← Chapters

ဝိညာဥ်အစားအစာ

Vol. 33 Ch. 4.9

ဝိညာဥ်အစားအစာ

Vol. 33 Ch. 4.9

လုရွှမ် သူ့နောက်ကျောမှ တောင်ပံများကို ဝေ့ယမ်းလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်သည် မီးတောက်နေသော ဥက္ကာခဲများ အဖြစ်သို့ ပြောင်းလဲသွားပြီး ရှီးမန်ဝေ့နောက်ကို အနီးကပ် လိုက်သွားခဲ့သည်။

ရှီးမန်ဝေ့ရဲ့ အမြန်နှုန်းက အလွန် လျင်မြန်သော်လည်း ဖီးနစ်အတောင်ပံများ၏ အရှိန်တင်ပျံသန်းမှုထက် များစွာ နှေးကွေးနေသေးသည်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ သူ့နောက်ကို လိုက်၍ လက်ဖဝါးနဲ့ ရိုက်ချလိုက်၏။

ပြင်းထန်သော ရိုက်ခတ်မှု အရှိန်နှင့် အားအပြည့်ဖြင့် ထိုးနှက်ချက်နှင့်အတူ သူသည် ရှီးမန်ဝေ့ရဲ့ နောက်ကျောကို ရိုက်ချလိုက်သော်ငြား သူ့လက်ဖဝါးသည် ပြိုင်ဘက်၏ နောက်ကျောကို ထိလိုက်သောအခါတွင် ၎င်း၏ခန္ဓာကိုယ်မှာ တုန်ခါသွား ဘာမှမရှိသလို ပျောက်ကွယ်သွားသည်။

"မဟုတ်ဘူး... ဒါက အရိပ်ကိုယ်ပွားပဲ!"

လုရွှမ် မျက်မှောင်ကြုတ်သွားသည်။

သေချာတာကတော့ ကျန်တဲ့ ရုပ်ပုံနှစ်ခုက လုံးဝပျောက်ကွယ်သွားပါပြီ။ ကြည့်လိုက်ရင် နေရာတိုင်းမှာ အိမ်တွေ ပိတ်နေတာကြောင့် ရှီးမန်ဝေ့ရဲ့ ရုပ်ပုံကို အလွယ်တကူ ရှာမတွေ့နိုင်ပေ။

အရိပ်ကိုယ်ပွားဟာ မူလ ခန္ဓာကိုယ်ကနေ ခွဲထွက်လာပြီး တိုက်ခိုက်ခံရသည်နှင့် ၎င်းတို့သည် ကွဲအက်သွားလိမ့်မည်။ ဤအရိပ်ကိုယ်ပွား အမျိုးအစားသည် တိုက်ခိုက်နိုင်စွမ်း မရှိသည့်အပြင် ၎င်း၏အကြီးမားဆုံး လုပ်ဆောင်ချက်မှာ ရန်သူကို စိတ်ရှုပ်ထွေးစေရန်သာ ဖြစ်သည်။

လုရွှမ်ဟာ သက်တမ်း နှစ်ခုနဲ့ လူသားတစ်ဦးဖြစ်ကြောင်း အကြောင်းပြချက် ပေးနိုင်သလို သူယခင်ဘဝတွင် တိမ်ပင်လယ် နယ်မြေမှာလည်း အထွတ်အထိပ်ကို ရောက်ရှိခဲ့သည်။

ဤလှည့်ကွက်မျိုးသည် သူ့ကိုလိမ်ရန် ခက်ခဲသော်လည်း ယခုလို ထူးဆန်းသော လှည့်ကွက်ကို သူ မမျှော်လင့်ထားသည်မှာ ထင်ရှား​လေသည်။ ဒီနေရာလေးမှာ ရှိနေတာတောင် ခဏတာ သတိမထား မိလိုက်ဘူး။

"သူဌေး... ကျွန်တော်တို့ သူတို့ ဌာနချုပ်ကို သွားကြရအောင်!"

