← Chapters

ဖောက်ခွဲ သတ်ဖြတ်​ခြင်း အခင်းအကျင်း

Vol. 34 Ch. 4.21

ဖောက်ခွဲ သတ်ဖြတ်​ခြင်း အခင်းအကျင်း

Vol. 34 Ch. 4.21

လူတစ်စုသည် လုရွှမ် ထွက်ခွာသွားရာ လမ်းကြောင်းအတိုင်း လုရွှမ်၏ နောက်သို့ လိုက်သွားသော်လည်း မြို့ထောင်ချီမဟာမိတ်ထဲက ကျန်တဲ့ လူတွေကတော့ မလိုက်ရဲကြချေ။ တစ်ဖက်က သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉က သခင်နှစ်ယောက် ဖြစ်ပေသည်။

စိတ်လှုပ်ရှားမှုကို ကြည့်ရတာ မှန်ပေမယ့် စိတ်လှုပ်ရှားမှုကြောင့် အသက်ဆုံးရှုံးသွားဖို့က မထိုက်တန်ဘူး မဟုတ်လား။

လူတစ်စုသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ​ကျင့်ကြံသူများ ဖြစ်ကြသည်။ အင်အား အကြွင်းမဲ့ဖြင့် လိုက်ကြရာတွင် အလွန်လျင်မြန်လှသည်။ သူတို့သည် မြို့ထောင်ချီမဟာမိတ်မြို့မှ အမြန်ထွက်ခွာခဲ့ကြပြီး လုရွှမ်နှင့် အခြားသူများ တိုက်ခိုက်နေသည့် ဦးတည်ရာဆီသို့ ဆက်သွားကြသည်။

"သူဌေး... ကျွန်တော် လာကူညီမယ်!"

ဖက်တီးက သူ့တို့ဆီ မရောက်ခင်မှာပဲ ဟစ်အော်လိုက်သည်။

မုယန်ဖုန်းရဲ့ ကျင့်​ကြံမှုအခြေခံမှာ အလွန်နိမ့်ပါးပြီး သူ့တွင် အထူးနည်းလမ်းများ မရှိသော်လည်း ဖက်တီးကတော့ မတူပေ။ သူက သူ့ရင်ခွင်ထဲ လက်ထည့်လိုက်ပြီး အခင်းအကျင်း တံဆိပ်ပြား နှစ်ခုကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

အော်ဟစ်သံကို ကြားတော့ လုရွှမ် သူ့အနား ရောက်လာသည်။

"သူဌေး... ဒါက အရွက်တစ်ထောင် ထောင်ချောက် အခင်းအကျင်းပဲ... သူတော်စင်တစ်ပိုင်း အောက်ကလူတွေတောင် ဒီအခင်းအကျင်းကို ရဲ့ ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး...ပြီးတော့ ဒါက ဖောက်ခွဲ သတ်ဖြတ်ခြင်း အခင်းအကျင်းပဲ။ သူတော်စင်တစ်ပိုင်း အောက်မှာရှိတဲ့ လူတွေကို အလွယ်လေး သတ်ပစ်လို့ရတယ်!"

သူက အခင်းအကျင်း တံဆိပ်ပြား နှစ်ခုကို ထုတ်ပြီး ပြင်းပြင်းထန်ထန် ပြော​ပြလိုက်သည်။

"မင်းဆိုတဲ့ ကောင်လေးကတော့ တကယ်ကို နက်နက်နဲနဲ ဝှက်ထားတာပဲ!"

