← Chapters

အရိပ်လူသတ်ခန်းမ

Vol. 33 Ch. 4.6

အရိပ်လူသတ်ခန်းမ

Vol. 33 Ch. 4.6

ရှီးမန်ကျွင့်ရဲ့ အပေါင်းအဖော်တွေဟာ လုရွှမ် လက်လွန်ပြီး မသတ်မိအောင် ဒါမှမဟုတ် မသတ်ရဲအောင် ရွှီရှင့်လုံ၏ စွမ်းအားနဲ့ အဆင့်အတန်း အကြောင်းကို လျင်မြန်စွာ ရှင်းပြလိုက်သည်။

လုရွှမ်က ဘယ်သူလဲ?

ကြီးကျယ် ခမ်းနားတဲ့ အရူးဧကရာဇ်လေ။ ဘယ်တုန်းက တခြားသူဆီက ခြိမ်းခြောက်ခံခဲ့ရဖူးလို့လဲ။

ဒါ့အပြင် ရှီးမန်ကျွင့်က သူ့ကို တိုက်ခိုက်လာတာ ဆိုတော့ တားမြစ်ချက် တစ်ခုကို ချိုးဖျက်လိုက်ပြီပဲ။

သူ့ဘာသာ ဘယ်သူပဲ ဖြစ်​နေပါစေ!

အင်ပါယာရဲ့ အင်အားကြီး ထိပ်သီးစာရင်းမှာ အဆင့်၃ ဆိုရင်လည်း သူ ဂရုမစိုက်ပါဘူး။ ရုတ်တရက် ပေါ်လာတဲ့ အင်အားကြီး ထိပ်သီးစာရင်းထဲက လူကြောင့်နဲ့ သူက ဘယ်လိုလုပ် ခြိမ်းခြောက်ခံနေမှာလဲ။

အေးစက်သော မျက်နှာနဲ့ လုရွှမ်ဟာ မဆိုင်းမတွ သူ့လက်ကို တင်းတင်းကျပ်ကျပ် ညှစ်ထားလိုက်သည်။

"ခရက်!"ဟူသော အသံနှင့်အတူ ရှီးမန်ကျွင့်၏ မျက်လုံးများ ဖြူဖတ်လာကာ ယက်ကန်ယက်ကန် ဖြစ်နေသော ခြေတစ်စုံသည် ရုတ်တရက် အစွမ်းမဲ့ ရပ်တန့်သွားကာ လုရွှမ်၏ လက်မောင်းကို ဆုပ်ကိုင်ထားတဲ့ လက်ဟာလည်း ​ပြုတ်ကျသွားခဲ့သည်။

ရှီးမန်မိသားစုက ဒုတိယ သခင်လေးဟာ မတိုင်ခင်က အလွန်မာန ထောင်လွှားနေသော်ငြား လုရွှမ်ထံက ကြက်တစ်ကောင်ကို အသေသတ်လိုက်သလို အသက်ရှူ လမ်းကြောင်းတို့ တိုက်ရိုက် ဖြတ်တောက် ခံလိုက်ရလေပြီ။

“ထွက်သွား!”

လုရွှမ် လှည့်ပင် မကြည့်ဘဲ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ရှိ နောက်လိုက်ထံ အလောင်းကို ပေါ့ပေါ့တန်တန် ပစ်ပေး၍ သူ့ထိုင်ခုံသို့ သွားထိုင်နေလိုက်သည်။

"ဟုတ်ကဲ့!"

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ လူဟာ ဒါကိုမမြင်ခင်က ဘာမဆို လုပ်ဝံ့ပေမယ့် အခုတော့ သူ ဆက်နေဖို့ သတ္တိမရှိတော့တာကြောင့် အလောင်းကို ကောက်ယူပြီး လှည့်ထွက်ပြေးတော့သည်။

"ရှီးမန်ကျွင့်..."

