← Chapters

တံခါးဝကို ရောက်ရှိခြင်း

Vol. 33 Ch. 4.7

တံခါးဝကို ရောက်ရှိခြင်း

Vol. 33 Ch. 4.7

"ခန်းမသခင်... မ​ကောင်းတော့ဘူး ဒုသခင်လေး အသတ်ခံလိုက်ရပြီ!"

ရှီးမန်ဝေ့ ကြောင်ကြောင်ကြီး ရပ်နေမိတုန်း လက်အောက်ငယ်သား တစ်ယောက်က ပြေးလာပြီး ဒူးထောက်လျက် သတင်းပို့လာခဲ့သည်။

"ထပ်ပြောကြည့်စမ်း!"

ရှီးမန်ဝေ့ရဲ့ မျက်လုံးတွေ နီရဲနေပြီး သူရဲ့ လူသတ်ချင်​နေတဲ့ ရောင်ဝါတွေက ကောင်းကင်ကို တန်းတန်းမတ်မတ် ထိုးတက်သွားသည်။

လက်အောက်ငယ်သားသည် လက်ကိုဆန့်ကာ နောက်သို့ ဝှေ့ယမ်းလိုက်စဥ် လူနှစ်ယောက်က အလောင်းကို သယ်ဆောင်လာခဲ့သည်။

"ကျွင့်လေး!"

ရှီးမန်ဝေ့မှာ မျက်ရည်ကျလုဆဲဆဲပင်။

ညီအစ်ကိုတွေ နှစ်အတော်ကြာအောင် အတူတူနေခဲ့သည်။ ပုံပျက်တဲ့အထိ မိလ္လာတွေဖုံးပြီး မြေကြီးပေါ်မှာ လဲလျောင်းနေရင်တောင် ဒီလူက သူနဲ့ ငယ်ငယ်လေးကတည်းက အတူရှိခဲ့တဲ့ ညီလေးဖြစ်တာကို ချက်ချင်း သတိပြုမိလိုက်သည်။

"ဒုတိယသခင်လေး အသတ်ခံ လိုက်ရတာကို ဒီငယ်သားက သေချာ စုံစမ်းခဲ့ပါတယ်... ဒုသခင်လေး အသတ်ခံရတာကို ပြန်လာတဲ့အခါ ခန်းမသခင်ရဲ့ အပြစ်တင်ခံရမှာကို စိုးရိမ်တဲ့ ချန်ကျစ်က အလောင်းကို မိလ္လာမြောင်းထဲကို တိုက်ရိုက်ပစ်ချပြီး တခြား နောက်လိုက်တွေနဲ့ ထွက်ပြေးသွားခဲ့တာပါ"

လက်အောက် ငယ်သားက တစ်ယောက်က ရှင်းပြ​လေသည်။

ချန်ကျစ်သည် လုရွှမ်ဆီက လွတ်မြောက်သွားတဲ့ နောက်လိုက် ဖြစ်သည်။

"ကောင်းတယ် ကောင်းတယ် ရွှင်ရွေ့ကရော?"

သူ့စိတ်ခံစားချက်ကို အမြန် တည်ငြိမ်စေအောင် ထိန်းထားသော်ငြား သူ့မျက်နှာက ရေခဲလို အေးစက်နေ၏။ ရွှင်ရွေ့ဆိုသူမှာ ရှီးမန်ကျွင့် နံဘေးမှာ စောင့်ကြပ်နေတဲ့ အခြားအစောင့် တစ်ဦးသာ ဖြစ်သည်။

"ရွှင်ရွေ့လည်း အသတ်ခံလိုက်ရပါတယ်"

လက်အောက် ငယ်သားက ကမန်းကတန်း ရှင်းပြရ​ပြန်သည်။

"အဖြစ်အပျက်ကို အသေးစိတ် ပြောပြစမ်း!"

ရှီးမန်ဝေ့ အသက်ကို ခပ်ပြင်းပြင်းရှူရင်း ဒေါသကို ထိန်းကာ မေးလိုက်သည်။

"ဟုတ်ကဲ့ ခန်းမသခင်!"