ဖက်တီးမှာ ဝှက်ဖဲတွေ ရှိမှန်းသိပေမယ့် ဒီလောက်ပြင်းထန်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမဲ့ တွေးကြည့်ရရင် ဧကရာဇ်အင်ပါယာမှာ ရှိတဲ့ မိသားစုကြီးထဲက လူတွေအားလုံးမှာ သူတော်စင်တစ်ပိုင်း နယ်ပယ်မှာ ရှိကြ၏။ ဖက်တီးက မိသားစုရဲ့ အရေးပါတဲ့ မိသားစုဝင် တစ်ယောက်ဖြစ်တယကြောင့် ဒီအရာနှစ်ခုကို ရဖို့ဆိုတာ သိပ်မခက်ပါဘူး။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ဆိုတာဟာ တော်ဝင်အင်ပါယာမှာ မာနကြီးနိုင်ပေမယ့် ဧကရာဇ်အင်ပါယာကို သွားရင်တော့ သူတော်စင်တစ်ပိုင်း နယ်ပယ်ကို အမှန်တကယ် ဖြတ်ကျော်နိုင်တဲ့ ပါရမီရှင်တွေကလွဲလို့ အဆင့်၉ ဆိုတာဟာ သူတို့ခြေထောက်ကြားက ဖုန်မှုန့်တွေလောက်သာ ရှိသည်။

"ငါ့ကို ဖောက်ခွဲ သတ်ဖြတ်ခြင်း အခင်းအကျင်း ပေး!"

လုရွှမ် ပြောလိုက်သည်။

"ကောင်းပြီ ယူသွား... အဲဒီအဘိုးကြီးကို သတ်လိုက်.... ဘယ်လိုသုံးရမယ် ဆိုတာ ပြောပြမယ်"

ဖက်တီးက သူ့လက်ထဲက အခင်းအကျင်း တံဆိပ်ပြားကို ချက်ချင်း ထုတ်ပေးလိုက်သည်။

ဖောက်ခွဲသတ်ဖြတ် အခင်းအကျင်းသည် သူတော်စင်တစ်ပိုင်း အဆင့်အောက်ရှိ ကျင့်ကြံသူများကို သတ်ပစ်နိုင်သည်။ တော်ဝင်အင်ပါယာတွင် ၎င်းအား ထိပ်တန်းအဆင့် အခင်းအကျင်းဟု သတ်မှတ်နိုင်သော်လည်း လုရွှမ်၏ အမြင်တွင်မူ ရှုပ်ထွေးမှု လုံးဝမရှိပေ။

"မလိုဘူး!"

လုရွှမ် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ မော့ကောင်းရွှမ်းနဲ့ လျိုမိသားစု ဘိုးဘေးတို့ တိုက်ခိုက်နေသည့် နေရာဆီသို့ ပျံသန်းသွားခဲ့သည်။

၎င်းသည် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှု အခင်းအကျင်း တစ်ခုသာ ဖြစ်သည်။ လုရွှမ်ရဲ့ လက်ရှိအင်အားနဲ့ ရေးဆွဲဖို့ အလွန်ခက်ခဲ ပေလိမ့်မည်။ သို့သော်လည်း ၎င်းကိုအသုံးပြုရန်မှာ ရိုးရှင်းလွန်းလှသည်။

တစ်ဖက်က မော့ကောင်းရွှမ်းနဲ့ လျိုမိသားစု ဘိုးဘေးတို့ရဲ့ တိုက်ပွဲဟာ အလွန်အမင်း ပြင်းထန်နေပြီး သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် တောင်တန်း တစ်ခုလုံး ပြိုကျသွားပြီ။

ဗုန်း ဗုန်း ဗုန်း !

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလက စွမ်းအားသည် ဆယ်မိုင်အကွာအဝေး အတွင်းရှိ လေထုကို မိုးကြိုးနှင့် လျှပ်စီးများကဲ့သို့ လွတ်ထွက်သွားသည်။ အုံ့မှိုင်း၍ ကြောက်မက်ဖွယ် ကောင်းသော လေလှိုင်းများ ရံဖန်ရံခါ တိုက်ခတ်လာကာ အဆင့်၉အောက်က လူတွေရောက်လာနဲ့ ပြာမှုန့်တွေလိုပါ လွင့်ထွက်သွားမှာကို ကြောက်ရသည်။

ချန်ဖုန်းနယ်ပယ်သည် အချိန်မရွေး နောက်ဆုံးအဆင့်ကို တက်နိုင်ပြီး သူတော်စင်တစ်ပိုင်း ဖြစ်လာနိုင်သည်။ အကယ်၍ သူတို့နှစ်ယောက် မြို့ထောင်ချီမဟာမိတ်မှာသာ အမှန်တကယ် တိုက်ခိုက်ပါက မဟာမိတ်တစ်ခုလုံး မြေပြင်အောက်ကို ကျွံကျသွားနိုင်သည်။

"အဘိုးကြီး... ခင်ဗျား သေချင်နေတာပဲ!"

