← Chapters

မြို့ကိုပြန်ခြင်း

Vol. 34 Ch. 4.20

မြို့ကိုပြန်ခြင်း

Vol. 34 Ch. 4.20

"မင်း!"

လျိုမိသားစု၏ ဘိုးဘေးသည် အနည်းငယ် နောက်ပြန်ဆုတ်သွားကာ သူ့မျက်နှာ တစ်ခုလုံး မယုံနိုင်သည့် အငွေ့အသက်များဖြင့် နီမြန်းလာခဲ့သည်။

ရှင်းရှင်းပြောရရင် တစ်ဖက်မှာ ဒီလိုလက်မျိုး ပိုင်ဆိုင်ထားမယ်လို့ တစ်ခါမှ မထင်ထားခဲ့ပေ။

မူလက သူသည် တစ်ဖက်လူကို လုပ်ကြံရန် ကြံစည်ထားသူ ဖြစ်သော်လည်း တစ်ဖက်က သူဆင်ထားတဲ့ အခင်းအကျင်း ထောင်ချောက်ကိုပါ ဖြတ်ကျော်သွားခဲ့သည်။

ဝူး!

သူ့ရဲ့ထောင်ချောက်ကို ကျော်ဖြတ်သွားသော်လည်း လုရွှမ်သည် ဆယ်လှမ်းကျော် ဆက်တိုက် ဆုတ်ခွာသွားရကာ နှုတ်ခမ်းထောင့်မှ သွေးများ ထွက်ကျလာသည်။

စိတ်စွမ်းအား အတိုင်းအတာသည် ၁၈ဟာ လျိုမိသားစု ဘိုးဘေးများရဲ့ ထိုးနှက်မှုကို အပြည့်အဝ ခံနိုင်ရည်ရှိသော်လည်း မသက်မသာ ခံစားရဆဲ ဖြစ်သည်။

လုရွှမ်သည် သူ၏ ဝိညာဉ်စွမ်းအား အားကောင်းကြောင်း ကောင်းကောင်း သိပြီး အဆင့်၉ အထွတ်အထိပ် ကာလနဲ့ တိုက်ခိုက်ရင် အနည်းငယ်မျှ မရှုံးနိုင်သော်လည်း တစ်ဖက်က သူတောင်စင်တစ်ပိုင်းရဲ့ ထိပ်စကို ထိနေသူဖြစ်ရာ စိတ်စွမ်းအားနဲ့လည်း အနိုင်ယူဖို့ မလွယ်ချေ။

"​ကောင်​​လေး နောက်တစ်ခေါက် ထပ်လာစမ်း!"

လုရွှမ်နှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုတွင် လျိုမိသားစု၏ ဘိုးဘေးသည် အေးဆေးတည်ငြိမ်သော အနေအထားတွင် ရှိနေသည်။ ပထမတော့ လုရွှမ်၌ အလွန်ထူးဆန်းသော နည်းလမ်းများ ရှိမည်ကို စိုးရိမ်ခဲ့သော်လည်း ယခုအခါ စွမ်းအားသည် အနည်းငယ် ထူးဆန်းနေ၏။

ဒါပေမဲ့လည်း အကြွင်းမဲ့ တိုက်ခိုက်ရေး စွမ်းအားက အနည်းငယ် နိမ့်ကျနေသေးတာမို့ ဒီအချိန်မှာ သူ့စွမ်းအားတွေကို အကုန်ထုတ်လွှတ်ပြီး လူငယ်ကို သတ်ပစ်ချင်သည်။

"ထပ်လာရမယ်? စိတ်မကောင်းပါဘူး ငါ့မှာလုပ်စရာတွေ ရှိသေးတယ်ဆိုတော့ မင်းနဲ့ မကစားတော့ဘူး!"

