← Chapters

ထွက်ခွာခြင်း

Vol. 33 Ch. 4.12

ထွက်ခွာခြင်း

Vol. 33 Ch. 4.12

ဆေးဖက်ဝင်ပစ္စည်းများ အများအပြားကို အဂ္ဂိရတ်မီးဖိုထဲသို့ ပစ်ချလိုက်ပြီး မကြာမီတွင် ခြံဝင်းအတွင်း ထူးဆန်းသော ဆေးအနံ့တစ်ခု ပျံ့နှံ့သွားသော်လည်း ခြံဝင်းသည် အကာအကွယ် ပုံစံရှိလို့ ထိုအနံ့များသည် အပြင်ဘက်သို့ ပျံ့နှံ့သွားခြင်း မရှိခဲ့ပေ။

စိတ်စွမ်းအား အတိုင်းအတာ ၁၆ ရှိတဲ့ လုရွှမ်ဟာ အဂ္ဂိရတ်မီးဖိုထဲက ဆေးဖက်ဝင် ပစ္စည်းတွေကို လွယ်ကူစွာ ထိန်းချုပ်နိုင်လေသည်။ ရှင်သန်ခြင်းဆေး ကဲ့သို့သော အဂ္ဂိရတ်ဆေးမှာ အဆင့်၆လေးသာ ဖြစ်သည်။

ယခုမှာ အဂ္ဂိရတ်ပညာရှင် အဖွဲ့က လက်ဝါးကြီး အုပ်ထားတာကြောင့် မြို့ထောင်ချီမဟာမိတ်မှာ အလွန်တန်ဖိုး ရှိနေတာ ဖြစ်၏။

ဆေးဖက်ဝင်ပစ္စည်းများ ပထမအသုတ်ကို ဆေးရည်အဖြစ် သန့်စင်ပြီးနောက် ဒုတိယအသုတ်ကို လုရွှမ် ထပ်မံ ပစ်ထည့်လိုက်သည်။ မကြာမီတွင် ဆေးဖက်ဝင် ပစ္စည်းများ၏ မွှေးရနံ့သည် ပိုမို ပြင်းထန်လာသည်။

စုစုပေါင်း ဆေးပစ္စည်း လေးသုတ် ပစ်ထည့်ပြီးနောက် အဂ္ဂိရတ်မီးဖို တစ်ခုလုံး အနည်းငယ် တုန်ခါသွားကာ အဖြူရောင်ဆေးများ ပေါက်ကွဲထွက်လာသည်။

လုရွှမ် သူ့လက်များကို ဆန့်တန်းကာ အဂ္ဂိရတ်မီးဖိုကို ပွတ်သပ်လိုက်သည်။ သန့်စင်သော ဝိညာဉ်စွမ်းအားများ စမ်း​ရေကဲ့သို့ အဂ္ဂိရတ်မီးဖိုထဲသို့ ဖြတ်သွား စီးဆင်းသွားကာ သန့်စင်ထားသော ဆေးလုံးတွေထဲ အဆက်မပြတ် ဝင်ရောက်ရောယှက်သွားသည်။

၁၈ ကြိမ် ဆက်တိုက် ​ပြုလုပ်ပြီးနောက် အဂ္ဂိရတ်မီးဖိုသည် မရွေ့လျားတော့သလို လုရွှမ်သည်လည်း မလှုပ်ရှားဘဲ ဘေးတွင်ရပ်နေ၏။

"ကောင်းပြီ ဆေးတွေ သိမ်းလိုက်တော့"

လုရွှမ် တစ်ဖက်က တျယ်လုံကို လှည့်ပြောလိုက်သည်။

"ဒါဆို အဆင်ပြေသွား​ပြီလား?"

တျယ်လုံ မျက်လုံးများက ဝိုင်းစက်နေ၏။

ဒါက တကယ်ကြီးလား? ဘယ်လောက်များ ကြာသွားလို့လဲ?