ဟောက်သံနှင့်အတူ မော့ကောင်းရွှမ်း မျက်ခုံးပင့်ကာ ဓားရှည်ဖြင့် လေကို ထိုးဖောက်လိုက်သည်။ သူရှေ့ မရောက်ခင်မှာ ဓားစွမ်းအင်က မီတာရာနဲ့ချီအကွာအဝေးကို ဖြတ်ကျော်သွားပြီး ကောင်းကင်ကို ဖြိုခွဲပစ်လိုက်၏။

သူ၏ ခွန်အားအဆင့်ဖြင့် လူသားနှင့် ဓားပေါင်းစည်းမှုကို အချိန် အတော်ကြာ ကတည်းက နားလည်ထားပြီးသား ဖြစ်လေသည်။

"ဟမ့်!"

လျိုမိသားစု၏ ဘိုးဘေးကလည်း မကြောက်ပေ။ သူ၏ချိုင်းထောက်ဖြင့် ရှေ့သို့လှမ်းလိုက် သောအခါတွင် စွမ်းအားလှိုင်းများ လျင်မြန်စွာ ကူးစက်လာခဲ့သည်။

ဗုန်း!

ဓားစွမ်းအင် လှိုင်းလုံးများ တိုက်မိပြီး စွမ်းအင်များ ချက်ချင်း ပေါက်ကွဲသွားကာ လေထဲတွင် ပြင်းထန်သော လေပွေကြီး ဖြစ်ပေါ်လာ၏။ ထိုလေပွေကြီး သွားလေရာ လမ်းတစ်လျှောက် သစ်ပင်များ ပြိုကျကာ တောင်များလည်း အက်ကွဲပျက်စီးသွားသည်။

"အခွင့်ကောင်းပဲ!"

နှစ်ယောက်သား ထိပ်တိုက်ရင်ဆိုင်မှု ပြီးသွားတာနဲ့ ခွန်အားတွေ ကုန်ဆုံးသွားတာကို တွေ့လိုက်ရတဲ့အခါ လုရွှမ် ခပ်ဖွဖွ ရယ်မောကာ လျိုမိသားစု၏ ဘိုးဘေးကို လက်သီး တစ်ချက်ဖြင့် ပြေးဝင်၍ထိုးလိုက်သည်။

လက်သီး၏ အရှိန်သည် မထင်မှတ်လောက်အောင်ပင် လျင်မြန်လှသည်။ လက်သီးမှာ ပါရှိသော ဝိညာဉ်စွမ်းအားများနှင့် အတူ လေထုတစ်ခုလုံး ပြိုကွဲတော့မည့်နှယ် လှိုင်းများ ထွက်ပေါ်လာသည်။

"ဟမ့်!"

သူရဲ့ ရုတ်တရက် ခပ်လျှိုလျှို တိုကိခိုက်တာတာကို မြင်တော့ လျိုမိသားစု ဘိုးဘေးရဲ့ မျက်နှာလည်း ရုတ်တရက် ဆိုးသွားတော့သည်။

မူလက သူနဲ့ မော့ကောင်းရွှမ်းဟာ အညီအမျှ တိုက်ခိုက်နေသော်လည်း လုရွှမ်ရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် အကြိမ်တိုင်း ​ယောက်ယှက်ခတ်နေရပြီး အသက်ရှုမဝသလို ခက်ခဲလာကာ ဒဏ်ရာ အနည်းငယ်လည်း ရသွားခဲ့သည်။

လုရွှမ်ရဲ့ လက်သီးတစ်ချက်ကို သူ့လက်ဝါးနဲ့ ပြန်ခုခံထားလိုက်သည်။ စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့သွားစဥ် ဝုန်းကနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။

"သေလိုက်စမ်း!"

