← Chapters

ခူးရုန်မြက်

Vol. 33 Ch. 4.10

ခူးရုန်မြက်

Vol. 33 Ch. 4.10

သာမာန်လူများ သောက်သုံးပါက ၎င်းတို့၏ဆံပင်ကို ဆေးကြောပြီးသား ဖြစ်သွားကာ ခွန်အားကိုလည်း တိုးလာစေနိုင်သလို ကျင့်ကြံသူများ သောက်ပါက ခန္ဓာကိုယ်ထဲက ခွန်အားတွေကို ပိုမိုကြံ့ခိုင်လာစေနိုင်သည်။ ဝိညာဥ်နှင်းမြူလက်ဖက်ရည်သည် ဂိုဏ်းဆရာနယ်ပယ်များအထိ ရတနာတစ်ခု ဖြစ်သည်။

သို့သော် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်မှာ ကျင့်​ကြံသူတွေ အတွက်ကတော့ အရသာရှိတဲ့ လက်ဖက်ရည် တစ်ခွက်သာသာပဲ ရှိ၏။

သေမျိုး ခန္ဓာကိုယ်မှ အသွင်ပြောင်းသွားပြီ ဖြစ်တာကြောင့် ဝိညာဥ်နှင်းမြူ လက်ဖက်ရည် တစ်ခွက် သောက်ခဲ့သော်လည်း ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ လုံးဝ မတိုးတက်လာခဲ့ပေ။ အများဆုံး လန်းဆန်းလာပြီး အလွန်သက်တောင့် သက်သာ ရှိစေရုံလောက်ပင်။

"ကောင်းတယ်... တကယ့်ကို လက်ဖက်ရည်ကောင်းပဲ ဒီလက်ဖက်ရည် တစ်ခွက် သောက်လိုက်တာက ဖက်တီးတို့ရဲ့ စားချင်စိတ်ကို နည်းနည်း တိုးလာတယ်လို့တောင် ခံစားရတယ်!"

ဖက်တီးက ကျယ်လောင်စွာ အော်ရယ်လိုက်လေသည်။

တိမ်ပင်လယ် နယ်မြေသည် အလွန်ကျယ်ပြောလှသည်။ ဤဝိညာဥ်နှင်းမြူ လက်ဖက်ရည်မျိုးကို သေးငယ်သော နေရာတွင်သာ ထုတ်လုပ်​ကြပြီး လက်ဖက်နှပ်ပုံ နည်းလမ်းများမှာ အလွန်ရှုပ်ထွေး၏။

ဂိုဏ်းဆရာနယ်ပယ် အောက်ရှိ နယ်ပယ်များကို တိုးတက်စေရုံမျှသာ ဖြစ်ကာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်အတွက်က အကျိုးသက်ရောက်မှုမှာ သာမာန်သာ ဖြစ်သည်။

အရူးဧကရာဇ်တစ်ယောက် အနေဖြင့် လုရွှမ်သည် သူ၏ယခင်ဘဝတွင် မရေမတွက်နိုင်သောနှစ်များစွာကို ဖြတ်သန်းခဲ့ဖူးသည်။ အချိန်အတော်ကြာအောင် ဤလက်ဖက်ရည်၏ အမည်နှင့် အကျိုးသက်ရောက်မှုကို သိခဲ့သည်။

"ညီလေးထျန် ခဏစောင့်ပါ... မကြာခင် အဆင်သင့် ဖြစ်တော့မှာပါ!"

ရွှီရှင့်လုံက ပြုံးပြီး ပြောလိုက်သည်။ စကားစမြည်ပြောရင်း သူတို့နှစ်ယောက်ရဲ့ နာမည်တွေကို သူသိနေပြီ ဖြစ်သည်။

စကားပြောနေစဉ်တွင် အစေခံများက ပန်းကန်လုံးများဖြင့် ဟင်းလျာများကို စတင် ကျွေးမွေးလာခဲ့သည်။ ပထမဆုံး ရောက်လာသော အအေးပန်းကန် ငါးလုံးမှာ စန်းရှန်ပန်းများနှင့် သစ်သီးများ၊ အေး​မြသော အမဲသားဟင်း၊ နဂါးငါးအသားပြားများနှင့် မီးလောင်ပိုးစာပင် စသော တခြား ဟင်းလျာများ ဖြစ်သည်။

