သတ်ဖြတ်လေပြီ
Vol. 33 Ch. 4.15
သို့သော် ထိုလူ၏ အော်သံမဆုံးမီတွင် သူ့ရင်ဘတ်က စူးရှသော နာကျင်မှု တစ်ခုကို ခံစားလိုက်ရသည်။ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ လုရွှမ်က သူ့ကို ရင်ဘတ်ကို လက်သီးနဲ့ ထိုးပစ်လိုက်တာကို တွေ့လိုက်ရသည်။
လက်သီးချက်က မထင်ထားလောက်အောင် လေးလံ နာကျင်လှ၏။
ဝုန်း
ခွန်အားက ရင်ဘတ်ကို ဖောက်ထွက်၍ နှလုံးကိုပါ အက်ကွဲသွားစေသည်။
သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ပြီးနောက် ထိုသူသည် မြေပြင်ပေါ်သို့ လဲကျသွားတာနဲ့ တစ်ဆင်တည်း သူ့ရဲ့ ယွမ်ချီကိုပါ ဆုံးရှုံးသွားခဲ့သည်။ သေခြင်းစွမ်းအင်ရဲ့ လုပ်ဆောင်ချက်အောက်မှာ သူ့ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် လျင်မြန်စွာ ယိုယွင်းသွားလေသည်။
"လောင်အာ့!"
"အစ်ကို၂!"
ကျန်တဲ့ ကျင့်ကြံသူ နှစ်ယောက်က နာကျင်စွာ အော်ဟစ်ရင်း လုရွှမ်ကို စိုက်ကြည့်နေတဲ့ သူတို့ရဲ့ မျက်လုံးတွေက မီးတဟုန်းဟုန်း တောက်လောင်လာတော့သည်။
အဆီမရှိတဲ့ သိုးလို့ ထင်ခဲ့ပေမဲ့ ကျားတစ်ကောင် ဖြစ်နေမယ်လို့ မထင်ထားဘူးလေ။
"သေပေတော့!"
နှစ်ယောက်သား လုရွှမ်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသည်။ ရန်ငြိုးက ဖွဲ့ပြီးသွားပြီ။ ဒီအခြေအနေမှာ သူသေရင်သေ မသေရင်လည်း သေတဲ့အထိ တိုက်ခိုက်ရတော့မည်။
သူတို့ တုံ့ပြန်မှု နည်းနည်း နှေးသွားတာ နှမြောစရာ ကောင်းသွားသည်။ သူတို့ ချက်ချင်း ပြန်ဆုတ်သွားရင်တော့ အခွင့်အလမ်း ရှိကောင်း ရှိနိုင်သေးတယ်။ နောက်ဆုံးမှာတော့ ဂူလမ်းတွေက အများကြီး ရှိပြီး နှစ်ခါ သုံးခါလောက် လမ်းလျှောက်ပြီးတာနဲ့ လုရွှမ်ရဲ့ ဦးတည်ရာကို ဖမ်းမိဖို့ မဖြစ်နိုင်ဘူးလေ။
ဒီတစ်ကြိမ်မှာ လုရွှမ် အတင်းအကြပ် ခုခံရန် မရွေးချယ်ဘဲ လျင်မြန်စွာ ပြေးကာ လူနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ရှောင်ခဲ့သည်။ ထို့နောက်တွင် ဖီးနစ် အတောင်များကို ဖြန့်ကာ သူ့တစ်ကိုယ်လုံးဟာ အရှိန်ပြင်းပြင်း ပစ်လိုက်တဲ့ မြှားတစ်စင်းလို ကျင့်ကြံသူ တစ်ယောက်ရဲ့ ခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဖောင်းကနဲ ဆိုတဲ့ အသံနဲ့အတူ ထိုလူရဲ့ဦးခေါင်းဟာ ရုတ်တရက် ဖရဲသီးတစ်လုံး ကွဲသွားသလို သွေးတွေနဲ့ သူ့ဦးနှောက်တွေ ကွဲထွက်သွားလေ၏။
သူ့နောက်က အတောင်ပံတွေကို ဖြန့်ထားတာကို မြင်တော့ နောက်ဆုံးလက်ကျန် ကျင့်ကြံသူကလည်း အသိစိတ် ဝင်လာခဲ့သည်။
"အဲဒါ မင်းပဲ... လတ်စသတ်တော့ မင်းကိုး!"
