ထိုက်ကျိရဲ့ရှေ့ပြေးပုံစံ
Vol. 33 Ch. 4.14
မျက်စိတစ်မှိတ် အတွင်းမှာပဲ လုရွှမ်ဟာ မီတာထောင်ချီ ပြေးသွားခဲ့သည်။ ခဏလောက် လမ်းလျှောက်ပြီးတဲ့ နောက်မှာတော့ သူ့ရှေ့မှာ နေရာလွတ်တစ်ခု ပေါ်လာတယ်။ သို့သော် နံရံတွေမှာ ဂူဝင်ပေါက် တစ်ဒါဇင်ကျော် ရှိနေတာ တွေ့ရပြန်၏။
ဂူတစ်သောင်းဂူပင်။ ဂူတစ်ခုသည် တစ်ဒါဇင် သို့မဟုတ် ဒါဇင်နှင့်ချီသော ဂူများကို တစ်ချိန်တည်းတွင် ဖြစ်ပေါ်စေနိုင်ပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ နောက်ဆုံးဂူ အရေအတွက်မှာ သောင်းနှင့်ချီ၍ ဖြစ်လာသောကြောင့် ၎င်းကို ဂူတစ်သောင်းဂူဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။
လုရွှမ် ဝင်လာသော လှိုဏ်ဂူထဲတွင် သူတစ်ဦးတည်းသာ မဟုတ်ဘဲ သူ့ပတ်ဝန်းကျင်တွင် လူရာနှင့်ချီ၍ ရောက်လာကြကာ အသီးသီး လမ်းကြောင်းတစ်ခုကို ဝင်ရန် ရွေးချယ်ခဲ့ကြသည်။
လုရွှမ်လည်း ကြုံသလို ရွေးလိုက်သည်။ ယခင်အတိုင်းပင် သူသည် အဝေးကြီးကို ကျော်ဖြတ်ကာ ကျယ်ပြန့်သော အရပ်သို့ ပြန်ရောက်လာပြန်သည်။
ဥပမာအားဖြင့် လမ်းဆုံလမ်းခွ များစွာကို ဆက်တိုက် ဖြတ်ကျော်ပြီးနောက် လုရွှမ်သည် နောက်ဆုံးတွင် ဂူလမ်းထဲတွင် ရှေ့သို့ ဆက်လမ်းလျှောက်ရင်း အထီးကျန်သလိုပင် ဖြစ်လာသည်။
လျှောက်လမ်း တစ်လျှောက်တွင် အမည်မသိလိုဏ်ဂူများကို ဖြတ်ကျော်ပြီးနောက် လမ်းကြောင်းတစ်ခု အရောက်မှာ လုရွှမ် မျက်လုံးများ တောက်ပလာပြီး လမ်း၏ဘယ်ဘက် အပေါ်ထောင့်တွင် တစ်ဖက်မှာ စိမ်းစို လန်းဆန်၍ တစ်ဖက်တွင် ညှိုးနွမ်းနေသော ထူးဆန်းသည့် မြက်ပင်တစ်ပင်ကို တွေ့လိုက်ရ၏။
"ခူးရုန်မြက်!"
လုရွှမ် ဝမ်းသာအားရဖြင့် အမြင့်မှ ခုန်ဆင်းကာ မြက်ခြောက်ကို လက်တစ်ဖက်ဖြင့် ကောက်နှုတ်လိုက်၏။
"တစ်ဖက်က စိမ်းပြီး တစ်ဖက်က ညှိုးနွမ်းနေတဲ့ မြက်ပင်က တကယ့်ကို အံ့သြစရာ ကောင်းတာပဲ!"