ဤသို့ဖြင့် လက်အောက်ငယ်သားက ရှင်းပြလိုပ်သည်။

ရှီးမန်ကျွင့်သည် မှော်တစ်ထောင်စံအိမ်က လေလံပွဲကို ဝင်ရောက်ကာ တျယ်လုံနဲ့ တွေ့ဆုံပြီး လုရွှမ်တို့နဲ့ပါ တွေ့ဆုံခဲ့ကြောင်း၊ ထို့နောက် လုရွှမ်က ရှီးမန်ကျွင့်ကို သတ်ပြီး ချန်ကျစ်က အလောင်းကို မိလ္လာမြောင်းထဲ ပစ်ချကာ ထွက်ပြေးခဲ့ကြောင်း အသေးစိတ် ပြောပြလေသည်။

ထိုလက်အောက် ငယ်သားသည် အလောင်းကိုတွေ့ပြီးနောက် ချက်ချင်း စုံစမ်းစစ်ဆေးမှု တချို့ ပြုလုပ်နိုင်ခဲ့ကြောင်း ထင်ရှား​လေသည်။ ညဘက်တွင် အခင်းဖြစ်ပွားသည့် နေရာက မျက်မြင်သက်သေများ အများအပြား ရှိသဖြင့် ရှင်းရှင်းလင်းလင်း စုံစမ်းရ လွယ်ကူသည်။

"ငါ့ အမိန့်ကို ထုတ်ပြန်လိုက်.... အရိပ်လူသတ်အဖွဲ့က ချန်ကျစ်ကို လိုက်ရှာပြီး သတ်တော့မှာ... ဒုသခင်လေးအတွက် လက်စားချေဖို့ မှော်အဖွဲ့သားတွေ ငါ့နောက်လိုက်ခဲ့... မှော်တစ်ထောင်စံအိမ်ကို သွားမယ်!"

"ဟုတ်ကဲ့ပါ! သခင်လေး!"

အရိပ်လူသတ်အဖွဲ့ကို အရိပ်အဖွဲ့နှင့် မှော်အဖွဲ့ဟူ၍ ခွဲခြားထားသည်။ အဖွဲ့တစ်ခုစီတွင် အဖွဲ့ဝင်ခြောက်ဦးစီ ပါရှိပြီး ၎င်းတို့ တစ်ဦးစီသည် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ၆ယောက်စီ ရှိသည်။ ဤဆယ့်နှစ်ဦးသည် အရိပ်လူသတ်ခန်းမ၏ အခြေခံအုတ်မြစ်နှင့် အကြွင်းမဲ့ ခွန်အားပဲ ဖြစ်သည်။

ညသန်းခေါင်ယံ အချိန်တွင် ရှီးမန်ဝေ့သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ လူ၆ယောက်နဲ့အတူ မှော်တစ်ထောင်စံအိမ်၏ တံခါးဝတွင် လေးနက်စွာ ရပ်နေ၏။

မှော်တစ်ထောင်စံအိမ်ဟု ရေးထိုးထားသော ကမ္ဗည်းပြားကို ကြည့်လိုက်တာနဲ့ ရှီးမန်ဝေ့ရဲ့ မျက်လုံးများထဲ ဒေါသများ တဟုန်းဟုန်း တောက်လောင်လာကာ လက်တစ်ဖက် ဝေ့ယမ်းလိုက်သည်နှင့် ကမ္ပည်းပြားကို တိုက်ရိုက် လောင်ကျွမ်း ဖျက်စီးပစ်လိုက်သည်။

"ရွှီရှင့်လုံ! ကျုပ်ညီကို သတ်ခဲ့တဲ့ လူသတ်သမားကို ထုတ်ပေး!"

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျင့်ကြံသူတစ်ယောက်ရဲ့ အသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး တြိဂံဧရိယာ တစ်ခုလုံး ပြတ်ပြတ်သားသား ကြားလိုက်ရသည်။

မကြာခင်မှာပဲ မှော်တစ်ထောင်စံအိမ် ပိုင်ရှင် ရွှီရှင့်လုံ ပေါ်လာသည်။

"ရှီးမန်ဝေ့ မင်းသိတဲ့ အတိုင်းပဲ... ငါက စီးပွားရေးသမား...အခုက ဧည့်သည်တွေ အနားယူနေပြီမလို့ သူတို့ဘေးကင်းဖို့ ငါသေချာ လုပ်​ပေးရမယ်... ငါ့ကို ခက်ခဲအောင် မလုပ်ပါနဲ့!"

