← Chapters

စိတ်ဝိညာဉ်ဆေး

Vol. 34 Ch. 4.22

စိတ်ဝိညာဉ်ဆေး

Vol. 34 Ch. 4.22

"မင်းတကယ်လိုချင်ရင် တစ်ခုခုနဲ့ လဲလှယ်လို့ရတယ်"

လုရွှမ် အတွေးတစ်ခု ဝင်လာတာကြောင့် ရွှီရှင့်လုံကို ပြန်ပြောလိုက်သည်။

မှော်တစ်ထောင်စံအိမ်သည် နှစ်ပေါင်းများစွာ စီးပွားရေးကို လုပ်ကိုင်လာခဲ့ပြီး မြို့ထောင်ချီမဟာမိတ်တွင် အဆင့်အမြင့်ဆုံး ကုန်စည်ပြပွဲ ရှိရာအဖြစ်လည်း လူသိများသည်။ သူ ခန့်မှန်းချက်သာ မှန်ရင် ဒီလူ့ဆီမှာ ပစ္စည်းကောင်းလေးတွေ ရှိနိုင်သည်။

"ကိစ္စမရှိပါဘူး... မင်းဘာလိုချင်လဲ"

ဒီအကြံပြုချက်ကို ကြားတော့ ရွှီရှင့်လုံ မဆိုင်းမတွ ချက်ချင်း သဘောတူလိုက်သည်။

သူ့မှာ ပစ္စည်းကောင်းတွေ ဘယ်လောက်ပဲ ရှိနေပါစေ ဒီချပ်ဝတ်တန်ဆာနဲ့တော့ ယှဥ်လို့မရချေ။ ဒါက သူ့အသက်ကို ကာကွယ်ပေးနိုင်တဲ့ အာမခံ ပစ္စည်းပဲ။ အန္တရာယ်ကြုံရင် အသက်က ဆုံးရှုံးသွားနိုင်ပြီး ရတနာတွေ ရှိနေတာက ဘာအကျိုးရှိမှာလဲ။

"ခိုင်ခံ့တဲ့ ဝိညာဥ်ချီရှိတဲ့ ဒြပ်စင်ငါးမျိုးနဲ့ ပစ္စည်းတွေ မင်းမှာ ရှိလား? ဥပမာ... အနောက်ဖက်က မြေမှုန့်၊ အကောင်းဆုံး သစ်သားဒြပ်စင်၊ မီးဒြပ်စင်နဲ့ ရေဒြပ်စင်တွေ!"

လုရွှမ် တစ်ချက် စဉ်းစားလိုက်ပြီးနောက် ဆိုလိုက်သည်။

သူ မုယန်ဖုန်းရဲ့ ခွန်အားကို မြှင့်တင်လိုသည်။ အမှန်တကယ် သူ့ရဲ့ သစ္စာစောင့်သိမှုက လုံးဝ ကောင်းမွန်သော်ငြားလည်း လက်ရှိ သူ့အဆင့်က အရမ်းနိမ့်နေတာကြောင့် မိမိအပေါ် အကူအညီ သိပ်မရချေ။

သူ့ကိုယ်ပိုင် အကူအညီဖြင့် မုယန်ဖုန်းရဲ့ ခန္ဓာကိုယ် အတွင်းက သတ္တုနဲ့မြေကြီး ဒြပ်စင်များရဲ့ စုပ်ယူမှုဟာ အခြားဒြပ်စင်သုံးမျိုးထက် သိသိသာသာ မြင့်မား​လေသည်။ ထိုဒြပ်စက်တွေ ဟန်ချက်မညီရင် ကောင်းကင်ဒြပ်စင်ငါးပါး ကျင့်စဥ်အတွက် ကောင်းကျိုး မရှိနိုင်ပေ။

"အတော်ပဲ... ကျုပ်မှာ ဟွမ့်ယွမ်ရေ တစ်ပုလင်း ရှိတယ်... အဲဒါလဲလှယ်လို့ ရမလား"

ရွှီရှင့်လုံ ထိုစကားကို မပြောလာခင် အချိန်အတော်ကြာအောင် တွေးနေမိသည်။

"ရတယ်!"

