အစိမ်းရောင်ဓားအလင်း
Vol. 33 Ch. 4.8
"မင်းက ငါ့ညီကို သတ်လိုက်တဲ့ လုရွှမ်လား!"
လုရွှမ် ထွက်လာတာကို တွေ့သော် ရှီးမန်ဝေ့ဟာ စကားလုံးတိုင်းကို လှိုင်းလုံးကြီးလို အမုန်းပွားလျက် ပြောလိုက်သည်။
"လက်စားချေချင်လို့လား?"
လုရွှမ် တစ်ချက် ပြန်ကြည့်လိုက်သည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က သူ့ကို လက်စားချေမယ်တဲ့လား။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလတွင်ရှိသော လူတွေကိုတောင် သူသတ်ခဲ့တာ မဟုတ်ပါလား။
ရှီးမန်ဝေ့သာ မပေါ်လာရင် တစ်စုံတစ်ယောက်က လှည့်ကွက်တွေ သုံးပြီး သူ့ကိုချောက်ချဦးမှာ သေချာသည်။ အခု လူကိုယ်တိုင် တံခါးဝကို ရောက်လာပြီဆိုတော့ သူ့ဖက်ကလည်း တုံ့ပြန်ပေးရမှာပေါ့။
"မင်း ဝန်ခံပြီ ဆိုမှတော့ ငါနဲ့တစ်ပွဲလောက် လာတိုက်စမ်း!"
ရှီးမန်ဝေ့ သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။
လုရွှမ်နဲ့ ရှီးမန်ဝေ့တို့ဟာ မျက်နှာချင်းဆိုင် ရပ်နေသော်လည်း အကာအကွယ် အခင်းအကျင်း အတွင်းတွင် ရှိနေသဖြင့် ရှီးမန်ဝေ့အနေနဲ့ အရေးနိမ့်နိုင်သည်။
"ကောင်းပြီ!"
လုရွှမ်သည် တစ်လလောက် ပျံသန်းသားရဲပေါ်မှာ နေလာရလို့ သူ့ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခု လုပ်ချင်နေခဲ့တာ ဖြစ်သည်။
တစ်လအတွင်း နယ်ပယ်ငယ် တစ်ခုသာ တိုးလာသော်လည်း ဆင်သံချပ် ရွှေကိုယ်ထည် အဆင့်၄၊ ဟဲလင်နယ်ပယ် အလတ်အလတ်ကာလ၊ စိတ်စွမ်းအား ၁၆ နှင့် ယွမ်ယန်ကျင့်စဥ်၏ အခြားသော စွမ်းရည်များ ရှိနေလို့ ပိုမိုကျွမ်းကျင်စွာ ပေါင်းစပ်နိုင်သည်။
လွန်ခဲ့သည့် တစ်လက အခြေအနေနှင့် နှိုင်းယှဉ်ပါက စုစုပေါင်း တိုက်ခိုက်ရေး စွမ်းအားသည် နှစ်ဆကျော် တိုးလာခဲ့သည်။
သူ့ရှေ့ရှိ တော်ဝင်အင်ပါယာ အင်အားကြီး ထိပ်သီးစာရင်းက အဆင့်၃ လူရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဘယ်လောက်များ ပြင်းထန်လဲ စမ်းသပ်ရန်သာ ဖြစ်သည်။
ပေါ့ပါးစွာ တစ်ချက် ခုန်ပြီးနောက် သူသည် မှော်တစ်ထောင်စံအိမ်မှ အနည်းငယ် ဝေးသော အကွာအဝေး တစ်ခု၌ ခုန်ဆင်းလိုက်ကာ ရှီးမန်ဝေ့ ရှေ့တွင် ငြိမ်သက်စွာ ရပ်လိုက်သည်။
"သေပေတော့!"