အသက်ရှင်ခြင်းနှင့် သေခြင်း၏ စွမ်းအင်များသည် ခူးရုန် မြက်ပင်၏ ခန္ဓာကိုယ်ထဲတွင် အပြည့်အ၀ ပေါင်းစပ်ထားလေသည်။
ယွမ်ယန်ကျင့်စဥ်သည် သူ့ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအားကို မီးအသွင်သို့ ပြောင်းလဲလိုက်ပြီး သူ့လက်ထဲရှိ ခူးရုန်မြက်ပင်ကို လျင်မြန်စွာ သန့်စင်သွားပြီးနောက် ထူးဆန်းသော ဆေးရည်တစ်မျိုး သူ့လက်ဖဝါးတွင် ရပ်တန့်နေ၏။
အစိမ်းတစ်ဝက် မီးခိုးရောင် တစ်ဝက် အရောင်နှစ်ရောင်ရှိသော အရည်များသည် ခေါင်းနှင့် အမြီးပါသော ငါးနှစ်ကောင်နှင့်တူပြီး အလယ်ဗဟိုတွင် အဆက်မပြတ် လည်ပတ်နေသည်။
"ကောင်းလိုက်တာ... ထိုက်ကျိပုံကြမ်းရဲ့ အခြေခံပုံစံတွေ ရှိတာပဲ!"
အံ့သြသွားပြီးနောက် လုရွှမ် သူ့ပါးစပ်ကို ဖွင့်ဟလိုက်ပြီး အရည်ကို တိုက်ရိုက် မျိုချလိုက်သည်။
မကြာမီတွင် ခန္ဓာကိုယ်မှ နွေးထွေးသော စွမ်းအင်တစ်မျိုး ထွက်ပေါ်လာခဲ့သည်။ ဤစွမ်းအင်မျိုးသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို လုံးဝ မတိုးနိုင်သော်လည်း သူ၏ ဝိညာဉ်ကို ရေနွေးအိုင်ထဲတွင် စိမ်ထားရသလို ရှင်းရှင်းလင်းလင်း ခံစားရပြီး သူ၏ စိတ်စွမ်းအား အတိုင်းအတာသည် တဖြည်းဖြည်း မြင့်တက်လာနေ၏။
"ကောင်းတယ်... ဝိညာဉ်စွမ်းအား အတိုင်းအတာက ၀.၀၅ လောက် တက်လာတယ်... ခူးရုန်မြက် အပင်နှစ်ဆယ်ဆို ငါ့ရဲ့စိတ်စွမ်းအား အတိုင်းအတာကို ၁၇ အထိ တိုးစေနိုင်လောက်တယ်... ငါ့ဝိညာဉ်စွမ်းအားက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈နဲ့တော့ ဝေးကွာနေသေးတယ်!"
လုရွှမ် သူ့မျက်လုံးတွေကို ဖွင့်ပြီး ဝမ်းသာစွာ ဆိုလိုက်သည်။
ဂူတစ်သောင်းဂူ၏ ဧရိယာသည် အလွန်ကျယ်ဝန်းပြီး ဂူလမ်းကြောင်း များစွာလည်း ရှိသည်။ ခူးရုန်မြက်၏ အထွက်နှုန်းမှာလည်း သိပ်မနည်းလှချေ။ ထို့ကြောင့် အပင်၂၀ဆိုတာ သူ့အတွက် မခက်ခဲလောက်ပေ။
သူ့စိတ်ထဲက ပျော်ရွှင်မှုကို ဘေးဖယ်ထားကာ လုရွှမ် ဆက်လျှောက်သွားသည်။ နာရီဝက်လောက် ကြာတော့ ဒုတိယမြက်ပင်ကို ထပ်ရလိုက်သည်။
ဤအရှိန်ဖြင့် တစ်ရက်အတွင်း ခူးရုန်မြက် အပင်၂၀ကို ရယူနိုင်ခဲ့သည်။
ရှေ့ကို ဆက်တိုးလာတော့ သူ့ရှေ့က လှိုဏ်ဂူထဲမှာ အရိပ်တစ်ခု ပေါ်လာ၏။ အဲဒီလူက လုရွှမ်ကို မြင်တဲ့အခါ မဆိုင်းမတွ ဂူလမ်းကြောင်း တစ်ခုထဲ အလျင်အမြန် ပြေးဝင်သွားသည်။