ပေါ့ပေါ့ပါးပါး ပြုံးရင်း လုရွှမ် သူ့အတောင်ပံများကို ဖြန့်ကာ သူ့​​ခန္ဓာကိုယ်သည် မီးတောက်လောင်နေသော ဥက္ကာပျံတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး မြို့ထောင်ချီမဟာမိတ် ဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။

တိုက်ပွဲဆက်ဖြစ်ရင် ဆက်တိုက်နိုင်ပေမယ့် သူ့ခန္ဓာကိုယ်က ဒဏ်ရာရထားပြီမို့ တိုက်ပွဲဆက်ဖြစ်ရင် နောက်ဆုံးမှာ ထွက်ပြေးဖို့ ခက်သွားလိမ့်မယ်။ လုရွှမ် သူ့ရဲ့ လက်ရှိအင်အားဟာ လျိုမိသားစုရဲ့ ဘိုးဘေးတွေနဲ့ အလှမ်းဝေးနေသေးတာကို ကောင်းကောင်း သိပါသေး၏။

"ပြေးမယ်ပေါ့လေ သိပ်တော့ မလွယ်ဘူးကွ!"

သူ ပျံထွက်သွားတာကို မြင်တော့ လျိုမိသားစုရဲ့ ဘိုးဘေးက အေးစက်စွာ အော်ဟစ်လိုက်ပြန်သည်။ လုရွှမ် ထွက်ပြေးသွားတာက သူ့မှာ တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူးလို့ သက်သေပြနေပြီမို့ သိပ်စိတ်မပူချေ။

မြေပြင်ပေါ်တွင် ခြေနှစ်ချောင်းဖြင့် အားယူရင်း လျိုမိသားစု ဘိုးဘေးသည် လုရွှမ် ပျံသန်းသွားရာဘက်ကို မြှားတစ်စင်းလို ပြေးလိုက်သွားလေသည်။

နှစ်ယောက်သား လမ်းတစ်လျှောက် ပြေး​နေကြသည်။ လုရွှမ်မှာ အဆက်မပြတ် ပျံသန်းနေသော လင်းယုန်ငှက် ကဲ့သို့ပင် ဖြစ်သော်ငြား လျိုမိသားစုရဲ့ ဘိုးဘေးကတော့ ဖားတစ်ကောင်လို ခုန်လိုက်ပျံလိုက်ဖြင့် အမှီလိုက်ရန် ကြိုးစားသော်လည်း ဖမ်းမမိသေးပေ။

ဖီးနစ်၏ အတောင်ပံ၊ ရွှေအရှိန်တို့ရဲ့ ပျံသန်းသည့် အမြန်နှုန်းသည် လင်းယုန်နီ သားရဲထက် အဆပေါင်းများစွာ ကျော်လွန်နေပြီ။ သို့ဖြင့် မကြာမီတွင် မြို့ထောင်ချီမဟာမိတ်ကို လှမ်းတွေ့လိုက်ရသည်။

ဝှစ်!

လုရွှမ် မြို့ထောင်ချီမဟာမိတ်၏ အထက်ကောင်းကင်သို့ ပျံသန်းသွားသော် လျိုမိသားစု၏ ဘိုးဘေးကလည်း သူ့နောက်မှ ခုန်ဆင်းလာခဲ့သည်။

ဝုန်း!

သူဆင်းသက်လိုက်ရာ နေရာလွတ်သည် ပြင်းထန်သော အင်အားဖြင့် ဖုန်မှုန့်များ ပျံ့ကျဲသွားသည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလက လူတစ်ယောက်ရဲ့ အင်အားအပြည့်နဲ့ ခုန်ချလိုက်ပုံက အိမ်တစ်လုံးပြီး တစ်လုံး ပြိုကျပျက်စီးသွားသည်။

"ဘယ်သူလဲ!"

"ဘယ်သူက ပြဿနာ လာရှာနေတာလဲဟ!!"

ကျင့်ကြံသူများ အနည်းငယ်သည် အပျက်အစီးများထဲမှ တွားသွား ထွက်လာကာ အော်ငေါက်လိုက်ပေမယ့် ကောင်းကင်ယံ၌ ပျံဝဲနေသော အရိပ်နှင့် လျိုမိသားစု၏ ဘိုးဘေးတို့ကို တွေ့လိုက်တဲ့အခါ ချက်ချင်းပင် တိတ်ဆိတ်သွား​ကြသည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က မြို့ထောင်ချီမဟာမိတ်မှာ ရှိတဲ့ လူတိုင်းနီးပါးသည် အတောင်နှစ်ဖက် မှော်လက်နက်ပါတဲ့ အပြင်လူတစ်ဦးဟာ ရှီးမန်ကျွင့်ကို တိုက်ရိုက်သတ်ခဲ့ပြီး အရိပ်လူသတ်ခန်းမက ရှီးမန်ဝေ့ကိုပါ အပြင်မထွက်ရဲအောင် လုပ်လိုက်ကြောင်း သိထားပြီး ဖြစ်သည်။

