← Chapters

စုပေါင်းအောင်မြင်မှု4.

Vol. 34 Ch. 4.23

စုပေါင်းအောင်မြင်မှု4.

Vol. 34 Ch. 4.23

လုရွှမ်သည် ၉ကွင်းနယ်ပယ်နှင့် ဝူအဆင့်၁၀ ကဲ့သို့သော နယ်ပယ်များစွာ၏ ကောင်းချီးများကို တွေ့ကြုံခံစားဖူးသည်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ် နှစ်ခုစလုံးသည် ကန့်သတ်ချက် တစ်ခုအထိ အားကောင်းနေပြီ ဖြစ်သည်။ ဤ​ဆေးသည် အခြားသူများထက် စိတ်စွမ်းအားကို မြှင့်တင်ရန် များစွာ လွယ်ကူသည်။

"လင်ရှောင်းရှောင်း... ဒီကိုလာခဲ့!"

လင်ရှောင်းရှောင်း အခန်းထဲက ထွက်လာတာကို မြင်တော့ လုရွှမ် ချက်ချင်း လှမ်းအော်လိုက်၏။

"ငါ့ကိုခေါ်တာ ဘာကိစ္စ ရှိလို့လဲ?"

သူမကို လှမ်းခေါ်တာ မြင်တော့ လင်ရှောင်းရှောင်း အနည်းငယ် ဝမ်းသာသွားသည်။

မြို့ထောင်ချီမဟာမိတ်ကို ရောက်ကတည်းက လုရွှမ် သူတို့ အလှမယ်လေးတွေကို အထူးဂရုမစိုက်တာ မတွေ့ခဲ့ရဘူး။ ဒီတစ်ခါတော့ သူမကို လှမ်းခေါ်တာက သူ့စိတ်ထဲ သူမကို ဂရုစိုက်တာကြောင့်လား။ ဘယ်သူ့မှ မရှိတာကို တမင်တကာ အခွင့်ကောင်းယူပြီး တစ်ခုခု ပြောချင်လို့လား။

"အခု မင်းရဲ့ စိတ်စွမ်းအား အတိုင်းအတာက ဘယ်လောက်ရှိပြီလဲ"

လုရွှမ်မှ မေးလိုက်သည်။

"၀၉!" လင်ရှောင်းရှောင်း အနည်းငယ် ရှက်ရွံ့စွာ ပြောလာသည်။

သူမသည် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်သို့ ခြေလှမ်း စလှမ်းလာခဲ့သော်ငြား ဝိညာဉ်စွမ်းအား တိုးလာမှုသည် ကျင့်​ကြံမှုနယ်ပယ်၏ နောက်တွင် ကျန်ခဲ့ကြောင်း ထင်ရှားလာခဲ့သည်။

သူမမှာ နည်းလမ်းမရှိပေ။ ပထမအချက် သူမတွင် အဆင့်မြင့်သော စိတ်စွမ်းအား လေ့ကျင့်နည်း မရှိပေ။ အခြေခံအားဖြင့် သူမသည် စိတ်ဝိညာဉ်စွမ်းအားကို ဖြည်းညှင်းစွာ တိုးတက်စေရန် သာမန်စိတ်စွမ်းအား လေ့ကျင့်နည်းနဲ့သာ လေ့ကျင့်ရသည်။

ဒုတိယအချက် သူမရဲ့ ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ဆေးဖက်ဝင် ပစ္စည်းများကို ဝယ်ယူဖို့ မတတ်နိုင်ပေ။

ကျင့်ကြံမှု နယ်ပယ်မှာ လျင်မြန်နေရခြင်းက လုရွှမ်ရဲ့ ပိုမိုအဆင့်မြင့်သော လေ့ကျင့်ခန်းများနှင့် အခွင့်အလမ်းများစွာကို ရရှိခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ကျင့်ကြံမှု အရှိန်မြန်လေ ဝိညာဉ်စွမ်းအား၏ တိုးတက်မှု နှေးကွေးလာတာကို မီးမောင်း ထိုးပြလေလေ ဖြစ်လာသည်။

တကယ်တော့ ဒီအချိန်တိုလေး အတွင်းမှာ စိတ်စွမ်းအားကို ၀၉ အထိ တိုးနိုင်တာက သူမအတွက် အရမ်းမြန်နေပြီ။ ဒါပေမဲ့ လုရွှမ်ရဲ့ မတရားသဖြင့် တိုးတက်နေမှုနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ နည်းနည်းတောင် မပြောပလောက်ပေ။

"ဒါက စိတ်ဝိညာဉ်အားဖြည့်ဆေး.. ယူလိုက်"

လုရွှမ် စိတ်ဝိညာဉ် အားဖြည့် ဆေးလုံးကို လင်ရှောင်းရှောင်း လက်ထဲ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။

"ဒါ... ဒါက ငါ့အတွက်လား!"

