ပြေးပြီ
Vol. 34 Ch. 4.17
"မင်းက မာနကြီးတယ်လို့ ပြောရမလား? ဒါမှမဟုတ် တုံးတယ်လို့ပဲ ပြောရမလား"
လျိုမိသားစုရဲ့ ဘိုးဘေးက ခွေးသေတစ်ကောင်ကို ကြည့်နေသလို လုရွှမ်ကို ကြည့်နေလေသည်။
"သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ လူလေးက ရန်သူတွေ အများကြီးကို နှိုးဆွဖို့ သတ္တိရှိလိုက်တာကွာ ဟားဟားဟား..မင်းမှာ တခြားအားကိုးစရာ ဘာတွေများ ရှိနေသေးလို့လား!"
အေးစက်သော နှာမှုတ်သံနှင့်အတူ လျိုမိသားစု၏ ဘိုးဘေးက သူ့ချိုင်းထောက်ကို မြှောက်ကာ လုရွှမ်ကို လှမ်းရိုက်လိုက်ပေသည်။ ထိုတုတ်ချောင်းက သာမန်အဘိုးကြီးမှ ပေါ့ပေါ့တန်တန် ရှေ့သို့ တိုးလျှိုးနေကာ စွမ်းအင် အနည်းငယ်မျှပင် မရှိပုံပေါ်၏။
သို့သော် လုရွှမ်ရဲ့ မျက်ခုံးတွေကတော့ ခဏအတွင်း တွန့်ချိုးသွားခဲ့သည်။
အင်အား လုံးဝမရှိတဲ့ အရိပ်အယောင် ပေါ်လေလေ လျိုမိသားစုရဲ့ ဘိုးဘေးဟာ ချန်ဖုန်းနယ်ပယ်မှာ ပိုမိုနက်ရှိုင်းနေကြောင်း သက်သေပြလေ ဖြစ်လေသည်။
လုရွှမ်ပင်လျှင် သူသည် ဤသစ်သား တုတ်နဲ့ အမှန်တကယ် အထိုးခံလိုက်ရပါက အတွင်းအင်္ဂါများ ချက်ချင်းပေါက်ကွဲပြီး အသားလုံး အဖြစ်သို့ ပြောင်းလဲသွားလိမ့်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
အရိုက်ခံရရင် သေချာပေါက် သေသွားလိမ့်မယ်။ နတ်ဘုရားတောင် ဆင်းကယ်နိုင်မှာ မဟုတ်တော့ဘူး။
ဤအခိုက်အတန့်တွင် အနောက်မှ ခပ်တိုးတိုး အသံနဲ့အတူ ရှီးမန်ဝေ့သည် သူ၏ အဆုံးစွန်သော လှုပ်ရှားမှုကို အသုံးပြုကာ ပုံရိပ်၃ခုအဖြစ် ခွဲထွက်၍ လမ်းကြောင်း တစ်ခုလုံးကို ကွက်လပ်မရှိ ပိတ်ဆို့ထားလိုက်သည်။
ဒါ့အပြင် လျိုမိသားစုရဲ့ ဘိုးဘေးက သူ့ကို လမ်းလျှောက်တုတ်နဲ့ ရိုက်တော့မှာ ဖြစ်တာကြောင့် ဘယ်သူက အတုအစစ်လဲ ဆိုတာကို ဆုံးဖြတ်ရန် အချိန်မရှိပေ။
အခြေအနေက အန္တရာယ်များသော်လည်း လုရွှမ်သည် သူ့ယခင်ဘဝက ကမ္ဘာပေါ်၏ အထွတ်အထိပ်တွင် ရပ်တည်ခဲ့ပြီး သူ၏ တိုက်ပွဲဝင် အသိစိတ်သည် ရိုးတွင်းခြင်ဆီထဲသို့ပင် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။ နည်းနည်းလေးတောင် တုံ့ဆိုင်းမနေဘဲ ဖီးနစ်အတောင်ကို ချက်ချင်း ဖြန့်ချလိုက်ကာ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။
မတိုင်ခင်က သူနဲ့ ရှီးမန်ဝေ့ အစွမ်းကုန် တိုက်ခိုက်ခဲ့ပြီး နှစ်ယောက်သားရဲ့ အင်အားကြောင့် ဤနေရာတွင် အနည်းဆုံး မီတာရာချီ မြင့်သော ဂူကြီးတစ်ခုလို ဖြစ်သွားခဲ့သည်။
"ပျံသန်းနိုင်တယ်?"
