တော်ဝင်အင်ပါယာရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်
Vol. 34 Ch. 4.16
နောက်ဆုံးတွင် မျက်စိမှုန်နေတဲ့ နောက်ထပ် လူတစ်ယောက် သူ့အိမ်တံခါးဝဆီသို့ ရောက်လာပြီ။ လုရွှမ် မျက်ခုံးပင့်လျက် လှည့်ကြည့်လိုက်တော့ ဂူလမ်းရဲ့ တစ်ဖက်ကမ်းကနေ လျှောက်လာနေတဲ့ ခပ်မိုက်မိုက် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
"ရှီးမန်ဝေ့!"
ရောက်လာတဲ့ လူကိုမြင်တော့ လုရွှမ် အံ့ဩသွားသည်။
အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင် ရှီးမန်ဝေ့က ဂူတစ်သောင်းဂူကို ရောက်လာခဲ့၏။ ယေဘုယျအားဖြင့် ပြောရရင်တော့ ခပ်မြင့်မြင့်မှာ ထိုင်နေတဲ့ သူ့လိုလူက ဒီလို အန္တရာယ်များတဲ့ နေရာကိုလာပြီး စွန့်စားနေဖို့ မလိုပေ။
ဒါ့အပြင် ဂူတစ်သောင်းဂူကို ဝင်ရောက်လာတဲ့ လူတွေက ငွေကြေးချို့တဲ့ပြီး ချမ်းသာချင်ကြတဲ့ လူတွေ ဖြစ်တယ်။ မြို့ထောင်ချီမဟာမိတ်ရဲ့ ထိပ်တန်း အင်အားစုဖြစ်တဲ့ ရှီးမန်ဝေ့က ဆင်းရဲတဲ့ သရဲတစ္ဆေများနဲ့အတူ လုယက်ရင်း သူ့စိတ်ကို အနှောင့်အယှက် မပေးလောက်ပေ။
"လုရွှမ်... မင်းမှာ အတောင်တွေ ရှိရင်တောင် ဒီနေရာမှာ ပျံလို့မရဘူး... ဖက်တီးကောင်လည်း မရှိဘူး.. ဒီနေရာက မင်းသေရမယ့် နေရာပဲ... ဒီအချိန်ကလည်း မင်းသေရမယ့် အချိန်ပဲ!"
ရှီးမန်ဝေ့ရဲ့ မျက်လုံးတွေကနေ အေးစက်စက် အငွေ့အသက်တွေကို ထုတ်လွှတ်နေလေသည်။
တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ နံပါတ်၃နေရာ ရထားတဲ့ လူတစ်ယောက် အနေနဲ့ ညီဖြစ်သူ အသတ်ခံရတာတောင် လက်စားမချေနိုင်ဘဲ သူကိုယ်တိုင်ပါ ပုန်းနေခဲ့ရသည်။ ဒီအရှက်ကွဲမှုက သူ့ကို ရူးမတတ် ခံစားရစေ၏။
ထို့အတွက်ကြောင့် လုရွှမ် ဒီနေရာကို ရောက်လာပြီး ဖက်တီးနဲ့ အစောင့်တွေ မပါလာတာကို သိလိုက်သဖြင့် ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။
"မင်းငါ့ကိုသတ်နိုင်တာ သေချာလား?"
"မင်း မာနကြီးနေဖို့ မလိုဘူး... မင်းမကြာခင် သိလိမ့်မယ်... ငိုနေရင်တောင် နောက်ကျသွားပြီ!"