ဒီအခွင့်အရေးကို အသုံးချတဲ့ အနေနဲ့ မော့ကောင်းရွှမ်းကို ဝေ့ယမ်းလာတဲ့အခါ လျိုမိသားစု ဘိုးဘေးမှာ ရွေးချယ်စရာ မရှိတော့တာကြောင့် အလျင်စလို ပြန်တိုက်လိုက်ရသည်။ ရလဒ်အနေနဲ့ သူရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့သည်။

"ဟားဟား!"

တစ်ဖက်က အားနည်းသွားတာကို မြင်သော် လုရွှမ်က ကျယ်လောင်စွာ ရယ်မောပြီး လျိုမိသားစုရဲ့ ဘိုးဘေးဆီ ပြေးဝင်လာခဲ့၏။

"ငါ မင်းကို အရင်သတ်မယ်!"

လျိုမိသားစုရဲ့ ဘိုးဘေးမှာ တော်ဝင်အင်ပါယာမှာ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်ပြီး ဘယ်တုန်းက ဒီလောက်ထိ အရှက်မကွဲဖူးပေ။ သူ အရမ်းစိတ်ဆိုးသွားပြီး လုရွှမ်ကို အေးစက်စွာ ကြည့်ကာ သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။

"သခင်လေး!"

မော့ကောင်းရွှမ်းလည်း တစ်ဖက်လူက သူ့ကိုဆက်မတိုက်တော့ဘဲ လုရွှမ်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားတာကို မြင်တဲ့အခါ စိုးရိမ်တကြီး အမီလိုက်ခါနီးတွင် သခင်​လေး​ရဲ့ စကားသံကို သူ့နားထဲတွင် ကြားလိုက်ရသည်။

"မလာခဲ့နဲ့!"

သခင်လေး ဒီလိုပြောလာတာ နည်းလမ်း ရှိလိမ့်မယ်ဆိုတာကို သိသဖြင့် မော့ကောင်းရွှမ်း ရပ်တန့်သွားသည်။

"သေစမ်း!"

ဒေါသထွက်နေသော လျိုမိသားစု ဘိုးဘေးသည် မော့ကောင်းရွှမ်းရဲ့ လုပ်ရပ်ကို လုံးဝ ဂရုမစိုက်ဘဲ မျက်လုံးတစ်မှိတ် အတွင်းမှာပင် လုရွှမ် ရှေ့သို့ ရောက်လာပြီး သူ့လက်ထဲက ချိုင်းထောက်ကို ပြင်းထန်စွာ ထိုးသွင်းလိုက်၏။

"ဟမ့် လာပြီဆိုမှတော့ ထွက်မပြေးချင်နဲ့!"

လုရွှမ်သည် သူ့ရှေ့ကို ရောက်လာရန် စောင့်ဆိုင်းနေသလို အေးစက်စွာ နှာမှုတ်ထုတ်လိုက်ပြီး လက်ဖဝါးကို ညင်သာစွာ လှည့်လိုက်သည်။

ရုတ်တရက် အပြာရောင် အလင်းတန်းများသည် ကောင်းကင်သို့ လွင့်ပျံတက်သွားကာ စိမ်းမြသော သစ်ရွက်များ ဖြစ်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် အစိမ်းရောင် သစ်ရွက်မုန်တိုင်းအဖြစ်သို့ ပေါင်းစပ်ကာ လျိုမိသားစု၏ ဘိုးဘေးဆီသို့ ရွေ့လျား သွားလေသည်။

ဖောက်ခွဲ သတ်ဖြတ်မှု အခင်းအကျင်းတွင် အလွန်သန့်စင်သော ချီစွမ်းအင်သည် ထောင်ချီသော သစ်ရွက်အများအဖြစ် စုစည်းသွားသည်။ မရေမတွက်နိုင်သော ဝိညာဥ်ချီ သစ်ရွက်များသည် ရူးသွပ်စွာ သတ်ဖြတ်မှုကို စတင်ရန် အတူတကွ စုရုံးသွားကြသည်။

"ဘာ??"