ဂူတစ်သောင်းဂူတွင် မရေမတွက်နိုင်သော လိုဏ်ဂူလမ်းများရှိပြီး ဤလူများသည် ဂူဝင်သည့် အရေအတွက်ထက် အဆပေါင်းများစွာ ကျော်လွန်နေသောကြောင့် တိုက်ပွဲကို ရှောင်ရှားရန် ကြိုးစားကြသည်။
ဂူတစ်သောင်းဂူထဲက တိုက်ပွဲတွေဟာ နောက်ဆုံး ၂ရက်ရောက်မှ ဖြစ်ကြလိမ့်မည်။
ဒါပေမဲ့ မကြာခင်မှာပဲ လုရွှမ်ဟာ သူတွက်ချက်တာ မှားသွားမှန်း သိလိုက်ရသည်။ ဂူတစ်သောင်းဂူရဲ့ လိုဏ်ဂူ လမ်းကြောင်းတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေ၏။ နောက်ပြန်သွားလေ ဂူတော်တော်များများက ရောက်ဖူးပြီးသား လမ်းမို့ ခူးရုန်မြက်ပင်တွေကို စုဆောင်းရတာ ပိုခက်လေ ဖြစ်လာသည်။
အလားတူပင် ခူးရုန်မြက်ပင်များကို ကောက်ယူရန် လာရောက်ကြသော ပညာရှင်များနှင့်လည်း ဆက်လက် တွေ့ဆုံရသည်။ အားလုံးက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်တော့ ပြတ်ပြတ်သားသား နားလည်မှုတွေ ကွဲကွာပြီး မတူညီတဲ့ လိုဏ်ဂူတွေဆီ ဝင်ရောက်သွားကြပြန်၏။
ပထမနေ့ ကုန်ဆုံးပြီးနောက် လုရွှမ်သည် ခူးရုန်မြက် ခြောက်ပင်ကိုသာ စုဆောင်းမိကြောင်း သိလိုက်ရသည်။ ဤပမာဏသည် သူ့ဝိညာဉ်စွမ်းအား အတိုင်းအတာကို ၁၇ အထိ မြှင့်တင်ရန် လုံလောက်သော ပမာဏဖြစ်သည်။
လုရွှမ်လည်း ခူးရုန် မြက်ပင်များကို စုဆောင်းရန် ပို၍ ပို၍ ခက်ခဲလာတာကို ရှင်းရှင်းလင်းလင်း ခံစားရသည်။
ဒုတိယနေ့ အစတွင် လုရွှမ်သည် ဂူလမ်း တစ်ခုထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် ချက်ချင်း ဆိုသလိုပင် သူ့နှလုံးသားထဲတွင် အေးခဲသွားခဲ့သည်။ အကြောင်းမှာ ခြောက်သွေ့နေသော အလောင်းတစ်လောင်းကို မြေကြီးပေါ်မှာ တွေ့လိုက်ရတာကြောင့်ပင်။
သေပြီးနောက် ရှင်သန်ခြင်းဆေးရဲ့ အကာအကွယ် မရှိတော့တာကြောင့် အလောင်းသည် ရာစုနှစ် တစ်ခုရှိသွားတဲ့ မံမီရုပ်အလောင်းလို ညှိုးနွမ်းသွားကာ မူလပုံစံကိုပင် လုံးဝမမြင်နိုင်တော့ပေ။
လုရွှမ် အာရုံစိုက်ရန် ပျင်းနေချိန် အေးစက်သော မီးလုံးများက ရုတ်တရက် သူ့အား ဖုံးလွှမ်းသွား၏။ အိပ်ငိုက်စေသည့် အခင်းအကျင်း။ တစ်စုံတစ်ယောက်က ဒီဂူထဲမှာ ထောင်ချောက်တစ်ခုကို ကြိုချထားပြီး ဖြတ်သွားမည့်သူအား စောင့်မျှော်နေကာ ရုတ်တရက် တိုက်ခိုက်ချင်နေပုံ ရသည်။
တစ်ချက်ကြည့်လိုက်တော့ ဒီအခင်းအကျင်းရဲ့ အဆင့်ကို သူချက်ချင်း မြင်လိုက်ရသည်။။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ အခင်းအကျင်းပင်။