အဂ္ဂိရတ် သန့်စင်နည်းကို မသိသော်လည်း အခြားသူများ သန့်စင်တာကိုတော့ မြင်ဖူးပါသည်။ ဆေးလုံး တစ်သုတ်အတွက် အချိန်မယူဘဲ ပြီးမြောက်ရန် မဖြစ်နိုင်ပေ။ လုရွှမ် ဆေးပင်ကို ပေါ့ပေါ့ဆဆ ပစ်ထာ့်လိုက်ပြီး ဆေးမီးဖိုကို ပုတ်လိုက်တာနဲ့ ပါဝင်ပစ္စည်း အားလုံး အဆင်သင့် ဖြစ်သွားပြီတဲ့လား။

တျယ်လုံတစ်ယောက် မယုံနိုင်သေးချေ။

"သွားပါ!"

လုရွှမ်လည်း ရှင်းပြမနေချေ။

သူစိတ်ပိုင်း ဖြတ်ထားတာကို မြင်တော့ တျယ်လုံ အဂ္ဂိရတ်မီးဖိုပေါ်သို့ ခုန်တက်ကာ အဖုံးကို ဖွင့်၍ အတွင်းဘက်သို့ ငုံ့ကြည့်လိုက်ရာ လန့်ဖျတ့သွားတော့သည်။ အဂ္ဂိရတ်မီးဖို အတွင်း၌ ထူထပ်စွာ ထုပ်ပိုးထားသလို ပြည့်လျှံနေသော ဆေးလုံးများကို တွေ့လိုက်ရသည်။

ငါးမျှားပိုက်ကွန် တစ်ခုလုပ်၍ စိတ်လှုပ်ရှားစွာ ငါးတွေ ဖမ်းမိလိုက်သလိုပင်။ ဆေးလုံးတစ်သုတ်မှာ ဆေးလုံး ၂၀၀၀ ကျော်ကို သန့်စင်နိုင်ခဲ့သည်။

ဒီမြင်ကွင်းကို မြင်သူတိုင်း အံ့အားသင့်သွားကြ၏။ ဆေးလုံးကို ပဲစေ့ လှော်သလို လှော်သွားတာလား။ အပြန်ပြန် အလှန်လှန် တွက်ကြည့်ရရင် ဆယ်မိနစ်ကျော်ပဲ ကြာတယ်လေ။

ရှင်သန်ခြင်းဆေး၏ လက်ရှိ ပေါက်ဈေးအရ ဤမီးဖို၏ တန်ဖိုးမှာလည်း ဝိညာဉ်ကျောက်တုံး နှစ်သန်းကျော်ရှိမည် ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင် အားလုံး ချမ်းသာကြသည်မှာ အံ့သြစရာ မရှိတော့ပေ။

"ဆက်လုပ်လို့ ရပြီ!"

တျယ်လုံသည် ဆေးမီးဖိုထဲရှိ ဆေးလုံး အားလုံးကို ထုတ်ပြီးနောက် လုရွှမ်သည် မီးဖိုကို မီးပြန်ညှိကာ အဂ္ဂိရတ်သန့်စင်ခြင်းကို အသစ်တစ်ဖန် စတင်ခဲ့သည်။

နောက်ထပ် ဆေးလုံးတွေကို ဒုတိယအကြိမ် ထပ်မံ ထုတ်လိုက်ပြန်သည်။

တတိယအကြိမ်ပြီးနောက် စုစုပေါင်း အလုံး ၁၀၀၀၀ ထုတ်နိုင်ခဲ့ပြီး အချိန် နာရီဝက်ထက်မနည်းသာ ကြာ​လေသည်။

"ငါအရင် သွား​ရောင်းလိုက်မယ်!"

ရှင်သန်ခြင်းဆေး ၁၀၀၀၀ကို အိတ်ကြီးတစ်လုံးထဲ အပြည့်ထည့်လိုက်ပြီး တျယ်လုံ စိတ်လှုပ်ရှားစွာနဲ့ ချက်ချင်း ပြေးထွက်သွားဖို့ ပြင်လေသည်။

"တစ်ယောက်ယောက်က မေးရင် မှတ်မိတယ်မလား? ရှီးမန်ကျွင့်ကိုသတ်တဲ့ အပြင်လူက ပေးတာလို့ ပြောလိုက်!"