ရွှီရှင့်လုံရဲ့ မျက်နှာက မည်းမှောင်နေ၏။

"ဟမ့်! ကျုပ်ညီက ခင်ဗျားနဲ့ အရောင်းအဝယ် လုပ်ခဲ့တယ် သူလည်း ခင်ဗျားရဲ့ဧည့်သည်ပဲ... သူ့ကိုကျ ဘာလို့ မကာကွယ်ခဲ့တာလဲ?"

ရှီးမန်ဝေ့ရဲ့ အသံက မိုးခြိမ်းသံလို ထွက်ပေါ်လာလို့ လေထုတစ်ခုလုံးကို တုန်ခါနေစေသည်။ ချက်ချင်းပင် နေရာများစွာမှ တဝုန်းဝုန်းသံများ ထွက်ပေါ်လာသည်။

မြို့ထောင်ချီမဟာမိတ် ကဲ့သို့သော နေရာမျိုးတွင် လူကောင်းနှင့် လူဆိုးများ ရောထွေးနေတတ်သည်။ အထူးသဖြင့် မှော်တစ်ထောင်စံအိမ်လို အဓိက အဖွဲ့အစည်းများနှင့် ကျင့်​ကြံများ စုစည်းရာ တြိဂံဧရိယာတွင် ဖြစ်သည်။

(ဘာသာပြန် = မြို့တစ်ထောင်မဟာမိတ်ကို မြို့ထောင်ချီမဟာမိတ်လို့ ပြောင်းလဲ ဘာသာပြန်သွားပါမယ်)

သခင်နှစ်ယောက် အချင်းချင်း ဆူပူကြိမ်းမောင်း နေတာကို တွေ့တော့ သခင်တော်တော် များများကို အာရုံစိုက်လာစေ၏။

လူတိုင်းသည် အာဏာ၏ တစ်ဖက်တစ်လမ်းက ဖြစ်ကြ၏။ ဤလူနှစ်ဦးသည် တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းတွင် အလွန် အဆင့်မြင့်သည့် ရာထူးများ ရှိနေတာမို့ ၎င်းတို့အား အာရုံမစိုက်မိရန် ခက်ခဲလှသည်။

"မင်းရဲ့ညီက သူ့ဘာသာသူ သေလမ်းသွားရှာတာ.... တခြားလူဘေးက မိန်းမလှလေး တစ်ယောက်ကို တွေ့တာနဲ့ ကိုယ့်စိတ်ကို မထိန်းနိုင်ဘူး သေဖို့ ထိုက်တန်တယ်!"

ရွှီရှင့်လုံကလည်း ရက်စက်စွာ ပြန်ပြောလိုက်သည်။

"ကောင်းပြီ ကောင်းပြီ... ရွှီရှင့်လုံ နောက်ဆို ခင်ဗျားဘေးက လူတွေကို သတိထားပြီး စောင့်ရှောက်လိုက်ပါဦး... လမ်းပေါ်မှာ အကြောင်းပြချက် မရှိဘဲ အသတ်ခံရလိမ့်မယ်"

ရှီးမန်ဝေ့ သူ့မျက်လုံးများကို မှိတ်ထားလျက် ဆိုသည်။

အရိပ်လူသတ်ခန်းမဟာ လုပ်ကြံသတ်ဖြတ်မှု အမျိုးမျိုးဖြင့် အသက် မွေးဝမ်းကြောင်း ပြု​ကြသည်။ ရှီးမန်ဝေ့ဟာ ရွှီရှင့်လုံအား ပွင့်ပွင့်လင်းလင်းကို ခြိမ်းခြောက်နေပြီ။ လူသတ်သမားကို မလွှဲ​ပေးရင် သူတို့ အရိပ်လူသတ်ခန်းမရဲ့ လက်စားချေမှုကို သတိပြုရတော့မည်။

"ငါ့ရဲ့လူတွေထဲက တစ်ယောက်ယောက်ကို အကြောင်းပြချက် မရှိဘဲ လမ်းမှာ သတ်လိုက်ရင် ရှီးမန်ဝေ့ မင်းက ငါလာရှာမယ့် ပထမဆုံးလူပဲ"

