← Chapters

ယွမ်စံအိမ်အား ညအချိန်တွင် ဝင်ရောက်စီးနင်းခြင်း

Vol. 34 Ch. 4.27

ယွမ်စံအိမ်အား ညအချိန်တွင် ဝင်ရောက်စီးနင်းခြင်း

Vol. 34 Ch. 4.27

တံခါးဝသို့ ဝင်ပြီးနောက် အရိပ်လူသတ်ခန်းမ၏ မရေမတွက်နိုင်သော အဖွဲ့ဝင်များသည် ပြေးလာကာ လုရွှမ်နှင့် အခြားလူများကို ဝိုင်းထားကြသည်။

သူတို့အမြင် အရတော့ ဒီလူငယ်ဟာ သူတို့ရဲ့ခေါင်းဆောင် ရှီးမန်ဝေ့ကို သတ်ပြီး ပြန်ရောက်လာပြန်တာက မစဉ်းစားစရာ မလိုအောင် သူတို့ကို ကျူပင်ခုတ် ကျူငုတ်မကျန် သုတ်သင်ချင်နေတာပဲ ဖြစ်ရမယ်။

အရိပ်လူသတ်ခန်းမရဲ့ ခေါင်းဆောင်အဖြစ် လုရွှမ်က ဆက်ခံလိုက်တာ ယွမ်စံအိမ်မှ မတိုင်ခငကမှ ဆုံးဖြတ်လိုက်ခြင်း ဖြစ်လို့ ဒီလူတွေကတော့ ယင်းအကြောင်းကို မသိခဲ့ကြ​​သေးပေ။

"သူ့ကိုသတ်လိုက်.... ခန်းမသခင်အတွက် လက်စားချေရမယ်!"

လူအုပ်ကြီးထဲတွင် မှော်အဖွဲ့၏ အဖွဲ့ဝင်ငယ်များ ပါရှိပြီး ထိုလူများက စတင် အော်ဟစ်ခဲ့ကြသည်။

"မှန်တယ်! မဟုတ်ရင် ငါတို့ သေရလိမ့်မယ်... ငါသူ့ကိုတိုက်ကူမယ်!"

"အရေးကြီးတာက ငါးသေပြီး ပိုက်ကျိုးသွားဖို့ပဲ.... ဒီနှစ်တွေထဲ ဓားအစွန်းမှာ သွေးတွေ စို့နေခဲ့တာ မင်း ငါတို့ကို သတ်ချင်ရင်တောင် ဒီလောက် မလွယ်ဘူးဆိုတာ သိအောင် ပြောပြရမယ်!"

တစ်စုံတစ်ယောက် ဝင်လာတာနဲ့ လူအုပ်ကြီး၏ ထိတ်လန့် တုန်လှုပ်သွားခြင်း နှင့်အတူ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ လုရွှမ်ကို မုန်းတီးစွာ ကြည့်နေ​ကြလေသည်။

"အားလုံးအတူတူ တိုက်ကြရအောင်!"

လူအုပ်ကြီး စတင် လှုပ်ခတ်သွားသည်ကို မြင်သော် ပထမဆုံး စကားပြောဆိုသူ မှော်အဖွဲ့ရဲ့ အဖွဲ့ဝင်က ကျယ်လောင်စွာ ဟောက်ကာ လုရွှမ်ဆီကို ပြေး၍ ဓားဖြင့်ဦးစွာ ထိုးချလိုက်လေသည်။

ဓားသည် ရေအလင်းကဲ့သို့ တောက်ပနေကာ လေအေးတွေက ဓားတစ်ခုလုံးကို လွှမ်းနေသည်။

"အဟဲ!"

တစ်စုံတစ်ယောက်ကတော့ သူ့ဒေါသကို လာစမ်းနေမှန်း သိလိုက်သော်လည်း လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို လွှတ်ထုတ်လိုက်သည်။

ဘိ!

ရေခဲလို အေးစက်နေသော ဓားအလင်းသည် ချက်ချင်းပင် အေးခဲသွားပုံရပြီး လေထဲတွင် ရပ်တန့်သွားခဲ့သည်။

ဗုန်း!