ဖက်တီးက အော်ဟစ်ရင်း ပြေးထွက်လာသည်။

"ဧည့်သည်တို့ နှစ်ယောက်ကို အဲဲဒီကို မသွားဖို့ အကြံပေးချင်ပါတယ်"

ရွှီရှင့်လုံက သူ့မျက်နှာမှာ အပြုံးနဲ့ ထွက်လာခဲ့သည်။ ဒါက အရေးကြီး ဧည့်သည်ပဲ။ လုံးဝ အရေးကြီးတဲ့ ဧည့်သည်ပဲ။

ဖက်တီး၏ နောက်လိုက်လက်ထဲက အခင်းအကျင်း တံဆိပ်ပြားဟာ မြို့ထောင်ချီမဟာမိတ် သို့မဟုတ် အထက် တော်ဝင်အင်ပါယာ သုံးထောင် တစ်ခုလုံးတွင်ပင် လုံးလုံးလျားလျား မပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ပစ္စည်းပင်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်နေတာ မဟုတ်ရင် အဲဒါထက်မြင့်တဲ့ အဆင့်မှာရှိတာ ၁၀၀% သေချာလေသည်။

"ဘာလို့လဲ?"

ရွှီရှင့်လုံကို လှည့်ကြည့်ရင်း ဖက်တီးက ချက်ချင်း မေးလိုက်သည်။

"ဧည့်သည်တို့ နှစ်ယောက်ကို ကြည့်ရတာ အထက်ပိုင်းကနေ ဆင်းလာပုံရတယ်"

ရွှီရှင့်လုံက ပြုံးပြီး ရှင်းပြလေ၏။

အထက်ပိုင်းက ဆင်းလာသူဟုသည့် စကားမှာ မြို့ထောင်ချီမဟာမိတ်တွင် ပြောနေကျ စကားများဖြစ်သည်။ မြို့ထောင်ချီမဟာမိတ်ထဲက လူများသည် အောက်ပိုင်းမှ လာသူများ အဖြစ် ရည်ညွှန်းလို့ အထက်ပိုင်းက လူတွေဟာ တော်ဝင်အင်ပါယာက လူတွေထက် သာလွန်ကြသည်။

ဧကရာဇ်အင်ပါယာက လာသော သူများကို တိမ်ပင်လယ်နယ်မြေ တစ်ခုလုံးရှိ အထက်ပိုင်းမှ လာသောသူများဟု တလေးတစား ဆက်ဆံကြသည်။

လုရွှမ် စကားမပြောခင်မှာပဲ ဖက်တီးက တစ်ချက် ပြန်ကြည့်ကာ ရယ်မောလိုက်သည်။

"ဟားဟား.... ခင်ဗျားနားလည်တာ ကောင်းပါတယ်"

ရွှီရှင့်လုံ ဝမ်းသာသွားသည်။ ဒီလူအုပ်စုက အထက်ပိုင်းကနေ တကယ် ဆင်းလာတာဆိုရင်တော့ သူတို့ပေါင်တွေကို တင်းတင်းကြပ်ကြပ် ဖက်ထားရမည်။

"အရေးကြီး ဧည့်သည်တို့ နှစ်ယောက်... ဒီလိုပါ မြို့ထောင်ချီ မဟာမိတ်အဖွဲ့ရဲ့ အရေးကြီးတဲ့ နေရာအားလုံးမှာ သူတော်စင် တစ်ပိုင်းတွေရဲ့ တိုက်ခိုက်မှုတွေကို တားဆီးနိုင်တဲ့ အကာအကွယ် အခင်းအကျင်း ပုံစံကြီး ရှိတယ်... အခင်းအကျင်းကို အသက်သွင်းလိုက်တာနဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ကျင့်ကြံသူတောင် မခံနိုင်ဘူး.. အဲဒါကြောင့် ဧည့်သည်တို့ လိုက်မသွားတာ ပိုကောင်းလိမ့်မယ်!"