လျိုမိသားစုရဲ့ ဘိုးဘေးလည်း ခဏမျှ အံ့အားသင့်သွားကာ သူ့မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အရောင်များ ထွက်ပေါ်လာလေသည်။
ဒီကလေးကို သတ်ပြီးရင်တော့ ပျံသန်းနိုင်တဲ့ မှော်လက်နက်က သူ့ဟာပဲ ဖြစ်လာလိမ့်မယ်။ ကောင်လေးဆီကို ရှီးမန်ဝေ့ကို ပြေးပြီး တိုက်ခိုက်ခိုင်းလို့ မဖြစ်တော့ဘူး။
လျိုမိသားစုရဲ့ ဘိုးဘေးများသည် ခြေထောက်နှစ်ဖက်လုံးကို ထောက်ကန်လိုက်ခြင်းဖြင့် လေထဲသို့ ပျံတက်သွားခဲ့သည်။ မော့ကောင်းရွှမ်း ကဲ့သို့ပင် သူသည် ပျံသန်းနိုင်စွမ်း မရှိသော်လည်း ပြင်းထန်သော ခွန်အားနှင့် လေကို ထိန်းချုပ်နိုင်စွမ်း ရှိသဖြင့် ပျံသန်းနိုင်သော်လည်း အချိန်က သိပ်မကြာပေ။
၎င်းကို မျဉ်းဖြောင့်ကဲ့သို့သာ ခုန်တက်နိုင်ကာ လှည့်ပတ်ပျံသန်းဖို့တော့ အခက်အခဲ ဖြစ်စေနိုင်သည်။
သူရောက်ခါနီးတွင် လုရွှမ်သည် သူ့တောင်ပံများကို အနည်းငယ်လှန်ကာ ညာဘက်သို့ လှည့်လိုက်သည်။
လျိုမိသားစု ဘိုးဘေးကလည်း ကျောက်နံရံထိပ်သို့ ပြေးသွား၍ သူ၏ခွန်အားကို ခြေတစ်ချက်စောင့်လျက် ချေးယူကာ လုရွှမ်၏ ဦးတည်ရာဆီသို့ ဆက်လက် လိုက်သွားခဲ့သည်။
အဲဒီလိုနဲ့ပဲ နှစ်ဖက်စလုံး မီတာဆယ်ဂဏန်း အကွာအဝေးအထိ ရောက်သွားကြ၏။
"မင်းငါ့ကိုသတ်ချင်ရင် အရင် ဖမ်းမိအောင်လုပ်လေ!"
လုရွှမ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူ့မှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ပြီးပြည့်စုံသော ကာလရဲ့ အတွေ့အကြုံတွေ ရှိတယ်လေ။ အဲဒီနယ်ပယ်ရဲ့ အရည်အချင်းတွေနဲ့ ချို့ယွင်းချက် တချို့ကိုလည်း ရှင်းရှင်းလင်းလင်းကို သိပြီးသားပင်။ ဒီလိုခုန်နိုင်တဲ့ အစွမ်းသတ္တိ ရှိပေမယ့် ဖီးနစ်တောင်ပံတွေကို အမီလိုက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
လုရွှမ်က အလိုအလျောက် ဦးတည်ရာကို လှည့်နိုင်သော်လည်း သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ် အဆင့်၉ ကျင့်ကြံသူ အတွက်ကတော့ အလှည့်အပြောင်း တစ်ခုစီကြားတွင် အနည်းဆုံး တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့် ပိုကြာနိုင်၏။
ထို့အပြင် ရွှေအရှိန်ဟာ အရှိန်အဟုန် ကောင်းရုံသာမက သွက်လက်မြန်ဆန်သည်။ လိုဏ်ဂူလမ်းသည် ကျဉ်းမြောင်းပြီး ပြိုင်ဘက်အား ဤနေရာတွင် အမီလိုက်နိုင်စေရန် မလွယ်ကူပေ။
"ကောင်လေး အရူးထမနေနဲ့!"