လုရွှမ်လည်း ခေါင်းညိတ်လိုက်ပြီး ညှိနှိုင်းမှုကို သဘောတူလိုက်သည်။

ဟွမ့်ယွမ်ရေသည် အနောက်ဖက် မြေမှုန့်နဲ့ လုံးဝ အဆင့်မတူတဲ့ ဝိညာဥ်ပစ္စည်း မဟုတ်ပေ။ ယခင်က အနောက်ဖက် တောင်တန်းက မြေမှုန့်ကို ရွှေစသန်းပေါင်းများစွာနဲ့ ဝယ်ယူနိုင်ခဲ့ပေမယ့် ဟွမ့်ယွမ်ရေကိုတော့ ရွှေစ သန်းဘယ်လောက်ပဲ ဖြစ်ဖြစ် ဝယ်လို့မရနိုင်ပါ။

ဤရေမျိုးဟာ သူတော်စင်တစ်ပိုင်းမှာ ခြေချနေသူတွေဟာ အသုံးပြုနိုင်ပြီး သူတော်စင်တစ်ပိုင်း အောက်က လူတွေအတွက်တော့ ထိုရေစွမ်းအင်ကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်ရှိ ကျင့်ကြံသူသည် ဟွမ့်ယွမ်ရေ အနှစ်သာရ၏ ရေဓာတ်စွမ်းအင်ကို စုပ်ယူလိုက်ရင် နောက်ဆုံးရလဒ်မှာ ခန္ဓာကိုယ်တွင် ကြီးမားသော ရေဒြပ်စင်ကြောင့် ပေါက်ကွဲသွားမှာကိုပင် ကြောက်ရသည်။

ဒါက သူ့အတွက် အသုံးမဝင်မှန်း သိတာကြောင့် ရွှီရှင့်လုံက ထုတ်ယူလာတာလည်း ဖြစ်နိုင်သည်။ အကယ်၍ တစ်ဖက်က သူတော်စင်တစ်ပိုင်းအောက်က တိုက်ခိုက်မှုကို ခုခံနိုင်တာကြောင့် မဟုတ်ရင် သူ့အနေနဲ့လည်း ဟွမ့်ယွမ်ရေကို ထုတ်လာမှာ မဟုတ်ချေ။

"ကောင်းပြီ ခဏ​လေးစောင့်!"

ရွှီရှင့်လုံ ချက်ချင်းပဲ ဟွမ့်ယွမ်ရေကို သွားယူလာသည်။

သူ့အမြင်မှာတော့ လုရွှမ်နဲ့ သူ့အုပ်စုဟာ အထက် ဧကရာဇ်အင်ပါယာက လာတာ ဖြစ်နိုင်သည်။ ဟွမ့်ယွမ်ရေကို ယူမယ်လို့ သဘောတူလိုက်တာကလည်း သူတို့မိသားစုမှာ သူတော်စင်တစ်ပိုင်းကို ခြေချနေတဲ့ ကျင့်ကြံသူတစ်ယောက် ရှိရမည်။

လုရွှမ်က အဲဒီရေစွမ်းအင်ကို သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်မှာ ရောက်နေတဲ့ မုယန်ဖုန်းအတွက် သုံးချင်နေလိမ့်မယ်လို့ ထင်တောင် ထင်ထားမှာ မဟုတ်ပေ။

မကြာမီတွင် ရွှီရှင့်လုံသည် လက်တစ်ချောင်းစာခန့် မြင့်သော ကျောက်စိမ်းပုလင်းကို ယူလာ၏။ ၎င်းပေါ်တွင် အခင်းအကျင်း ပုံစံများကိုလည်း ရေးထွင်းထားသေးသည်။

သူလွှဲပေးလာသော ကျောက်စိမ်းပုလင်းကို ယူပြီးနောက် သူ့လက်ဖဝါးထဲ ကျောက်စိမ်းပုလင်း ရောက်လာတာနဲ့ သူ့ရဲ့ အလေးချိန်ဟာ အနည်းဆုံး ကျင်သောင်းချီ ရှိကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