ထိုလူက တုန်လှုပ်နေတဲ့ အသံနဲ့ ပြောလိုက်လေသည်။
သူ သိသွားပြီ!
သူ မှတ်မိသွားပြီ!
နောက်ကျောမှာ အတောင်နှစ်ဖက် ရှိပြီး ပျံသန်းနိုင်တဲ့ လူက ရှီးမန်ကျွင့်ကို သတ်လိုက်တဲ့ အပြင်လူ မဟုတ်ဘူးလား?
ရှီးမန်ဝေ့တောင် ကြောက်လန့်ပြီး အပြင်မထွက်လာရဲအောင် ဖြစ်သွားပြီး မှော်အဖွဲ့သားတွေကို တစ်ချက်တည်းနဲ့ ဖျက်စီးပစ်လိုက်တဲ့ အဲဒီအပြင်လူ မဟုတ်လား?
ဒီလူကို မြို့ထောင်ချီ မဟာမိတ်က တွန်းလှန်လို့ မရနိုင်တဲ့ အမျိုးအစားအဖြစ် သတ်မှတ်ထားသော်လည်း သူ့ရဲ့ တကယ့်ခွန်အားက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ပဲ ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ?
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅က သူစိမ်းတစ်ယောက်ကို မြင်ဖူးသူတိုင်း ဒေါသ သွားမဆွသင့်တဲ့ သန်မာသူ တစ်ဦးဖြစ်ကြောင်း ဘယ်တော့မှ မျှော်လင့်ထားမည် မဟုတ်ပေ။
ထို့အတွက်ကြောင့် လုရွှမ်ကို ပထမဆုံး မြင်တဲ့အချိန်က ဂူတစ်သောင်းဂူမှာ ခူးရုန်မြက် လာယူတဲ့ လူသစ်တစ်ယောက်ပဲလို့ ထင်မိသော်လည်း သယ တစ်ခါမျှ အိပ်မက်မမက်ခဲ့တာက သံပန်းကန်ပြားကို ကန်မိလိုက်မယ်လို့ပင်။
"ပြေးတော့မယ်!"
ထိုလူသည် လေပြင်း တိုက်ခတ်သွားသလို အနီးဆုံး လှိုဏ်ဂူဆီသို့ ပြေးသွားခဲ့သည်။ ကံမကောင်းစွာနဲ့ အချိန်နှောင်းနေပြီ ဖြစ်သည်။ သူ့ခြေထောက်များ မည်မျှပင် မြန်နေပါစေ ရွှေအရှိန်နဲ့ ဖီးနစ်အတောင်ပံများ ရှိတဲ့ လုရွှမ်ထက် မည်သို့ပိုမြန်နိုင်မည်နည်း။
အတောင်များသည် တစ်ချက် တုန်ခါသွားကာ လုရွှမ်သည် မီးတောက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုကျင့်ကြံသူ နောက်သို့ တိုက်ရိုက် လိုက်သွားကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဗုန်း!