လျိုမိသားစု ဘိုးဘေးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။

ဖောက်ခွဲ သတ်ဖြတ်ခြင်း အခင်းအကျင်းကို သူ မသိသော်လည်း အစိမ်းရောင် သစ်ရွက်တစ်ခုစီတွင်ပါရှိသော သန့်စင်ပြီး ကြမ်းတမ်းသော ဝိညာဥ်ချီ စွမ်းအင်ကို ခံစားနိုင်သေးသည်။

သူ ခေါင်းလှည့်ပြီး ထွက်ပြေးချင်ပေမယ့် ကံမကောင်းစွာနဲ့ လုရွှမ်က လှုပ်ရှားပြီးပြီမို့ ပြေးထွက်လာတဲ့ သစ်ရွက်စိမ်းတွေက မြန်လွန်းသဖြင့် သူ့ခေါင်းကို လှည့်ကြည့်ဖို့တောင် အချိန်မရှိလိုက်ပေ။

စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်ထဲက တုတ်နှင့် စိမ်းစိုနေသော သစ်ရွက်များကို ခုခံဖို့အတွက် အမြန် ပြန်လှည့်လိုက်သည်။

အစိမ်းရောင် သစ်ရွက်များကို ချိုင်းထောက်များဖြင့် ပိတ်ဆို့ထားတဲ့အခါ ဝိညာဥ်ချီ သစ်ရွက်ဟာ ချိုင်းထောက်ကို ထိမှန်ကာ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သစ်ရွက်တွေ ဖြတ်သန်းသွားတဲ့ အခါတိုင်း အလွန်ပြင်းထန်တဲ့ ဝိညာဥ်ချီဟာ လျို​မိသားစုဘိုးဘေးရဲ့ လမ်းလျှောက်တုတ်ဟာ တဖြည်းဖြည်း အက်ကွဲကြောင်းများ ထပ်လာတော့သည်။

နှစ်ပေါင်းများစွာ သူနှင့်အတူ လိုက်ပါလာသည့် လက်နက်သည် အက်ကွဲကြောင်းများကို ပြသလာကာ ပျက်စီးရတော့မည်။

လက်နက် အဆက်မပြတ် ပျက်စီးလာရုံသာမက လျိုမိသားစု ဘိုးဘေး၏ လမ်းလျှောက်တုတ်ကို ရစ်ပတ်ထားသော အကာအကွယ် လက်စွပ်မှာလည်း အစိမ်းရောင် အရွက်များကြောင့် ကွဲသွားပြီးနောက် လေတိုက်ခတ်မှုကို တားဆီးရန် ခက်ခဲလာသည်။

လမ်းလျှောက်တုတ်များကြားမှ အက်ကွဲကြောင်းတွေဟာ ဝိညာဥ်ချီဓားများနှယ် ထိုးဖောက် ဝင်ရောက်ကာ သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် တိုက်ခိုက်လာခဲ့သည်။

မကြာခင်မှာပဲ လျိုမိသားစု ဘိုးဘေးရဲ့ အဝတ်အစားတွေ စုတ်ပြဲသွားကာ သူ့ဆံပင်တွေ ရှုပ်ပွနေပြီး အရင်က နံပါတ်တစ် ပုဂ္ဂိုလ်လို မဟုတ်တော့ဘဲ ဒုက္ခရောက်နေတဲ့ သူတောင်းစား တစ်ယောက်ပုံ ပေါက်သွားသည်။

သို့သော် ဤလူသည် ချပ်ဝတ်တန်ဆာ ခပ်ပါးပါး ၀တ်ဆင်ထားတာ တွေ့ရလေ၏။

ဝူး! ဝူး!