ရွှီရှင့်လုံ မယဉ်ကျေးဘဲ ချက်ချင်း ပြန်တိုက်ခိုက်တယ်။

"ဟမ့် ဒါဆို ခင်ဗျား ကျုပ်ဆီလာမှာကို စောင့်နေမယ်!! ခင်ဗျား အဲဒီအခင်းအကျင်းထဲက ထွက်လာတာနဲ့ ကျုပ်ခင်ဗျားကို မသတ်နိုင်ဘူး ဆိုတာ မရှိစေရဘူး"

မှော်တစ်ထောင်စံအိမ် အတွင်းက အကာအကွယ် အခင်းအကျင်းကို စိတ်ပူနေလို့သာ မဟုတ်ပါက ရှီးမန်ဝေ့ တည့်တည့် တိုးဝင်သွားပေလိမ့်မည်။ ရွှီရှင့်လုံဟာ ထိပ်သီးစာရင်း၌ စာရင်းဝင်သော သခင်တစ်ဦး ဖြစ်သော်လည်း၊ သူ၏ ခွန်အားသည် ရှီးမန်ဝေ့ထက်တော့ အားနည်းနေသေးသည်။

အထူးသဖြင့် ရှီးမန်ဝေ့နှင့် သူ၏ မှော်အဖွဲ့သား ၆ယောက်စလုံးမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ ကျင့်ကြံသူများ ဖြစ်သည်။

ခြံဝန်းထဲ၌။

"အပြင်ကို သွားကြည့်လိုက်ဦးမယ်။"

လုရွှမ် ပေါ့ပေါ့ပါးပါး ပြောလိုက်ရင်း ခြေလှမ်း ပြင်လိုက်၏။

ဒီလောက် အကျယ်ကြီး အော်ပြောနေကြတာ နားပင်းတဲ့ လူတောင် နိုးလာနိုင်ရာ သူက ဘယ်လိုလုပ် မကြားဘဲ နေပါ့မလဲ။ အရူးဧကရာဇ် တစ်ယောက်အနေနဲ့ တစ်ဖက်လူက သူ့ဆီ လာနေပြီ ဆိုတော့လည်း သူ ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မလဲ။

"သခင်လေး ကျုပ်လည်း အတူလိုက်ခဲ့မယ်!"

မော့ကောင်းရွှမ်း ကမန်းကတန်း ရှေ့ကို တိုးလာသည်။

"မဟုတ်ဘူး... မင်းသူတို့ကို ကောင်းကောင်း ကာကွယ်ထားပေး!"

သူ့ရဲ့ ကျင့်ကြံမှုက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅မှာသာ ရှိပေမယ့် အဆင့်၈ ပြီးပြည့်စုံတဲ့ ကာလက လူဆိုရင်တောင် သူ့ကိုသတ်ဖို့က မလွယ်ကူချေ။

ဘယ်လောက်ပဲ ဆိုးနေပါစေ ဖီးနစ်ရဲ့ အတောင်ပံတွေနဲ့ ရွှေအရှိန်နဲ့ဆို သူတော်စင်တစ်ပိုင်း အောက်က လူလောက်ကတော့ သူ့ကို ဖမ်းမိနိုင်မှာ မဟုတ်ဘူး။

"အစ်ကိုကြီး... ကျွန်တော် လိုက်ခဲ့မယ်!"

ဖက်တီးက စေတနာ အပြည့်နဲ့ တက်လာခဲ့သည်။ ဒီကောင်လေးက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ကို ယှဥ်နိုင်မှာတော့ မဟုတ်ချေ။

ထျန်မိသားစုရဲ့ အကိုင်းအခက်မှာ ရွှေခြေလေးချောင်း ကြေးနီကြက် တစ်ကောင်ရှိသလို ဖက်တီးမှာ ပစ္စည်းတချို့လည်း ရှိ​နေပုံ ရတာကြောင့် လုရွှမ် ခေါင်းညိတ်ပြပြီး

"ကောင်းပြီ.. မင်းပျော်ချင်ရင် ငါနဲ့လိုက်ခဲ့"

"သွားကြစို့... အပျော်လေးတွေ ကြည့်ဖို့ သူဌေးနောက်ကို လိုက်သွားရအောင်"

သူသဘောတူသည်နှင့် တစ်ပြိုင်နက် ဖက်တီးက သူ့ဗိုက်ကိုပွတ်သပ်ရင်း အစောင့်တစ်ယောက်ကို အမြန်လှည့်ပြောလိုက်သည်။ သူတို့သုံးယောက်သည် ခဏအကြာတွင် ရွှီရှင့်လုံ အနီးသို့ ရောက်ရှိလာခဲ့၏။