ရှီးမန်ဝေ့က ရယ်မောလိုက်ပြီး သူ့လက်ထဲက လက်အိတ်တစ်စုံကို ထုတ်ကာ ဖြည်းညှင်းစွာ ဝတ်လိုက်သည်။
"မင်းရဲ့ရုပ်ပိုင်းဆိုင်ရာ ခုခံအားက အရမ်းသန်မာတယ်ဆိုတာ သိတယ်.. အဲဒါကြောင့် ဒီတစ်ခါတော့ ငါ့ရဲ့ဝိညာဉ်ကျောက်တုံး ၁၀ သန်းလောက် အကုန်အကျခံပြီး လက်အိတ်တစ်စုံကို ဝယ်ခဲ့တယ်.... အဲဒါက ချပ်ဝတ်တန်ဆာကိုတောင် အပေါက်ဖောက်နိုင်တဲ့ အထိ ထိရောက်မှုရှိတယ်.... မင်းတားဆီးနိုင်မလား ကြည့်ရအောင်"
အေးစက်တဲ့ နှာမှုတ်သံနဲ့အတူ ရှီးမန်ဝေ့ လုရွှမ်ဆီကို တည့်တည့် ပြေးဝင်သွားလေသည်။
"အမ်? သူတော်စင်ပုံစံ မှော်လက်နက်?"
လုရွှမ်ရဲ့ အမူအရာ မည်းမှောင်သွားသည်။
မှော်လက်နက်တစ်ခုသည် သူတော်စင်နယ်ပယ်ကို ရောက်ရှိသောအခါ အမျိုးမျိုးသော သက်ရောက်မှုများ ပေါ်လာမည် ဖြစ်ပြီး ချပ်ဝတ်တန်ဆာကလည်း ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။
ထိုမှော်လက်နက်များသည် ချပ်ဝတ်တန်ဆာများကို ဖောက်ထွင်း၍ ခုခံကာကွယ်မှုများကို ချိုးဖျက်နိုင်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဆင်သံချပ် ရွှေကိုယ်ထည်ကိုပင် ထိခိုက်သွားမည် ဖြစ်သည်။
ရှီးမန်ဝေ့ရဲ့ လက်သီးသာ သူ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာပါက ပျက်စီးမှုက အတိုင်းအတာ တစ်ခုအထိ ဖြစ်သွားမှာ သေချာသည်။
ဒါပေမဲ့ အရေးမကြီးပါ။ သူအခု စိတ်စွမ်းအားတွေ တိုးတက်လာတယ်လေ။ ရုပ်ခန္ဓာကလည်း ကြံ့ခိုင်တယ်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံတဲ့ကာလက လူဆိုရင်တောင် သူ့ကိုသတ်ဖို့ မလွယ်ပါဘူး။
ပြိုင်ဘက်က တိုက်ခိုက်လာတာကို မြင်တော့ လုရွှမ်လည်း အားနည်းချက် မပြဘဲ ထိပ်တိုက်ရင်ဆိုင်ဖို့ သူ့လက်သီးကို မြှောက်လိုက်သည်။ စိတ်ဝိညာဉ် စွမ်းအား ၀.၁ သိသိသာသာ တိုးလာပြီလေ။
ဗုန်း!
လက်သီးများ တစ်ပြိုင်နက်တည်း ဆောင့်တိုက်သွားသည်။ မမြင်နိုင်သော စွမ်းအင်လှိုင်းလုံးများ ပြင်းထန်စွာ ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ရှိ ကျောက်နံရံများသည် ပြာများအဖြစ် တိုက်ရိုက် ပြိုကျသွား၏။
ထိုမျှမက ဝေးကွာသော အရပ်တွင်ရှိ ကျောက်နံရံများ အက်ကွဲကာ ကျောက်တုံးကြီးများပါ ပြိုကျလာခဲ့သည်။
ထိုအရာသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ လူနှစ်ယောက် အားအပြည့်နဲ့ တိုက်ခိုက်နေကြသလိုပဲ သူတို့ဘေးရှိ မူလက ကျဥ်းမြောင်းသော လိုဏ်ဂူလမ်းဟာ ခဏအတွင်း ကြီးမားတဲ့ လိုဏ်ဂူလမ်းကြောင်းကြီး ဖြစ်သွားသည်။
ပြိုကျမှုကြောင့် အလွန်ကြီးမားသော နေရာကြီး ဖြစ်သွားရာ တခြားကျင့်ကြံသူတွေလည်း ဂူလမ်းကြောင်းတွေထဲက လိမ့်ဆင်းသွားကြသည်။
"အိုး.... မျက်လုံးအမြင် မရှိတဲ့သူက ဒီမှာလာပြီး တိုက်ခိုက်နေတာပဲ!"