လင်ရှောင်းရှောင်း စိတ်ဝိညာဥ်ဆေးကို ကိုင်ရင်း ကမန်းကတန်း မေးလိုက်သည်။

စိတ်ဝိညာဥ်ဆေး ဆိုသည်မှာ မြို့ထောင်ချီမဟာမိတ် အဂ္ဂိရတ်ဆရာအသင်းမှ သန့်စင်နိုင်သော ဆေးလုံးဖြစ်ပြီး ဂူတစ်သောင်းဂူလို နေရာက ရတဲ့ ခူးရုန်မြက် အများအပြားကိုလည်း ထည့်ရသေး၏။

ဒါ့အပြင် ဂူတစ်သောင်းဂူကလည်း အနှစ် ၅၀မှာ တစ်ကြိမ်ပဲ ဖွင့်တတ်သည်။ မြို့ထောင်ချီမဟာမိတ်မှာ စိတ်ဝိညာဥ်ဆေး ထွက်လာတိုင်း အလျင်အမြန် ရောင်းကုန်သွားမှာပဲ ဖြစ်သည်။

တော်ဝင်အင်ပါယာမှာ စိတ်ဝိညာဥ်ဆေး ဆိုတာ အဖိုးမဖြတ်နိုင်တဲ့ ရတနာလို့တောင် ပြောလို့ရသည်။ အထူးသဖြင့် လင်ရှောင်းရှောင်းလို အဂ္ဂိရတ်ပညာရှင် တစ်ယောက်အတွက် စိတ်ဝိညာဥ်ဆေးရဲ့ တန်ဖိုးကို ငွေနဲ့တိုင်းတာလို့ မရနိုင်ပေ။

"မြန်မြန်စားလိုက်... မင်းရဲ့စိတ်စွမ်းအား အတိုင်းအတာကို ဘယ်လောက်ထိ တိုးမြင့်နိုင်မလဲ ဆိုတာ ကြည့်ရအောင်"

လုရွှမ်က သိပ်ဂရုမစိုက်ဘဲ လိုရင်းကိုသာ ပြောလိုက်သည်။

"ကောင်းပြီ!"

တစ်ဖက်သားရဲ့ ဒေါသကိုတော့ မပြောင်းလဲဘူးလို့ သိတာကြောင့် လင်ရှောင်းရှောင်း မငြင်းဘဲ ချက်ချင်း တင်ပျဉ်ခွေ ထိုင်ကာ ​ဆေးလုံးကို ပါးစပ်ထဲကို တိုက်ရိုက် ပစ်ထည့်လိုက်သည်။

မကြာမီတွင် သူမသည် မိခင်ဝမ်းတွင်းသို့ ပြန်သွားလိုက်ရသလို သူမ၏ ဝိညာဉ်ကို နွေးထွေးနူးညံ့သော စွမ်းအားများဖြင့် လုံးလုံးလျားလျား ဖုံးအုပ်ထားကြောင်း ခံစားလာရသည်။

လူတစ်ကိုယ်လုံး အလွန် နွေးထွေး​​နေပြီး သူ့စိတ်ဝိညာဉ်စွမ်းအားသည် မိုးရွာပြီးနောက် ပွင့်လာတတ်သော မှိုပွင့်များကဲ့သို့ လျင်မြန်စွာ မြင့်တက်လာသည်။

၀၉.၁

၀၉.၂

၀၉.၉

၁၀!

၁၀.၁!

၁၁!

စိတ်ဝိညာဉ် အားဖြည့်ဆေးသည် သူ၏အာနိသင်ကို မရပ်မီအထိ လင်ရှောင်းရှောင်း၏ စိတ်ဝိညာဉ် စွမ်းအား အတိုင်းအတာကို ၁၁ အထိ မြှင့်တင်​​ပေးခဲ့သည်။

သူမ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ လှိုင်းထန်နေသော အသိစိတ်ပင်လယ်နှင့် မကြုံစဖူး ပြင်းထန်သော ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရတော့ လင်ရှောင်းရှောင်းရဲ့ မျက်လုံးများ တောက်ပလာသည်။

"ဒါက စိတ်ဝိညာဉ်ဆေးရဲ့ သက်ရောက်မှုလား?"