သူ့လက်ကောက်ဝတ်ကို လှည့်လိုက်ရာ လက်ထဲတွင် အနက်ရောင် ဓားမြှောင်တစ်ချောင်း ပေါ်လာပြီး လုရွှမ်၏ ရင်ဘတ်ဆီသို့ တည့်တည့် ပြေးဝင်သွားသည်။ လုရွှမ် မရှောင်ဘဲ ဓားမြှောင်ကို ဖမ်းဖို့ တိုက်ရိုက် လက်လှမ်းလိုက်သည်။
ရှီးမန်ဝေ့ရဲ့ ဓားမြှောင်က အဆင့်နိမ့် ဝိညာဉ်နယ်ပယ်က လက်နက်ဖြစ်ပြီး ဘယ်တော်ဝင်အင်ပါယာမှာမဆို တန်ဖိုးရှိတဲ့ မှော်လက်နက် အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။
သို့သော် လုရွှမ်ရဲ့ ဆင်သံချပ် ရွှေကိုယ်ထည်က အဆင့်၄ အကြီးစား အောင်မြင်မှုအဆင့်ကို ရောက်နေပြီ။ ဒီလက်နက်က သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ နှိုင်းယှဉ်နိုင်သည်။ သို့သော်ငြား သူ့ဓားမြှောင်ကို သစ်သားချောင်းကို ကိုင်ထားသလိုမျိုး လုရွှမ် အသာပဲ ဖမ်းဆုပ်ထားလိုက်သည်။
"ဟမ့်!"
ဓားမြှောင်ကို ဆုပ်ကိုင်ရင်း လုရွှမ် မျက်ခုံးပင့်ကာ လက်ဝါးကိုလှည့်၍ ပြန်ပစ်လိုက်တဲ့အခါ ရှီးမန်ဝေ့ကလည်း လက်ဝါးတစ်ဖက်နဲ့ ပြန်ခုခံထား၏။
ဗုန်း!
လက်ဖဝါး ဖြတ်သန်းသွားသည်နှင့် စွမ်းအင်လှိုင်းလုံးများက ပတ်ဝန်းကျင်သို့ တဟုန်ထိုး ပျံ့နှံ့သွားသည်။
မှော်တစ်ထောင်စံအိမ် အနီးတစ်ဝိုက်တွင် စွမ်းအင်များ ပြောင်းလဲသွားသောအခါတွင် တောက်ပသော ရောင်ဝါ တစ်ခုသည် အသက်ဝင်လာပြီး အကြိမ်အနည်းငယ် တုန်လှုပ်သွားဿာ တစ်ဖန်ငြိမ်သက်ပြီး ပျောက်ကွယ်သွားခဲ့သည်။
ဘန်း ဘန်း ဘန်း!
အကာအကွယ် အခင်းအကျင်း ထားရှိခြင်း မရှိသော ၎င်းတို့ဘေးရှိ အဆောက်အအုံများသည် တစ်လုံးပြီး တစ်လုံး ပေါက်ကွဲသွားသည်။ ၎င်းတို့နှစ်ဦး၏ တစ်ကီလိုမီတာ အချင်းဝက် အတွင်းတွင် အကာအကွယ် အခင်းအကျင်း မရှိသော အဆောက်အအုံများသည်လည်း တိုက်ရိုက် ပြိုကျလာခဲ့ပြီး အတွင်းကလူများ ထိတ်လန့်တကြား ပြေးထွက်လာကြသည်။
ကံကောင်းထောက်မစွာနဲ့ အနီးနားရှိ လူများ အားလုံးသည် ကျင့်ကြံသူများ ဖြစ်ကြပြီး စွမ်းအင်၏ နောက်ဆက်တွဲ ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ လူများစွာသည် တိုက်ပွဲ အလယ်ဗဟိုက ရှီးမန်ဝေ့နဲ့ လုရွှမ်ကိုကြည့်ကာ ချက်ချင်း ထွက်ပြေးကြသည်။