အတွင်းခံ ချပ်ဝတ်တန်ဆာသည် နဂိုအတိုင်း ဖြစ်​နေသော်လည်း ခန္ဓာကိုယ်က ထိန်းမရတော့ပေ။ မကြာမီ လေဓားတစ်စင်းသည် အကာအကွယ်ကို ထိုးဖောက် ဝင်ရောက်ကာ ခန္ဓာကိုယ်ကိုပါ ဒဏ်ရာရသွားခဲ့သည်။ သွေးများ ချက်ချင်း ပန်းထွက်လာကာ သူ့တစ်ကိုယ်လုံး စတင် နာကျင်လာ၏။

"လုရွှမ်.... မင်းမှာ အရည်အချင်းရှိရင် မင်းဘာလုပ်နိုင်တယ် ဆိုတာကို သက်သေပြဖို့ တိုက်ပွဲကို မျှမျှတတ လာတိုက်စမ်းပါ!! ဘာကိစ္စ အခင်းအကျင်း တံဆိပ်ပြားကို အားကိုးနေတာလဲ?"

ဟောက်သံနှင့်အတူ လျိုမိသားစု၏ ဘိုးဘေးမှာ သူ့အခြေအနေ အတွက် အမှန်တကယ်ပင် စိုးရိမ်လာခဲ့သည်။

"မျှမျှတတ?"

လုရွှမ် ရေရွတ်ရင်း ခေါင်းယမ်းလိုက်သည်။

သူ့ကို သတ်နိုင်တာက အကောင်းဆုံး လှုပ်ရှားမှုတစ်ခုပဲလေ။ သူက အရူးဧကရာဇ် ဆိုပေမယ့် ငတုံးတစ်ယောက်တော့ မဟုတ်သေးဘူး။

ဇိဇိဇိဇိ!

လျိုမိသားစု ဘိုးဘေးရဲ့ စကားကို လျစ်လျူရှုပြီး လုရွှမ်သည် အခင်းအကျင်း တံဆိပ်ပြားကို ဆက်လက်ထိန်းချုပ်ရင်း ဝိညာဥ်ချီ သစ်ရွက်များကို လေဓားများနှယ် ပြေးထွက်သွားသည်။ လျိုမိသားစု ဘိုးဘေးလည်း သည်းမခံနိုင်တော့ပေ။

အသားထဲကို ဓါးတစ်ချောင်း ထိုးဖောက်သွားသလို အသံနဲ့အတူ သူ့ဦးခေါင်းဟာ လည်ပင်းကနေ ပြတ်ထွက်သွားပြီး သွေးတွေ တဖျပ်ဖျပ် ထွက်ကျလာခဲ့သည်။

ဂုဏ်သိက္ခာရှိတဲ့ နံပါတ်တစ် ပုဂ္ဂိုလ်၊ ကောင်းကင်သူတော်စင် လျိုမိသားစုရဲ့ ဘိုးဘေး၊ သေမျိုး အသွင်ပြောင်းခြင်း အဆင့်၉ ပြီးပြည့်စုံသော ကာလမှ သိုင်းဆရာကြီးဟာ လူငယ်တစ်ယောက် လက်ထဲမှာ သေဆုံးသွားခဲ့လေပြီ။

သူ့ဦးခေါင်း ပြတ်ထွက်သွားကာ အသက်ရှုသံလည်း ပြတ်တောက်သွားပြီ။ သူ့ခန္ဓာကိုယ်သည် တိုက်ခိုက်မှုကိုပင် မခံနိုင်တော့ဘဲ မျက်စိတစ်မှိတ် အတွင်းမှာပင် ကွဲကြေနေသော အသားစုပုံ ဖြစ်သွားသည်။ သို့သော် သူ့ကိုယ်ပေါ်ရှိ အတွင်းခံ ချပ်ဝတ်တန်ဆာလည်း မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။