အကယ်၍ ၎င်းပေါ်တွင် ရေးထွင်းထားသော အဆင့်မြင့် အစီအရင်ကြောင့်သာ မဟုတ်ပါက ပုလင်း အတွင်းပိုင်းရှိ ဟွမ့်ယွမ် ရေအနှစ်သာရကြောင့် ကြေမွသွားမည် ဖြစ်ပြီး ပုလင်းက လုံးဝ ထိန်းထားနိုင်မည် မဟုတ်ပေ။

သဘာဝလွန် စွမ်းအားကြီးသူ တစ်ဦး၏ လက်ထဲတွင် ဟွမ့်ယွမ်ရေ တစ်စက်ကို ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကြီး အဖြစ်သို့ ပြောင်းလဲနိုင်ပြီး မြို့တစ်မြို့လုံးကိုပင် ရေလွှမ်းပစ်နိုင်သည်။

အရောင်းအ၀ယ် ပြီးသွားသောအခါ ရွှီရှင့်လုံသည် အတွင်း ချပ်ဝတ်တန်ဆာကို ယူကာ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။

လုရွှမ်လည်း သူ့လူတစ်စုကို ယာယီခြံသို့ ပြန်ခေါ်လာခဲ့သည်။

လုရွှမ် သူ့ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ခါလိုက်သည်နှင့် ကျောက်စိမ်းပြား အတွင်းထဲသို့ ဝင်သွားပြီး ဟွမ့်ယွမ် ရေအနှစ်သာရကို စတင် ကိုင်တွယ်​လေသည်။

သူ့လက်ဖဝါးပေါ်ကို ဟွမ့်ယွမ်ရေ တစ်စက်ကို လောင်းချလိုက်တာနဲ့ တစ်ချိန်တည်း ဖီးနစ်မီးတွေကိုပါ ချက်ချင်း ထုတ်လွှတ်၍ လောင်ကျွမ်းသွားစေသည်။ ၁၀မိနစ်ခန့် ကြာသောအခါမှ ဟွမ့်ယွမ်ရေသည် ရေငွေ့အဖြစ် တဖြည်းဖြည်း အငွေ့ပျံသွားသည်။

အကယ်၍ ဤထူးဆန်းသော ရတနာမှ မွေးဖွားလာနိုင်သည့် မီးတောက်သာ မရှိလျှင် လုရွှမ်တစ်ယောက် ဟွမ့်ယွမ်ရေကို ရထားလျှင်ပင် ကိုင်တွယ်နိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သာမန်ဆေးမီးသည် ဤအရာအတွက် အခြေခံအားဖြင့် ထိရောက်မှု မရှိသောကြောင့်ဖြစ်သည်။

ထိုအခိုက် ကျောက်စိမ်းပြားထဲတွင် ရှိသော ကြာရွက်တစ်ရွက်သည် သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ဟွမ့်ယွမ် ရေအနှစ်သာရ၏ ရေငွေ့ကို ဖုံးလွှမ်းသွားသည်။

ကြာရွက်သည် မူလကတည်းက ရေစွမ်းအင် အလွန်ကြွယ်ဝသော ရေကန်တွင် ပေါက်ဖွားလာပြီး အမျိုးမျိုးသော ရေစွမ်းအင်များကို စုပ်ယူနိုင်သော ထူးခြားသည့် အစွမ်းသတ္တိ တစ်မျိုး ရှိထား၏။

ရေငွေ့တို့သည် ကြာရွက်နဲ့ ရောနှောသွားကာ အင်မတန် စိမ်းလန်လာပုံမှာ တစ်ဖန် အသက်ပြန်ရှင်တော့မည့် အတိုင်းပင်။ ကြာရွက်၏ အနည်းငယ် ပိန်လိမ်နေပုံဖြင့် ရေစွမ်းအင်များ ထုတ်လွှတ်နေပုံကလည်း အလွန် ထူးဆန်းလှသည်။