ဒါက သူတို့နှစ်ယောက်ရဲ့ ပထမဆုံး ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပြီး ဒေါသထွက်လာတဲ့အခါ သူတို့ကိုပါရောပြီး ဒုက္ခဖြစ်မှာစိုးတာမို့ ခပ်ဝေးဝေးမှာ ပြေးရှောင်နေကြသည်။ ပျက်စီးသွားသော လောကအရာဝတ္ထုများ အတွက်မူ ကျင့်ကြံသူများ အနေနဲ့ အသေးအဖွဲ့ပင် အသက်ကယ်ခြင်းကသာ အရေးကြီးဆုံး ဖြစ်သည်။
တိုက်ပွဲ အလယ်ဗဟိုက နှစ်ဦးဟာ ရုတ်တရက် ကွဲသွားကြသည်။
ရှီးမန်ဝေ့ဟာ သူ့လက်ထဲ ဓားမြှောင်တစ်ချောင်းကိုင်လျက် ရပ်နေသော်လည်း လုရွှမ်ကတော့ ခြေလှမ်း တစ်ဒါဇင်ကျော်လောက်ကို နောက်ပြန်ဆုတ်သွားရကာ သူ့မျက်နှာမှာလည်း နီမြန်းလာခဲ့သည်။
တစ်ချက် လှုပ်ရှားရုံဖြင့် လုရွှမ်သည် သူ၏ကိုယ်ပိုင် အစွမ်းသတ္တိကို ရှင်းရှင်းလင်းလင်း နားလည်နေပြီ ဖြစ်သည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ဆိုလျှင် ပြဿနာ မရှိနိုင်ပေမယ့် တစ်ဖက်က ပြီးပြည့်စုံတဲ့ ကာလကို ရောက်နေလို့ အနည်းငယ် တိုက်ရခက်နေ၏။
ဆင်သံချပ် ရွှေကိုယ်ထည်ကို အားထား၍ သူ့ကိုသတ်ချင်နေတဲ့ ပြီးပြည့်စုံတဲ့ ကာလကလူကို သတ်ဖို့တော့ အလွန်ခက်ခဲပေလိမ့်မည်။ တစ်ဖက်လူရဲ့ ခွန်အားက သူ့ထက် များစွာ မြင့်မားနေပြီး ယေဘုယျ လမ်းကြောင်းများကို ကျွမ်းကျင်တတ်မြောက်ထားသည်။
ကျန်အရာ အားလုံးက အဓိကအားဖြင့် ကောင်းမွန်သော်ငြား အတွင်းအင်္ဂါများက အားနည်းသော အချက်ဖြစ်သည်။ ရှီးမန်ဝေ့နဲ့ တိုက်ရိုက် ရင်ဆိုင်လိုက်တဲ့ လက်ဝါးကနေ လုရွှမ် သူ့ရင်ဘတ်က မသက်မသာဖြစ်မှုကို ခံနိုင်ရည် ရှိနေဆဲပင်။ သွေးတစ်လုတ်ကိုတော့ ထွေးထုတ်တော့မလို ဖြစ်နေ၏။
ရှီးမန်ဝေ့ရဲ့ အမူအရာကတော့ ပေါ့ပါးလျက်။ လုရွှမ် ဓားမြှောင်ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်တဲ့ အချိန်က လွန်စွာ ထိတ်လန့်သွားခဲ့သည်။ အဆင့်နိမ့် ဝိညာဉ်နယ်ပယ် ချွန်ထက်တဲ့ လက်နက်ကတောင် သူ့ခုခံမှုကို မချိုးဖျက်နိုင်ခဲ့ဘူးလေ။ ဒါကြောင့် ယုံကြည်မှု ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့သည်။
တစ်ဖက်လူရဲ့ နီရဲနေတဲ့ မျက်နှာကို မြင်လိုက်ရတော့ ရှီးမန်ဝေ့ဟာ လုရွှမ် ကိုယ်တွင်းအင်္ဂါတွေ ဒဏ်ရာရနေမယ် ဆိုတာ ကောင်းကောင်းကြီး သိလိုက်သည်။
"ကောင်လေး... မင်းသေပြီပဲ!"