သူတော်စင်တစ်ပိုင်း အောက်တွင်ရှိ မှော်လက်နက်ဟာ ဖောက်ခွဲ သတ်ဖြတ်ခြင်း အခင်းအကျင်းကို လုံးဝ မခုခံနိုင်ချေ။

ထိုသို့သော အခင်းအကျင်းသည် သူတော်စင်တစ်ပိုင်း လက်မှ ဆင်းသက်လာတာ ဖြစ်ပြီး သူတော်စင်တစ်ပိုင်းနဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉အကြား ကွာဟချက်ကို ဤအရာမှ အပြည့်အဝ မြင်နိုင်သည်။

ဒီအခင်းအကျင်းနဲ့ဆို သူတို့ နှစ်ဦးကြားတွင် အခြေခံအားဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် ဖြစ်နိုင်ခြေ မရှိပေ။

လုရွှမ် ဖောက်ခွဲ သတ်ဖြတ်ခြင်း အခင်းအကျင်းကို ဖယ်ထုတ်လိုက်ပြီးနောက် မုယန်ဖုန်းနဲ့ တခြားလူတွေလည်း ရောက်လာကြသည်။

"ဒီအတွင်းခံ ချပ်ဝတ်တန်ဆာက ကောင်းတယ်... မင်းယူသွားသင့်တယ်!"

လုရွှမ်သည် အခင်းအကျင်း တံဆိပ်ပြားနဲ့ ချပ်ဝတ်တန်ဆာကို ဖက်တီးဆီ ပစ်ပေးလိုက်သည်။

"မဟုတ်ဘူး.... ဒါကြီးက အရမ်းညစ်ပတ်နေပြီ!"

ဖက်တီးက အခင်းအကျင်း တံဆိပ်ပြားကို ယူလိုက်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။

အတွင်းခံ ချပ်ဝတ်တန်ဆာက ကောင်းပေမယ့် လျိုမိသားစု ဘိုးဘေးရဲ့ အသွေးအသားတွေ ဘယ်လောက် စွန်းထင်းနေမှန်း မသိဘူးလေ။ ဖက်တီးဟာ မိသားစုကြီးကနေ ပေါက်ဖွားလာပြီး ဒီလိုအရာတွေဟာ သူ့အတွက် ပြတ်တောက်မှု မရှိဘူး။ လူသေပစ္စည်းကို ဘယ်လိုလုပ် သူ့ခန္ဓာကိုယ်ပေါ်မှာ ဝတ်ထားနိုင်မှာလဲ။

ဖောက်ခွဲ သတ်ဖြတ်ခြင်း အခင်းအကျင်းရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်မှတော့ ပစ္စည်းကောင်း ဖြစ်တာ သေချာပါသည်။ ဤအတွင်းခံ ချပ်ဝတ်တန်ဆာ အလွှာကို ၀တ်ဆင်ထားခြင်းဖြင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ အောက်က ကျင့်ကြံသူများ၏ တိုက်ခိုက်ခြင်းကို အပြည့်အဝ တားဆီးနိုင်သည်ဟု ဆိုနိုင်သည်။

အခြေခံအားဖြင့် တော်ဝင်အင်ပါယာ အတွင်း အေးအေးဆေးဆေး ဖြတ်သွားနိုင်သည်။

"မုယန်ဖုန်း သိမ်းထားလိုက်ပါ... မှော်တစ်ထောင်စံအိမ်ကို ပြန်ရောက်ရင် သူဌေးရွှီကို ဝိညာဥ်ကျောက်တုံးနဲ့ လေလံတင် ရောင်းခိုင်းလိုက်မယ်"

ဖက်တီး မယူချင်ဘူး ဆိုတော့ လုရွှမ်လည်း ယဥ်ကျေးမနေဘဲ မုယန်ဖုန်းဆီ ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်!"