ရှီးမန်ကျွင့်တစ်ယောက် လုရွှမ်ဆီက အရိုက်ခံလိုက်ရတာကို မြင်လိုက်ရတော့ ရွှိရှင့်လုံမှာ အရမ်း ဒေါသထွက်ကာ သွေးအန်လုနီးပါး ဖြစ်သွားသည်။

သို့သော် ဒေါသကို အလျင်အမြန်ပဲ ပြန်ထိန်းလိုက်၏။ ဒီလိုအရွယ်နဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ကို လေ့ကျင့်ထားနိုင်ကာ သူ့ဘေးက အစောင့်တွေနဲ့ အလှလေးတွေ ဝိုင်းရံထားတာကလည်း သေချာသလောက် မဆင်မခြင် သွားထိသင့်တဲ့လူ မဟုတ်နိုင်ပေ။

ရှီးမန်ကျွင့်ရဲ့ အစ်ကိုဖြစ်သူက တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ အဆင့်၃ သြဇာအရှိဆုံး လူဖြစ်ကြောင်း သိထားသော်လည်း သူသည် ကြောက်ရွံ့မှုမရှိ လူသတ်နေဆဲ ဖြစ်သည်။

တော်ဝင်အင်ပါယာ အင်အားကြီး ထိပ်သီးစာရင်းမှာ တတိယအဆင့် ရှိတဲ့ ရှီးမန်ဝေ့ကိုတောင် ဂရုမစိုက်ဘူး ဆိုတော့ သူဟာ ခရီးထွက်တာ ဒါမှမဟုတ် တာဝန်တစ်ခု လုပ်ဆောင်ရန် မြို့တစ်ထောင်မဟာမိတ်ကို လာရောက် နယ်ချဲ့တဲ့ မိသားစုကြီး တစ်ခုက သားဖြစ်လောက်သည်။

ဒီလိုလူကို သွားမရှုပ်တာက အကောင်းဆုံးပင်။

ဧကရာဇ်အင်ပါယာ နောက်ခံရှိ၍ အင်အား ကြီးမားသော မိသားစုကြီးများသည် ၎င်းတို့ လုံး၀ စော်ကားနိုင်သော အရာမဟုတ်ချေ။ နယ်ချဲ့မိသားစုကြီး သို့မဟုတ် ဘိုးဘေးအဆင့် သခင်မိသားစုများသည် အခြေခံအားဖြင့် အထက်အင်ပါယာကိုတောင် သိမ်းပိုက်နိုင်သည်။

"လူတိုင်း မြင်တဲ့အတိုင်း မြင်ကွင်းက နည်းနည်း ရှုပ်ထွေးသွားပြီ... ဒါကြောင့် ဒီနေ့ လေလံပွဲကျင်းပဖို့ မသင့်တော်​တော့ဘူး.... အားလုံးကို ကျုပ်ဒီကနေပဲ တောင်းပန်လိုက်ပါတယ်"

ရွှီရှင့်လုံက ခေါင်းကို လှည့်ပြီး ခန်းမထဲ ဝင်လာသူတိုင်းကို ပြောလိုက်သည်။

"ဘာလုပ်တာလဲ? ဝိညာဉ်ကျောက်တုံးတွေ အများကြီးကို ပြင်ထားတာကို!"

ကျင့်​ကြံသူ တစ်ဦးက ကျယ်လောင်စွာ အော်လိုက်သည်။

စကားပြီးသည်နှင့် မရေမတွက်နိုင်သော ဒေါသ တောက်လောင်နေသည့် မျက်လုံးများက သူ့ကို ချက်ချင်း စိုက်ကြည့်လာသည်။

"ဟာဟား... နောက်တာပါ နောက်တာပါ အားလုံးပဲ ဒါကို အလေးအနက် မထားပါနဲ့!"