ထို့နောက် ချက်ချင်းပင် လုရွှမ်ကို တိုက်ခိုက်လာတဲ့ မှော်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် အော်ဟစ်ချိန်တောင် မရလိုက်ဘဲ ဇာတ်သိမ်းသွားလေ၏။

လုရွှမ်ကတော့ ရှီးမန်ဝေ့ ကျန်ရစ်ခဲ့တဲ့ လူဟောင်းတွေကို ထားချင်စိတ် မရှိပေ။ သူတို့ထဲမှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူတွေလည်း ရှိပြီး တခြားသူတွေအတွက် ​ခြိမ်းခြောက် နိုင်သောကြောင့် အရိပ်လူသတ်ခန်းမ ဌာနချုပ်တွင် မထားချင်ပေ။

"အားလုံး ထွက်သွား!"

အရိပ်လူသတ်ခန်းမရဲ့ အကာအကွယ် အခင်းအကျင်းကို ချက်ချင်း အသက်သွင်းလိုက်ပြီး အရိပ်လူသတ်ခန်းမ တစ်ခုလုံးကို ဖုံးအုပ်ထားလိုက်သည်။

အော်ဟစ်သံနှင့် အကာအကွယ် အခင်းအကျင်းကို အသက်သွင်းလိုက်တာနဲ့ ရှိနေတဲ့ လူတိုင်းလည်း အရိပ်လူသတ်ခန်းမရဲ့ ပိုင်ရှင်က ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

ငါးစက္ကန့် မပြည့်မီတွင် အားလုံး စုရုံးလာကြ၏။ လုရွှမ် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက်

"ထွက်သွားချင်တဲ့သူတွေ အခုထွက်သွားလို့ရတယ်!"

ဘယ်သူမှ ထွက်မသွားကြချေ။

အရိပ်လူသတ်ခန်းမ ထဲက လူတွေဟာ သူတို့လက်ထဲမှာ သွေးတွေ စွန်းနေခဲ့ကြပြီး အဖွဲ့အစည်းရဲ့ အကာအကွယ်ကို ဆုံးရှုံးသွားတဲ့အခါ လက်စားချေဖို့ ရန်လို​နေတဲ့ ကျင့်ကြံသူ အမျိုးမျိုးရဲ့ သတ်ဖြတ်ခြင်းကို ခံရနိုင်တာကြောင့် ထွက်သွားရင် သူတို့မှာ လွတ်လမ်း မရှိတော့ဘူးလေ။

"ကောင်းပြီ... ဒီနေ့ကစပြီး မင်းတို့ဒီမှာ နေမှာဆိုရင်တော့ သူ့အမိန့်ကို လိုက်နာရမယ်!"

လုရွှမ် သူ့ဘေးက မော့ကောင်းရွှမ်းကို လက်ညှိုးထိုးပြလိုက်သည်။

မော့ကောင်းရွှမ်းသည် တစ္ဆေအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်လာတာကြောင့် အရိပ်လူသတ်ခန်းမကို စီမံခန့်ခွဲရာတွင် ပြဿနာ မရှိနိုင်ပေ။ ထို့အပြင် သူက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလဖြစ်လို့ ဘယ်သူကမှ သူ့ကိုအာခံရဲမည် မဟုတ်ပေ။

သူဘာကြောင့် ဂရုမစိုက်တာလဲ ဆိုရင်တော့ ဒီလို အသေးအမွှား ဒုက္ခလေးတွေကို လုံးဝ ဂရုမစိုက်ချင်လို့ပင်။

အရိပ်လူသတ်ခန်းမကို မော့ကောင်းရွှမ်းဆီ ပစ်ပေးလိုက်ပြီး လုရွှမ်သည် သူ့လူတစ်စုကို ခြံဝင်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