ထိုအဆင့်ဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ ကျင့်ကြံသူကိုသာ ထောက်ချောက်ဆင်နိုင်ပြီး အဆင့်၈ ကျင့်ကြံသူ ဆိုရင်တော့ အကြွင်းမဲ့ ခွန်အားနဲ့ ချိုးဖျက်သွားနိုင်မှာ ဖြစ်သည်။
ပိတ်မိပြီးနောက် အနီးနားရှိ လှိုဏ်ဂူထဲမှ လူသုံးဦး ထွက်လာပြီး ထောင်ချောက်ရှိရာသို့ တည့်တည့် လျှောက်လာခဲ့သည်။ ပိတ်မိနေသော အခင်းအကျင်းထဲကို လွတ်လွတ်လပ်လပ် လျှောက်လှမ်း လာနိုင်စေရန်အတွက် ၎င်းတို့က စီစဉ်ပေးလေသည်။
၎င်းတို့သည် အရပ်ရှည်ပြီး ပုခုံးကျယ်ကျယ် ယောက်ျားကြီး သုံးယောက်ဖြစ်ပြီး ၎င်းတို့၏ ကျင့်ကြံမှုအခြေခံသည် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ကို ရောက်ရှိနေလေပြီ။
"မင်းတို့က လုယက်ချင်နေတာလား?"
ထိုသုံးယောက်ကို ကြည့်ရင်း လုရွှမ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဟာဟား ကောင်လေး မင်းဘာသာ ကံမကောင်းလို့ ငါတို့ သုံးယောက်ကို တွေ့ရတာပဲ... ငါတို့ကို အပြစ်မတင်ပါနဲ့! ဟားဟား"
သူတို့ သုံးယောက်က သူတို့ရှေ့က လူငယ်ဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ လူလေး တစ်ယောက်ပဲ ဆိုတာကို တွေ့လိုက်ကြပြီး ချက်ချင်း ရယ်မောလိုက်ကြသည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅။ ဒါက သူတို့ရဲ့ တံခါးကို အစားအသောက် ပို့ပေးနေတဲ့ အစေခံသာသာသာပဲ မဟုတ်လား။ သူတို့သုံးယောက်ထဲက တစ်ယောက်ထွက်လိုက်တာနဲ့ တစ်ဖက်လူကို အေးအေးဆေးဆေး ဖိသတ်ပစ်လိုက်လို့ ရတယ်လေ။
"သေလိုက်တော့!"
အဘိုးကြီးတစ်ယောက် ရုတ်တရက် ပြေးထွက်လာ၍ လက်ထဲက တူကြီးကို မြှောက်လိုက်ပြီး လုရွှမ်ရဲ့ ဦးခေါင်းထိပ်ကို ရိုက်ချလိုက်သည်။ အဆင့်၅ ကျင့်ကြံသူလေးကို မျက်နှာမူပြီး ခူးရုန်မြက်ကို ထုတ်ပေးလာအောင် ပြောဖို့တောင် စိတ်မ၀င်စားကြဘဲ တိုက်ရိုက် သတ်ပစ်လိုကြသည်။
လုရွှမ်လည်း သူ့ခေါင်းကို ခါယမ်းလိုက်၏။ တူကြီး သူ့ခေါင်းပေါ် ပြုတ်ကျခါနီးမှာ ခန္ဓာကိုယ်ကို တစ်ချက်ပင် မလှုပ်ဘဲ လက်သီးကို တိုက်ရိုက် ထိုးချလိုက်သည်။
"ဒီကလေး ဆေးမှားပြီး သောက်မိထားတာလား?..တူကြီးကို လက်သီးနဲ့ ပြင်းပြင်းထန်ထန် ထိုးချင်နေတာပဲ!"
"ဘယ်လို ခုခံရမှန်းတောင် မသိတော့ပုံပဲ!"