ကျင့်ကြံသူ တစ်ယောက်က ဆိုလိုက်သည်။ ခဏကြာတော့ ရှီးမန်ဝေ့ရဲ့ ပုံရိပ်ကို ချက်ချင်း မှတ်မိသွားရာ အလွန်အမင်း ထိတ်လန့်သွားပြီး မူးလဲလုနီးပါး ဖြစ်ကာ လှည့်ထွက်ပြေးသွားခဲ့သည်။
တခြား ကျင့်ကြံသူတွေကလည်း ဒါကို သတိပြုမိပြီး မနေဝံ့ကြတဲ့အတွက် အမြန်ပဲ ထွက်ပြေးသွားကြသည်။
အဲဒီလို အဆင့်မြင့် သခင်တွေ တိုက်ခိုက်နေတဲ့ နေရာမှာ ရပ်နေတာက ကိုယ့်ကိုကိုယ် သေလမ်းရှာတာနဲ့ အတူတူပဲ။ ဝေးဝေးကို ပြေးရမယ်။ ဝေးလေကောင်းလေပဲ။
"မဆိုးဘူး မဆိုးဘူး... ရက်ပိုင်းအတွင်းမှာ မင်းရဲ့ခွန်အားတွေ ဒီလောက်ဘတိုးလာမယ်လို့ ငါမမျှော်လင့်ထားဘူး"
ရှီးမန်ဝေ့ရဲ့ မျက်လုံးများက အနည်းငယ် အေးစက် တောက်ပနေလျက်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က လုရွှမ်ရဲ့ ခွန်အားဟယ သူ့ထက် အနည်းငယ် နိမ့်နေခဲ့သော်လည်း ယခုအချိန်မှာ နှစ်ယောက်ကြား ထိပ်တိုက်ရင်ဆိုင်မှုတွင် နှစ်ယောက်လုံး တစ်ချိန်တည်း ဆုတ်ခွာသွားခဲ့ရသည်။
တစ်ဖက်လူရဲ့ စကားလုံးတွေက လုရွှမ်ကို ဘယ်လိုမှ မခံစားရစေပေ။
သံချပ်ကာကို ထိုးဖောက်နိုင်တဲ့ လက်အိတ်ကတော့ အမှန်တကယ်ကို ကွဲပြားခြားနားတဲ့ အကျိုးသက်ရောက်မှု ရှိလေသည်။ ယခုလေးတင် ဆင်သံချပ်ရွှေကိုယ်ထည်နဲ့ စိတ်စွမ်းအားရဲ့ နှစ်ဆကာကွယ်မှုကို ပေါင်းပြီး ခုခံလိုက်တာတောင် သူ့လက်ငါးချောင်းမှာ နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သည်။
၎င်းသည် ချပ်ဝတ်တန်ဆာကို ထိုးဖောက်နိုင်သည့် အကျိုးသက်ရောက်မှု တစ်ခုဖြစ်သည်။ စွမ်းအားသည် ကာကွယ်ရေးကို ထိုးဖောက်ဝင်ရောက်ပြီး အတွင်းသားနှင့် အရိုးများကို တိုက်ရိုက် ကျိုးကြေစေနိုင်၏။
ကံကောင်း ထောက်မစွာပင် ခန္ဓာကိုယ်သည် နဂါးသွေးဆီမွှေးနှင့် အပူဒဏ်ခံနိုင်သည့် အထူးနည်းလမ်းဖြင့် လေ့ကျင့်ခဲ့သည်။ မဟုတ်ပါက အစောက ထိုးနှက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်သလို အရိုးများလည်း ကွဲအက်သွားလိမ့်မည်။
စိတ်စွမ်းအားကို ၁၈ အထိ မြှင့်တင်နိုင်လျှင် တိုက်ခိုက်ရေး စွမ်းအားသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူနဲ့ ညီမျှသွားပြီး တစ်ဖက်လူကို အလွယ်တကူ သတ်နိုင်ပြီ။
"မင်းရဲ့တိုးတက်မှုက ငါ့မျှော်လင့်ထားတာထက် တကယ်ကို ကျော်လွန်သွားပြီ.... တကယ်တမ်း ပြောရရင် မင်းကိုအရင်က ငါ့လက်နဲ့ သတ်ချင်ပေမယ့် အခုတော့ ထားလိုက်ပါတော့!"