အမဲသားဟင်းသည် ဒြပ်စင်ငါးခုထဲမှ ရွှေဓာတ်ဖြစ်သည်။ စန်းရှန်ပန်းမှာ ထူးခြားသော အပင်တစ်မျိုးဖြစ်ပြီး ၎င်း၏သက်တမ်းတွင် ဗီဇပြောင်းလဲမှု သုံး​ကြိမ်ရှိသည်။ နောက်ဆုံး ပန်းပွင့်ကြိမ်ရောက်မှ ၎င်းကို စန်းရှန်ပန်ဟု ခေါ်ဆိုနိုင်၍ မြေဓာတ် ပါဝင်လေသည်။

နဂါးငါး၏ အနှစ်သာရသည် အရေပြားပေါ်တွင် ရှိနေ၏။ ပြင်ဆင် ချက်ပြုတ်ပြီးနောက် ငါးအရေခွံတွင် ပါရှိသော ရေဓာတ် ဂုဏ်သတ္တိကို စားသုံးသူများက အလွယ်တကူပဲ စုပ်ယူနိုင်ကြသည်။

မီးလောင်ပိုးစာပင်၏ ပိုးစာမှာ မီးဓာတ်ဒြပ်စင်ရှိ၍ မြေကြီး၏ အပြင်းထန်ဆုံး ဝိညာဥ်ချီပါရှိသော အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။

အအေးဟင်း ငါးမျိုးသည် သတ္တု၊ သစ်သား၊ ရေ၊ မီး နှင့် မြေဓာတ် စသည့် ဒြပ်စင်ငါးမျိုး၏ ဝိညာဉ်စွမ်းအင်ကို အမှန်တကယ် စုဆောင်းထားလို့ ရွှီရှင့်လုံဟာ ဒီအစားအစာမှာ သူ့စိတ်နှလုံးကို အမှန်တကယ် ထည့်သွင်းထားပုံရသည်။

မုယန်ဖုန်းသာ ဒီအစားအစာမျိုးကို နေ့တိုင်း စားလိုက်ရင် သူ့ရဲ့ ကောင်းကင်ဒြပ်စင်ပါးပါးကျင့်စဥ်က အရှိန်အဟုန်နဲ့ များစွာတိုးတက် ကောင်းမွန်လာမည် ဖြစ်သည်။

သို့သော် လုရွှမ် ဒါကိုလွယ်လွယ်နဲ့ မဖြစ်နိုင်မှန်း သိ​လေသည်။ ဝိညာဥ်အစားအစာ၊ ဝိညာဥ်သားရဲများ၊ တောရိုင်းသားရဲများ၊ ဝိညာဥ်အပင်များ စသည်တို့ကို မစားမီ အထူးသန့်စင်ရန် လိုအပ်သည်။

ဤနည်းလမ်းများသည် ဟင်းလျာကို အလွန်အရသာရှိပြီး ထူးခြားသော အနံ့ကို ရရှိ​စေရုံသာမက စားသုံးသူအတွက် ဝိညာဉ်စွမ်းအင် များစွာကို စုပ်ယူနိုင်စေသည်။ ၎င်းကို ကိုင်တွယ်နိုင်ရန် ကျွမ်းကျင်သော အရည်အချင်းများ လိုအပ်ပေ၏။

"အရသာရှိလိုက်တာ! အရသာရှိလိုက်တာ!"

ဖက်တီးတစ်ယောက် အလွန်အမင်း ပျော်ရွှင်စွာနဲ့ စားသောက်နေလေသည်။ ဝိညာဉ်အစားအစာများသည် စားချင်စဖွယ် ကောင်းရုံသာမက အရသာတစ်မျိုးလည်း ရှိသည်လေ။

ဥပမာအားဖြင့် နဂါးငါး အသားပြားဟာ တစ်ကိုက် ကိုက်လိုက်ရင်ဖြင့် ပါးစပ်ထဲမှာ အရည်ကြည်ဖုတွေ ပေါက်သွားသလိုပင်။ အရည်ကြည်ဖုတွေထဲ ပါ၀င်တဲ့ အရသာက အရသာခံ ဖု​လေးတွေပေါ်မှာ ချက်ချင်း ပေါက်ကွဲသွားတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်သေးသည်။