သူ့ကို အကြိမ်ကြိမ် ဆက်တိုက် လိုက်ဖမ်းပြီးနောက် ဖမ်းမိနိုင်ရန် ခက်ခဲကြောင်း သဘောပေါက်လာသည်။ လျိုမိသားစု ဘိုးဘေးရဲ့ မျက်နှာ အရောင်လည်း ဖျော့သွားကာ ရှီးမန်ဝေ့ကို လှည့်ကြည့်လိုက်ရင်း။
"မင်း သူ့ကို ထိန်းဖို့ နည်းလမ်းရှာလိုက်!"
"ဟုတ်ကဲ့ ဘိုးဘေး!"
လျိုချင်းယွင်က သူရဲ့ဘိုးဘေး မဟုတ်သော်လည်း တော်ဝင်အင်ပါယာမှာ ကောင်းကင်သူတော်စင် လျိုမိသားစုကို နံပါတ်တစ်ဟု သတ်မှတ်ထားသောကြောင့် ရှီးမန်ဝေ့ လေးလေးစားစား အော်ဟစ်လိုက်သည်။
"ကောင်လေး! ဒီနေ့က မင်းရဲ့သေတဲ့နေ့ပဲ... မင်းဘယ်သွားနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"
ရှည်လျားသော အော်ဟစ်သံနှင့်အတူ ရှီးမန်ဝေ့သည် သူ့ခန္ဓာကိုယ်ကို ဆန့်တန်းကာ လေထဲတွင်ရှိနေသည့် လုရွှမ်ကို လက်ဝါးတစ်ချက် လွှဲရိုက်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း!
ကြီးမားသော လက်ဝါးရာများသည် လေထဲတွင် ပေါ်ထွက်လာသည်။
လုရွှမ်တစ်ယောက် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူရဲ့ လက်ဝါးရိုက်ချက်များကို တွန်းလှန်နေသရွေ့ လျိုမိသားစု၏ ဘိုးဘေးသည် အခွင့်အရေးကို ဆုပ်ကိုင်ကာ တစ်ချက်တည်း ဝင်တိုက်နိုင်လိမ့်မည်။
သူ့အကြံအစည်က ကောင်းမွန်သော်လည်း လုရွှမ် ပျံသန်းနေတဲ့ အမြင့်ဟာ မီတာ ၁၀၀ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အဆင့်၈ တစ်ယောက်ရဲ့ လက်ဝါးစွမ်းအင်ဟာ မြင့်လေ အကျိုးသက်ရောက်မှုက နည်းလေပင်။ ထို့အပြင် နေရာလွတ်သည် အလိုအလျောက် ရှောင်တိမ်းနိုင်လောက်အောင် ကျယ်လို့ အချိန်တိုအတွင်း သူ့ကို နာကျင်အောင် လုပ်နိုင်ဖို့က မလွယ်ချေ။
"အမ်? မဟုတ်သေးဘူး!"
ရှီးမန်ဝေ့ရဲ့ တိုက်ခိုက်မှုကို ရှောင်နေစဉ်တွင် လုရွှမ်သည် လျိုမိသားစု ဘိုးဘေးရဲ့ လှုပ်ရှားမှုကိုလည်း စောင့်ကြည့်နေခဲ့သည်။ မကြာမီတွင် ထိုအဘိုးအိုသည် အခင်းအကျင်း တံဆိပ်ပြားများကို ထုတ်ယူကာ ပတ်ပတ်လည် အခင်းအကျင်းများကို စတင်ချတော့သည်။
အခင်းအကျင်း အများအပြားကို ထုတ်လိုက်သောအခါ လုရွှမ် ၎င်းတို့ကို ချက်ချင်း မှတ်မိလိုက်သည်။
ဤအရာသည် ပေါင်းစပ်အခင်းအကျင်း တစ်ခုဖြစ်သည်။ အခင်းအကျင်း တစ်ခုတည်းနဲ့တင် အဆင့်၈ ကျင့်ကြံသူများကို ထောင်ချောက်ဆင်နိုင်သည်။ အများကြီးကို ပေါင်းစပ်လိုက်ရင်တော့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ သန်မာသော လူတစ်ဦးပင်လျှင် လွတ်မြောက်ရန် အတော်လေး အားထုတ်ရလိမ့်မည်။
ဒီလူကြီးက တော်တော်ကို အရိပ်အကဲ နားလည်ပုံပဲ။ ပေါင်းစပ် အခင်းအကျင်းကိုတောင် စီစဥ်နေပြီပေါ့လေ။ သူခဏလေး ပိတ်မိသွားတာနဲ့ လျိုမိသားစု ဘိုးဘေးက သူ့ကိုအလွယ်လေး တိုက်ခိုက်နိုင်သွားပြီ။
"ငါ့ကို ထောင်ချောက် ဆင်ချင်တယ်ပေါ့... စိတ်မကောင်းပါဘူး ငါမင်းတို့နဲ့ ကစားဖို့ စိတ်မပါသေးဘူး!"