အမိန့်ကို ရရှိပြီးနောက် မုယန်ဖုန်းလည်း အတွင်း ချပ်ဝတ်တန်ဆာကို ယူသိမ်းလိုက်သည်။

လျိုမိသားစု၏ ဘိုးဘေး ခေါင်းဖြတ်ခံရပြီးနောက် လူတစ်စုသည် မြို့ထောင်ချီမဟာမိတ်ကို တိုက်ရိုက် ပြန်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် လုရွှမ်ကို တွေ့သောအခါ အားလုံး တိတ်ဆိတ်သွားကြသည်။

တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းက နံပါတ်​တစ်​ဟာ သူတို့လက်ထဲမှာ သေသွားခဲ့ရသည်။ တော်ဝင်အင်ပါယာ၊ မြို့ထောင်ချီမဟာမိတ်တွင်​ ဤ​လူ​များ​သည် လုံး​ဝ​ မထိရဲတဲ့ တည်ရှိမှုကြီး ဖြစ်သွားပြီ။

"ညီလေးလု... ညီလေးထျန်... မင်းတို့ပြန်လာပြီ!"

မှော်တစ်ထောင်စံအိမ်ကို မရောက်ခင်မှာပဲ ရွှီရှင့်လုံက သူတို့ကို အဝေးကနေ လှမ်းနှုတ်ဆက်လေသည်။

ရွှီရှင့်လုံ ကဲ့သို့သော လူများသည် အလွန်လိမ္မာ ပါးနပ်ကြသည်။ လုရွှမ်နှင့် သူ့အဖွဲ့ လုံခြုံပြီး တည်ငြိမ်​နေတာကို မြင်လိုက်ရသဖြင့် လျိုမိသားစု၏ ဘိုးဘေး ခေါင်းဖြတ်ခံလိုက်ရပြီ ဆိုတာ ချက်ချင်း သိလိုက်သည်။

"ဒီအတွင်းခံ ချပ်ဝတ်တန်ဆာကို ကုန်စည်ပြပွဲမှာ ရောင်းဖို့ လေလံပွဲတစ်ခု စီစဉ်ပေးပါ"

လုရွှမ်သည် လျိုမိသားစု၏ဘိုးဘေး ဝတ်ထားခဲ့သော အတွင်းခံ ချပ်ဝတ်တန်ဆာကို မုယန်ဖုန်းဆီမှ ထုတ်ယူ၍ ပြောလိုက်သည်။

"ဒါက ဘာထူးခြားချက် ရှိလို့လဲ?"

အတွင်းခံ ချပ်ဝတ်တန်ဆာကို ကိုင်ထားရင်း ရွှီရှင့်လုံ အနည်းငယ် ဝေခွဲမရ ​ဖြစ်သွားသည်။ ဒီပစ္စည်းက ကြည့်လိုက်ရင် သာမန်အတိုင်းသာ ဖြစ်သော်လည်း လုရွှမ်ကတော့ ဒါနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အရာတစ်ခု ရှိရမယ်ဆိုတာ သိတာကြောင့် တမင်တကာ မေးမြန်းလိုက်၏။

"သူတော်စင်တစ်ပိုင်း အောက်က လူတွေရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တယ်!"

"ဘာ!"

ရွှီရှင့်လုံ မျက်လုံးများ ပြူးကျယ်သွားသည်။ ဒီလောက် ကောင်းမွန်တဲ့ အတွင်းခံ ချပ်ဝတ်တန်ဆာကို သူ့ဘာသာသူ အသုံးမပြုဘဲ ဘာလို့ ရောင်းရတာလဲ။ ဘယ်လောက် နှမြောစရာ ကောင်းလိုက်လဲ။

"ညီလေးလု... ဒါကိုကျုပ်ဆီ ရောင်းလိုက်ရင် ရပါပြီ....ညီလေးလု ဈေးဘယ်လောက် လိုချင်လဲသာ ပြော!"

ရွှီရှင့်လုံ အနည်းငယ် သွေးဆောင်ကြည့်လိုက်သည်။

All Chapters