အင်အား ကြီးမားပြီး ကြမ်းတမ်းသော စွမ်းအားသည် ထိုကျင့်ကြံသူ၏ ဦးခေါင်းကို ဆွဲကိုင်လျက် ကျောက်နံရံထဲသို့ ပစ်သွင်းပစ်လိုက်သည်။ မာကျောသော နံရံမှ တွင်းကြီးတစ်ခု ကျွံဝင်သွားရာ ထိုလူ၏ တစ်ကိုယ်လုံးရှိ အရိုးများ ကွဲအက်သွားကာ နောက်တစ်ကြိမ်တောင် ထပ်မသေနိုင်တော့ပေ။
လုရွှမ် လက်ဆန့်၍ သွေးစွန်းနေတဲ့ အလောင်းကို ဆွဲထုတ်လိုက်သည်။
အလောင်း ၃ လောင်းကို အချိန်အတော်ကြာ ရှာဖွေပြီးနောက် ဒီလူသုံးယောက်က ခူးရုန်မြက် အပင်၂၀ လောက် စုဆောင်းမိထားတာကို တွေ့ရတော့ အံ့သြသွားခဲ့သည်။
သူကိုယ်တိုင် ကြိုးစားပြီး ရှာခဲ့ပေမယ့် ခူးရုန်မြက် ၆ပင်ပဲ တွေ့ခဲ့တာကို ဒီလူတွေကတော့ ၂၀ ကျော်တောင် တွေ့ခဲ့သည်။ တကယ်ပဲ လူသတ် ပစ္စည်းလုတာက အကျိုးရှိတာပဲကိုး။
အလောင်း ၃ လောင်းကို နောက်မှာ ထားခဲ့ပြီး လုရွှမ်သည် လိုဏ်ဂူလမ်းပေါင်း များစွာကို ဆက်တိုက် ဖြတ်ပြေးရင်း ဆိတ်ငြိမ်သော နေရာကို ရှာကာ ခူးရုန်မြက်ပင်များကို အလျင်အမြန် သန့်စင်ရန် စတင်လိုက်သည်။
ခူးရုန်မြက်ပင်များကို ပင်မဆေးအဖြစ် အသုံးပြု၍ ပြင်းထန်တဲ့ စိတ်ဝိညာဥ်ဆေးကို သန့်စင်ရာတွင် ပိုမိုထိရောက်မှု ရှိသော်လည်း စိတ်ဝိညာဥ်ဆေးရဲ့ အဓိကဆေး နှစ်မျိုးမှာ ရှာရခက်လေသည်။ ဒီနေရာမှာ ခူးရုန်မြက် အများကြီး ရှိတာကြောင့် တိုက်ရိုက် အသုံးပြုလိုက်တာက ပိုကောင်းပါ၏။
ဆေးပင်တွေက ရှင်သန်ဖို့ အရန် အကူအညီ လိုအပ်ကြသည်။ ခူးရုန်မြက်က သေခြင်းစွမ်းအင် ပြင်းထန်တဲ့ အရပ်မှာ ရှင်သန်နိုင်သလိုပင်။ သူ့ရဲ့ ပြင်းထန်တဲ့ စွမ်းအင်က သာမာန်လူတွေအတွက် ဆေးလုံးအဖြစ် မပြောင်းလဲဘဲ သောက်မိရင် သေမင်းကို လက်ယက်ခေါ်နေသလိုသာ ဖြစ်လိမ့်မည်။
လုရွှမ်ကတော့ မတူချေ။ ဘဝနှစ်ခုရှိတဲ့ လူသားတစ်ဦး အနေနဲ့ သူ့အတွေ့အကြုံနဲ့ မှတ်ဉာဏ်တွေကို ခဏဘေးဖယ်ထားပြီး ယွမ်ယန်ကျင့်စဥ်ကိုပဲ အရင် တွေးကြည့်နိုင်သည်။
ခူးရုန်မြက်မှာရှိတဲ့ ထူးဆန်းတဲ့ စွမ်းအားကို အပြည့်အဝ သန့်စင်ပေးနိုင်မယ့် ယွမ်ယန်ဝိညာဥ်ချီ ရှိလေသည်။ ဒီအရာကို တိုက်ရိုက် မျိုချလိုက်ရင်တောင် ပြဿနာ ကြီးကြီးမားမား မရှိနိုင်ချေ။