ခဏအကြာတွင် ဟွမ့်ယွမ်ရေစက်သည် ရေငွေ့အဖြစ်ပြောင်းသွားပြီး ကြာရွက်ထဲသို့ အရည်ပျော်ဝင် သွားခဲ့သည်။ ထို့နောက် လုရွှမ်သည် ဆေးဖက်ဝင် ပစ္စည်းများ အများအပြားကို ထုတ်ယူလိုက်သည်။ ကြာရွက်နှင့်အတူ အဆိုပါ ဆေးဖက်ဝင် ပစ္စည်းများကို ဆေးလုံးအဖြစ် အမြန် သန့်စင်လေ၏။

ဤဆေးဖက်ဝင် ပစ္စည်းများကို သူ့ကိုယ်ပိုင်နားလည်မှုပေါ် အခြေခံ၍ သန့်စင်ထားသော ဆေးရည်တစ်မျိုး ဖြစ်သောကြောင့် အရမ်းပျော့ပြီး မတော်တဆ ထိမိရင်တောင် ကွဲသွားမှာ ကြောက်ရသည်။

ဆေးဖက်ဝင် ပစ္စည်းများ အများအပြားသည် ဟွမ့်ယွမ်ရေတွင် ပါရှိသော ပြင်းထန်သော ရေစွမ်းအင်ကို အလွှာနှစ်လွှာ သို့မဟုတ် သုံးလွှာဖြင့် လျှော့ချလိုက်သော်လည်း မုယန်ဖုန်းအတွက်ကတော့ ဘေးကင်းစွာ အသုံးပြုနိုင်သည်။

ခဏကြာသော် လုရွှမ် ရေပူးပေါင်းလို ပါးလွှာလွန်းသော ဆေးရည်ကိုယူ၍ မုယန်ဖုန်းကို ချက်ချင်း သောက်ခိုင်းလိုက်သည်။

သိပ်မကြာလိုက် မုယန်ဖုန်းရဲ့ ခန္ဓာကိုယ်က ရဲ့ နာကျင်နေတဲ့ အရိပ်အယောင်တွေ သူ့မျက်နှာမှာ ပေါ်ထွက်လာခဲ့သည်။ အထူးနည်းလမ်းတွေနဲ့ ရေစွမ်းအင်ကို ချေဖျက်လိုက်ပေမဲ့ ဆေးထဲမှာ ပါနေသေးတဲ့ ရေဓာတ် စွမ်းအင်ကြောင့် အနည်းငယ် ရုန်းကန်နေရခြင်း ဖြစ်သည်။

သူ့အရေပြား အောက်ရှိ အသွေးအသားများပင် ဖောင်းပွလာပြီး သူ့တစ်ကိုယ်လုံး သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ကိုယ်အလေးချိန် တက်လာခဲ့သည်။

"မြန်မြန်လုပ် ကောင်းကင်ဒြပ်စင်ပါးပါးကျင့်စဥ်ကို လေ့ကျင့်!"

လုရွှမ်မှ အမိန့်ပေးလိုက်သည်။

ဤအခိုက်အတန့်တွင် မုယန်ဖုန်းမှာ ကြာကြာ သည်းမခံနိုင်တော့ဘဲ မြေပြင်ပေါ်တွင် တိုက်ရိုက် ထိုင်ချလိုက်ပြီး ချက်ချင်း လေ့ကျင့်ဖို့ စတင်လိုက်ပေ၏။

သူ့လေ့ကျင့်မှုကို ကြည့်ရင်း လုရွှမ်သည် ခူးရုန်မြက်များကို အနည်းဆုံး ရာနှင့်ချီ၍ ထုတ်ယူလိုက်သည်။ တကယ်လို့များ ဂူတစ်သောင်းဂူထဲ ဝင်သွားတဲ့ လူတွေသာ သူထုတ်လိုက်တဲ့ ပမာဏကို တွေ့ရင် ဒေါသထွက်လွန်းလို့ သေချင်စိတ်ပါ ပေါက်သွားနိုင်၏။