ထိုလူက လျင်မြန်စွာ မြှောက်လိုက်ပြီး ထပ်ခါထပ်ခါ ခါယမ်းလိုက်သည်။

ရွှီရှင့်လုံက အထင်ကြီးလောက်စရာ အပြုံးမျိုးကို ဖန်တီးလျက်။

"ဒီလိုဆိုရင်ရော? လူတိုင်းကို ဘာမှ မလုပ်ပေးနိုင်တဲ့ အတွက် အားလုံးကို တောင်းပန်တဲ့ အနေနဲ့ အဆင့်မြင့်ကတ် ရှိသူတိုင်းကို ယွမ်လိဆေးလုံး နဲ့ ပြန်ပေးချေပါ့မယ်"

စီးပွားရေးသမား တစ်ယောက်အနေဖြင့် ရွှီရှင့်လုံဟာ လူတိုင်းရဲ့ စိတ်ကို ထိုးထွင်းသိမြင်ပြီး အရမ်း လက်တွေ့ကျကျ လုပ်တတ်လေသည်။

"သွားကြစို့... သွားကြစို့ ရှီးမန်ဝေ့ ရောက်လာလို့ ငါတို့ကိုပါ လိုက်သတ်နေရင် ဒုက္ခရောက်လိမ့်မယ်!"

တစ်စုံတစ်ယောက်က ထိုစကားကို ကြားသောအခါ ချက်ချင်းဆိုသလို အသာစီးရရန် အပြေးအလွှား သွားယူ​ကြကာ ထွက်ခွာသွားကြသည်။

အခြွေအရံများက ရှီးမန်ကျွင့်ရဲ့ ခန္ဓာကိုယ်ကို သယ်သွားခဲ့ပြီး ဖြစ်သည်။ ခန့်မှန်းချက်သာ မှန်ကန်ပါက ရှီးမန်ဝေ့ဟာ မကြာမီ တံခါးဝသို့ ရောက်ရှိလာနိုင်၏။

"ငါတို့လည်း သွားကြရအောင်!"

လုရွှမ် အစကတော့ မှော်တစ်ထောင်စံအိမ်ရဲ့ လေလံပွဲမှာ ဘယ်လို ရတနာမျိုး ပေါ်လာမယ် ဆိုတာကို သိလိုခဲ့သော်လည်း ဒီလိုကိစ္စနဲ့ အဆုံးသတ်ခဲ့သည်။

"ညီအစ်ကိုလု... မင်းဘာလို့ ငါတို့ သံကြေးစားအဖွဲ့ ဌာနချုပ်ကို မလိုက်ခဲ့တာလဲ?"

တျယ်လုံပ စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။

တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ တတိယနေရာ ရထားသူကို သူ့အဖေတောင် အနိုင်မယူနိုင်ပေ။ သို့သော် သံကြေးစား အဖွဲ့တွင် သိုင်းသမားကောင်း များစွာရှိပြီး တစ်ဖက်လူကို ရပ်တန့်​စေရန် လူတိုင်း ပူးပေါင်းပါဝင်နိုင်သည်။

"ကိစ္စမရှိဘူး!"

လုရွှမ်က ခေါင်းခါလိုက်သည်။ သူသည် သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ် အဆင့်၈က သခင်တချို့ကို သတ်ခဲ့ပြီး ဖြစ်သည်။ ရှီးမန်ဝေ့သာ သူ့ကို လာပြီး မနှောင့်ယှက်ရင် အကောင်းဆုံး ဖြစ်လေသည်။

သူ့အတွက်က ဘာမှကို မဟုတ်ဘူး!

တစ်ဖက်တွင်ရှိ ဖက်တီးက မထီမဲ့မြင်ပြု၍ ဆိုလိုက်ပုံမှာ။

"တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ အဆင့်၃ ဆိုတော့ရော ဘာဖြစ်လဲ? အိမ်မှာ ကစားနေတဲ့ ကလေးသာသာပဲ ရှိတယ် ဘာကြောက်စရာ လိုလို့လဲ?"