လုရွှမ် ဆေးရည်များကို မျိုချပြီးနောက် ဝိညာဉ်စွမ်းအား အတိုင်းအတာသည် တဖြည်းဖြည်း တိုးလာခဲ့သည်။ ထင်ထားတဲ့ အတိုင်း ၁၄ပင်မြောက် ခူးရုန်မြက်ဆေးရည် အောက်မှာ စိတ်စွမ်းအားက ၁၇ အထိ တိုးလာ၏။ စိတ်စွမ်းအားအရ ဆိုရင် သူဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈နဲ့ တူညီနေပြီ ဖြစ်သည်။
စိတ်ဝိညာဉ် စွမ်းအား ၀.၁ တိုးလာသော်လည်း သက်ရောက်မှုက လုံးဝ ကွဲပြားသွားပြီ။ ယခုသာ ရှီးမန်ဝေ့ကို ရင်ဆိုင်ရရင် သူ၏ခွန်အားကို အပြည့်အ၀ ထုတ်သုံးပါက အနည်းငယ်မျှ ညံ့လိမ့်မည် မဟုတ်ပေ။
စိတ်စွမ်းအားက ၀.၁သာ တိုးလာတာကြောင့် လုရွှမ် မျက်မှောင်ကြုတ်သွားသည်။ ဆိုလိုတာက စိတ်စွမ်းအား ၁၇ ကနေ ၁၈အထိ တိုးလာဖို့ သူ့အတွက် ခူးရုန်မြက် ၁၀၀လောက် လိုနေသေးတာပေါ့။
ခူးရုန်မြက်တစ်ရာ။ ဒါက နည်းနည်းတော့ ခက်လိမ့်မည်။
အရာအားလုံးမှာ ကန့်သတ်ချက်တွေ ရှိကာ ခူးရုန်မြက်လည်း အလားတူပင်။ ယူလေလေ အကျိုးသက်ရောက်မှု အားနည်းလာလေ ဖြစ်သည်။
ခူးရုန်မြက်တစ်ပင်ကို ဝိညာဥ်ကျောက်တုံး ၃၀၀,၀၀၀ စျေးနဲ့ ရောင်းချမယ်ဆိုရင် အပင်၁၀၀ဆို ဝိညာဥ်ကျောက်တုံး သန်း ၃၀ ရပြီ။ ဒါပေမဲ့ သူ့အတွက် ဝိညာဥ်ကျောက်တုံး ဆိုတာက ဘာမှမဟုတ်ပေ။
ကျန်နေသေးတဲ့ ခူးရုန်မြက် ၈ပင်ကို တိုက်ရိုက် မျိုချလိုက်ပြီးနောက် လုရွှမ်သည် အရှိန်လျှော့ကာ ဂူလမ်းကြောင်းတွေထဲ ပတ်ပြေးနေခဲ့သည်။ သူ့မှာ ဒီလိုလုပ်ရခြင်းရဲ့ ကိုယ်ပိုင် အကြောင်းပြချက် ရှိလေသည်။
တခြားသူတွေက လုယက် သတ်ဖြတ်ခံရမှာကို ကြောက်တဲ့အတွက် ပုန်းရှောင်ချင်သော်ငြားလည်း သူကတော့ တစ်စုံတစ်ယောက်ကို ရောက်လာစေချင်နေသည်။
ပစ္စည်းကို ချခဲ့ရင်တော့ ပြဿနာ မရှိနိုင်ပေမယ့် သူ့ကိုပါ အပြတ်ရှင်းချင်တယ် ဆိုရင်တော့ သူ့ဘက်ကလည်း စိတ်မကောင်းစွာနဲ့ လှုပ်ရှားရင်း ခူးရုန်မြက်ကို အပိုင်သိမ်းရတော့မှာပင်။
သူ့လုပ်ရပ်က တကယ်ကို ထိရောက်သွား၏။ သူတို့ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းတရားကို မသိဘဲ လုယက်ချင်တဲ့ လူနှစ်ယောက်နဲ့ မြန်မြန်ဆန်ဆန်ပဲ ထိပ်တိုက်တွေ့လေ၏။