ဂူတစ်သောင်းဂူထဲမှာ ခူးရုန်မြက်က သူ့ရဲ့ စိတ်စွမ်းအား အတိုင်းအတာကို ၁၈အထိ တိုးမြှင့်ပေးခဲ့သည်။ ဂူရဲ့ အနက်ရှိုင်းဆုံး နေရာက ခူးရုန်မြက်တွေဟာ အခုတော့ သူ့အတွက် သိပ်အသုံးမလိုတော့ပေ။

ဝိညာဉ်ကျောက်တွေနဲ့ လဲလှယ်ပြီး အဂ္ဂိရတ်ပညာရှင် အဖွဲ့ဆီ ယူသွားမယ်ဆိုရင်တောင် တစ်ဖက်က ဒါနဲ့တန်တဲ့ ဝိညာဉ်ကျောက်တွေ အများကြီး ထုတ်လာနိုင်မလား မသေချာဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီတခေါက် လူတွေက မဖြတ်သွားရသေးတဲ့ ဂူလမ်းတွေထဲက အပိုင်းအစတွေ အများကြီး ရလာခဲ့လို့လေ။

ခူးရုန်မြက်နဲ့ တခြား ဆေးပင်တွေကို ထုတ်ယူလိုက်ကာ ဆေးလုံးသန့်စင်ဖို့ စတင်လိုက်၏။ စိတ်စွမ်းအား အတိုင်းအတာ ၁၈ အထိ ဖြတ်သွားတဲ့အတွက် လုရွှမ်ရဲ့ အဂ္ဂိရတ်ပညာရှင် အဆင့်ကလည်း များစွာ တိုးမြင့်လာခဲ့သည်။

ယခင်ဘဝက အသိပညာနှင့် အတွေ့အကြုံများ အားလုံးမှာ ပြည့်စုံနေပြီး ချို့တဲ့နေတဲ့ အရာမှာ စိတ်ဝိညာဥ်ရဲ့ စွမ်းအားပဲ ဖြစ်သည်။ စိတ်ဝိညာဉ် စွမ်းအား တိုးတက်လာတာနဲ့အမျှ သူ့ရဲ့ အဂ္ဂိရတ်ပညာ၊ လက်နက် သန့်စင်မှုနှင့် အခင်းအကျင်း ဖွဲ့စည်းမှု အဆင့်ဟာလည်း တိုက်ရိုက် တိုးတက်လာမှာ ဖြစ်လေသည်။

တစ်ရက် ကြာပြီးနောက် လုရွှမ်သည် စိတ်ဝိညာဥ် ဆေးလုံး တစ်သုတ်ကို သန့်စင်ပြီးခဲ့သည်။

စိတ်ဝိညာဉ်ဆေးလုံးရဲ့ အာနိသင်ဟာ ခူးရုန်မြက်ရဲ့ အရည်ကို တိုက်ရိုက် သောက်လိုက်တာထက် များစွာ သာလွန်ကောင်းမွန်ပြီး လေ့ကျင့်သူရဲ့ ဝိညာဉ်စွမ်းအားကို အတိုင်းအတာ ၁၈ အထိ တိုးမြှင့်နိုင်သည်။

ဒါပေါ့ အာနိသင် မတူသလို ပါဝင်တဲ့ ဆေးပစ္စည်းတွေကလည်း မတူပါဘူး။ ဥပမာ လုရွှမ်က သူ့စိတ်စွမ်းအားကို ၁၆ကနေ ၁၈အထိ တိုးမြှင့်ဖို့အတွက် စိတ်ဝိညာဥ်ဆေး ၃လုံးသာ လိုတယ်။ ဒါပေမဲ့ မုယန်ဖုန်းကတော့ ဆေးလုံးတစ်ရာ ဆိုရင်တောင် မလုံလောက်နိုင်ဘူး။

ခွန်အားက လူတစ်ယောက်ရဲ့ စိတ်စွမ်းအား တိုးတက်မှုအပေါ် ကြီးမားတဲ့ ကန့်သတ်ချက်ကိုလည်း ဖြစ်ပေါ်စေနိုင်သေးသည်။

All Chapters