လုရွှမ်က ဆက်လက် တိုက်တွန်းသည်။

"စိတ်မပူပါနဲ့"

တျယ်လုံ ကျယ်လောင်စွာ ရယ်မောပြီး ပြေးထွက်သွား၏။ ဒီဆေးလုံး တစ်ထုပ်ကို ရောင်းပြီးတဲ့ နောက်မှာတော့ ဝိညာဥ်ကျောက်တုံး နှစ်သန်းကနေ သုံးသန်းအထိ ရရှိလာခဲ့သည်။

တစ်နေ့လျှင် ဝိညာဉ်ကျောက်တုံး နှစ်သန်းကျော် ရရှိခြင်းဖြင့် ဤစွမ်းရည်ဖြင့် သံကြေးစားအဖွဲ့တွင် သူ့ရာထူးသည် အနာဂတ်တွင် ပိုမိုတည်ငြိမ်လာမည် ဖြစ်သည်။

လုရွှမ်ဟာ သုံးရက်ဆက်တိုက် ဆေးလုံးများကို သန့်စင်ရင်း ဆင်သံချပ်ရွှေကိုယ်ထည်၊ ယွမ်ယန်ကျင့်စဥ်နှင့် အခြားသော လေ့ကျင့်ခန်းများကို ဆက်လက် တောက်လျှောက် ပြုလုပ်​နေခဲ့သည်။ အဆိုပါ လေ့ကျင့်ခန်းများသည် ယခင် စတင်လေ့ကျင့်နေသလို မလွယ်ကူတော့ဘဲ နောက်တစ်ဆင့်ကို တက်ဖို့ ပိုခက်လာပြီ။

ဒီအဆင့်မှာ အဆင့်တစ်ခုကို အဆင့်မြှင့်လိုက်တိုင်း အခွင့်အလမ်းကြီး တစ်ခု ရှိလာလိမ့်မည်။ ဒါကြောင့် အမှားအယွင်းတွေ မရှိအောင် ဖြည်းဖြည်းချင်း နေ့တိုင်း နေ့တိုင်း ကြိုးစားလုပ်ဆောင်ရလိမ့်မည်။

သုံးရက်တာ လျင်မြန်စွာ ကုန်လွန်သွားပြီး စတုတ္ထနေ့ နံနက်စောစောတွင် တျယ်လုံသည် လူခုနစ်ဦး သို့မဟုတ် ရှစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။

"ညီလေးလုရွှမ် သွားဖို့ ပြင်ရအောင်!"

တျယ်လုံ စိတ်လှုပ်ရှားစွာ ပြောရင်း သူက ဝိညာဥ်ကျောက်တုံးကတ် တစ်ကတ်ကို ထုတ်ပေးလာသည်။

"ဒီမှာ ဝိညာဥ်ကျောက်တုံး ၁၂ သန်းရှိတယ်... နံပါတ်ကို စစ်ဆေး​ကြည့်လို့ ရတယ်”

"စစ်ဆေးစရာ မလိုပါဘူး"

လုရွှမ်ကတ်ကို တိတ်တဆိတ် သိမ်းဆည်းလိုက်ပြီး

"ငါတို့ ဂူတစ်သောင်းဂူကို စထွက်လို့ ရပြီလား?"

"ငါလည်း သွားမယ်!"

"ငါ့ကိုထားခဲ့လို့ မရဘူးနော်!"

လုရွှမ် ဂူတစ်သောင်းဂူကို သွားမယ့်အကြောင်း ကြားလိုက်တဲ့အခါ ဟန်ရွှယ်နဲ့ တခြားသူတွေဟာ ချက်ချင်းဆိုသလို ပြေးထွက်လာကြလေသည်။

"မဖြစ်ဘူး... အဲဒီမှာက အရမ်းအန္တရာယ် များတယ်!"