အတွင်း ​ခြံဝင်းသည် ရှီးမန်ဝေ့ ကိုယ်တိုင် နေထိုင်ခဲ့ပြီး လေ့ကျင့်ရာ နေရာလည်း ရှိသည်။ လုရွှမ် အထဲကို ဝင်လှည့်ကြည့်လိုက်တော့ အားလုံး ဗလာဟင်းလင်း ဖြစ်နေတာကို တွေ့လိုက်ရသည်။ အရိပ်လူသတ်ခန်းမက လူတွေက ရှီးမန်ဝေ့ အသတ်ခံရတာကို သိနေတာကြောင့် လုယက်ဖို့ အခွင့်ကောင်း ယူလိုက်ကြတာ ဖြစ်မည်။

ဒါပေမဲ့ အရေးမကြီးပါ။ သူ့မှာ ဂူတစ်သောင်းဂူကနေ စုဆောင်းလာခဲ့တဲ့ ခူးရုန်မြက်ပင် အနည်းငယ်နဲ့ သူသန့်စင်ထားတဲ့ ဝိညာဉ်အားဖြည့် ဆေးတွေကို ထုတ်ယူလိုက်ရင် ရှီးမန်ဝေ့ရဲ့ မိသားစု တစ်ခုလုံးကိုတောင် ဖိသတ်ဖို့ လုံလောက်နိုင်နေပြီ။

ထို့အပြင် ယခုအချိန်တွင် အာဟာရ ပြည့်ဝသော စိတ်ဝိညာဉ်ဆေးလုံး ကဲ့သို့သော အထူးဆေးဝါးသည် ဧကရာဇ်အင်ပါယာကို ရောက်တဲ့အခါမှ ရောင်းချရ လွယ်ကူမည် ဖြစ်သည်။

လျင်မြန်စွာ ရှင်းလင်းခဲ့ပြီးနောက် လူတစ်စု နေထိုင်ရန် ​နေရာများ ရခဲ့သည်။

ညဥ့်နက် မိုးချုပ်သည်နှင့် ညနက်သည်နှင့် လုရွှမ် မော့ကောင်းရွှမ်းကို ခေါ်လိုက်သည်။

"သခင်လေး ဘာကိစ္စရှိလို့ပါလဲ?"

"အသက်ရှုသံကို ဖုံးကွယ်ထားတတ်လား"

"ဟုတ်ကဲ့ အရင်က သင်ခဲ့ဖူးပါတယ်"

တစ္ဆေအစောင့်လို လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ မော့ကောင်းရွှမ်းဟာ ဒီလိုသိုင်းပညာ​မျိုးကို သဘာဝကျကျ သိထားပါသည်။

တစ္ဆေအစောင့်များသည် အထူးတာဝန် တချို့ကို လုပ်ဆောင်ရန် လိုအပ်သောကြောင့် သူတို့ရဲ့ အထောက်အထားကို မဖော်ပြမိရန် အသက်ရှူသံကို ဖုံးကွယ်ထားရ၏။

"ကောင်းပြီ... ဒီအဝတ်အစားတွေ ဝတ်လိုက်"

လုရွှမ်က အနက်ရောင် ညဝတ်ဝတ်စုံ နှစ်စုံကို ထုတ်ယူလိုက်သည်။ မော့ကောင်းရွှမ်းလည်း သူ့အဝတ်အစားများကို ပြောင်းလဲ ဝတ်ဆင်လိုက်သည်။

ခဏကြာတော့ အနက်ရောင် အရိပ်နှစ်ခုသည် အမှောင်ထုကို အခွင့်ကောင်းယူကာ ယွမ်စံအိမ်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

မြို့ထောင်ချီမဟာမိတ်ကို လာရခြင်းရဲ့ ရည်ရွယ်ချက်မှာ နဂါးနှလုံးကို ရှာဖွေရန်သာ ဖြစ်သည်။ အခု တည်နေရာကို အတည်ပြုပြီးပြီ ဆိုတော့ လုရွှမ် ဘယ်လိုလုပ် စောင့်နိုင်ပါတော့မလဲ။