ရွှီရှင့်လုံက စိတ်ရှည်ရှည်နဲ့ ရှင်းပြလေသည်။

"ဒါဆို လောလောဆယ် မသွားနဲ့ဦး"

လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။ ဤကြီးမားသော အကာအကွယ် အခင်းအကျင်း ပုံစံသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူတွေကိုတောင် ဖမ်းဆီးနိုင်တဲ့ ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းနဲ့ သိပ်မကွာနိုင်တာမို့ သူကိုယ်တိုင်လည်း ပြိုင်ဘက်မဟုတ်ချေ။

လုရွှမ်သည် ထိုအချိန်က အခင်းအကျင်းကို အချိန်ကာလ တစ်ခုပေး၍ ဟာကွက်များ ရှာဖွေနိုင်ပြီးမှသာ ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ဤနယ်ပယ်တွင် သူ၏စွမ်းရည်ကို ထုတ်ဖော်ပြသလိုခြင်း မရှိပေ။

အခင်းအကျင်းမှာ တိုက်ခိုက်ရေး အခြေအနေနှင့် မတူဘဲ အနည်းငယ် ပြန်လည် ပြင်ဆင်ရယူရန် လိုအပ်သည်။ ယခင်ဘဝက အရူးဧကရာဇ်ရဲ့ မှတ်ဉာဏ်ကြောင့် အခင်းအကျင်း ဖွဲ့စည်းခြင်းဆိုင်ရာကို နားလည်နေသေးသည်။

သို့သော် နယ်ပယ်က ကန့်သတ်ထားသဖြင့် အဆင့်မြင့်သော အခင်းအကျင်း ဖွဲ့စည်းမှုကို မတည်ဆောက်နိုင်သေးချေ။

ယင်းယန်ကျောင်းတော်ရဲ့ ကာကွယ်ရေး အခင်းအကျင်းကို ပြည့်စုံအောင် ပြုပြင်ပြီးမှသာ ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အရိပ်လူသတ်ခန်းမရဲ့ အခင်းအကျင်းကြီးက နဂိုအတိုင်းဖြစ်ပြီး ထိန်းချုပ်ပိုင်ခွင့်ကို ပြောင်းလဲ​ပေးရန် လိုအပ်​သေးသည်။ အဲဒီအခင်းအကျင်းက လုရွှမ်အတွက် ပိုမိုလွယ်ကူလေသည်။

"ညဉ့်သန်းခေါင်​ကြီးမှာ ဧည့်သည်တို့ နှစ်ယောက်ကို ထိတ်လန့် သွား​စေမိတယ်... ဒါကြောင့် ကျုပ် ရွီရှင့်လုံက ညလယ်စာ စားပွဲကို ပြင်​ပေးပါရစေ"

ရွှီရှင့်လုံ နှစ်ကြိမ်ခန့် ရယ်လိုက်ပြီး သူ့အသံကို တမင်တကာ ချဲ့လိုက်သည်။

ရွှီရှင့်လုံရဲ့ အဓိပ္ပာယ်ကတော့ ရိုးရှင်းပါသည်။ သူသည် နေရာတိုင်းတွင် မရေမတွက်နိုင်သော ကျင့်​ကြံသူများကို ကြည့်ရှု​နေခဲ့သူ ဖြစ်သည်။ သူသည် လုရွှမ်နှင့် အခြားသူများကို မျက်နှာသာပေး၍ ဆက်ဆံချင်ရုံသာ ဖြစ်သည်။ အနည်းဆုံးတော့ သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို အလွန်ကောင်းမွန်သော မိတ်ဆွေအဖြစ် ပြောင်းလဲလိုခြင်း ဖြစ်သည်။

ဒီလိုပေါင်ကို ပွေ့ဖက်ထားရမယ် မဟုတ်လား။

လုရွှမ် အစကတော့ မသွားချင်ပေ။ ကျင့်ကြံမှုက ဒီအဆင့်ကို ရောက်တဲ့အခါ အစားအသောက်က တကယ်ကို ဆွဲဆောင်မှု မရှိ​တော့ပေမယ့် ဖက်တီးကတော့ တကယ်ကို စိတ်လှုပ်ရှားနေပုံရ၏။

"ကောင်းတယ် ကောင်းတယ်... ဘာအရသာတာတွေ ရှိလဲ? မြန်မြန်လေး ပြင်ဆင်လိုက်စမ်းပါ... ဟေးဟေး ဖက်တီးတို့ ပြောရင် နည်းနည်းတောင် ဗိုက်ဆာလာပြီ!"