သို့သော် ဤလူနှစ်ယောက်က တစ်ယောက်တည်း လုပ်ဆောင်ခဲ့ခြင်းတော့ မဟုတ်ပေ။ တင်းကျပ်တဲ့ အခင်းအကျင်း ပုံစံနဲ့ လူကို ထောင်ချောက်ထဲကို တမင်တကာ မြှူဆွယ်ပြီး ဖမ်းလိုက်လေတဲ့ အစောက သုံးယောက်နဲ့ မတူဘဲ အုပ်စုလိုက်ပင်။
လုရွှမ်ရဲ့ ကျင့်ကြံမှုက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅မှာပဲ ရှိနေတာကို တွေ့လိုက်ရတော့ သူတို့ဟာ ရုတ်တရက် စိတ်ဆိုးသွားကြလေသည်။
သို့သော် ယခင်သုံးယောက်အတိုင်း နောင်တရဖို့ နောက်ကျနေပြီ ဖြစ်သည်။
ဂူတစ်သောင်းဂူသို့ ဝင်ရောက်လာသူ အများစုမှာ မြို့ထောင်ချီမဟာမိတ်က ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုလူအများစုမှာ တစ်ယောက်နှင့်တစ်ယောက် သိကြပြီး ဂူထဲရောက်တာနဲ့ သိပ်မကြာခင်မှာပဲ အချင်းချင်း ပေါင်းမိသွားလေသည်။
ထိုကဲ့သို့ ဝင်ရောက်လာသူ များမှာလည်း သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ ကျင့်ကြံသူ အဖြစ် ဟန်ဆောင်ကာ လူသတ် ပစ္စည်းလုခြင်းများကို ပြုလုပ်ကြ၏။
လုရွှမ်ကတော့ ထိုအကြောင်းတွေကို မသိဘဲ အုပ်စုနှစ်စုကို ရှင်းပြီးနောက် ခူးရုန်မြက် ၁၃ပင် ထပ်လိုက်ရသည်။ သူလိုချင်တဲ့ စိတ်စွမ်းအား အတိုင်းအတာ ၁၈ကို ရောက်ဖို့ကတော့ အဝေးကြီး လိုနေသေးသည်။
ကြည့်ရတာ မျက်စိမကောင်းတဲ့ လူတစ်ယောက်လောက် သူ့ကို ပြဿနာ လာရှာမှ ရတော့မယ့်ပုံပဲ။
နှစ်နာရီ သုံးနာရီလောက် လမ်းလျှောက်ပြီးသော်လည်း ခူးရုန်မြက် တစ်ပင်ကိုမှ မတွေ့မိတော့ဘဲ သူ့ကိုတွေ့လိုက်ရတဲ့ ကျင့်ကြံသူတွေကတော့ တစ္ဆေကိုပဲ မြင်လိုက်ရသလိုမျိုး ပြေးထွက်သွားကြပြီး သူ့ကို ရန်စဖို့ ဘယ်သူကမှ ရှေ့တိုးမလာကြချေ။
ဘယ်လောက်ပဲ တုံးအနေပါစေ တစ်ခုခုတော့ မှားနေပြီဆိုတာ ခန့်မှန်းမိ၏။
သူ့စိတ်ထဲ သက်ပြင်းတစ်ချက် ချလိုက်ရင်း နောက်ထပ် လှုပ်ရှားဖို့ အခွင့်အရေး မရခင်မှာပဲ အေးစက်တဲ့ အသံက အဝေးက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်
"ကောင်လေး မင်းသေဖို့ အဆင်သင့် ဖြစ်ပြီလား?"