စိတ်ဝိညာဉ် အားဖြည့်ဆေးသည် သူမ၏ဝိညာဉ်စွမ်းအား အတိုင်းအတာကို ၀.၂ ဖြင့် တိုက်ရိုက် တိုးလာစေခဲ့သည်။ ဒါဟာ သူမကိုယ်တိုင် ကြုံတွေ့နေရတာသာ မဟုတ်ရင် လုံးဝ ယုံနိုင်မှာ မဟုတ်ချေ။

"အခု ဝိညာဉ်စွမ်းအား အတိုင်းအတာက ဘယ်လောက်ရှိပြီလဲ?"

လုရွှမ် မေးလိုက်သည်။

"စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာက ၁၁!"

စိတ်စွမ်းအား ၁၁ ရှိပြီဆိုတော့ အဆင့်မြင့်တဲ့ ဆေးလုံးတချို့ကို စတင်သန့်စင်နိုင်ပြီလို့ ခံစားလာရသည်။ အနည်းဆုံး ဒီနည်းနဲ့ဆို သူမဟာ လုရွှမ်ဘေးက အသုံးဝင်တဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မည်။

"နည်းတယ်!" လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

စိတ်ဝိညာဥ်ဆေး တစ်လုံးမှာ ခူးရုန်မြက် ၁၀ပင်ထက်မနည်း ပါရှိသည်။ လုရွှမ် အတွက်ဆို စိတ်စွမ်းအား ၁၆ကနေ ၁၇အထိ တိုးမြှင့်ဖို့အတွက် စိတ်ဝိညာဥ်ဆေး တစ်လုံးဆို လုံလောက်ပြီ။ နောက်ပိုင်းတွင် ဝိညာဉ်စွမ်းအား တိုးလာလေ ပိုနှေးလေ ဖြစ်လာလိမ့်မည်။

သူမ အခြေအနေ အရဆို ဆေးစွမ်းအားနဲ့ စိတ်စွမ်းအား ၀၉ကနေ ၁၃လောက်အထိ မြှင်တင်နိုင်မယ်လို့ ခန့်မှန်းခဲ့သည်။

လင်ရှောင်းရှောင်းကတော့ သူမရဲ့ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ ၀.၂ တိုးလာတယ် ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု ဖြစ်သော်ငြား လုရွှမ်အတွက်က အလွန် နည်းနေ၏။

"လုရွှမ်.... စိတ်စွမ်းအား အတိုင်းအတာက တိုးမြှင့်ဖို့ ခက်တယ်လေ"

လင်ရှောင်းရှောင်း ရှင်းပြချင်သည်။

သူမအသံကို နားထောင်ရမှာ ပျင်းလွန်းသဖြင့် လုရွှမ် စိတ်ဝိညာဉ်ဆေးလုံး နှစ်လုံးကို ထပ်မံထုတ်လိုက်ပြီး

"ဒီနှစ်လုံးကိုလည်း စားလိုက်"

"နောက်ထပ်ရှိသေးတယ်!"

ခူးရုန်မြက် တစ်ပင်ကို ဝိညာဥ်ကျောက်တုံး သန်းပေါင်းများစွာနဲ့ တန်သည်။ ဒီသတင်းသာ တော်ဝင်အင်ပါယာထဲကို ပျံ့သွားရင် စိတ်ဝိညာဥ်ဆေးက သွေးချောင်းစီးစေနိုင်တယ် ဆိုတဲ့ စကားဟာ ချဲ့ကားနေခြင်းတော့ မဟုတ်ပေ။

ဒီလောက် အဖိုးတန်ပြီး ရှားပါးနေတာကို ဘာဖြစ်လို့ လုရွှမ်က တစ်လုံးပြီး တစ်လုံး ပစ်ပေးနိုင်ရတာလဲ။

"မြန်မြန်စားလိုက်!"

လုရွှမ်ကတော့ သူ့မျက်နှာမှာ ဘာအမူအရာမှ မရှိဘဲ သူထုတ်ပစ်လိုက်တဲ့ အရာက သကြားလုံး တစ်လုံးလို ကလေးမလေးကို ချော့ဖို့သက်သက်ပဲလို့ ပြောလိုက်သလိုပင်။

ယခုတစ်ကြိမ်တွင် စိတ်ဝိညာဉ်ဆေး တစ်လုံး၏ စွမ်းအားဖြင့် လင်ရှောင်းရှောင်း၏ စိတ်စွမ်းအားဟာ ၁၃ အထိတိုးလာပြီး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅နဲ့ တူညီသွားပြီ ဖြစ်သည်။ သို့သော် ဒုတိယ စိတ်ဝိညာဉ်ဆေးကို သောက်ပြီးနောက် အကျိုးသက်ရောက်မှုမှာ မရှိတော့ပေ။