ဖက်တီး ကိုယ်တိုင်ကလည်း ဒီအချက်ကို ယုံကြည်ထားသည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ရောက်တဲ့အခါ အသက်ကို ထောက်ပံ့ဖို့ အစာ မလိုအပ်တော့ပါ။

ကမ္ဘာကြီးရဲ့ အဆုံးမဲ့ ဝိညာဉ်စွမ်းအင်တွေဟာ အသွင်ပြောင်းခြင်း နယ်ပယ်မှာ ရှိတဲ့ ကျင့်ကြံသူရဲ့ ယွမ်ချီကို သဘာဝအတိုင်း ထိန်းသိမ်းထားနိုင်သည်။ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေ ပင်ပန်းနွမ်းနယ် နေရင်တောင် ဗိုက်ဆာဖို့ လုံးဝ မဖြစ်နိုင်ဘူး။

"ဟာဟား... စိတ်မပူပါနဲ့ ကျုပ်တို့ရဲ့ မှော်တစ်ထောင်စံအိမ်ရဲ့ ဝိညာဉ်အစာက မြို့ထောင်ချီမဟာမိတ်မှာ တော်တော်လေး နာမည်ကြီးတယ်"

ရွှီရှင့်လုံက ရယ်လျက် ဆိုလေသည်။

ဝိညာဥ်အစာ?

လုရွှမ် နှလုံးတစ်ချက် ခုန်သွားသည်။ အဲ့ဒီလိုအစားအစာမျိုးက ဝိညာ​ဥ်သားရဲရဲ့ အသားနဲ့ ဝိညာဥ်မြက်ကဲ့သို့ အထူး အစားအစာများဖြင့် ပြုလုပ်ထား​ခြင်း ဖြစ်သည်။ အရသာအလွန် ထူးခြားရုံသာမက လေ့ကျင့်သူ၏ ကျင့်ကြံမှုကိုလည်း တိုးမြင့်စေနိုင်သည်။

"ခင်ဗျားဆီမှာ ဝိညာဉ်အစာ ရနိုင်သေးတယ်ပေါ့!"

ဖက်တီးရဲ့ တံတွေးတွေဟာ ချက်ချင်းပင် ဖိတ်စင်လုမတတ် ဖြစ်သွားတော့သည်။

"အစ်ကိုကောင်းလေး.... မြန်မြန်သွား... ကျုပ်ကို မြန်မြန် ခေါ်သွားပေးစမ်းပါ!"

ဖက်တီးက သူ့ကို အစ်ကိုကောင်းလို့ ခေါ်တာကို ကြားတော့ ရွှီရှင့်လုံကလည်း ချက်ချင်းပဲ တုံ့ပြန်လိုက်သည်။

"ကျုပ်နဲ့ လိုက်ခဲ့လိုက်တော့!"

မှော်တစ်ထောင်စံအိမ်၏ အနက်ရှိုင်းဆုံး တစ်​နေရာတွင် အိမ်နှင့်ပိုတူသည့် ကြီးမားသော ဝင်းကြီးတစ်ခု ရှိသည်။ ရွှီရှင့်လုံက လုရွှမ်နဲ့ ဖက်တီးကို ထိုနေရာ၌ စားပွဲဖြင့် တည်ခင်းဧည့်ခံလေသည်။

ခမ်းနားထည်ဝါသော နန်း​ဆောင်တစ်ခုတွင် ရေကန်ကို မျက်နှာမူကာ စားပွဲတစ်လုံးကို ခင်းကျင်းထားသည်။ ကြာပန်း ကြာရွက်များသည် စိမ်းလန်းလျက် ပန်းရနံ့ကလည်း သင်းပျံ့လျက် ရှိသည်။