ဒီလိုလူကို သွားနှိုးဆွဖို့တော့ သူတို့လုံးဝ မတတ်နိုင်ပါဘူး။ ပြီးတော့ အဲဒီခုန်ချလာတဲ့ ကောင်က ပိုတောင် သန်မာနေသေးတယ်။ သူတို့ ဦးနှောက်က ပြဿနာမရှိတာကြောင့် ဆက်အော်ဖို့ မဝံ့ရဲတော့ပါ။

"ဘန်း!" "ဘန်း!" "ဘန်း!"

မြို့ထောင်ချီမဟာမိတ်က အလွန်ကျယ်ပြန့်သည်။ လျိုမိသားစု၏ ဘိုးဘေးသည် လုရွှမ်ကို လိုက်ဖမ်းနေချိန်တွင် သူတို့ခြေချခဲ့ရာ အဆောက်အအုံများ အားလုံးကို ဖျက်စီးသွားခဲ့သည်။

လူတိုင်းလည်း ပွဲကြီးပွဲကောင်း ဖြစ်နေမှန်း သဘောပေါက်သွားကြသည်။

ကျင့်​ကြံမှု အခြေခံ ​မြင့်သူများနှင့် ရဲရင့်သူများသည် စိတ်လှုပ်ရှားမှုကို စောင့်ကြည့်ရန် ပြေးထွက်လာကြပြီး ကျင့်ကြံမှု နိမ့်သော လူတွေကတော့ ပုန်းခိုရန် ပိုမိုလုံခြုံတဲ့ နေရာကို အမြန်ရှာဖွေနေကြသည်။

နှစ်ယောက်သား ပြေးထွက်လာခဲ့ရာ မကြာမီတွင် မှော်တစ်ထောင်စံအိမ် တံခါးဝသို့ ရောက်လာခဲ့သည်။ သူတို့ ရှေ့မရောက်မီတွင် အကာအကွယ် အခင်းအကျင်းက အလိုအလျောက် အသက်ဝင်လာ၏။

လုရွှမ်က သူ့ကိုယ်ပေါ်မှာ အဆင့်မြင့်ကတ်ကို ဆောင်ထားတာကြောင့် အခင်းအကျင်းက သူ့ကို အလိုအလျောက် အသိအမှတ် ပြုလျက် ဝင်ခွင့်ပေးလိုက်သည်။

လျိုမိသားစုရဲ့ ဘိုးဘေးကိုတော့ အကာအကွယ် အခင်းအကျင်းက အလွှာများဖြင့် ပိတ်ဆို့ထားပြီး အထဲသို့ မဝင်နိုင်တော့ပေ။

"ဟမ့်!"

သူ့မျက်နှာ မည်းမှောင်သွားပြီး လျိုမိသားစု ဘိုးဘေးများ၏ မျက်လုံးများသည် ရေခဲတမျှ အေးစက်လာ​လေသည်။

သူ၏ ခွန်အားဖြင့် ဤအကာအကွယ် အခင်းအကျင်းကို ဖြတ်ကျော်နိုင်သော်လည်း ၎င်းသည် စွမ်းအင်များစွာကို သုံးစွဲရမည် ဖြစ်ပြီး ကံမကောင်းရင် အမြတ်က အရှုံးထက် သာသွားနိုင်သည်။

သူ့လက်ထဲက လှိုင်းလုံးကြီးကို ရပ်တန့်​​လိုက်ပြီး မှော်တစ်ထောင်စံအိမ် တံခါးဝသို့ ဆင်းသက်လိုက်သည်။

"ရွှီးမိသားစုက ကောင်လေး... ငါ့အတွက် အကာအကွယ် အခင်းအကျင်းကို ဖယ်လိုက်ပါ!"