လုရွှမ် သူ့ဓားမြှောင်ကို ဖယ်ထုတ်လိုက်ပြီး လုရွှမ်ကို လက်သီးနဲ့ ပြေးထိုးလိုက်သည်။
ချွန်ထက်တဲ့ လက်နက်က လူရွှမ်ရဲ့ ကိုယ်ခန္ဓာအတွင်းသို့ ထိုးဖောက် မဝင်ရောက်နိုင်ပေ။ ဒါကြောင့် လုရွှမ်မှာ အဆင့်မြင့် ခံစစ်မှော်လက်နက် တစ်ခုရှိကြောင်း ရှီးမန်ဝေ့ ခန့်မှန်းမိထားသော်လည်း ပကတိစွမ်းအားရဲ့ ဖြိုခွဲမှုအောက်မှာ အဲဒီမှော်လက်နက်ရဲ့ စွမ်းအားက မကာကွယ်နိုင်တာ ထင်ရှားလေ၏။
လုရွှမ်ရဲ့ မျက်လုံးတွေထဲ ရှီးမန့်ဝေ့တစ်ယောက် သူနဲ့ နှစ်မီတာ သုံးမီတာ အကွာအဝေးကို ရောက်လာတဲ့အခါ သူ့ခန္ဓာကိုယ်က ရုတ်တရက်တုန်ခါသွားပြီး လူတစ်ယောက်က သုံးယောက် ဖြစ်သွားသည်။ ရှီးမန်ဝေ့ သုံးယောက်ဟာ ဘယ်ဘက်၊ အလယ်နှင့် ညာဖက်လမ်းကြောင်းမှ ခွဲထွက်သွားပြီး လုရွှမ်ကို တိုက်ခိုက်လိုက်သည်။
"အဲ့လို လှုပ်ရှားမယ်ပေါ့!"
လုရွှမ် မျက်မှောင်ကြုတ်ပြီး တုံ့ဆိုင်းမနေဘဲ သူ့နောက်မှာ သူ့အတောင်ပံတွေကို ဖြန့်ကာ လေထဲကို တိုက်ရိုက် ပျံသန်းသွားသည်။
"ကျွန်တော် လာကူမယ်!"
လုရွှမ် ဒုက္ခရောက်နေတာကို မြင်လိုက်ရတော့ ဖက်တီးက ချက်ချင်း ခုန်ထွက်လာပြီး သူ့နောက်က အစောင့်အကြပ်လည်း အမြန် လိုက်ပါလာသည်။
သူတို့နှစ်ဦး ခုန်ထွက်လာပြီးနောက် ရှီးမန်ဝေ့ရဲ့ လူတွေထဲက အဆင့်၈မှာ ရှိတဲ့ မှော်အဖွဲ့သားတွေကလည်း ချက်ချင်းပင် သူတို့ကို ဝိုင်းထားလိုက်သည်။
“သူတို့ကို သတ်ပစ်!”
ဖက်တီး ဒေါသတကြီး ဟောက်လိုက်သည်။
"ဟုတ်ကဲ့!"
အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ရှိ အစောင့်သည် ကြည့်ရှုသူများ၏ အမြင်တွင် အမှန်တကယ် ရိုးရှင်းစွာ တုံ့ပြန်ခဲ့သည်။ မှော်အဖွဲ့သား ခြောက်ဦးကို မတိုက်ခိုက်မီတွင် အစောင့်သည် အခင်းအကျင်း တံဆိပ်ပြား တစ်ခုကို ထုတ်ယူခဲ့သည်။
အခင်းအကျင်း တံဆိပ်ပြားကို အသက်သွင်းလိုက်သည်နှင့် အစောင့်၏ ထိန်းချုပ်မှုအောက်တွင် ဖွဲ့စည်းမှုပုံစံများ အားလုံး ချက်ချင်း လင်းထိန်သွားပြီးနောက် စိမ်းမြသော ဓားတစ်လက် ထွက်ပေါ်လာကာ လျှပ်စီးလက်သလို လှည့်ပတ်ပျံသန်းနေလေသည်။
ထိုအခိုက် အော်ဟစ်သံများ ထွက်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈များ သွေးမြေပေါ်သို့ လဲကျသွားသည်။
ပရိသတ်များ တိတ်ဆိတ်သွားကြသည်။