အစားအသောက်နှင့် သေရည်ကို မတည်ခင်းမီ အတွင်းပိုင်းရှုခင်းကို ယောင်ဝါးဝါး မြင်နေရသော အင်္ကျီပါးပါး ဝတ်ထားသော အ​စေခံတချို့သည် လက်ဖက်ရည်ကို ဦးစွာ လာချ​ပေးကြသည်။

လက်ဖက်ရည်ကို ခွက်ထဲသို့ လောင်းချပြီးနောက် လေပူတစ်ချက်သည် လေထဲသို့ ​မြင့်တက်လာ၏။ ခွက်မျက်နှာပြင်ပေါ်၌ စိမ့်ထွက်ကာ မပျံ့လွင့်သွားဘဲ ပိုထူးဆန်းသည်မှာ ဤလေပူများသည် တစ်ခုနှင့်တစ်ခု ရောယှက်ကာ ရောယှက်ကာ နောက်ဆုံးတွင် အရွက်ပုံစံ အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

အငွေ့များ ပို၍ စုပုံလာသည်နှင့်အမျှ အငွေ့ကြောင့် ဖြစ်ပေါ်လာသော အရွက်များ၏ အရောင်သည်လည်း ပြောင်းလဲသွားကာ အဆုံးတွင် မျက်စိအေးစေသော စိမ်းလန်းစိုပြေသည့် အရွက်များ ဖြစ်သွားသည်။

"ဟား ဟား... ဧည့်သည်တို့ သုံးယောက် လက်ဖက်ရည် သုံးဆောင်လို့ ရပါပြီ!"

ရွှီရှင့်လုံ ရယ်မောလိုက်ပြီး ခေါင်းငုံ့ကာ မြူစိမ်းမြရွက်ပုံကို နှာခေါင်းထဲ ပြင်းပြင်းထန်ထန် ရှူသွင်းလိုက်ရာ အရွက်တစ်ခုလုံးသည် စိမ်းမြမြ အခိုးအငွေ့ အဖြစ်သို့ ပြောင်းလဲကာ စုပ်ယူခံလိုက်ရသည်။

ထို့နောက် သူသည် လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ကျိုက်တည်း ပျော်ရွှင်မှု အပြည့်ဖြင့် သောက်​ပြလိုက်သည်။

"ဝိညာဥ်နှင်းမြူလက်ဖက်ရည်... ဒါကို မြို့ထောင်ချီမဟာမိတ်မှာ သောက်နိုင်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး"

လုရွှမ်သည် ဖက်တီးတစ်ယောက် ရွှီရှင့်လုံကို စိတ်အားထက်သန်စွာ အတုယူ၍ ဝိညာဥ်နှင်းမြူလက်ဖက်ရည် တစ်ခွက်ကို သောက်လိုက်တာကို ကြည့်ပြီး သူလည်း ခေါင်းငုံ့ကာ ရှူရှိုက်လိုက်သည်။

နှင်း​မြူအရွက်များသည် စိမ်းလန်းသော ချည်မျှင်အဖြစ်သို့ ပြောင်းသွားကာ နှာခေါင်းပေါက်ထဲသို့ ဝင်ရောက်ပြီးနောက် အဆုတ်ထဲသို့ ရှူသွင်းလိုက်ရာ အခိုးအငွေ့များ သွားလေရာ လမ်းကြောင်း၌ အေးမြ လန်းဆန်းသွားကာ တစ်ကိုယ်လုံးရှိ ချွေးပေါက်များကို ပွင့်သွားစေ​လေသည်။

လက်ဖက်ရည် သောက်ပြီးနောက် စိမ်းလန်းသော မြူခိုးငွေ့များနှင့် ရောနှောထားသော လေပူသည် ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ အေးမြ ပျံ့နှံ့သွားခဲ့သည်။ အေးမြသော လေသည် ပင်ပန်းနွမ်းနယ်မှုနှင့် ခန္ဓာကိုယ်အတွင်း ဆုံးရှုံးသွားသည့် ခံစားချက်များစွာကို ဖယ်ရှားသွားသလို အပန်းပြေသွားစေ၏။

All Chapters