လုရွှမ် ခေါင်းခါလိုက်သည်။

မြို့ထောင်ချီမဟာမိတ်ဟာ ပေရွှီး တော်ဝင်အင်ပါယာနှင့် မတူချေ။ နေရာတိုင်းမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ နဲ့ အထက် ကျင့်ကြံသူတွေ အင်မတန် များပြားလွန်းလှသည်။

တော်ဝင်အင်ပါယာ သုံးထောင်ရှိ တန်ခိုးကြီးသူများ စုစည်းရာနေရာ ဖြစ်သောကြောင့် ချန်စစ်ယန်၊ ဟန်ရွှယ်နှင့် တခြား သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂ တွင်ရှိသော အခြားလေးယောက်တို့သည် ကိုယ့်ကိုကိုယ် သေလမ်းရှာသလို ဖြစ်နေလိမ့်မည်။

ဂူတစ်သောင်းဂူထဲတွင် လူတစ်ဦးက ဂရုမစိုက်မိရင် ဤလူအနည်းငယ် သေကျေပျက်စီးနိုင်သည်။

ထို့အပြင် ရှီးမန်ဝေ့က အခုထိ မသေသေးချေ။ ရှီးမန်ဝေ့ဟာ အရိပ်လူသတ်ခန်းမရဲ့ အကြီးအကဲဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်လို့ ဂူတစ်သောင်းဂူက သူ့အတွက် ရေထဲ ငါးလွှတ်လိုက်သလိုပင် ဖြစ်လိမ့်မည်။

"သခင်!"

"သခင်လေး!"

မုယန်းရွှင် နှင့် မော့ကောင်းရွှမ်း တို့မှလည်း ပြောဆိုလာခဲ့ကြသည်။

"ကောင်းပြီ.... မင်းတို့နဲ့ ဖက်တီးက ဒီမှာနေခဲ့... သူတို့ကို ကာကွယ်ထား... ဂူတစ်သောင်းဂူကို ငါတစ်ယောက်တည်း သွားရင် ရပြီ"

လုရွှမ် လုံးဝ ဆုံးဖြတ်ချက် ချလိုက်သည့်နှယ် အမိန့်ပေးလိုက်သည်။

"အစ်ကိုကြီး! ဒါဆို သတိထားဦး!"

ဖက်တီးကတော့ ဂူတစ်သောင်းဂူကို လျစ်လျူရှုထားဟန် တူသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တွင် သူသည် ရွှီရှင့်လုံ နံဘေးတွင် ရှိနေကာ နေ့တိုင်းနီးပါး အလွန်ပျော်နေ၏။ သူ့တွင် စားစရာ သောက်စရာများရှိပြီး လှပသောအမျိုးသမီးများကလည်း ပြုစု ကျွေးမွေးခဲ့သည်။

ဖက်တီးသည် ရက်ရောစွာဖြင့် ထိုမိန်းကလေးများ သူ့ကို သက်တောင့်သက်သာ ခစားနေသမျှ ကာလပတ်လုံး မှော်တစ်ထောင်စံအိမ်၌ ဂုဏ်သတင်း ခုန်တက်သွားစေသည့် ရာနှင့်ချီသော ဝိညာဉ်ကျောက်များဖြင့် သူတို့ကို ဆုချလေ့ရှိသည်။

သူတို့အတွက် ဒီဖက်တီးနဲ့သာ နီးစပ်နိုင်ပါက မှော်တစ်ထောင်စံအိမ်တွင် နှစ်အတော်ကြာ အလုပ်လုပ်နိုင်ရန် လုံလောက်လေပြီ။

ဖက်တီးနဲ့ မော့ကောင်းရွှမ်းတို့ ဒီနေရာမှာ ရှိနေရင်တော့ တခြားလူတွေရဲ့ လုံခြုံရေးအတွက် ပြဿနာမရှိပေ။