"သခင်လေးလု စိတ်မပူပါနဲ့... မင်းငါတို့ မှော်တစ်ထောင်စံအိမ်မှာ ရှိနေသရွေ့ မင်း လုံးဝ ဘေးကင်းလိမ့်မယ်"

လုရွှမ် ထွက်လာတာကို မြင်လိုက်သော် ရွှီရှင့်လုံရဲ့ မျက်လုံးတွေ အနည်းငယ် တောက်ပလာခဲ့သည်။ ဒီလူက လုရွှမ်ကို ကာကွယ်ပေးနေသလိုနဲ့ အလောင်းအစား လုပ်နေရခြင်းသာ ဖြစ်သည်။

လုရွှမ်ဘေးမှာ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်တဲ့ နောက်လိုက်တစ်ယောက် ရှိနေ၏။ ဒီသခင်လေးလုက သူတို့ သွားထိသင့်တဲ့ လူမဟုတ်ဘူး ဆိုတာကို သိပ်စဥ်းစားစရာ မလိုဘဲနဲ့ကို သိနိုင်သည်။

တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းရဲ့ ထိပ်ပိုင်းမှာ ရပ်တည်နေသူတွေဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလတွင် ရှိနေကြပြီး အရန် အထူးနည်းလမ်း များစွာကြောင့် ရပ်တည်နေကြတာ ဖြစ်သည်။

သို့သော် အဆင့်၈ကတော့ အဆင့်၈ပင်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာတော့ အနိုင်ရဖို့ အခွင့်အရေး လုံးဝ မရှိနိုင်ပေ။

ဂိုဏ်းကြီးခြောက်ခု၏ လေ့ကျင့်ရေး နည်းလမ်းများစွာကို ပေါ့ပေါ့ပါးပါး လေ့လာပြီး စဉ်ဆက်မပြတ် စွန့်စားလေ့ရှိသည့် လုရွှမ်လိုလူဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတွေကို သတ်ဖို့အတွက် တတ်နိုင်၏။

လုရွှမ်လို သစ်ပင်ကိုသာ ဖက်ထားနိုင်ပါက ရှီးမန်ဝေ့ကို ဆန့်ကျင်ရလည်း ထိုက်တန်ပါသည်။ ရွှီရှင့်လုံအတွက်က စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ အကျိုးစီးပွားများ အကြား စီရင်ဆုံးဖြတ်မှုက ပိုမိုတိကျသည်။

"ကျေးဇူးအများကြီး တင်ပါတယ်.... ဒါပေမဲ့ ငါ ဒီကိစ္စကို ကိုင်တွယ်နိုင်တုန်းမို့ စိတ်ပူစရာ မလိုပါဘူး!"

လုရွှမ် ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည်။

မှော်တစ်ထောင်စံအိမ် ပိုင်ရှင်က အထင်ကြီး လောက်စရာ မရှိလို့ သူမကြိုက်ဘူး ဆိုပေမယ့် စက်စုတ်စရာတော့ မရှိပေ။ လေလံတင်တဲ့ နေရာမှာကတည်းက သူ မပျော်ရွှင်​စေ​ပေမယ့် အောက်ခြေလိုင်းကို မထိသေးသရွေ့တော့ သူ့ဘက်ကလည်း ဂရုစိုက်နေမှာ မဟုတ်။

ဒီရွှီရှင့်လင်ဟာ စွမ်းအားကြီးမားပြီး မြို့ထောင်ချီမဟာမိတ်မှာ နာမည်ကောင်း ရထားပေမယ့် လုရွှမ် အမြင်အရတော့ သူဟာ အစွမ်းထက် ပုရွက်ဆိတ်များထက် ပိုအစွမ်းထက်ရုံသာ ရှိသည်။

သို့သော်လည်း ယခုတွင် သူသည် ရှီးမန်ဝေ့ရှေ့မှာ မတ်တပ်ရပ်ပြီး မိမိကို ခုခံကာကွယ်ပေးမည်ဟူ ပြောဆို​နေသောကြောင့် သူ့ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။

ဒါပေါ့ ဒါက တစ်ချက် လှည့်ကြည့်ရုံလေးပဲ!

All Chapters