ဖက်တီးက ပြေးထွက်လာကာ ဆိုလေ၏။ သူ့ဘေးက အစောင့်တွေက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ လူတွေဖြစ်လို့ တော်ဝင်အင်ပါယာက အဆင့်မြင့်သူတွေထက် ပိုမြင့်သည်။

တျယ်လုံလည်း လုရွှမ်ဘေးက သန်မာတဲ့ လူတစ်ယောက်ရဲ့ မျက်နှာမှာ အန္တရာယ်ကို အေးအေးဆေးဆေး ချေမှုန်းနိုင်တဲ့ အကြည့်တွေကို မြင်တော့ ခေါင်းညိတ်လျက်။

"ကောင်းပြီ... ငါတို့ သံကြေးစားအဖွဲ့ရဲ့ ဌာနချုပ်က တြိဂံဧရိယာ ပေါ်လန်လမ်းမှာ ရှိတယ်... ညီအစ်ကိုလု အဲဒီကို ရောက်ရင် နည်းနည်း စုံစမ်းလိုက်တာနဲ့ သိလိမ့်မယ်။ မင်း တစ်ခုခု လိုအပ်ရင် မင်းငါ့ဆီ လာခဲ့!"

တျယ်လုံသည် ဖက်တီးကို လျစ်လျူရှု၍ လုရွှမ်ကိုသာကြည့်၍ အတင်းအကြပ် ဆက်မပြောခဲ့ပေ။

အရိပ်လူသတ်ခန်းမသည် အမျိုးမျိုးသော လုပ်ကြံ သတ်ဖြတ်ခြင်း တာဝန်များကို လက်ခံရန် အထူးတည်​ထောင်ထားသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ဆွေမျိုး မိတ်သင်္ဂဟတွေ သတ်ဖြတ်ခံရတာ သိပေမယ့် လက်စားချေဖို့ မဝံ့ရဲကြဘူး။ ဒီလိုဖြစ်တာကလည်း အကြောင်းရင်း နှစ်ရပ်ကြောင့် ဖြစ်၏။

အရိပ်လူသတ်ခန်းမဟာ ပထမအချက် အထောက်အထား မကျန်တော့တဲ့အထိ လက်စဖြတ်တတ်သည်။ ဒုတိယ အရိပ်လူသတ်ခန်းမရဲ့ သခင်က တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ အဆင့်၃ရှိတဲ့ ရှီးမန်ဝေ့ ဖြစ်သည်။

ညနက် သန်းခေါင်ယံ အချိန်၌။

အရိပ်လူသတ်ခန်းမ နောက်က ရင်ပြင်မှာ ရှီးမန်ဝေ့ တိတ်တိတ်ဆိတ်ဆိတ် ရပ်နေ၏။ ရုတ်တရက် ရှီးမန်ဝေ့ နောက်တစ်ယောက် ပေါ်လာသည်။ ထပ်၍ နောက်ထပ် သုံးယောက် ထပ်ပေါ်လာပြန်သည်။

ကိုယ်ခွဲ သိုင်းပညာသည် အလွန်ထူးခြားသော လေ့ကျင့်ရေး နည်းလမ်းတစ်ခု ဖြစ်ပြီး လေ့ကျင့်သူသည် သူ့ကိုယ်သူ ကိုယ်ပွားအဖြစ် ပြောင်းလဲနိုင်သည်။

ကိုယ်ပွားဟာ တိုက်ခိုက်နိုင်စွမ်း မရှိသော်လည်း ရန်သူကို စိတ်ရှုပ်ထွေးအောင် ပြုလုပ်ရာတွင် အလွန်ကောင်းမွန်လှသည်။ ရှီးမန်ဝေ့ဟာ အင်အားကြီး ထိပ်စာရင်းတွင် တတိယနေရာကို သိမ်းပိုက်နိုင်တာက ဒီကိုယ်ပွား သိုင်းစွမ်းရည်ကြောင့်လည်း ပါသေးသည်။