လူတစ်စုသည် လင်းယုန်နီကို စီးပြီး နှစ်နာရီခန့် ပျံသန်းခဲ့ကြရာ ၎င်းတို့ရှေ့ မီတာ ၃၀၀ ကျော် အချင်းရှိသော တွင်းကြီးတစ်ခုအား လှမ်းတွေ့လိုက်ရလေသည်။

တွင်းကြီး၏ မျက်နှာပြင်တွင် အပြာရောင်အလင်းတန်း အလွှာတစ်ခု တုန်ခါသွားကာ ကျင့်ကြံသူများဟာ အပြာရောင် အလင်းရောင်ဖျော့ဖျော့၏ အပြင်ဘက်တွင် သတိရှိစွာ ပုန်းနေကြသည်။

လင်းယုန်နီ သားရဲကို မောင်းနှင်ရင်း လူတစ်စု ဖြည်းညှင်းစွာ ဆင်းသက်လာပြီး အပြာရောင် မီးရောင် အပြင်ဘက်တွင် ရပ်လိုက်သည်။

အပေါ်ကနေ အောက်ကို ငုံ့ကြည့်လိုက်တော့ ဂူတစ်သောင်းဂူရဲ့ တွင်းဝက အတော်လေး ကျယ်တာကို တွေ့ရသည်။ လူတွေက တွင်းကြီးကို ဝန်းရံထားပြီး ထောင်သောင်းချီတဲ့ လူအရေအတွက်က သိပ်မသိသာပေမယ့် ဆင်းပြီးတာနဲ့ လူအုပ်ထဲမှာ မတ်တပ်ရပ်နေတဲ့ လူတွေ ထပ်ရှိနေသေးတာကို တွေ့ရလိမ့်မည်။

"လူငယ် အဖွဲ့ခေါင်းဆောင်!"

တျယ်လုံ လင်းယုန်နီ သားရဲပေါ်မှ ဆင်းလာသည်ကို မြင်တော့ လူတချို့က ချက်ချင်းပင် သူတို့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်ရန် ရောက်လာကြသည်။ ခူးရုန် မြက်ပင်များကို စုဆောင်းရန် ဂူတစ်သောင်းဂူသို့ လာရောက်သူအများစုမှာ မြို့ထောင်ချီမဟာမိတ်မှ ဖြစ်သည်။

မြို့​ထောင်ချီမဟာမိတ်၌ သံကြေးစားအဖွဲ့ ဌာနချုပ်ရှိကာ တျယ်လုံသည် လူငယ်အဖွဲ့၏ ခေါင်းဆောင် သခင်လေးနေရာတွင် ရပ်တည်နေ၏။ မြို့ထောင်ချီမဟာမိတ်မှာတော့ တျယ်လုံကို ရန်စဝံ့သူ သိပ်မရှိနိုင်ပေ။

သူတို့အတွက် တကယ့်ကြီးမားတဲ့ ရိုက်ချက်တွေကို တွေ့ဖို့ ခဲယဉ်းပြီး သူတို့ကို သိဖို့တောင် အခွင့်အလမ်း လုံးဝ မရှိတော့တတ်ကြချေ။ ဆန့်ကျင်ဘက်အနေနဲ့ တျယ်လုံနဲ့ ရှီးမန်ကျွင်းတို့လို ဒုတိယမျိုးဆက် သခင်လေးတွေကိုတော့ ပေါင်းသင်းချင်​ကြသေးသည်။

"လျိုကြီး... ဝမ်ကြီး မင်းတို့ဘယ်လိုလုပ် ဒီကို ရောက်လာ​ကြတာလဲ "

တျယ်လုံနဲ့ ရင်းနှီးတဲ့ နှစ်ယောက်စလုံးက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ မှာ ရှိကြပြီး နှစ်ယောက်စလုံးဟာ မြို့ထောင်ချီမဟာမိတ်မှာ အတော်အသင့် နာမည်ကြီးတဲ့ ကျင့်ကြံသူတွေပဲ ဖြစ်လေသည်။

All Chapters