ကျန်လူကြီး နှစ်ယောက်က အေးစက်စွာ ဟစ်အော်လိုက်သည်။
သို့သော် သူတို့စကားသံများ မဆုံးမီတွင် သံတူကြီးသည် ရုတ်တရက် ပျံတက်သွားပြီး ပိတ်မိနေသော အခင်းအကျင်းအပေါ် ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။ အခင်းအကျင်း အတွင်းမှ ပေါ်လာသော အေးစက်သော အလင်းရောင်သည် ခဏမျှ တုန်ခါသွားကာ ဖန်ခွက်ကဲ့သို့ ကွဲထွက်သွားသည်။
စူးရှသော အသံနဲ့အတူ လုရွှမ်သည် တစ်နေရာရာ၌ စီစဉ်ထားသော အခင်းအကျင်းတော့ ပျက်စီးသွားပြီ ဖြစ်ကြောင်းကို ကောင်းကောင်း သိလိုက်သည်။
လုရွှမ်မှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅တွင်သာ ရှိသော်လည်း သူ၏စစ်မှန်သော စွမ်းအားမှာ အဆင့်၈ သိုင်းသမားထက် သာလွန်တယ် မဟုတ်ပါလား။ အကယ်၍ ဤထောင်ချောက်ကို အဆင့်၈ကလူရဲ့ ပကတိစွမ်းအားနဲ့ ဆင်ထားရင်တောင် သူ့အစွမ်းသတ္တိနဲ့ အလွယ်တကူ ဖြတ်ကျော်နိုင်မှာပဲ ဖြစ်သည်။
"ဒီကလေးက နည်းနည်းတော့ ထူးဆန်းတယ်.... အတူတူ တက်ရအောင်!"
လုရွှမ်ဆီက ခုခံ ခံလိုက်ရတဲ့ လူကြီးက ရုတ်တရက် အော်လိုက်သည်။
"တက်!"
တခြားလူကြီး နှစ်ယောက်လည်း အံ့အားသင့်သွားပြီးနောက် ချက်ချင်း ဆိုသလိုပင် ခံစားမိသွားပြီး ၎င်းတို့သုံးဦးစလုံး ရှေ့သို့ပြေးတက်ကာ လုရွှမ်ကို တိုက်ခိုက် သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်၏။
"ကောင်းပြီလေ!"
လုရွှမ်လည်း ခေါင်းညိတ်လိုက်ကာ သူ့ရဲ့ဆင်သံချပ် ရွှေကိုယ်ထည်နဲ့ သူတို့သုံးယောက်ရဲ့ ထိုးနှက်မှုကို ခုခံဖို့ ပြေးထွက်လာခဲ့သည်။
သူတို့ သုံးယောက်သည် သာမန်လူများ မယှဥ်နိုင်သော သံတုံးတွေလို လက်သီးချက်များနဲ့ ထိုးလိုက်သော်ငြား လုရွှမ်ကို ထိလိုက်တဲ့ အခိုက်အတန့်မှာ သံကို ထိုးလိုက်ရသလိုပင် လက်သီးများသည် နာကျင်လာပြီး အတွင်းပိုင်း အရိုးများပါ ကျိုးသွားလေသည်။
"ဒါက ဘယ်လို ကိုယ်ခံပညာကြီးလဲ!"
လူကြီးတစ်ယောက်က အော်ဟစ်လိုက်သည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅လေးက ခန္ဓာကိုယ် ခွန်အားနဲ့ အဆင့်၇ သုံးယောက်ရဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်မယ်လို့ မထင်ထားခဲ့ကြပေ။
"ဆုတ်ကြ!"
ဒီအခိုက်အတန့်မှာ သူတို့ ဘယ်လောက်ပဲ မိုက်မဲနေပါစေ သူတို့ရှေ့မှာ ရှိတဲ့ ဒီလူငယ်ဟာ သွားရှုပ်ဖို့ မလွယ်ဘူးဆိုတာ သိလိုက်တာကြောင့် သူတို့ထဲက တစ်ယောက်က ချက်ချင်း သတိပေးလိုက်လေသည်။