မူလက ဤကြည့်ရှုသူများသည် လုရွှမ်က ဇာတ်လိုက်ဖြစ်မယ်ဟု ထင်ခဲ့ကြသော်လည်း ဖက်တီးက အချိန်တိုအတွင်း ထင်ရှား ကျော်ကြားမှုကို ခိုးယူနိုင်လိမ့်မယ်လို့ မမျှော်လင့် ထားခဲ့ကြပေ။ အားကောင်းတဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈က လူတွေကို တစ်ကြိမ်တည်းမှာ ခေါင်းဖြတ်ပစ်ခဲ့သည်။
ဖက်တီးရဲ့ အစောင့် လက်ထဲက အခင်းအကျင်း တံဆိပ်ပြားကို မြင်လိုက်ရသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ အစောပိုင်းကာလက ကျင့်ကြံသူတွေ၊ မြို့ထောင်ချီမဟာမိတ်မှာ ထိပ်တန်းလို့ ယူဆလို့ရတဲ့ လူတွေကို တစ်ချက်တည်းနဲ့ ရှင်းထုတ်ပစ်လိုက်တယ်တဲ့လား။
ဒီလိုပုံနဲ့ဆို အဆင့်၈ရဲ့ အလယ်အလတ်ကာလနဲ့ ပြီးပြည့်စုံတဲ့ ကာလက လူတွေတောင် ဝင်ရောက်တိုက်ခိုက်ရဲမှာ မဟုတ်တော့ဘူး။
မြေပြင်ပေါ်ရှိ သူ၏ မှော်အဖွဲ့သား ထိပ်တန်းလက်အောက်ခံများကို ကြည့်လိုက်တော့ ရှီးမန်ဝေ့လည်း ထိတ်လန့်သွားသည်။
ခြောက်ယောက်ကို တစ်ယောက်တည်းက သတ်သွားတာတဲ့လား။ သူကိုယ်တိုင် ဆိုရင်တောင် မလုပ်နိုင်လောက်ဘူး။ ဒါ့အပြင် အစိမ်းရောင် ဓားအလင်းက လူတွေသတ်သွားတာ အင်မတန် မြန်လွန်းပေ၏။
အသွင်အပြင်သည် လျင်မြန်စွာ ပြောင်းလဲသွားရာ ရှီးမန်ဝေ့ရဲ့ နောက်လိုက် သုံးယောက်သည် ရုတ်တရက် လမ်းကြောင်း သုံးခုဆီသို့ ပြေးသွားကာ မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားတော့သည်။
မျက်မှောက်ရေးရာကို သိတဲ့သူတွေက သူရဲကောင်းတွေပဲ။ အသက်ကို အရင်ကယ်ရမယ်။
အခင်းအကျင်းက အရမ်း အစွမ်းထက်တာကြောင့် ရှီးမန်ဝေ့ပင် တိုက်ခိုက်ရန် လုံးဝအယုံအကြည် မရှိတော့ပေ။ ဖက်တီးက လုရွှမ်ကို သူဌေးလို့ ခေါ်လိုက်ကာ အစောင့်က ဖက်တီးရဲ့လူ ဖြစ်သည်။ လုရွှမ်နဲ့ ဖက်တီးရဲ့ ပတ်သက်မှုက အတော်လေး နက်ရှိုင်းလောက်သည်။
အသက်ကို အရင်ကယ်ဖို့ အရိပ်လူသတ်ခန်းမကို ပြေးရမည်။ အရိပ်လူသတ်ခန်းမမှာလည်း အကာအကွယ် ဖွဲ့စည်းထားတာမို့ အဲဒီကို ပြန်ရောက်ရင် စိတ်ပူစရာ မလိုတော့ဘူး။
တော်ဝင်အင်ပါယာ အင်အားကြီး ထိပ်စာရင်းတွင် တတိယအဆင့် ဖြစ်လာနိုင်ခြင်းကြောင့် မရေမတွက်နိုင်သော သေရေးရှင်ရေး ကိစ္စများကို ကြုံတွေ့ခဲ့ဖူးပြီး အန္တရာယ်အပေါ် အာရုံစူးစိုက်မှုက အလွန်အမင်း အားကောင်းနေဆဲ ဖြစ်သည်။