ဤသည်မှာ ရေ၏ဂုဏ်သတ္တိများ ပါရှိသော ရေပူးပေါင်းများ ပေါက်ကွဲ ထွက်လာသော ခံစားမှုမျိုး ဖြစ်သည်။ သာမန် အစားအစာများသည် အခုလို အကျိုးသက်ရောက်မှုမျိုးကို လုံးဝ မထုတ်လုပ်နိုင်ချေ။

ဤအဆင့်တွင် လုရွှမ်၏ ကျင့်​ကြံမှုသည် အထူးနည်းလမ်းများဖြင့် ဖွဲ့စည်းထားသော ဝိညာဉ်စွမ်းအင် သက်ရောက်မှုများကို လုံးလုံးလျားလျား ချိုးနှိမ်နိုင်နေပြီ။

သို့သော် အစာစားရုံမျှဖြင့် ဖိအားများကို ခံစားနေဖို့ မလိုအပ်ပေ။ ထို့ပြင် ဝိညာဥ်အစာများကို စားသောအခါတွင် ဤထူးခြားသော အာရုံခံစားမှုများကို ခံစားရတယ် မဟုတ်ပါလား။

လျှို့ဝှက် ဟင်းလျာများကို အဆက်မပြတ် ကျွေးမွေးခဲ့ပြီးနောက် ပန်းပွင့်တစ်ရာ ဟုခေါ်သော ​သေရည်​ကောင်း တစ်မျိုးကိုလည်း သယ်ဆောင်လာခဲ့သည်။ ဤ​​သေရည်မျိုးသည် ရာနှင့်ချီသော ဝိညာဉ်ပန်းပွင့်များဖြင့် ဖောက်ထားသော သေရည်ဖြစ်၏။

နှစ်ချီလာတိုင်း ဝိညာဥ်ချီ ကြွယ်ဝသော သေရည် တစ်မျိုးအဖြစ်သို့ ပြောင်းလဲသွားသည်။ ဝိညာဉ်ချီသည် ခန္ဓာကိုယ်တွင် စုဝေးလာတဲ့အခါ အပြင်ကို မပျံ့လွင့်သွားဘဲ သောက်သူမှ ဖြည်းညှင်းစွာ စုပ်ယူနိုင်သည်။

ထမင်းတစ်နပ်အတွက် ဟင်းပွဲနှစ်ဆယ် သို့မဟုတ် သုံးဆယ်ကို ကျွေးပြီးနောက်မှ ဖက်တီးတစ်ယောက် ဗိုက်ပြည့်သွား၏။ အရက်မူးပြီး ရွှီရှင့်လုံ ပေါင်ကို ပြေးဖက်လိုက်ပုံမှာ နှစ်ယောက်သား သေရေးရှင်ရေး ကိစ္စများကို အတူဖြတ်ကျော်လာခဲ့တဲ့ ညီအစ်ကိုတွေလိုပင်။

ဖက်တီးမှာ အစားအသောက်ကို မက်မောကာ အရက်ရဲ့ အကျိုးသက်ရောက်မှုကို ဖယ်ရှားရန် ဝိညာဉ်စွမ်းအားကို မသုံးခဲ့ပေ။ လုရွှမ်နဲ့ ဖက်တီးရဲ့ အစောင်ကတော့ သောက်ပြီးနောက် ချက်ချင်း ချေဖျက်ပစ်လိုက်သည်။

မနက်မိုးလင်း ခါနီးအထိ စား​သောက်ပြီးနောက် ဖက်တီးရဲ့ အစောင့်က ဖက်တီးကို သူ့နောက်ကျောပေါ်တင်ကာ လုရွှမ်နောက်မှ လိုက်သွားခဲ့သည်။

နောက်နေ့မနက် စောစောမှာ တျယ်လုံတစ်ယောက် တံခါးဝဆီကို ရောက်လာသည်။

"ညီလေးလုရွှမ် မင်း ငါတို့ရဲ့ ဌာနချုပ်မှာ နေဖို့ မဘာလို့ မရွေးချယ်ရတာလဲ? စိတ်မပူနဲ့ ငါတို့ ဌာနချုပ်မှာ ကာကွယ်ရေး အခင်းအကျင်းရှိလို့ ရှီးမန်ဝေ့ ဘယ်တော့မှ တံခါးခေါက်ရဲမှာ မဟုတ်ဘူး!"

