှာ ကျိုးသွားသော ဓားကြောင့်မဟုတ်ဘဲ ထိုဓားကို သူ့ကိုယ်တိုင် သန့်စင်ထားတာ ဖြစ်သလို ဓားပေါ်က ပုံစံကိုလည်း သူကိုယ်တိုင် ရေးထွင်းထားတာ ဖြစ်သည်။

ထိုအချိန်က သူသည် သူတော်စင်နယ်ပယ်သို့ ဖြတ်သွားခဲ့ကာ ကောင်းကင်ကိုးလွှာ ကြယ်သံနှင့် ကောင်းကင်ရွှေသံကို ရယူရန် ချောက်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ခဲ့သည်။ မြေကြီးအလယ်ရှိ မီးကိုပင် သန့်စင်ရန် အသုံးပြုခဲ့သည်။

နောက်ဆုံးတွင် မိုးနတ်ဘုရားဓား အဖြစ် ပြောင်းလဲကာ လူတစ်ယောက်အား ပေးအပ်ခဲ့သည်။

မိုးနတ်ဘုရားဓားသည် အမြဲတမ်း သူမ၏ ကိုယ်ပိုင်ဓား ဖြစ်ခဲ့သော်လည်း ယခု ဓားသည် မသန်မစွမ်း ဖြစ်သွားပြီ ဆိုတော့ သူမကရော ဘယ်နေရာကို ရောက်သွားတာလဲ။

"သူဌေး သူဌေး... သိပ်စိတ်မလှုပ်ရှားပါနဲ့ ကျွန်တော် အဲဒီကို ခေါ်သွား​ပေးပါ့မယ်!"

ဖက်တီးလည်း ချောင်းဆိုးလိုက်ပြီး လုရွှမ်၏ သူ့ကို အသက်ရှူ မဝလုနီးပါး ဖြစ်စေတဲ့ လက်ကို ဆုပ်ကိုင်၍ ပြောလိုက်သည်။

သူက လုရွှမ်ကိုခေါ်ကာ အနည်းငယ် လှည့်ပတ်သွားပြီးနောက် မကြာခင်မှာ သူ့ကို ရောင်းလိုက်တဲ့လူကို ရှာတွေ့သွားသည်။

"သူဌေး... ဒီဓားသွားကို သူရောင်းလိုက်တာပါ"

ဖက်တီးသည် လူတစ်စုအား ရက်စက်စွာ တိုက်ခိုက်ရန် ဦးဆောင်လာသလို မြင်လိုက်ရသောအခါတွင် ဆံပင်များ ရှုပ်ပွနေသော အဓိပတိနယ်ပယ်က ရောင်းသူလေးဟာ ချက်ချင်းပင် တုန်လှုပ်သွား၏။

"မင်းတို့ ဘာလုပ်ချင်လို့လဲ? ဒါက မှော်တစ်ထောင်စံအိမ်ရဲ့ ဧရိယာထဲမှာနော် ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်လို့မရဘူး!"

ဤလူအုပ်စု၏ ကျင့်​ကြံမှု အဆင့်ကို သူမမြင်နိုင်သော့်ငါး လူတိုင်းသည် သူ့ထက် သာကြမှာကတော့ သေချာလေသည်။

ကျိုးနေတဲ့ ဓားအပိုင်းအစကို အမှတ်တမဲ့ ကောက်ကိုင်လိုက်တာ အရမ်းထူးဆန်းပြီး ထက်မြက်လွန်းပါတယ်။ မူလက ၎င်းကို သန့်စင်ပြီး သူ့ကိုယ်ပိုင် လက်နက်အဖြစ် ရောမွှေပစ်ချင်ခဲ့တာ။

ဒီကျိုးနေတဲ့ ဓားက ရေနဲ့မီးကို ဘယ်လိုသုံးသုံး အရည်ပျော်မသွားဘူး ဆိုတာ ဘယ်သူက သိမှာလဲ။ သန့်စင်ပြီးရင်တောင် ပျက်စီးသွားမှာ မဟုတ်ဘူး။