လုရွှမ် ကျယ်လောင်စွာ ရယ်မောရင်း အတောင်များကို အကြိမ်အနည်းငယ် ခေါက်လိုက်ပြီး သူ့ခေါင်းထက်က ကျောက်နံရံဆီသို့ တိုက်ရိုက် ပြေးသွားခဲ့သည်။
"မင်းကြောက်ပြီး တုံးသွားတာလားဟ?"
လုရွှမ် သူ့ခေါင်းထက်က ကျောက်နံရံဆီကို ဆောင့်ချ လိုက်သည်ကို မြင်လိုက်ရသဖြင့် ရှီးမန်ဝေ့လည်း နားမလည်နိုင်အောင် ဖြစ်သွားလေသည်။
နောက်အခိုက်အတန့်တွင် လုရွှမ် သူ့ခေါင်းထက်က ကျောက်နံရံကို ထိလိုက်စဉ် သူသည် ကျောက်နံရံထဲသို့ တိုက်ရိုက် နစ်မြုပ်သွားပြီး မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားခဲ့၏။
"ဒါ.... ဒီကလေးက မြေကြီးထဲကို ထိုးဖောက် လွတ်မြောက်နိုင်တဲ့ နည်းလမ်းကို သိနေတာလား!"
လျိုမိသားစုရဲ့ ဘိုးဘေးခမျာ မျက်လုံးတွေ ပြင်းပြင်းထန်ထန် တွန့်ချိုးလိုက်ရင်း မယုံကြည်နိုင်စွာ ဆိုလိုက်သည်။
"ဘိုးဘေး... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ?"
ရှီးမန်ဝေ့ ကမန်းကတန်း မေးလိုက်သည်။
"သူ့ကိုဒီမှာဖမ်းဖို့ မဖြစ်နိုင်ဘူး...ဒါပေမဲ့ သူ မြို့ထောင်ချီမဟာမိတ်ကို ပြန်သွားမှာပဲ..... သူ့မှာ ကြံရာပါတွေ ရှိနေသေးတယ်လို့ မင်းပြောတယ်မလား? မှော်တစ်ထောင်စံအိမ်ကို သွားပြီးတော့ သူ့ပေါ်လာတာကို စောင့်ရအောင်!"
လျိုမိသားစု ဘိုးဘေးလည်း အံကိုကြိတ်ရင်း ပြင်းပြင်းထန်ထန် ပြောလေ၏။
"ဟုတ်ကဲ့ပါ ဘိုးဘေး!"