မကြာမီတွင် သူတို့ ယွမ်စံအိမ်သို့ ရောက်သောအခါ မော့ကောင်းရွှမ် အနည်းငယ်မျှပင် မဆိုင်းမတွလဲ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသော ကာလက လက်ဝါးချက်သည် ခိုင်မာသော ကိုယ်ခန္ဓာ ခွန်အားနှင့်တူသော်လည်း စွမ်းအင် အတက်အကျ မရှိသဖြင့် နံရံဆီသို့ ခပ်ပြင်းပြင်း ထိုးကျသွားသည်။

လက်ဝါစ ဝင်းနံရံကို မထိမီတွင် ရွှေရောင်အလင်းဖြင့် တောက်ပမှုတစ်ခုက ထွက်ပေါ်လာပြီး သူ့ရှေ့ရှိ လက်ဝါးစွမ်းအင်ကို ပြန်တွန်းထုတ်ထားလိုက်သည်။

ယွမ်စံအိမ်ရဲ့ အကာအကွယ် အခင်းအကျင်းက မော့ကောင်းရွှမ်းရဲ့ ထိုးနှက်ချက်ကို လုံးဝ ပိတ်ဆို့ပစ်လိုက်သည်။

ဒါကိုမြင်တော့ လုရွှမ်လည်း မျက်မှောင် ကြုတ်သွား၏။

တစ်ချက်ထိုးနှက်ရုံဖြင့် အကာအကွယ်အခင်းအကျင်းကို မဖောက်နိုင်ခဲ့ပါက ကိုင်တွယ်ရန် မလွယ်ကူနိုင်သလို ယွမ်စံအိမ်ကြီးထဲသို့ သူဝင်ရောက်ရန် အခွင့်အရေး မရှိတော့ပေ။

"ဘယ်သူလဲ?"

"ယွမ်စံအိမ်ကို တိုက်ခိုက်ပြီး သေလမ်းလာရှာနေတာ ဘယ်သူလဲကွ!"

ယွမ်စံအိမ်ကြီးမှ အစောင့်များ ကောင်းကင်ယံသို့ ပျံတက်လာကာ တစ်ယောက်ပြီး တစ့ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

ကြမ်းတမ်းပြီး အစွမ်းထက်တဲ့ နောက်တစ်ယောက်လည်း ရှိသေး၏။ သူကတော့ မြို့ထောင်ချီမဟာမိတ် ယွမ်စံအိမ်ရဲ့ စံအိမ်သခင် ယန်လိထန်းပဲ ဖြစ်သည်။

ဒီရာထူးကို သိမ်းပိုက်ခြင်းက သဘာဝကျကျပင် သူ့မှာ အားသာချက်တွေ အများကြီး ရှိနိုင်သည်။ ဒီရာထူးကို လျှို့ဝှက်စွာ ချောင်းကြည့်နေတဲ့ ပညာရှင်တွေ အများကြီး ရှိတာကြောင့် သူဟာ စိန်ခေါ်မှုတွေကို အရပ်ရပ်ကနေ ရင်ဆိုင်နေရ၏။ အခုလို ညသန်းခေါင်ယံမှာ တစ်စုံတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်း ခံရတာကလည်း အဆန်းတော့ မဟုတ်ပေ။

"သွားတော့!" လုရွှမ် အသံတိုးတိုးနဲ့ ပြော၏။

အခင်းအကျင်းက မော့ကောင်းရွှမ်းရဲ့ ထိုးနှက်ချက်ကို အပြည့်အဝ တားဆီးနိုင်ခဲ့သောကြောင့် အကာအကွယ် အခင်းအကျင်းကို ထိန်းချုပ်နိုင်တဲ့ ယန်လိထန်းရဲ့ နယ်ပယ် အတွင်းမှာတော့ အနိုင်ယူနိုင်မည် မဟုတ်ပေ။

မနိုင်ရင်တော့ ဝင်လို့မဖြစ်ချေ။ ဒီအချိန်မှာ အတင်းတိုးဝင် ပစ်လိုက်ရင် သူ့ရဲ့အထောက်အထားကို မတော်တဆ တွေ့သွားပြီး နောင်အနာဂတ်မှာ ယွမ်စံအိန်နဲ့ နီးစပ်ဖို့က ခက်ခဲသွားလိမ့်မည်။

နှစ်ယောက်သား ကောင်းကင်သို့ ခုန်တက်ကာ ခပ်ဝေးဝေးဆီသို့ ပြေးထွက်လာခဲ့ကြသည်။

"လိုက်!"