အသံသည် မိုးခြိမ်းသံကဲ့သို့ အရပ်ရပ်သို့ ပဲ့တင်သဲပင် ထပ်သွားသည်။ မကြာမီတွင် ရွှီရှင့်လုံလည်း တံခါးဝမှ ထွက်လာခဲ့သည်။

လျိုမိသားစုရဲ့ ဘိုးဘေး တံခါးဝမှာ ရပ်နေတာကို မြင်သောအခါ ချက်ချင်း ထိတ်လန့်သွားသည်။ တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းတွင် နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်ကာ ကောင်းကင်သူတော်စင် လျိုမိသားစုရဲ့ ဘိုးဘေးကို ဘယ်သူက မသိဘဲ နေမှာလဲ။

"ဘိုးဘေး ပြောစရာရှိရင် ကောင်းကောင်း ပြောကြရအောင်ပါ... ဘာကိစ္စရှိလို့လဲ ဘယ်သူက ဘိုးဘေးကို စော်ကားလိုက်တာလဲ?"

"အစောက မှော်တစ်ထောင်စံအိမ်ထဲကို ပြေးဝင်သွားတဲ့ လုရွှမ်ပဲ! သူက မင်းရဲ့ဧည့်သည်လား? သူ့ကို ငါ့ဆီ လွှဲပေးလိုက်!"

လျိုမိသားစုရဲ့ ဘိုးဘေးက အော်ဟစ်လိုက်၏။

"ကောင်းကောင်း ပြောရအောင်ပါ... ဘိုးဘေး ဒါနဲ့ ညီလေးလုရွှမ်က ဘာလုပ်လိုက်တာလဲ?"

ရွှီရှင့်လုံသည် ယခုအချိန်တွင် ငြိမ်းချမ်းရေးကို ဖော်ဆောင်သူ ဖြစ်ချင်ဆဲ ဖြစ်ပြီး နှစ်ဖက်စလုံးက မစော်ကားချင်ပေ။

"သူ ငါ့မြေး လျိုယွင်ထန်းကို သတ်သွားတာ.... ဒီနေ့ပဲ အဲဒီကောင်ရဲ့ အရေခွံကို ခွာပြီး သေအောင် သတ်ပစ်မယ်!"

လျိုမိသားစုရဲ့ ဘိုးဘေးမှာ အေးစက်နေတဲ့ သူ့မျက်လုံးတွေနဲ့ ပြင်းပြင်းထန်ထန် ဟစ်အော်လိုက်ပေ၏။ ထိုစကား ပြီးသည်နှင့် တပြိုင်နက် အနည်းငယ် စိတ်မရှည်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါ့သခင်လေးကို သတ်မယ်ပေါ့? မင်းအဆင့်လောက်နဲ့လား?"

မော့ကောင်းရွှမ်းသည် ဓားတစ်လတ်လို စူးရှတဲ့ အကြည့်တွေနဲ့ မှော်တစ်ထောင်စံအိမ်၏ အဆောက်အအုံ အမြင့်တွင် ရပ်ကာ အပေါ်မှ အောက်ကို ငုံ့ကြည့်​နေသည်။

"မင်းက ဘယ်သူလဲ"

မော့ကောင်းရွှမ်း၏ အရှိန်အဝါကို အနည်းငယ် ခံစားလိုက်ရသဖြင့် လျိုမိသားစု၏ ဘိုးဘေးသည် ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားသည်။

သူကဲ့သို့ပင် သူ့ရှေ့မှ ရွှီရှင့်လုံကလည်း သူ့တစ်ကိုယ်လုံးတွင် ထိန်းမနိုင်သိမ်းမရ တုန်ရီလျက် အသက်ရှုကြပ်နေ၏။ တစ်ဖက်လူဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ချန်ဖုန်းနယ်ပယ်၏ အလွန်မြင့်မားသော နယ်ပယ်ထဲသို့ လုံးလုံး ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

"မော့ကောင်းရွှမ်း!" မော့ကောင်းရွှမ်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး

"မင်းကငါ့သခင်ကို အရေခွံခွာပြီး သတ်ပစ်ချင်တယ် ဆိုရင်တော့ မင်းမှာ အရည်အချင်း ရှိမရှိပေါ်မှာပဲ မူတည်တယ်!"