တျယ်လုံက အလွန်အမင်း သေချာနေသည့်နှယ် ဆိုလေ၏။

မြို့ထောင်ချီမဟာမိတ်ရှိ အဓိကဌာနချုပ်များ အားလုံးသည် ၎င်းတို့၏ ဌာနချုပ်တွင် အကာအကွယ် အခင်းအကျင်း ပုံစံများကို ထူထောင်ထားပြီး လုပ်ဆောင်ချက်များမှာလည်း အခြေခံအားဖြင့် အတူတူပင် ဖြစ်သည်။

ပိုမိုအားကောင်းသော အကာအကွယ် ဖွဲ့စည်းမှုကို လိုချင်လျှင်ပင် မဖြစ်နိုင်ပေ။ မြို့ထောင်ချီမဟာမိတ်က တော်ဝင်အင်ပါယာများ၏ ဌာနချုပ်များကို ဟန်ချက်ညီစေရန် အထက်အာဏာပိုင်များက တူညီစွာ ပုံဖော်ထား​ခြင်း ဖြစ်သည်။

"မလိုအပ်ပါဘူး... မှော်တစ်ထောင်စံအိမ်မှာလည်း အကာအကွယ် အခင်းအကျင်းရှိတော့ ဘာပြဿနာမှ မရှိလောက်ဘူး!"

လုရွှမ်က ချက်ချင်း ငြင်းဆိုလိုက်သည်။

သူက ဘာလို့ တခြားသူတွေရဲ့ အကာအကွယ်အောက်ကို အမြဲတမ်း ခုန်ဝင်နေရမှာလဲ?

"အဲဒါက... ငါ အဲဒီရွှီရှင့်လုံက စိတ်မချရမှာ ကြောက်တာ... အဲဒီလူက မင်းကို တန်ပြန်တိုက်ခိုက်ဖို့ အခင်းအကျင်းကို အသက်သွင်းလိုက်ရင် မင်းဒုက္ခရောက်မှာကို ကြောက်ရတယ်!"

တျယ်လုံက စိုးရိမ်စွာ ပြော​လေသည်။

လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ရွှီရှင့်လုံ အဲဒီလိုမျိုး မလုပ်တာက ပိုကောင်းလိမ့်မယ်လို့ တွေးမိသည်။ တကယ်လို့ လုပ်ခဲ့မယ် ဆိုရင်တော့ သူဘယ်လို သေရမလဲဆိုတာကို ကြိုစဥ်းစားထားရလိမ့်မည်။

"အဆင်ပြေပါတယ်!"

လုရွှမ် ပြုံးလိုက်မိသည်။ မော့ကောင်းရွှမ်းဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံတဲ့ ကာလမှာ ရှိနေတာကြောင့် ရွှီရှင့်လုံ၊ ရှီးမန်ဝေ့ စတဲ့လူတွေကို အလွယ်တကူပဲ တိုက်ခိုက်နိုင်သည်။

"စကားမစပ် ညီလေးခု... ဂူတစ်သောင်းဂူက မကြာခင် ဖွင့်တော့မှာ... မင်းကံကောင်းရင် အဲဒီအထဲမှာ ခူးရုန်မြက်ပင်တွေကို ရှာတွေ့နိုင်တယ်နော်... အဲဒါက မင်းရဲ့ ဝိညာဉ်ချီကို တိုးမြှင့်ပေးနိုင်တယ် ဘယ်လိုလဲ စမ်းကြည့်ဖို့ အတူတူ သွားချင်လား?"