ယွမ်စံအိမ်ကြီးရဲ့ အစောင့်တစ်ယောက်က သူတို့ကို လိုက်ဖို့ လူအဖွဲ့​ကြီးကို ဦးဆောင်တော့မယ့် အချိန်မှာပဲ အသံတစ်သံက ဝင်တားလိုက်သည်။

"မလိုက်တော့နဲ့!"

ယန်လိထန်း မျက်မှောင် ကြုတ်ထားလျက်။

ယွမ်စံအိမ်ရဲ့ ကာကွယ်ရေး အစီအရင်ကို ထိန်းချုပ်ထားတဲ့ သခင်တစ်ယောက် အနေနဲ့ အခုလေးတင် ရရှိခဲ့တဲ့ ထိုးနှက်မှုရဲ့ အစွမ်းကို သူသိပါသည်။

ရောက်လာသူရဲ့ နယ်ပယ်က သူလုံးဝ မယှဥ်နိုင်တဲ့ နယ်ပယ်ပဲ။ လိုက်သွားရင် သေလမ်းရှာနေသလိုပဲ ဖြစ်နေလိမ့်မယ်။

တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်ထားရင်း သူ့စိတ်ထဲ၌ မြို့ထောင်ချီ မဟာမိတ် အဖွဲ့များမှ အင်အားစုမျိုးစုံကို စဥ်းစားရင်း သူ့ကို တိုက်ခိုက်လာနိုင်တဲ့ လူကို တစ်ချက် စဥ်းစားကြည့်နေမိသည်။

ဒါက တစ်ချက် တိုက်ခိုက်မှုသာ ဖြစ်သော်ငြား လှုပ်ရှားမှု အင်အားက ကြီးမားလွန်းသဖြင့် မြို့ထောင်ချီမဟာမိတ်မှ တပ်ဖွဲ့များ အားလုံးသည် အချိန်တိုအတွင်း သိရှိသွားကြသည်။

ထိုလူတွေလည်း သံသယတွေ အပြည့်နဲ့ ညကြီးအချိန်မတော် ယွမ်စံအိမ်ကြီးကို တိုက်ခိုက်တာက ဘယ်သူလဲ ဆိုတာ သိချင်လာကြ၏။

ယန်လိထန်းသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ တော်ဝင်အင်ပါယာ ထိပ်သီးစာရင်းရဲ့ နံပါတ်တစ် နေရာမှာလည်း နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သည်။ သေချာတာကတော့ သာမန် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈လေး မဟုတ်နိုင်ပေ။

ထို့အပြင် ယွမ်စံအိမ်သည် နှစ်ပေါင်းများစွာ မတည်မငြိမ် ဖြစ်လာခဲ့ပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ စွမ်းအားရှင် တချို့သည် မြို့ထောင်ချီမဟာမိတ်၏ ခက်ခဲသော ရေပြင်တွင် ငါးဖမ်းခဲ့ကြသော်လည်း နောက်ဆုံးတွင် ၎င်းတို့အားလုံး သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ဒီလိုဖြစ်သွားတဲ့ အချက်က ယွမ်စံအိမ်မှာရှိတဲ့ တခြားသူတွေ မသိတဲ့ အဓိပ္ပာယ် တချို့လည်း ရှိသေးသည်။

ယွမ်စံအိမ်၏ ယခင် စံအိမ်သခင်များသာ သိကြသော ဤနည်းလမ်းသည် ယွမ်စံအိမ်ကို မြို့ထောင်ချီမဟာမိတ်တွင် အဓိက ဗဟိုချက်မ ဖြစ်​စေသည့် အချက်လည်း ဖြစ်နိုင်သည်။

All Chapters