ရှီးမန်ဝေ့ အမြန်ပြန်ဖြေလိုက်၏။
ကျောက်နံရံ အထဲမှာတော့ လုရွှမ် အရှေ့ကို လျင်မြန်စွာ ရွေ့လျားသွားနေသည်။
ရွှေအရှိန်ကို သန့်စင်ပြီးနောက် ကျောက်တုံးများကို ဖြတ်လျှောက်ရာတွင် အတားအဆီး မရှိတော့ပေ။ ကျောက်ဖြစ်စေ သဲဖြစ်စေ ၎င်းတို့နှစ်ခု၏ အခြေခံဖွဲ့စည်းမှုမှာ အတူတူပင်ဖြစ်ပြီး သဲသည် ကျိုးပဲ့နေသော ကျောက်တုံးတစ်ခုသာဖြစ်သည်။
ကျောက်ဆောင်တွေကို ဖြတ်လျှောက်သွားရင်တောင် စိတ်စွမ်းအားကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင် အခြေအနေကို စိတ်စွမ်းအားနဲ့ ကောင်းကောင်း နားလည်နိုင်အောင် လုပ်နိုင်သည်။
သူကအခု လျိုမိသားစု ဘိုးဘေးရဲ့ ပြိုင်ဘက် မဟုတ်သေးနာကြောင့် သဘာဝကျကျ သူလွတ်မြောက် နိုင်လေလေ ပိုကောင်းလေဖြစ်သည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ကျင့်ကြံသူဆိုတာ အခုအချိန်မှာ သူယှဉ်ပြိုင်နိုင်တဲ့ အရာမဟုတ်ပေ။
မြို့သခင်စံအိမ်က ရလာတဲ့ အခင်းအကျင်း တံဆိပ်ပြားတွေကို ဘာလို့ မသုံးတာလဲ?
အဆင့်၉ အခင်းအကျင်း တံဆိပ်ပြားတွေဟာ ယွမ်ချီများစွာကို စားသုံးကြသည်။ နန်းတော်ပင်လယ်ကြီး နှစ်ခုရှိရင်တောင် ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ပေ။ ရန်သူကို အချိန်တိုအတွင်း မသတ်နိုင်ရင် သူ့ရဲ့ယွမ်ချီတွေ ကုန်သွားကာ အကျပ်အတည်း အန္တရာယ်ထဲကို ကျရောက်သွားနိုင်၏။
ဦးတည်ရာမဲ့ လမ်းလျှောက်ရင်း ရုတ်တရက် တစ်နေရာ အရောက်မှာ ရပ်သွားသည်။
"ဒါ..."
အနီးနားရှိ လှိုဏ်ဂူတစ်ခု၏ ကျောက်နံရံပေါ်တွင် ခူးရုန်မြက် ၇ပင် ၈ပင်ခန့် သန်မာစွာ ကြီးထွားနေတာကို တွေ့လိုက်ရသည်။
ခူးရုန်မြက် ၈ပင်လောက် တစ်စုတစ်စည်းတည်း ပေါက်နေတဲ့ မြင်ကွင်းကို လုရွှမ် ဂူတစ်သောင်းဂူထဲကို ရောက်လာကတည်းက တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ ဒီပတ်ဝန်းကျင်က ခူးရုန်မြက် ကြီးထွားဖို့ အတော်လေး သင့်လျော်နေတာများလား။
ဝူး!
တစ်ချက် လှုပ်ရှားရုံဖြင့် လုရွှမ်သည် ကျောက်နံရံထဲမှ ခူးရုန်မြက်များကို တိုက်ရိုက် တူးထုတ်ပြီး သူ့လက်ထဲသို့ အမြန် ယူထားလိုက်သည်။ အနီးပတ်ဝန်းကျင်ကို အကဲခတ်လိုက်တဲ့အခါ တခြားနေရာတွေနဲ့ အတူတူပဲ ဖြစ်နေတာကို တွေ့လိုက်ရ၏။
ဒီနေရာက ဘာလို့ ဒီလောက်အများကြီး ပေါက်နိုင်ရတာလဲ?
သို့သော် အလွန်အမင်း တွေးတောမနေဘဲ ခူးရုန်မြက် ရှစ်ပင်ကို လျင်မြန်စွာ သန့်စင်လိုက်သည်။ ဆေးရည်ကို မျိုချပြီးနောက် သူ့ရဲ့ စိတ့စွမ်းအား အတိုင်းအတာက အနည်းငယ် တိုးလာသလို ခံစားလိုက်ရ၏။
ထို့နောက် တစ်ချက်လှည့်၍ ဘေးရှိ ကျောက်ဆောင်ထဲသို့ တိုက်ရိုက် ဖြတ်ကျော်ကာ အရှေ့ကို ဆက်လျှောက်လာခဲ့သည်။