← Chapters

ယွမ်စံအိမ်၏စံအိမ်သခင်

Vol. 34 Ch. 4.24

ယွမ်စံအိမ်၏စံအိမ်သခင်

Vol. 34 Ch. 4.24

တခြား သုံးယောက်ကတော့ စိတ်ဝိညာဉ်ဆေးရဲ့ စွမ်းအင်ကို အားကိုးကာ စိတ်ဝိညာဉ်စွမ်းအားကို အတိုင်းအတာ ၁၀ အထိ မြှင့်တင်နိုင်ခဲ့သည်။

စိတ်ဝိညာဉ်စွမ်းအား ၁၀ သည်လည်း ကြီးမားသော ဂိတ်တံခါး တစ်ခုဖြစ်သည်။ အနာဂတ်တွင် သူတို့ကိုယ်တိုင် ဆေးလုံးသန့်စင် လိုပါက ယခု ဝိညာဉ်စွမ်းအား အတိုင်းအတာဟာ လုံလောက်မည် ဖြစ်သည်။

သာမာန် ကျင့်​ကြံသူများအတွက် စိတ်စွမ်းအား အတိုင်းအတာ တိုးမြင့်လာခြင်းသည် အဂ္ဂိရတ်နယ်ပယ်သို့ ဝင်ရောက်နိုင်ရုံ သာမက ကျင့်ကြံမှု လမ်းကြောင်းအပေါ် နားလည်နိုင်စွမ်းကို မြန်ဆန်စေပြီး စိတ် အခြေအနေကို အားကောင်းစေမည် ဖြစ်သည်။ ဤအကျိုး ကျေးဇူးများကို ထင်ရှားစွာ မသိ​​ကြသောကြောင့် လူအများက အာရုံစိုက်မှု မရှိခဲ့ကြပေ။

ဒါပေမဲ့ လုရွှမ်က ဒါကိုသိတဲ့အတွက် စိတ်ဝိညာဉ် ဆေးလုံးတွေ အများကြီးကို သန့်စင်ထားပြီး လူတိုင်းကို မျှဝေခဲ့သည်။ ပိုမြင့်တဲ့ ဝိညာဉ်စွမ်းအား အတိုင်းအတာရဲ့ ပံ့ပိုးမှုနဲ့အတူ ဒီလူတွေဟာ သူတို့ရဲ့ ကျင့်​ကြံမှု လမ်းကြောင်းမှာ ပိုလွယ်လာပြီး တိုးတက်မှု မြန်ဆန်လာမယ် ဆိုတာကို တွေ့လာရသည်။

မိန်းကလေးများသည် သူတို့၏ ဝိညာဉ်စွမ်းအားများ လျင်မြန်စွာ တိုးလာခြင်းကြောင့် အလွန်အမင်း ပျော်ရွှင်နေချိန် မုယန်ဖုန်းလည်း သူ့ရဲ့ကျင့်ကြံမှုကို ပြီးမြောက်ပြီး ထွက်လာခဲ့သည်။

အားလုံးက မုယန်ဖုန်းကို တွေ့တော့ ချက်ချင်း ငြိမ်ကျသွားသည်။ မျက်နှာချင်းတူလို့သာ မဟုတ်ရင် ဒီလူကို သူတို့အားလုံး မှတ်မိနိုင်လောက်မှာ မဟုတ်ဘူး။

ယခုအချိန်တွင် မုယန်ဖုန်းသည် မီးအရှိန်အကြောင့် ပေါက်ကွဲပြီး ထွားနေသည့် မီးပုံးပျံတစ်ခုလိုပင် ဖြစ်နေ၏။

အထူးနည်းလမ်းဖြင့် သန့်စင်ထားသော ဟွမ့်ယွမ်ရေက တစ်စက်မျှသာ ​ဖြစ်သော်လည်း ၎င်းတွင်ပါရှိသော စွမ်းအင်သည် မုယန်ဖုန်းအတွက် ကြီးမားသော ဘေးထွက် ဆိုးကျိုးများကို ယူဆောင်လာ​နေဆဲ ဖြစ်သည်။

ရေဓာတ်စွမ်းအင် အများအပြားကို စုပ်ယူ၍ မရသည့်အပြင် ၎င်းသည် ခန္ဓာကိုယ်အတွင်း တိုက်ရိုက် ပြည့်လျှံနေသောကြောင့် သူ့ကို အလွန်အမင်း ဝလာသော လူကဲ့သို့ ဖြစ်စေခဲ့သည်။

"ငါလူးတဲ့မှ!"