ရှီးမန်ဝေ့၏ ရုပ်ပုံများသည် တဖျပ်ဖျပ် ခတ်သွားကာ နောက်အခိုက်အတန့်တွင် ရင်ပြင်တွင် လူတစ်ယောက်သာ ကျန်တော့သည်။ ထို့နောက်တွင် အနည်းငယ် မှိုင်းညို့နေသော ရောင်ဝါနှင့် လင်းယုန် မျက်လုံးများရှိသည့် လူငယ်သည် အသက်ရှူထုတ်ကာ ပေါ့ပါးစွာ ရေရွတ်လိုက်လေ၏။

"သရဲခန္ဓာကိုယ် သိုင်းပညာက တတိယအဆင့်ကို ဖြတ်ကျော်သွားပြီ....အခု ကိုယ်ပွား၂ခုတောင် ထုတ်နိုင်နေပြီ ဆိုတော့ အင်အားကြီး စာရင်းက အဆင့်၃ နေရာကို ပြောင်းလဲသင့်ပြီ ထင်တယ်"

ထိုအခိုက်အတန့်တွင် အရိပ်တစ်ခု ရုတ်တရက် ဆင်းလာပြီး ရှီးမန်ဝေ့ ရှေ့မှာ ရပ်လိုက်သည်။

"ရှီးမန်ဝေ့... မင်းတကယ် သည်းခံနိုင်တာပဲ... ညီတစ်ယောက်လုံး သေသွားတာတောင် မင်းက ဒီမှာ လေ့ကျင့်နေတုန်းပဲ"

"ဘာပြောလိုက်တယ်?"

ရှီးမန်ဝေ့ရဲ့ မျက်နှာ ရုတ်တရက် အေးစက်သွားသည်။

"လွန်ခဲ့တဲ့ နှစ်နာရီက မင်းညီလေး မှော်တစ်ထောင်စံအိမ်ရဲ့ လေလံတင်တဲ့ နေရာမှာ အသတ်ခံလိုက်ရတာ... မင်း ဒီအကြောင်းတောင် မသိဘူးလား?"

ထိုလူက အလွန်ထူးဆန်းစွာ မေးလိုက်သည်။

"ဘာ??"

ရှီးမန်ဝေ့၏ ခန္ဓာကိုယ်မှ အေးစက်သော အသက်ရှုသံက ဆောင်းရာသီတွင် လေအေးများ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသလို အေးစက်လာသည်။ သာမန်လူသာဆို အနီး မရောက်ခင်မှာပဲ အေးခဲသွားပေလိမ့်မည်။

လေအေးက ရှီးမန်ဝေ့ရဲ့ အနက်ရောင် ဆံပင်တွေကို လွင့်ပျံသွားစေပြီး အရူးတစ်ယောက်လို တိတ်ဆိတ်သွားစေ၏။

သူနဲ့သူ့ညီလေးဟာ ငယ်စဉ်ကတည်းက မိဘတွေ မရှိခဲ့ကြလို့ ရှီးမန့်ဝေ့ကသာ မိဘနေရာကနေ သူ့ညီလေးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ အမြဲလိုလို အလိုလိုက်ခဲ့လို့ ရှီးမန်ကျွင့်ဟာ မာနကြီးပြီး ကြီးစိုးချင်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့၏။

အင်အားကြီး ထိပ်စာရင်းမှာ ထိပ်ဆုံး (၃)နေရာက သူ့အနေအထားကို အားကိုးပြီး သူ့ညီလေးကို ဘယ်သူကမှ တိုက်ခိုက်ဝံ့မှာ မဟုတ်ဘူးလို့ အမြဲ ခံစားခဲ့ရတာမို့ သူသေတဲ့ သတင်းကိုလည်း နားမစွင့်မိခဲ့ဘူး။

All Chapters