ရှီးမန်ဝေ့က ပြုံးပြီး ခေါင်းကို တစ်ဖက်သို့ လှည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်
"ဘိုးဘေးချင်းယွင်... ခင်ဗျား ဒီအချိန်မှ မပေါ်လာသေးရင် ဘယ်အချိန်အထိ စောင့်နေမှာလဲ!"
"ဒီကောင်လေးက လျိုယွင်ထန်းကို သတ်လိုက်တာလား?"
လုရွှမ်ရဲ့ နောက်ကနေ ထူးဆန်းတဲ့ အပြုံးတစ်ခုနဲ့ လူတစ်ယောက် ထွက်ပေါ်လာသည်။
ခေါင်းကို လှည့်ကြည့်လိုက်တော့ ဆံပင်ဖြူနဲ့ အဘိုးအိုတစ်ဦးသည် အမှောင်ထုထဲမှ တိတ်တဆိတ် လမ်းလျှောက်တုတ်ကို မှီကာ လမ်းလျှောက်လာနေတာကို တွေ့လိုက်ရ၏။
"မင်းက ဘယ်သူလဲ?"
လုရွှမ် မျက်မှောင် ကြုတ်လိုက်သည်။
"လျိုယွင်ထန်းက ငယ်ငယ်လေး ကတည်းက ငါအရမ်းချစ်ခဲ့တဲ့ ကောင်လေးပဲ... ငါသူ့ကို ရိုက်ဖို့ လက်တောင်မရွယ်ရက်တာကို မင်းကသူ့ကို သတ်ရဲတယ်ပေါ့ ဟုတ်လား?"
အဘိုးအိုရဲ့ လေသံက ပေါ့ပါးနေပေမယ့် အေးစက်မှုက ရစ်လွှမ်းနေဆဲပင်။
"မင်းက လျိုမိသားစုကလား?"
လျိုယွင်ထန်းဆိုတဲ့ နာမည်ကိုကြားတော့ နန်ဟိုင် တော်ဝင်အင်ပါယာ ကောင်းကင်သူတော်စင် လျိုအိမ်တော်ကို သတိရလိုက်သည်။
"မှန်တယ်!! ငါက လျိုယွင်ထန်းရဲ့ အဖိုးပဲ... သူ့ကို ငါကိုယ်တိုင် နာမည်ပေးထားတာ.... သူက ငါ့အချစ်ဆုံး မျိုးဆက်ပဲ!"
စကားတွေ ကျပြီးတာနဲ့ အဘိုးအိုရဲ့ ခန္ဓာကိုယ်ထဲက ရုတ်တရက် ဝိညာဥ်ချီများ ဖြာထွက်လာသည်။ သူ့ဆံပင်ဖြူဖြူနဲ့ မုတ်ဆိတ်ဖြူအောက်က အရှိန်အဝါကလည်း အတော်လေး ပြင်းထန်လာ၏။
"ငါက ကောင်းကင်သူတော်စင် လျိုအိမ်တော်ရဲ့ ဘိုးဘေး လျိုချင်းယွင်!"