ဖက်တီး ထျန်ကျွင့်နမ်မှာ ပြေးထွက်လာပြီး မုယန်ဖုန်းကို ကြည့်ကာ အလွန်အမင်း အံ့သြနေသော အသံဖြင့်။

"ခင်ဗျား ဘာတွေ စားလိုက်တာလဲ?.. မတွေ့တာ တစ်ရက်ပဲ ရှိသေးတယ်... ကျုပ်ထက်တောင် ဝသွားပြီ!"

မုယန်ဖုန်းမှာ ထျန်ကျွင့်နမ်ထက်ပင် ပိုဝနေ၏။

"ငါ...." မုယန်ဖုန်း ရှင်းပြချင်သည်။

ရလဒ်အနေဖြင့် ဖက်တီးသည် မုယန်ဖုန်းကို ကြည့်၍ လန့်ဖျပ်သွားပြန်သည်။ သူ့ရဲ့ အထိတ်တလန့် စကားပြောချင်လာတဲ့ လျှာက ရုတ်တရက် ထစ်ငေါ့သွားကာ။

"မင်းမေ!! ဒါ ဒါ ဒါ ဒါ....တစ်ရက်ပဲ မတွေ့ရသေးတာကို ခင် ခင် ခင်ဗျားက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆တောင် ရောက်နေပြီ!"

"သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆!"

အလှမယ်များသည်လည်း ထိတ်လန့်သွားကာ ခြေလှမ်းများစွာ ဆက်တိုက် ဆုတ်ခွာသွားကြသည်။ လုရွှမ်သာလျှင် ဤမျှထိတ်လန့်စရာ ကောင်းသော လှုပ်ရှားမှုတစ်ခုကို လုပ်နိုင်စွမ်းရှိသည်။

လုရွှမ်တစ်ယောက်သာ တိတ်တဆိတ် သက်ပြင်းချမိသည်။ ဤလူများကြားတွင် မုယန်ဖုန်းရဲ့ ခန္ဓာကိုယ်ကသာလျှင် ကောင်းကင်ဒြပ်စင်ပါးပါးကျင့်စဥ်ကို လေ့ကျင့်ရန် သင့်လျော်ပြီး ဟွမ့်ယွမ်ရေ ကဲ့သို့သော သူတော်စင်တစ်ပိုင်းပဲ သုံးနိုင်တဲ့ ရတနာတစ်ခုလည်း ရှိသည်။

သူတော်စင်တစ်ပိုင်းသာ သုံးနိုင်တဲ့ ရတနာက တစ်စက်သာ ရှိပေမယ့် မုယန်ဖုန်းကို နယ်ပယ်လေးခုအထိ မြှင့်တင်နိုင်စေခဲ့သည်။

ဒါ့အပြင် သူ့ခန္ဓာကိုယ်ထဲမှာ ရေဓာတ် စွမ်းအင်များစွာ ကျန်ရှိ​နေသေးသည်။ နောက်ရက် အနည်းငယ်တွင် သူသည် ထိုစွမ်းအင်များကို ဖြည်းညှင်းစွာ စုပ်ယူနေသမျှ ကာလပတ်လုံး သူ့နယ်ပယ်သည် ဆက်လက် တိုးတက်နေဦးမှာ ဖြစ်သည်။

"ငါ သူ့အတွက် ဟွမ့်ယွမ်ရေ တစ်စက်ကို သန့်စင်ပေးခဲ့တာ"

လုရွှမ် ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။

"သူဌေး ကျွန်တော်လည်း ကောင်းတာလေး စားချင်တယ်.... ကျွန်တော်ရဲ့ ကျင့်​ကြံမှုကို မြှင့်တင်ချင်တယ်"

လုရွှမ်က ကောင်းကောင်း သန့်စင်​ပေးနိုင်ကြောင်း ကြားသောအခါ ဖက်တီးတစ်ယောက် လုရွှမ်အနား ချက်ချင်း ပြေးသွားခဲ့သည်။

"မင်းကတော့ မေ့လိုက်ပါ!"