လုရွှမ်က သံကြေးစားအဖွဲ့ရဲ့ ဌာနချုပ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိတာကို တွေ့တော့ သူက ချက်ချင်းအကြောင်းအရာ ပြောင်းကာ မေးလိုက်သည်။

"ခူးရုန်မြက်? ဂူတစ်သောင်းဂူမှာ ထွက်ပေါ်တဲ့ ခူးရုန်မြက်"

ထိုစကားကို ကြားပြီးနောက် လုရွှမ် ချက်ချင်းပင် စိတ်ဝင်စားလာသည်။

အလွန်ထူးခြားသော ဝိညာဉ်မြက်မျိုး ဖြစ်သော ခူးရုန်မြက်သည် သန်မာသော သေခြင်းစွမ်းအင်များ ရှိသော နေရာများတွင် ပေါက်ရောက်တတ်သည်။ ပြင်းထန်သော ဒေါသလှိုင်းများ ရိုက်ခတ်နေရာ နေရာသည် ခူးရုန်မြက်ပင်ကြီးထွားရန် ကောင်းမွန်သော နေရာဖြစ်သည်။

အကိုင်းအခက်များနဲ့ အရွက်များဟာ သေခြင်းစွမ်းအင်ဖြင့် တိုက်ခိုက်နေချိန်တွင် ထိုစွမ်းအင်ကို စုပ်ယူ၍ အမြစ်စွဲနေတတ်၏။ ဤမြက်ပင်မျိုးသည် လေ့ကျင့်သူ၏ စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန် ထူးခြားသော အထောက်အပံ့ပဲ ဖြစ်လေသည်။

၎င်းတွင် စိတ်ဝိညာဉ်၏ စွမ်းအားများ ပါ၀င်ပြီး ကျင့်​​ကြံသူ၏ ဝိညာဉ်စွမ်းအားကို အတိုင်းအတာ တစ်ခုအထိတိုးမြင့်စေနိုင်သည်။ ဤဝိညာဉ်မြက်မျိုးမှာ အလွန်ရှားပါးပါ၏။

"ဟုတ်တယ်... ဂူတစ်သောင်းဂူကို နှစ်ငါးဆယ်တိုင်း ဖွင့်တယ်....အကြိမ်တိုင်း ဝင်တဲ့သူကလည်း မနည်းဘူး... ဒါပေမဲ့ အထဲမှာ သေခြင်း အငွေ့အသက်တွေက အရမ်းများတယ်... ဝင်ဖို့အတွက် အစွမ်းထက် ရှင်သန်​ခြင်းဆေးကို ပြင်ဆင်ထားဖို့ လိုတယ်... ရှင်သန်ခြင်းဆေးကို အဂ္ဂိရတ်ပညာရှင်အဖွဲ့မှာ ဝယ်လို့ရတယ် စျေးနှုန်းကတော့ အရမ်းဈေးမြင့်တယ် ဘာပဲဖြစ်ဖြစ် ခူးရုန်မြက်ကိုသာ ရှာတွေ့နိုင်ရင် အကုန်တန်ပါတယ်"

တျယ်လုံက ပြုံးပြီး ပြောလေသည်။

"သုံးရက်ကြာရင် ဂူတစ်သောင်းဂူ ပွင့်တော့မယ်... အတူတူ သွားကြည့်ရအောင်!"

တျယ်လုံက ဖိတ်ခေါ်ချက်ကို စတင်လိုက်၏။

"ကောင်းပြီ... ရှင်သန်ခြင်းဆေးရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ?"

လုရွှမ် စိတ်ဝင်တစားနဲ့ ​ပြန်မေးလိုက်သည်။

"ဂူတစ်သောင်းဂူမှာ ခြောက်နာရီကြာအောင် အာနိသင်ကို ထိန်းထားနိုင်တဲ့ အစွမ်းထက်ဆေးလုံးက တစ်လုံးကို ဝိညာဥ်ကျောက်တုံး ၁၀၀၀... အဲဒီဆေး မရှိရင် လေ့ကျင့်သူရဲ့ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေကို သေခြင်း အငွေ့အသက်တွေက တိုက်ခိုက် ဖျက်ဆီးပြီး အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်ပေးနိုင်တယ်... အသက်ကိုလည်း တိုစေတယ်"

တျယ်လုံက လေးနက်စွာ ရှင်းပြလေသည်။

"ဒါကြောင့် ဂူတစ်သောင်းဂူထဲကို မဝင်ခင် တတ်နိုင်သမျှ ရှင်သန်ခြင်းဆေးကို များများ ပြင်ဆင်ထားတာ အကောင်းဆုံးပဲ!"

နောက်ဆုံးတွင် တျယ်လုံက သူ့ကို အထူးသတိပေးလာခဲ့သည်။

All Chapters