အသံဆုံးသည်နှင့် နဂါးကြီး၏ အော်သံကဲ့သို့ ကျယ်လောင်သော ဓားဆွဲထုတ်သံအား ကောင်းကင်နှင့် မြေကြီးကို လွှင့်တင်လိုက်သည်။

"လူ လူ​ကြီးမင်းတို့ နှစ်! နှစ်ယောက်! ဒီနေရာမှာ တိုက်ခိုက်လို့ မဖြစ်ဘူးနော်!"

ရွှီရှင့်လုံက အလျင်စလို တားချင်နေသည်။

လျိုမိသားစု၏ ဘိုးဘေးသည် တော်ဝင်အင်ပါယာမှာ နံပါတ်တစ်ဖြစ်ပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလကို ရောက်နေပြီ။ ရွှီရှင့်လုံလည်း မော့ကောင်းရွှမ်းဆိုတဲ့ လူကလည်း အဆင့်၉ ပြီးပြည့်စုံသော ကာလကို ရောက်နေပြီဖြစ်ကြောင်း မကြာသေးခင်ကမှ သိခဲ့သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလက သခင်နှစ်ယောက်ကြား တိုက်ပွဲတွင် မှော်တစ်ထောင်စံအိမ်ရဲ့ အကာအကွယ် အခင်းအကျင်းဟာ ၎င်းကိုခုခံနိုင်စွမ်း မရှိမှာ သေချာလေ၏။

တကယ်လို့ ခံနိုင်ရည် ရှိရင်တောင် အတွင်းပိုင်းတွေက ဆိုးဆိုးရွားရွား ပျက်စီးသွားမှာ သေချာတယ်လေ။

"ဟားဟား ငါ့ကိုသတ်ချင်တယ်?? လာခဲ့လေ!"

နှစ်ဘက်ကြားက တိုက်ပွဲတွေ ​ဖြစ်ပျက်တော့မှာကို မြင်လိုက်ရတော့ လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူ့တောင်ပံတွေကို ဖြန့်ကာ ကောင်းကင်ကို ပျံတက်သွားပြန်သည်။

"မပြေးနဲ့!"

လုရွှမ်ကို မြင်တာနဲ့ လျိုမိသားစု ဘိုးဘေးရဲ့ မျက်နှာက ချက်ချင်းပဲ နီရဲသွားတော့သည်။

တစ်ဖက်လူကို လျစ်လျူရှုပြီး လုရွှမ်သည် သူ၏အတောင်ပံများကို ဖြန့်ကာ အဝေးသို့ ပျံသန်းသွားခဲ့သည်။

တစ်ဖက်က ရှေ့ဆက်မတိုးနိုင်ရင် နောက်ဆုတ်သွားမယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ နှစ်ယောက်ထဲက တစ်ယောက် မသေရင် အခုပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း မရှိတော့ပုံပဲ။

"သခင်လေး!"

မော့ကောင်းရွှမ်းလည်း သူ့နောက်ကို လိုက်သွားသည်။

သိပ်မကြာခင်မှာပဲ ဖက်တီး၊ မုယန်ဖုန်း၊ မော့ချုံနှင့် အခြားသူများ တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်လာ​ကြသည်။

"သူတို့ဘယ်မှာလဲ?"

လူအနည်းငယ်ဟာ နောက်ကျပြီးမှ ရောက်လာတဲ့အတွက် လုရွှမ်၊ မော့ကောင်းရွှမ်းနဲ့ လျိုမိသားစု ဘိုးဘေးတို့ဟာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"အဲဒီဘက်ကို ထွက်သွားတာ!"

ရွှီရှင့်လုံသည် သူ့လက်ညှိုးကို လမ်းကြောင်းတစ်ခုသို့ ဆန့်ထုတ်လိုက်သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူငယ်ဆရာကြီး လုရွှမ်ဟာ တော်ရုံလူ မဟုတ်ဘူးဆိုတာ သူ့​စိတ်ထဲမှာ တွေးလိုက်သည်။

တကယ်လို့ သူတို့သာ မှော်တစ်ထောင်စံအိမ်ကို တိုက်ရိုက် တိုက်ခိုက်မယ် ဆိုပါက သူလုပ်နိုင်တာ ဘာမှမရှိတော့ပေ။

"သွားကြစို့... မြန်မြန် သွားကြည့်ရအောင်!"

မုယန်ဖုန်း အနည်းငယ် စိုးရိမ်သွားသည်။

All Chapters