လုရွှမ် ရယ်မောလိုက်သည်။ ထျန်မိသားစုကြီး၏ ဒုတိယမျိုးဆက် သခင်လေး ဖက်တီးသည် မွေးလာကတည်းက ဆေးမျိုးစုံဖြင့် ကြီးပြင်းလာခဲ့တာ ဖြစ်သည်။

ကျင့်​ကြံမှု တိုးလာစေရန် ဆေးလုံး တစ်ခုခု ပေးရခြင်းသည် အခြေခံအားဖြင့် ဖြုန်းတီးခြင်းသာ ဖြစ်သည်။ အကြောင်းမှာ သူ အလွန်အကျွံ စားပါက ဆေးဝါးဒဏ်ကို ခံနိုင်ရည် ရှိနေပြီ ဖြစ်သည်။

ကျင့်ကြံခြင်းမှာ ပျင်းရိနေလို့သာ မဟုတ်ပါက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ ကျင့်ကြံသူ တစ်ယောက်ဟာ ဘယ်လိုလုပ် အဆီတွေ ပိတ်နေပါ့မလဲ။

"အစ်ကိုကြီး... ကျွန်တော်လည်း အစ်ကိုကြီးရဲ့ ညီလေးပဲလေ.... ဟိုတစ်ယောက်ကို ဒီတစ်ယောက်ထက် ပိုမျက်နှာသာပေးလို့ မရဘူးလေ ဝူးဝူး..!"

ဖက်တီးသည် ထိုစကားကို ကြားသောအခါ ချက်ချင်း ထငိုတော့သည်။

"ကောင်းပါပြီ.... ဒီမှာ ဝိညာဉ်အားဖြည့် ဆေးသုံးလုံး.... မင်းယူလို့ရတယ်!"

လုရွှမ် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ဝိညာဉ်အားဖြည့်ဆေး သုံးလုံးကို ထုတ်ပြီး ဖက်တီူကို ပေးလိုက်သည်။ ဒီအတောအတွင်း သူ့ရဲ့လုပ်ဆောင်မှုကြောင့် ဒုက္ခများစွာကို ကယ်တင်နိုင်ခဲ့သည်။ လုရွှမ်သည် တခြားသူအပေါ် အကြွေးတင်ရတာကို မကြိုက်တဲ့လူပင်။

"ကျေးဇူးတင်ပါတယ် သူဌေး!"

ဖက်တီး စိတ်အားထက်သန်စွာနဲ့ ဆေးလုံးကို ယူလိုကိသည်။ သူတို့ရဲ့ ဧကရာဇ်အင်ပါယာမှာ ​စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံးမျိုး မရှိတာတော့ မဟုတ်ပေ။ အလွန် ဈေးကြီးလွန်းလို့ သူတောင် မစားခဲ့ဖူးချေ။

ဝိညာဉ်သခင်များ ပျောက်ဆုံးသွားရတာက ဝိညာဉ်စွမ်းရည် နည်းလမ်းများစွာ ဆုံးရှုံးသွားရသည့် အကြောင်းရင်း တစ်ခုလည်း ​ဖြစ်သည်။ အဂ္ဂိရတ်ဆရာ၊ လက်နက်သန့်စင်သူနှင့် အခင်းအကျင်း ပညာရှင် ကဲ့သို့သော အထူးကျွမ်းကျင် ပညာရှင်များမှလွဲ၍ တခြားကျင့်ကြံသူများက စိတ်စွမ်းအားကို မြှင့်တင်ခြင်းဟာ အသုံးမဝင်ဟု ယူဆကြပြီး ၎င်းကို မြှင့်တင်ရန် အချိန်မသုံးလိုကြပေ။

"မင်းတို့အားလုံး အတွက်လည်း ရှိတယ်"