"လျိုချင်းယွင်? သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ချန်ဖုန်းနယ်ပယ်?"
လုရွှမ်ရဲ့ မျက်နှာ မည်းမှောင်သွားတော့သည်။
ဤအဘိုးအိုသည် အမှန်တကယ်ပင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံတဲ့ ကာလ၊ အင်ပါယာ ထိပ်သီးစာရင်းထဲက နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လေသည်။
ယခုသူသည် အဆင့်၈ နယ်ပယ်ကို ရင်ဆိုင်နိုင်သော်လည်း သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ကတော့ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။
မော့ကောင်းရွှမ်းလိုပင်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံတဲ့ ကာလက လူဖြစ်ပြီး သူတော်စင်တစ်ပိုင်းရဲ့ အောက်မှာမို့ ဘယ်သူမှ အနိုင်ယူနိုင်စွမ်း မရှိဘူး။ ဒီလူကိုလည်း မော့ကောင်းရွှမ်းကသာ တွန်းလှန်နိုင်မှာပင်။
နန်ဟိုင် တော်ဝင်အင်ပါယာ လျိုမိသားစုရဲ့ ဘိုးဘေး။ တစ်ချိန်က ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး သူတော်စင် တစ်ပိုင်းကို ဖြတ်ကျော်ရန် မျှော်လင့်ချက် မရှိသောကြောင့် နန်ဟိုင် တော်ဝင်အင်ပါယာမှာသာ နေထိုင်ခဲ့သူ ဖြစ်သည်။
နန်ဟိုင် တော်ဝင်အင်ပါယာမှာ သာမက တော်ဝင်အင်ပါယာ ၃၀၀၀ကြားတွင် နံပါတ်တစ် မိသားစု ဖြစ်လာမို့ သူ့ရဲ့ အဆင့်၉ ပြီးပြည့်စုံတဲ့ ကာလက ခွန်အားကို အားကိုးခဲ့သည်။
၎င်းတို့ကို ကောင်းကင်သူတော်စင် လျိုမိသားစုအဖြစ် လေးစားခံရသည်။
လျိုချင်းယွင်ကို တော်ဝင်အင်ပါယာကြားတွင် အသန်မာဆုံး ဖြစ်တယ်ဆိုတာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ သို့သော် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်ပြီးနောက် ဧကရာဇ်အင်ပါယာများသို့ သွားကြသည်။
အဆင့်၉ကနေ သူတော်စင်တစ်ပိုင်းကို ဖြတ်ကျော်ချင်တယ် ဆိုရင် ဧကရာဇ်အင်ပါယာတွေမှသာ ဖြတ်ကျော်နိုင်သည်။ မော့ကောင်းရွှမ်းလည်း သူတော်စင်တစ်ပိုင်းကို ဖြတ်ကျော်ရန် မဖြစ်နိုင်ကြောင်း သိတာကြောင့် တော်ဝင်အင်ပါယာ၌သာ နေခဲ့သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ သခင်များမှာ တော်ဝင်အင်ပါယာမှာ လျိုဝှက်ပြီး နေသလား မသိသော်လည်း လျိုမိသားစုရဲ့ ဘိုးဘေး လျိုချင်းယွင်ကတော့ တော်ဝင်အင်ပါယာမှာ နံပါတ်တစ် သခင်အဖြစ် အသိအမှတ် ပြုခံထားရတော့ အမှန်ပင်။
"မင်းက လျိုယွင်ထန်းအတွက် လက်စားချေချင်တာလား?"
တစ်ဖက်လူရဲ့ အထောက်အထားကို သိလိုက်သော်လည်း လုရွှမ်သည် ထိတ်လန့်သွားခြင်း အလျင်းမရှိပေ။ ထိုအစား သူသည် မျက်ခုံးပင့်ကာ တချက်ကြည့်လိုက်သည်။