ပထမအချက်မှာ သူမ၏ ခန္ဓာကိုယ် ခွန်အားကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ သူမသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂သာ ရှိတဲ့အတွက် စိတ်စွမ်းအား အတိုင်းအတာက ခန္ဓာကိုယ် ကန့်သတ်ချက်အထိသာ တိုးသွားခြင်းဖြစ်သည်။

လင်ရှောင်းရှောင်းသာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်ပြီး စိတ်ဝိညာဥ်ဆေးကို ထပ်သုံးခဲ့မယ် ဆိုရင် အကျိုးရလဒ်က တစ်ဖန် တိုးလာလိမ့်မည်။

"စိတ်ဝိညာဥ်ဆေး?? လုရွှမ် ဒီလောက်ကောင်းတဲ့ ပစ္စည်းကို လင်ရှောင်းရှောင်းကိုပဲ ပေးတာ သိပ်ဘက်လိုက်ရာ မကျဘူးလား?"

အသံတစ်ခု ထွက်ပေါ်လာပြီး မင်းသမီးလော့ရုံ ထွက်လာသည်။

"ပြီးတော့ ငါရောပဲ"

ဟန်ရွှယ်လည်း ရောက်လာ၏။

သူတို့နှစ်ယောက် ထွက်လာပြီးနောက် မော့ချုံနဲ့ ချန်စစ်ယန်တို့ဟာ အနောက်က လိုက်လာပြီး စကားမပြောကြသော်လည်း အားလုံးက စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ သူတို့ရဲ့ သွားရည်ကျနေသော အမူအရာကြောင့် လုရွှမ် မူးဝေသွားတော့သည်။

စိတ်ဝိညာဉ်ဆေးက အဖိုးမဖြတ်နိုင်သော ရတနာများအဖြစ် သတ်မှတ်ခံရခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ လုရွှမ်ရဲ့ ရွှေအရှိန် လျင်မြန်မှု၊ မြေကြီးထဲ ဖောက်ဝင်နိုင်မှုနဲ့ ပြင်းထန်တဲ့ အဂ္ဂိရတ် သန့်စင်နိုင်မှု စွမ်းရည်တို့ကြောင့်သာ မဟုတ်ရင် ဒီလောက်များတဲ့ ဆေးလုံးကို ထုတ်ယူလာဖို့ မဖြစ်နိုင်ပေ။

အဂ္ဂိရတ်ပညာရှင်အဖွဲ့တောင်မှ မလုပ်နိုင်ဘူး။

"လူတစ်ယောက်ကို ဆေးသုံးလုံး... ချန်စစ်ယန်ကလွဲရင် တခြားလူတွေ ဆေးတစ်လုံးပဲ သောက်လို့ ရမယ်... မင်းတို့ရဲ့နယ်ပယ်က ပိုမြင့်လာတဲ့အခါမှ အကျိုးသက်ရောက်မှုက ပိုကောင်းလာလိမ့်မယ်"

လုရွှမ် ပုလင်းလေးများကို ထုတ်ကာ လူတစ်ဦးစီကို စိတ်ဝိညာဉ်ဆေး သုံးလုံးစီ ဝေငှပြီး တိုက်တွန်းလိုက်သည်။

ဤအချိန်တိုလေး အတွင်း ချန်စစ်ယန်၏ အဆင့်သည် ခုန်ပျံကျော်လွှားကာ တိုးတက်ခဲ့ပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ အထွတ်အထိပ် ကာလသို့ ရောက်ရှိခဲ့သည်။

တခြားမိန်းကလေး သုံးဦးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၂နဲ့ ၃ တွင် ရှိသည်။ ဒုတိယ စိတ်ဝိညာဉ်ဆေးလုံး၏ စွမ်းအင် ထက်ဝက်သည် အလဟသ ဖြစ်သွားကာ တတိယမြောက်သည် အခြေခံအားဖြင့် အကျိုးသက်ရောက်မှု မရှိ​တော့ပေ။

ချန်စစ်ယန်သည် စိတ်ဝိညာဉ်အားဖြည့်ဆေး ၃ လုံးကို ဆက်တိုက် သောက်ခဲ့သည်။ ဆေးဥယျာဉ်၏ အဖွဲ့ဝင်တစ်ဦး အနေဖြင့် ချန်စစ်ယန်၏ စိတ်စွမ်းအားသည် သာမန် ကျင့်​ကြံသူများထက် များစွာပို၍ ပြင်းထန်သည်။

စိတ်ဝိညာဉ်ဆေး ၃လုံးကို အသုံးပြုပြီးနောက် စိတ်စွမ်းအားက ၁၄အထိ တိုးလာခဲ့သည်။

All Chapters