ဒါက အံ့သြစရာတော့ မဟုတ်ပေ။ ကောင်းကင်ကိုးလွှာ ကြယ်သံနှင့် ရေနက်ငွေသံ ကဲ့သို့သော ထိပ်တန်းသတ္တုများ ဖြစ်သည့် အရာများသည် သူတော်စင် တစ်ဝက်ပါသော စွမ်းအားရှင်များက မသန့်စင်နိုင်ရာ အဓိပတိနယ်ပယ်လေး တစ်ဦးက လုပ်နိုင်စရာ မရှိပေ။

ထို့အပြင် ဤသတ္တုများကို ယခင်ဘဝက လုရွှမ်ကိုယ်တိုင် သန့်စင်ခဲ့လို့ အဓိပတိနယ်ပယ်ဟာ ဓားသွားပေါ်က သူတော်စင် ပုံစံကိုပါ နားလည်နိုင်မှာ မဟုတ်ပေ။

ဖက်တီးဟာ ကျိုးနေတဲ့ ဒီဓားကို စိုက်ကြည့်နေခဲ့တာကို မြင်တော့ သူက ဝိညာဥ်ကျောက်တုံး တစ်ထောင်ကို တိတ်တဆိတ် ကမ်းလှမ်းခဲ့ပေမယ့် ဖက်တီးက မဆိုင်းမတွ ဝယ်သွားဖို့ မမျှော်လင့်ထားဘူး။

အခုကျတော့ လူတစ်စုနဲ့ ပြင်းပြင်းထန်ထန် ရောက်ချလာခဲ့ပြန်သည်။

"ဒါ မင်းသူ့ကို ရောင်းလိုက်တာလား?"

လုရွှမ် သူ့လက်ထဲမှာ ကျိုးနေတဲ့ ဓားအပိုင်းအစကို ကိုင်ပြီး တိုက်ရိုက် မေးခွန်း ထုတ်လိုက်၏။

"ပစ္စည်းတွေ လက်ထဲရောက်ပြီလေ.... ငွေ ပြန်မပေးတော့ဘူး!"

ဆံပင်ရှုပ်ပွနေသော အဓိပတိနယ်ပယ်က အမြန်ပြောလိုက်သည်။ ဝိညာဉ်ကျောက်တုံး တစ်ထောင်သည် သူ့အတွက် အချိန်အကြာကြီး သုံးစွဲရန် လုံလောက်သောကြောင့် သူကိုင်ထားရပေမည်။

"စိတ်မလှုပ်ရှားပါနဲ့... ငါကအရင် မေးကြည့်ရုံတင်ပဲ.... ဒီဓားကျိုးကို မင်းဘယ်က ရလာတာလဲ? စိတ်မပူနဲ့... မင်းဆီက ပိုက်ဆံ ပြန်မတောင်းဘူး"

လုရွှမ် တစ်ဖက်သားရဲ့ စိုးရိမ်နေတဲ့ ရည်ရွယ်ချက်တွေကို တစ်ချက် ကြည့်လိုက်တာနဲ့ ခန့်မှန်းမိတာကြောင့် ပြောလိုက်သည်။

ဒီပစ္စည်းအတွက် ဘယ်လိုလုပ် ငွေပြန်တောင်းနိုင်မှာလဲ။ ဒါက သူ့အရင်ဘဝနဲ့ ပတ်သက်ပြီး ဒီဘ၀မှာ သူရှာတွေ့ခဲ့တဲ့ တစ်ခုတည်းသောပစ္စည်းပဲ။

လုရွှမ်ရဲ့ နှလုံးသားထဲမှာတော့ ဒီကျိုးနေတဲ့ ဓားက ဝိညာဉ်ကျောက်တုံးတွေနဲ့ တိုင်းတာနိုင်တဲ့ အရာ မဟုတ်တော့ပေ။

ဓားအပိုင်းအစက ရှိနေပေမယ့် လူကတော့ မရှိတော့ဘူး။

ကျိုးပဲ့နေသော ဓားတစ်စမျှသာ ဖြစ်သော်ငြား အတိတ်က အမှတ်တရ မျိုးစုံကို သယ်ဆောင်လာကာ ထိုအချိန်က သူမ၏ အသံနှင့် အသွင်အပြင်ကို သက်သေခံနေသယောင်ပင်။

ဘာသာပြန် = အမည်မသိ အချစ်ဦးလေး ပေါ်လာပြီ

All Chapters