လုရွှမ် နောက်ထပ်ပုလင်းကို ထုတ်ပြီး မော့ကောင်းရွှမ်း နဲ့ မုယန်ဖုန်းတို့ တစ်ယောက်ဆီကို ပုလင်းတစ်လုံးစီ ဝေငှလိုက်သည်။ ဒီတစ်ကြိမ်မှာ ခူးရုန်မြက်တွေ အများကြီး ရလာခဲ့တာကြောင့် စိတ်ဝိညာဥ်ဆေးတွေ အများကြီး သန့်စင်ထားသည်။

ဆေးပုလင်းတွေ ခွဲပြီးပြီးချင်းမှာပဲ ရွှီရှင့်လုံ က တံခါးအပြင်ဘက်ကနေ ဝင်လာသည်။

"ညီလေးလုရွှမ်.... ယွမ်စံအိမ်က တစ်ယောက်ယောက်က မင်းကို အလုပ်ကိစ္စ ဆွေးနွေးဖို့ ဖိတ်ခေါ်ခိုင်းလိုက်တယ်!"

"ယွမ်စံအိမ်?"

လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

ဒါပေမဲ့ ဒါက ရွှီရှင့်လုံကိုယ်တိုင် လာရောက် ဖိတ်ကြားပေးတယ် ဆိုတော့ အဲဒီယွမ်အိမ်တော်က နောက်ခံ ကြီးကြီးမားမား ရှိကောင်းရှိနိုင်တာမို့ သွားကြည့်လိုက်လည်း အဆင်ပြေပါ၏။

တံခါးအပြင်ကို လှမ်းကြည့်လိုက်တော့ ရွှီရှင့်လုံဟာ အတော်လေး နူးညံ့ပုံပေါက်တဲ့ လူငယ်တစ်ယောက်နဲ့ စကားပြောနေပြီး ရယ်နေတာကို တွေ့လိုက်ရသည်။ လုရွှမ် ထွက်လာတာကို မြင်တော့ ရွှီရှင့်လုံက ဆိုလေသည်။

"ညီလေးလုရွှမ်... ဒါက ယွမ်စံအိမ်က စံအိမ်သခင် ယန်လိထျန်းတဲ့.... ညီလေးယန် ဒါက လုရွှမ်!"

"တွေ့ရတာ ဝမ်းသာပါတယ်.... အစ်ကိုလုက မြို့ထောင်ချီမဟာမိတ်ကို ရောက်လာတာ ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် နာမည်ကတော့ မိုးခြိမ်းသံလို ကျယ်လောင်နေပါပြီ!"

ယွမ်စံအိမ်ရဲ့ စံအိမ်သခင်က ကျယ်လောင်စွာ ရယ်မောရင်း ဆိုလိုက်သည်။

"အဟက်!" လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးပြီး ရွှီရှင့်လုံကို ကြည့်ကာ

"ယွမ်စံအိမ်?? ငါဘာလို့ အဲ့ဒါကို တစ်ခါမှ မကြားဖူးရတာလဲ?"

ထိုအခါ ရွှီရှင့်လုံက အမြန်ရှင်းပြလာသည်။

"ညီလေးလုရွှမ်... ယွမ်စံအိမ်က မြို့ထောင်ချီမဟာမိတ်ရဲ့ နေ့စဉ်အရေး ကိစ္စတွေကို စီမံခန့်ခွဲတဲ့ နေရာပါ.... မြို့ထောင်ချီမဟာမိတ်ရဲ့ စီမံခန့်ခွဲမှုက ပုံမှန်အားဆိုရင် လျော့ရဲပေမယ့် သူ့မှာလည်း ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်... ယွမ်စံအိမ်ကတော့ ဒီအရာတွေကို အရေးကြီးတဲ့ အခိုက်အတန့်မှာ အကောင်အထည် ဖော်တဲ့ စီမံအုပ်ချုပ်သူပါ"

ထိုစကားရှည်​ကြီးကို ပြောပြီးနောက် လုရွှမ် နားလည်သွားသည်။

ယွမ်စံအိမ်သည် မြို့ထောင်ချီမဟာမိတ်၏ တာဝန်ခံ ဖြစ်သည်။ မြို့ထောင်ချီမဟာမိတ်ရဲ့ တာဝန်ခံဆိုတာ ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာ ပြောစရာပင် မလိုချေ။

"နောက်တစ်ခုက ယွမ်စံအိမ်ရဲ့ စံအိမ်သခင်က တော်ဝင်အင်ပါယာ ထိပ်စာရင်းမှာ နံပါတ်တစ်လည်း ဖြစ်နေပါတယ်.... ​​ဒါကြောင့် ညီ​​လေးယန်က တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းမှာ ထိပ်တန်းပဲ"

ရွှီရှင့်လုံက ဆက်ပြော​ပြသည်။

"အင်အားကြီး ထိပ်သီးစာရင်းမှာ နံပါတ် ၁?"

လုရွှမ် ဤစကားကို ကြားပြီးနောက် ချက်ချင်းပင် လေးနက်လာသည်။

ထိပ်သီးစာရင်းတွင် ပထမနေရာကို သိမ်းပိုက်နိုင်ခြင်းနှင့် ပတ်သက်၍ အထူးအရာတစ်ခုခု ရှိရမည် ဖြစ်ပြီး ဤပထမနေရာ၏ အင်အားသည် ဒုတိယနှင့် တတိယနေရာတို့ထက် များစွာ မြင့်မားဖွယ် ရှိသည်။

မဟုတ်ပါက ယွမ်စံအိမ်၏ သခင်ရာထူးကို အခြားသူများက အလွယ်တကူ သိမ်းပိုက်သွားနိုင်သည်လေ။

"အဲဒါက ကံကောင်းသွားတာပါ ကံကောင်းသွားတာ!"

ယန်လိထန်းက ဟန်ဆောင်ဖို့ လုံးဝကို မဝံ့ရဲဘဲ ခေါင်းညိတ်လိုက်သည်။

သူသည် ယွမ်စံအိမ်၏ စံအိမ်သခင် ဖြစ်ပြီး အပြင်းထန်ဆုံး ထိပ်သီးစာရင်းတွင် နံပါတ်တစ် ဖြစ်သော်ငြားလည်း သူ့ရှေ့တွင်ရှိသော လူငယ်သည် တော်ဝင်အင်ပါယာ၏ နံပါတ်တစ် ပုဂ္ဂိုလ်ဟု လူသိများသော လျိုမိသားစု၏ ဘိုးဘေးကိုပင် သတ်ပစ်ခဲ့သည်။

"အစ်ကိုလုရဲ့ ခွန်အားကို လူတိုင်းက အသိအမှတ် ပြုထားပြီးပါပြီ... အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင်ကလည်း အစ်ကိုလုရဲ့ လက်ထဲမှာပဲ သေဆုံးသွားခဲ့တယ်... ဒါကြောင့် အစ်ကိုလုက အရိပ်လူသတ်ခန်းမရဲ့ ခန်းမသခင် ရာထူးကို သိမ်းပိုက်ပြီး မြို့ထောင်ချီမဟာမိတ်ရဲ့ အရိပ်တပ်သားတွေကို တာဝန်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်"

ယန်လိထန်းက ညင်သာစွာ ပြောလိုက်ပါ၏။

"အရိပ်လူသတ်ခန်းမကို ဒီအတိုင်း ထားခဲ့မယ်ဆိုရင် အဲဒီလူတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး... အဲဒါက မြို့ထောင်ချီမဟာမိတ်မှာ အမျိုးမျိုးသော ပရမ်းပတာတွေကို ဖြစ်စေပါလိမ့်မယ်"

ယန်လိထန်းမှ ထိုကိစ္စကို အလေးအနက် ပြောကြားလာခဲ့သည်။

"အရိပ်လူသတ်ခန်းမက ယွမ်စံအိမ်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိတာလား?"

လုရွှမ်က ဒါကိုကြားတော့ မျက်မှောင်ကြုတ်သွားသည်။

သူသည် အရိပ်လူသတ်ခန်းမဟု ခေါ်တွင်ခြင်းကို လုံးဝ စိတ်မဝင်စားသော်လည်း လူသတ်အဖွဲ့ကို အမှန်တကယ်အားဖြင့် မြို့ထောင်ချီမဟာမိတ်၏ ထင်ရှားသော ထိန်းချုပ်သူမှ စီမံခန့်ခွဲ ထားသောကြောင့် သူ့ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေသည်။

All Chapters